Analysis Premier League

အပြစ်ပေးကြမ်းတဲ့ ဂျိုတာနဲ့ လီဗာပူးလ် 4-0 စိန့်ပွဲအပြီး မှတ်မှတ်ရရ ပြောစရာ 7 ချက်

မှားတဲ့အသင်းတွေကို အပြစ်ပေးတတ်တဲ့ ဂျိုတာ
ပြီးခဲ့တဲ့ အာဆင်နယ်နဲ့ပွဲမှာ တာဗာရက်စ်ရဲ့ အမှားကို အသုံးချပြီး အာဆင်နယ်ကို ပြန်နလံမထူအောင် နှိပ်ကွပ်ပေးခဲ့တဲ့ ဂျိုတာဟာ ဒီနေ့မှာလည်း ခြေစွမ်းပြခဲ့ပြီး ဆောက်သမ်တန်ဘက်ကို နှစ်ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီသားအနေနဲ့ ဒီနေ့ပွဲမှာ လီဗာပူးလ်ရဲ့ အသံတိတ် သေနတ်လည်း ဖြစ်ခဲ့ပြီး ဆောက်သမ်တန်ရဲ့ ခံစစ်သမားတွေကို အမေ့ခံထားခဲ့သလို ဆာလားနဲ့ မာနေးတို့နှစ်ယောက်နောက်မှာ ပုန်းလျှိုးနေခဲ့တာပါ။ သူ့ကို ကပ်ဖို့ မေ့နေခဲ့တဲ့ လီယန်ကိုရဲ့ အခြမ်းကနေပဲ နှစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဂျိုတာဟာ ဟက်ထရစ်ရဖို့ ကံမကောင်းခဲ့တာကလွဲရင် ဒီနေ့ပွဲမှာလည်း အပြစ်ပေးကြမ်းတဲ့ ဆရာကြီးဖြစ်ခဲ့ပါတယ်။

သူ့ကို မေ့မထားဖို့ သတိပေးလိုက်တဲ့ ရောဘတ်ဆန်
စကော့တလန် ကပ္ပတိန်ကတော့ ဒီနေ့မှာ အသင်းရဲ့ ခံစစ်မှာ အင်ပြည့်အားပြည့်ပုံစံနဲ့ ပြန်လည်ပွဲထွက်လာပြီး ဘယ်တောင်ပံတစ်လျှောက်မှာ အရင်လိုပဲ စိုးမိုးနိုင်စွမ်းကို ပြသခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီတွေမှာ ဆက်တိုက်ကစားခဲ့ရတဲ့ ပုံစံကြောင့် ဒီရာသီမှာ ကြံ့ခိုင်မှုရဖို့ ရုန်းကန်ခဲ့ရပြီး ဒဏ်ရာတွေနဲ့ပါ နပမ်းလုံးခဲ့ရပေမယ့် လက်ရှိမှာတော့ မူလပုံစံကို ပြန်လည်ရောက်ရှိလာခဲ့ပြီလို့ ဆိုရမှာပါ။ ဒီပွဲမှာတော့ သူနဲ့ မာနေးတို့ နားလည်မှုရှိရှိနဲ့ တွဲကစားသွားခဲ့ပြီး ဆီနီဂေါသားရဲ့ ပေးပို့မှုကို လိုက်လံရယူပြီးမှ ဂျိုတာသွင်းယူနိုင်ဖို့ အဖွင့်ဂိုးကို ဖန်တီးပေးခဲ့တာလည်းဖြစ်ပါတယ်။

ကိုနာတေနဲ့ ကံစပ်တဲ့ Clean Sheet
လီဗာပူးလ်နောက်တန်းရဲ့ အံ့ဖွယ်တစ်ပါးက နောက်ခံလူသစ် အီဘရာဟီမာ ကိုနာတေပါ။ ဒီလောက်ကြီး ခြေစွမ်းမကောင်းသလို အသင်းဖော် တွေနဲ့ အတွဲအဖက်ကလည်း မမိသေးပေမယ့် ကံကောင်းမှုက သူ့ဘက်မှာ အမြဲရှိနေခဲ့ပါတယ်။ သူပါဝင်ကစားခဲ့တဲ့ ၆ ပွဲမှာ ၆ ပွဲစလုံး Clean Sheet ရရှိခဲ့ပြီး ဒီနေ့ပွဲမှာလည်း သူနဲ့ ဗန်ဒိုက်တို့အတွဲက အလုပ်ဖြစ်ခဲ့ပါတယ်။ မှတ်မှတ်ရရ မြင်ခဲ့ရတာကတော့ ပွဲချိန် ၅၄ မိနစ်က အဒမ် အမ်းစ်ထရောင်းရဲ့ ကန်ချက်က လွတ်ရာလွတ်ကြောင်း ဂိုးပေါက်ထဲကို သွားရမယ့်အစား သူ့ကို မှန်ပြီး ပြန်ထွက်လာခဲ့တာပါပဲ။ ကိုနာတေအနေနဲ့ လက်ရှိအချိန်အထိ လီဗာပူးလ်အတွက် ဂိုးပေးရခြင်းမရှိသေးတာလည်းဖြစ်ပါတယ်။

