Analysis Premier League

လူငယ်တွေ ရုန်းခဲ့ကြတဲ့ အာဆင်နယ် 2-0 နယူးကာဆယ်လ်ပွဲအပြီး ပြောစရာ 7 ချက်

လူငယ်တွေရဲ့ ရုန်းအားနဲ့ အနိုင်ရတဲ့ အာဆင်နယ်
တိုက်စစ်ပိုင်းမှာ အဘိုးကြီးတွေ သုံးစားမရချိန်မှာ အာဆင်နယ်ကို ဒီနေ့ပွဲမှာလည်း လူငယ်တွေပဲ ကယ်တင်ခဲ့ရတာပါ။ ဗီလာကို ပင်နယ်တီ မဝင်ခဲ့ဘဲ ကံကောင်းလို့ နောက်ကနေ လိုက်လံပိတ်သွင်းနိုင်ခဲ့အပြီးမှာ ဒီပွဲမတိုင်ခင်အထိ သုံးပွဲဆက် ဂိုးပေါက်ပျောက်တဲ့ အူဘာမီယန်းက လေးပွဲမြောက်အဖြစ် တလွဲတွေ လုပ်နေချိန်မှာ ဆာကာနဲ့ မာတီနယ်လီတို့သာ မကယ်ရင် ဒီနေ့ပွဲက အမှတ်တွေ လွှင့်ပစ်ရဦးမှာပါ။

အူဘာမီယန်းကတော့ ခပ်လွယ်လွယ်ပဲ အဝါ ဝယ်ခဲ့ချိန်မှာ သူ့နေရာဝင်လာတဲ့ လာကာဇက်ကလည်း ဝတ်ကျေတန်းကျေသာ ကစားခဲ့ပြီး တိုက်စစ်မှာ လက်ညှိုးတထိုးထိုးနဲ့ ဆရာကြီးလုပ်နေခဲ့ပြီး ဆာကာနဲ့ သူ့ရဲ့ သွင်းဂိုးတွေကြောင့် နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ထားချိန်မှာ မာတီနယ်လီသာ မရုန်းခဲ့ရင် နယူးကာဆယ်လ်တို့လက်ကို ဘောလုံးအပ်ပြီး ပိတ်ကစားရဖို့တောင် ရှိခဲ့ပါသေးတယ်။

လိုအပ်ချက်တွေ အများကြီးကို ပြင်ဆင်ရဦးမယ့် အက်ဒီဟောင်း
နယူးကာဆယ်လ်နည်းပြသစ် အက်ဒီဟောင်းကတော့ ပြီးခဲ့တဲ့ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ကိုဗစ်ဖြစ်နေခဲ့တာကြောင့် အသင်းကို လက်ထောက်နဲ့ လွှဲခဲ့ရပြီး ဒီနေ့ပွဲမှာမှ တရားဝင် စတင်ကိုင်တွယ်ခွင့်ရခဲ့တာဖြစ်ပါတယ်။ ငှက်ကျားကစားသမားတွေဆီကို သူ့ရဲ့ ဖလော်ဆော်ဖီ၊ ကစားကွက်နဲ့ အိုင်ဒီယာတွေ အားလုံးကို တစ်ခုမှ ရိုက်ထည့်နိုင်သေးပုံမရတဲ့ အသက် ၄၃ နှစ်အရွယ် နည်းပြဟာ ဒီနေ့ပွဲမှာ သူ့ရဲ့ စရိုက်လက္ခဏာတစ်ခုကိုမှ မပြသနိုင်သေးတာကိုလည်း တွေ့ခဲ့ရပြီး ဆော်ဒီပိုင်ရှင်တွေ လိုချင်တဲ့ ပုံစံမျိုးရဖို့ကိုတော့ ကြိုးစားရဦးမှာပါ။

လက်စွမ်းပြိုင်တဲ့ ရမ်းစ်ဒေးလ်နဲ့ ဒူဘရက်ဗ်ကာ
အာဆင်နယ်မှာ လီနိုကို ရမ်းစ်ဒေးလ် ဘာကြောင့် ကျော်တက်လာသလဲဆိုတာနဲ့ အက်ဒီဟောင်းဟာ ဒါလိုးအစား ဒူဘရက်ဗ်ကာကို ဘာဖြစ်လို့ ရွေးချယ်ခဲ့သလဲဆိုတာက ဒီနေ့ပွဲမှာ သူတို့နှစ်ဦး ပြသခဲ့တဲ့ လက်စွမ်းတွေက သက်သေဖြစ်ခဲ့ပါတယ်။ ရှယ်လ်ဗီရဲ့ ကန်ချက်တွေကို ဖမ်းပြ ပုတ်ပြသွားခဲ့တဲ့ အိမ်ရှင်အင်္ဂလန်ဂိုးသမားနဲ့ စမစ်ရိုးရဲ့ အနီးကပ်ခေါင်းတိုက်ချက်ကို ကာကွယ်ပြသွားခဲ့တဲ့ ဧည့်သည်ဆလိုဗက်ဂိုးသမားတို့ အမ်းမရိတ်မှာ အပြိုင်ကြဲခဲ့ကြပြီး တစ်ဦးက အပိုင်အခွင့်အရေး ၅ ကြိမ်နဲ့ နောက်တစ်ဦးက ၆ ကြိမ် ကာကွယ်သွားနိုင်ခဲ့ကြတာပါ။ ဂိုးများများသွင်းတာ မြင်ချင်ကြတဲ့ ပရိသတ်တွေကတော့ သူတို့နှစ်ဦးကြောင့် စိတ်ပျက်ခဲ့ရမယ်ထင်ပါတယ်။

အာဖရိကငါးခူကြီးများ မြူးပျော်ရာ
အာဆင်နယ်ကတော့ သူတို့ရဲ့ အာဖရိကသားတွေကို AFCON နိုင်ငံများဖလားကို စောစောစီးစီး လွှတ်ပေးလိုက်ရင်လည်း ပြဿနာ ရှိမယ်လို့ မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ခြေစွမ်းတွေက အသင်းကို အကျိုးမပြုလို့ပါ။ ဒီနေ့ပွဲမှာ အနီးကပ် အပိုင်အခွင့်အရေးကို ဂိုးတိုင်မှန်အောင် သေချာကန်ပြပြီး အသင်းခေါင်းဆောင်လက်ပတ်နဲ့ တန်သလားလို့ မေးရင် ပရိသတ်တွေကို ဒေါသပေါက်ကွဲစေလေ့ရှိတဲ့ အူဘာမီယန်းအပြင် အသင်းမှာ ထပ်တိုးလာခဲ့တဲ့ အာဖရိကငါးခူကတော့ သောမတ်စ် ပါတေးပါ။

ဒဏ်ရာကနေ ပြန်လာတဲ့ လီဗာပူးလ်နဲ့ပွဲကစပြီး သွေးပျက်နေပုံပေါ်တဲ့ ဂါနာသားဟာ ခံစစ်မှာ အမှားတွေ အများကြီးလုပ်ခဲ့ပြီး ခံစစ်နဲ့ ဂိုးသမား ရမ်းစ်ဒေးလ်တို့ကို တစ်ချိန်လုံး ဆေးထိုးနေခဲ့သလို မလိုအပ်ဘဲ အမှားများနေတဲ့ ပေးပို့ပုံတွေက ကျောရိုးမရှိတဲ့ ပုံစံကို ပြသနေပြီး သူဟာ အာဆင်နယ်မှာ ပြသခဲ့တဲ့ ခြေစွမ်းအတွက် ချီးကျူးခဲ့ရဖူးတယ်ဆိုရင်တော့ အဲ့ဒါဟာ ဂရာနစ် ချာကာရဲ့ စိတ်ဓာတ်ခွန်အားကြောင့်ပဲဖြစ်ပါလိမ့်မယ်။

လီဗာပူးလ်နဲ့ပွဲက အမှားကို ချေဖျက်တဲ့ တာဗာရက်စ်
လီဗာပူးလ်နဲ့ပွဲမှာ အသင်းကို ကျဆုံးသွားစေခဲ့တဲ့ နောက်ပြန်ပေးမှုကို ပြုလုပ်ခဲ့တဲ့ နူနို တာဗာရက်စ်အနေနဲ့ ပရိသတ်တွေရဲ့ အရန်ခုံပို့ဖို့ တောင်းဆိုမှုအချို့နဲ့ ကြုံတွေ့ခဲ့ရပြီး တီယာနီကို ပြန်ခေါ်ဖို့ အသံတွေလည်း ထွက်လာခဲ့တာပါ။ ဒါပေမယ့် ရှေ့က ရှုံးပွဲတွေနဲ့ ပဲလေ့စ်ကို သရေကျတဲ့ ပွဲတွေမှာ နည်းပြ အာတီတာရဲ့ ငြိုငြင်မှုနဲ့ ကြုံထားရပုံပေါ်တဲ့ စကော့တလန်သားကို ဒီနေ့မှာလည်း ခေါက်ထားခဲ့ပြီး ပေါ်တူဂီသားကို သုံးခဲ့ရာမှာတော့ တစ်ဖက်ခံစစ်တွေကို အကောင်းဆုံးဖိအားပေးနိုင်ခဲ့သလို ဆာကာရဲ့ အဖွင့်ဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့ပြီး မလိုအပ်ဘဲ လျှောက်ကန်ခဲ့တာတွေသာ မရှိရင် အမှတ်ပြည့်ပေးရမယ့်ပုံစံလည်း ရှိခဲ့တာဖြစ်ပါတယ်။