ကွင်းလယ်အားနည်းမှုနဲ့ အယ်လစ်ဆန်ရဲ့ အားကောင်းမှု
လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်ကတော့ ဒီနေ့မှာ အကောင်းဆုံးပုံစံမှာ မရှိခဲ့ဘဲ ဟန်ဒါဆန်၊ ဖာဘင်ညိုနဲ့ သီယာဂိုတို့ရဲ့ သုံးယောက်ပေါင်း Pressing တွေက လိုအပ်ချက်တွေ ရှိနေခဲ့သလို ဆောက်သမ်တန်ရဲ့ တန်ပြန်တိုက်စစ်တွေမှာ မကြာခဏ ကျွံထွက်နေခဲ့တာကို တွေ့ရပါတယ်။ ဒါကတော့ သူတို့သုံးယောက်ရဲ့ ဒီရာသီ တွဲကစားခွင့် မိနစ်တွေ နည်းနေသေးတာကြောင့်လည်းဖြစ်နိုင်ပြီး ဒီအားနည်းချက်က အမ်းစ်ထရောင်း၊ ရှေအက်ဒမ်စ်နဲ့ ဘရိုဂျာတို့ကို အယ်လစ်ဆန်နဲ့ ထိပ်တိုက်တွေ့စေခဲ့သလို ဘရာဇီးလ်သားကြီးသာ အဝင်အထွက်မှန်မှန်နဲ့ ကာကွယ်မှုတွေ မလုပ်နိုင်ခဲ့ရင် ဒီနေ့ပွဲက Clean Sheet ရဖို့ မဖြစ်နိုင်လောက်ဘူးလို့ ဆိုရမှာပါ။ သူ့ရဲ့ ကာကွယ်မှုတွေက အသင်းရဲ့ အရှိန်အဟုန်ကို ထိန်းသိမ်းပေးခဲ့တာကိုတော့ မဖြစ်မနေ အသိအမှတ် ပြုရမှာလည်းဖြစ်ပါတယ်။

ဘာမှ လုပ်မရခဲ့တဲ့ ဟေဆန်ဟွတ်တယ်လ်
အန်းဖီးလ်မှာ လာကစားခဲ့တဲ့ ဆောက်သမ်တန်နည်းပြ ရာ့လ်ဖ် ဟေဆန်ဟွတ်တယ်လ်ကတော့ ဒီနေ့ပွဲမှာ မပြတ်သားတဲ့ အတွေးအခေါ်နဲ့ပဲ ပွဲထွက်လာခဲ့တာပါ။ ဒါကလည်း လီဗာပူးလ်အသင်းရဲ့ သာလွန်ကောင်းမွန်မှုတွေကြောင့်ဖြစ်ပြီး ခံစစ်ပိတ်ကစားရင်လည်း ဆာလားတို့ အုပ်စုကို ထိန်းနိုင်ဖို့ ဖြစ်နိုင်ခြေက နည်းနေတဲ့အတွက် တိုက်စစ်ကနေ ဂိုးရဖို့ကိုပဲ ကြိုးစားနေခဲ့ပြီး ဒါကလည်း အမ်းစ်ထရောင်းရဲ့ တစ်ကိုယ်ကောင်းဆန်မှုတွေမှာ တစ်ဂိုးမှမရဘဲ ဖြစ်ခဲ့ရပါတယ်။ ခံစစ်ကနေ တိုက်စစ်ကို ကူးပြောင်းခဲ့တဲ့ Counter Transition တွေမှာပဲ ဆောက်သမ်တန်နဲ့ ဩစတြီးယားသားနည်းပြကို အမှတ်ပေးလို့ ရခဲ့ပြီး ကျန်တဲ့ အပိုင်းတွေမှာတော့ အန်းဖီးလ်မှာ ဘာမှ မလုပ်တတ်ဘဲ လက်မြှောက်သွားခဲ့ရတာလည်းဖြစ်ပါတယ်။

တစ်မိုးလုံး ဖျောက်ဆိပ် လီဗာပူးလ်
ပရီးမီးယားလိဂ်ရဲ့ တိုက်စစ်ပိုင်း စွမ်းဆောင်ရည် တန်းစီဇယားတွေမှာတော့ လီဗာပူးလ်အသင်းရဲ့ ကစားသမားတွေက ရပ်တည်နေခဲ့ပြီး ဂိုးသွင်းဘုရင်ဆုအတွက် တန်းစီဇယားမှာ ဆာလားက ၁၁ ဂိုး၊ ဂျိုတာနဲ့ မာနေးတို့က ၇ ဂိုးစီနဲ့ ရပ်တည်နေကြသလို ဖန်တီးမှုစာရင်းမှာလည်း ဆာလားက ၈ ကြိမ်နဲ့ အလက်ဇန်းဒါး-အာနိုးလ်ဒ်က ၇ ကြိမ်နဲ့ ရပ်တည်နေခဲ့ပါတယ်။ ဒါ့အပြင် ဂိုးသမား အယ်လစ်ဆန်ကလည်း ရွှေလက်အိတ်အတွက် Clean Sheet ၇ ကြိမ်နဲ့ ထိပ်ဆုံးမှာ အီဒါဆန်(မန်စီးတီး)၊ မန်ဒီ(ချဲလ်ဆီး)နဲ့ ပူးတွဲရပ်တည်နေခဲ့ပြီး သူတို့ကစားသမားတွေရဲ့ စွမ်းဆောင်မှုကတော့ နေရာတိုင်း သူတို့ချည်း “တစ်မိုးလုံး ဖျောက်ဆိပ်”လို့ ပြောရတော့မလိုဖြစ်နေခဲ့တာပါ။

၁၅၀ ဆာလား
ပရီးမီးယားလိဂ်မှာတော့ တိုက်စစ်မှူး မိုဟာမက် ဆာလားအနေနဲ့ ဂိုးသွင်းယူမှုပိုင်းမှာ တိုက်ရိုက်ပါဝင်ပတ်သက်မှုအကြိမ် ၁၅၀ အထိ ရှိသွားခဲ့ပြီး သူ့အနေနဲ့ ဒါကို ၁၇၁ ပွဲတည်းနဲ့ ရယူသွားနိုင်ခဲ့တာပါ။ ဒီရာသီမှာ ၁၁ ဂိုးသွင်း ၇ ဂိုးဖန်တီးပြီး ၁၈ ကြိမ် ပါဝင်ထားတဲ့ အီဂျစ်သားအနေနဲ့ ၁၇၁ ပွဲမှာတော့ ၁၀၈ ဂိုးသွင်းပြီး ၄၂ ဂိုး ဖန်တီးပေးထားနိုင်ခဲ့သလို ဒီစံချိန်မျိုး ရရှိခဲ့တဲ့ ထိပ်ဆုံး ၅ ဦးထဲမှာ အဆင့် ၃ နေရာကနေ ဆာဂျီယို အဂွေရို (၁၈၁)နဲ့ ဟာရီကိန်း(၁၉၁)တို့ရဲ့ရှေ့က ရပ်တည်ခဲ့တာဖြစ်ပါတယ်။ ဒီဂိုး ၁၅၀ ပါဝင်ပတ်သက်မှုကို ရယူခဲ့တဲ့အထဲမှာ ဆာလားထက် ပွဲနည်းနည်းနဲ့ ရယူနိုင်ခဲ့သူ နှစ်ဦးကတော့ သီယာရီ အွန်နရီ(၁၆၃)နဲ့ အလန် ရှီးရား(၁၄၈)ပွဲတို့ ဖြစ်ခဲ့ကြပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မွားတဲ့အသင္းေတြကို အျပစ္ေပးတတ္တဲ့ ဂ်ိဳတာ
ၿပီးခဲ့တဲ့ အာဆင္နယ္နဲ႔ပြဲမွာ တာဗာရက္စ္ရဲ႕ အမွားကို အသုံးခ်ၿပီး အာဆင္နယ္ကို ျပန္နလံမထူေအာင္ ႏွိပ္ကြပ္ေပးခဲ့တဲ့ ဂ်ိဳတာဟာ ဒီေန႔မွာလည္း ေျခစြမ္းျပခဲ့ၿပီး ေဆာက္သမ္တန္ဘက္ကို ႏွစ္ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ေပၚတူဂီသားအေနနဲ႔ ဒီေန႔ပြဲမွာ လီဗာပူးလ္ရဲ႕ အသံတိတ္ ေသနတ္လည္း ျဖစ္ခဲ့ၿပီး ေဆာက္သမ္တန္ရဲ႕ ခံစစ္သမားေတြကို အေမ့ခံထားခဲ့သလို ဆာလားနဲ႔ မာေနးတို႔ႏွစ္ေယာက္ေနာက္မွာ ပုန္းလွ်ိဳးေနခဲ့တာပါ။ သူ႔ကို ကပ္ဖို႔ ေမ့ေနခဲ့တဲ့ လီယန္ကိုရဲ႕ အျခမ္းကေနပဲ ႏွစ္ဂိုးသြင္းယူႏိုင္ခဲ့တဲ့ ဂ်ိဳတာဟာ ဟက္ထရစ္ရဖို႔ ကံမေကာင္းခဲ့တာကလြဲရင္ ဒီေန႔ပြဲမွာလည္း အျပစ္ေပးၾကမ္းတဲ့ ဆရာႀကီးျဖစ္ခဲ့ပါတယ္။

သူ႔ကို ေမ့မထားဖို႔ သတိေပးလိုက္တဲ့ ေရာဘတ္ဆန္
စေကာ့တလန္ ကပၸတိန္ကေတာ့ ဒီေန႔မွာ အသင္းရဲ႕ ခံစစ္မွာ အင္ျပည့္အားျပည့္ပုံစံနဲ႔ ျပန္လည္ပြဲထြက္လာၿပီး ဘယ္ေတာင္ပံတစ္ေလွ်ာက္မွာ အရင္လိုပဲ စိုးမိုးႏိုင္စြမ္းကို ျပသခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ရာသီေတြမွာ ဆက္တိုက္ကစားခဲ့ရတဲ့ ပုံစံေၾကာင့္ ဒီရာသီမွာ ႀကံ့ခိုင္မႈရဖို႔ ႐ုန္းကန္ခဲ့ရၿပီး ဒဏ္ရာေတြနဲ႔ပါ နပမ္းလုံးခဲ့ရေပမယ့္ လက္ရွိမွာေတာ့ မူလပုံစံကို ျပန္လည္ေရာက္ရွိလာခဲ့ၿပီလို႔ ဆိုရမွာပါ။ ဒီပြဲမွာေတာ့ သူနဲ႔ မာေနးတို႔ နားလည္မႈရွိရွိနဲ႔ တြဲကစားသြားခဲ့ၿပီး ဆီနီေဂါသားရဲ႕ ေပးပို႔မႈကို လိုက္လံရယူၿပီးမွ ဂ်ိဳတာသြင္းယူႏိုင္ဖို႔ အဖြင့္ဂိုးကို ဖန္တီးေပးခဲ့တာလည္းျဖစ္ပါတယ္။

ကိုနာေတနဲ႔ ကံစပ္တဲ့ Clean Sheet
လီဗာပူးလ္ေနာက္တန္းရဲ႕ အံ့ဖြယ္တစ္ပါးက ေနာက္ခံလူသစ္ အီဘရာဟီမာ ကိုနာေတပါ။ ဒီေလာက္ႀကီး ေျခစြမ္းမေကာင္းသလို အသင္းေဖာ္ ေတြနဲ႔ အတြဲအဖက္ကလည္း မမိေသးေပမယ့္ ကံေကာင္းမႈက သူ႔ဘက္မွာ အၿမဲရွိေနခဲ့ပါတယ္။ သူပါဝင္ကစားခဲ့တဲ့ ၆ ပြဲမွာ ၆ ပြဲစလုံး Clean Sheet ရရွိခဲ့ၿပီး ဒီေန႔ပြဲမွာလည္း သူနဲ႔ ဗန္ဒိုက္တို႔အတြဲက အလုပ္ျဖစ္ခဲ့ပါတယ္။ မွတ္မွတ္ရရ ျမင္ခဲ့ရတာကေတာ့ ပြဲခ်ိန္ ၅၄ မိနစ္က အဒမ္ အမ္းစ္ထေရာင္းရဲ႕ ကန္ခ်က္က လြတ္ရာလြတ္ေၾကာင္း ဂိုးေပါက္ထဲကို သြားရမယ့္အစား သူ႔ကို မွန္ၿပီး ျပန္ထြက္လာခဲ့တာပါပဲ။ ကိုနာေတအေနနဲ႔ လက္ရွိအခ်ိန္အထိ လီဗာပူးလ္အတြက္ ဂိုးေပးရျခင္းမရွိေသးတာလည္းျဖစ္ပါတယ္။

ကြင္းလယ္အားနည္းမႈနဲ႔ အယ္လစ္ဆန္ရဲ႕ အားေကာင္းမႈ
လီဗာပူးလ္အသင္းရဲ႕ ကြင္းလယ္ကေတာ့ ဒီေန႔မွာ အေကာင္းဆုံးပုံစံမွာ မရွိခဲ့ဘဲ ဟန္ဒါဆန္၊ ဖာဘင္ညိဳနဲ႔ သီယာဂိုတို႔ရဲ႕ သုံးေယာက္ေပါင္း Pressing ေတြက လိုအပ္ခ်က္ေတြ ရွိေနခဲ့သလို ေဆာက္သမ္တန္ရဲ႕ တန္ျပန္တိုက္စစ္ေတြမွာ မၾကာခဏ ကြၽံထြက္ေနခဲ့တာကို ေတြ႕ရပါတယ္။ ဒါကေတာ့ သူတို႔သုံးေယာက္ရဲ႕ ဒီရာသီ တြဲကစားခြင့္ မိနစ္ေတြ နည္းေနေသးတာေၾကာင့္လည္းျဖစ္ႏိုင္ၿပီး ဒီအားနည္းခ်က္က အမ္းစ္ထေရာင္း၊ ေရွအက္ဒမ္စ္နဲ႔ ဘ႐ိုဂ်ာတို႔ကို အယ္လစ္ဆန္နဲ႔ ထိပ္တိုက္ေတြ႕ေစခဲ့သလို ဘရာဇီးလ္သားႀကီးသာ အဝင္အထြက္မွန္မွန္နဲ႔ ကာကြယ္မႈေတြ မလုပ္ႏိုင္ခဲ့ရင္ ဒီေန႔ပြဲက Clean Sheet ရဖို႔ မျဖစ္ႏိုင္ေလာက္ဘူးလို႔ ဆိုရမွာပါ။ သူ႔ရဲ႕ ကာကြယ္မႈေတြက အသင္းရဲ႕ အရွိန္အဟုန္ကို ထိန္းသိမ္းေပးခဲ့တာကိုေတာ့ မျဖစ္မေန အသိအမွတ္ ျပဳရမွာလည္းျဖစ္ပါတယ္။

ဘာမွ လုပ္မရခဲ့တဲ့ ေဟဆန္ဟြတ္တယ္လ္
အန္းဖီးလ္မွာ လာကစားခဲ့တဲ့ ေဆာက္သမ္တန္နည္းျပ ရာ့လ္ဖ္ ေဟဆန္ဟြတ္တယ္လ္ကေတာ့ ဒီေန႔ပြဲမွာ မျပတ္သားတဲ့ အေတြးအေခၚနဲ႔ပဲ ပြဲထြက္လာခဲ့တာပါ။ ဒါကလည္း လီဗာပူးလ္အသင္းရဲ႕ သာလြန္ေကာင္းမြန္မႈေတြေၾကာင့္ျဖစ္ၿပီး ခံစစ္ပိတ္ကစားရင္လည္း ဆာလားတို႔ အုပ္စုကို ထိန္းႏိုင္ဖို႔ ျဖစ္ႏိုင္ေျခက နည္းေနတဲ့အတြက္ တိုက္စစ္ကေန ဂိုးရဖို႔ကိုပဲ ႀကိဳးစားေနခဲ့ၿပီး ဒါကလည္း အမ္းစ္ထေရာင္းရဲ႕ တစ္ကိုယ္ေကာင္းဆန္မႈေတြမွာ တစ္ဂိုးမွမရဘဲ ျဖစ္ခဲ့ရပါတယ္။ ခံစစ္ကေန တိုက္စစ္ကို ကူးေျပာင္းခဲ့တဲ့ Counter Transition ေတြမွာပဲ ေဆာက္သမ္တန္နဲ႔ ဩစႀတီးယားသားနည္းျပကို အမွတ္ေပးလို႔ ရခဲ့ၿပီး က်န္တဲ့ အပိုင္းေတြမွာေတာ့ အန္းဖီးလ္မွာ ဘာမွ မလုပ္တတ္ဘဲ လက္ေျမႇာက္သြားခဲ့ရတာလည္းျဖစ္ပါတယ္။

တစ္မိုးလုံး ေဖ်ာက္ဆိပ္ လီဗာပူးလ္
ပရီးမီးယားလိဂ္ရဲ႕ တိုက္စစ္ပိုင္း စြမ္းေဆာင္ရည္ တန္းစီဇယားေတြမွာေတာ့ လီဗာပူးလ္အသင္းရဲ႕ ကစားသမားေတြက ရပ္တည္ေနခဲ့ၿပီး ဂိုးသြင္းဘုရင္ဆုအတြက္ တန္းစီဇယားမွာ ဆာလားက ၁၁ ဂိုး၊ ဂ်ိဳတာနဲ႔ မာေနးတို႔က ၇ ဂိုးစီနဲ႔ ရပ္တည္ေနၾကသလို ဖန္တီးမႈစာရင္းမွာလည္း ဆာလားက ၈ ႀကိမ္နဲ႔ အလက္ဇန္းဒါး-အာႏိုးလ္ဒ္က ၇ ႀကိမ္နဲ႔ ရပ္တည္ေနခဲ့ပါတယ္။ ဒါ့အျပင္ ဂိုးသမား အယ္လစ္ဆန္ကလည္း ေ႐ႊလက္အိတ္အတြက္ Clean Sheet ၇ ႀကိမ္နဲ႔ ထိပ္ဆုံးမွာ အီဒါဆန္(မန္စီးတီး)၊ မန္ဒီ(ခ်ဲလ္ဆီး)နဲ႔ ပူးတြဲရပ္တည္ေနခဲ့ၿပီး သူတို႔ကစားသမားေတြရဲ႕ စြမ္းေဆာင္မႈကေတာ့ ေနရာတိုင္း သူတို႔ခ်ည္း “တစ္မိုးလုံး ေဖ်ာက္ဆိပ္”လို႔ ေျပာရေတာ့မလိုျဖစ္ေနခဲ့တာပါ။

၁၅၀ ဆာလား
ပရီးမီးယားလိဂ္မွာေတာ့ တိုက္စစ္မႉး မိုဟာမက္ ဆာလားအေနနဲ႔ ဂိုးသြင္းယူမႈပိုင္းမွာ တိုက္႐ိုက္ပါဝင္ပတ္သက္မႈအႀကိမ္ ၁၅၀ အထိ ရွိသြားခဲ့ၿပီး သူ႔အေနနဲ႔ ဒါကို ၁၇၁ ပြဲတည္းနဲ႔ ရယူသြားႏိုင္ခဲ့တာပါ။ ဒီရာသီမွာ ၁၁ ဂိုးသြင္း ၇ ဂိုးဖန္တီးၿပီး ၁၈ ႀကိမ္ ပါဝင္ထားတဲ့ အီဂ်စ္သားအေနနဲ႔ ၁၇၁ ပြဲမွာေတာ့ ၁၀၈ ဂိုးသြင္းၿပီး ၄၂ ဂိုး ဖန္တီးေပးထားႏိုင္ခဲ့သလို ဒီစံခ်ိန္မ်ိဳး ရရွိခဲ့တဲ့ ထိပ္ဆုံး ၅ ဦးထဲမွာ အဆင့္ ၃ ေနရာကေန ဆာဂ်ီယို အေဂြ႐ို (၁၈၁)နဲ႔ ဟာရီကိန္း(၁၉၁)တို႔ရဲ႕ေရွ႕က ရပ္တည္ခဲ့တာျဖစ္ပါတယ္။ ဒီဂိုး ၁၅၀ ပါဝင္ပတ္သက္မႈကို ရယူခဲ့တဲ့အထဲမွာ ဆာလားထက္ ပြဲနည္းနည္းနဲ႔ ရယူႏိုင္ခဲ့သူ ႏွစ္ဦးကေတာ့ သီယာရီ အြန္နရီ(၁၆၃)နဲ႔ အလန္ ရွီးရား(၁၄၈)ပြဲတို႔ ျဖစ္ခဲ့ၾကပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.