မာတီနယ်လီ+တိုမီယာစုရဲ့ သက်ရောက်မှု
ဆာကာနဲ့ တိုမီယာစုတို့ တွဲကစားရင် အင်္ဂလန်သားကို ဂျပန်သားက တုံ့ဆွဲထားသလိုဖြစ်နေတယ်လို့ ဝေဖန်မှုတွေရှိခဲ့ချိန်မှာ ဘရာဇီးလ်သားနဲ့ တွဲဖက်မှုမှာတော့ အကောင်းဆုံးဖြစ်သွားခဲ့တာပါ။ မသိဘူး ပြေးမယ်ဆိုတဲ့ မာတီနယ်လီက ဘောလုံးကိုင်ပြီးမှ အခြေအနေ ကြည့်ပြေးတဲ့ ဆာကာထက် တိုမီယာစုနဲ့ တွဲလို့ပိုကောင်းခဲ့ပြီး တိုက်စစ်လိုက်ပါမှုမှာ မကောင်းပေမယ့် ဘောလုံးပေးပို့ရာမှာ အကွက်မြင်တဲ့ ဂျပန်သားရဲ့ ဖန်တီးမှုကနေ တစ်ဂိုးသွင်းခဲ့သလို နာကျင်အချိန်ပိုမှာလည်း သူ့ရဲ့ ပေးပို့မှုကနေ ဘရာဇီးလ်သားက ဖောက်ထွက်နိုင်ခဲ့ပြီး တံတောင်နဲ့ အကျွေးခံခဲ့ရလို့သာ နောက်တစ်ဂိုး ထပ်မရခဲ့တာဖြစ်ပါတယ်။

ပွဲထွက်လူစာရင်းထဲ တိုးဝင်လာတဲ့ အော်ဒီဂွါဒ်
တစ်ပွဲကို ၄၅ မိနစ်သာ ကစားနိုင်တဲ့ လာကာဇက်နေရာကို သက်လုံပြည့်တဲ့ လူငယ်ကစားသမား အော်ဒီဂွါဒ်က နယူးကာဆယ်လ်နဲ့ပွဲမှာ တိုးဝင်လာခဲ့ပြီဖြစ်ပါတယ်။ ကွင်းလယ်မှာ ဘောလုံးဖြန့်ဝေမှုတွေ ပိုကောင်းတဲ့ နော်ဝေသားကြောင့် တောင်ပံတွေမှာ ပိုမိုထိုးဖောက်နိုင်ခဲ့ပြီး စမစ်ရိုးနဲ့သာ နားလည်မှုကို တည်ဆောက်နိုင်ခဲ့ရင် သူတို့နှစ်ယောက်နဲ့ ဆာကာတို့ စုစုပေါင်းသုံးယောက်ဟာ အာဆင်နယ်အတွက် တစ်အားဖြစ်လာတော့မှာပါ။ တိုက်စစ်မှာ လောက်လောက်လားလား အားကိုးလို့ရတဲ့သူမျိုးကိုသာ ပိုင်ဆိုင်နိုင်ခဲ့ရင်တော့ ဂန်းနားတို့ရဲ့ အဆင့် ၄ ရည်မှန်းချက်က ဒီရာသီမှာ ပြေးလွတ်ဖို့ မရှိလောက်ဘူးလို့လည်း ဆိုရမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လူငယ္ေတြရဲ႕ ႐ုန္းအားနဲ႔ အႏိုင္ရတဲ့ အာဆင္နယ္
တိုက္စစ္ပိုင္းမွာ အဘိုးႀကီးေတြ သုံးစားမရခ်ိန္မွာ အာဆင္နယ္ကို ဒီေန႔ပြဲမွာလည္း လူငယ္ေတြပဲ ကယ္တင္ခဲ့ရတာပါ။ ဗီလာကို ပင္နယ္တီ မဝင္ခဲ့ဘဲ ကံေကာင္းလို႔ ေနာက္ကေန လိုက္လံပိတ္သြင္းႏိုင္ခဲ့အၿပီးမွာ ဒီပြဲမတိုင္ခင္အထိ သုံးပြဲဆက္ ဂိုးေပါက္ေပ်ာက္တဲ့ အူဘာမီယန္းက ေလးပြဲေျမာက္အျဖစ္ တလြဲေတြ လုပ္ေနခ်ိန္မွာ ဆာကာနဲ႔ မာတီနယ္လီတို႔သာ မကယ္ရင္ ဒီေန႔ပြဲက အမွတ္ေတြ လႊင့္ပစ္ရဦးမွာပါ။

အူဘာမီယန္းကေတာ့ ခပ္လြယ္လြယ္ပဲ အဝါ ဝယ္ခဲ့ခ်ိန္မွာ သူ႔ေနရာဝင္လာတဲ့ လာကာဇက္ကလည္း ဝတ္ေက်တန္းေက်သာ ကစားခဲ့ၿပီး တိုက္စစ္မွာ လက္ညႇိဳးတထိုးထိုးနဲ႔ ဆရာႀကီးလုပ္ေနခဲ့ၿပီး ဆာကာနဲ႔ သူ႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ထားခ်ိန္မွာ မာတီနယ္လီသာ မ႐ုန္းခဲ့ရင္ နယူးကာဆယ္လ္တို႔လက္ကို ေဘာလုံးအပ္ၿပီး ပိတ္ကစားရဖို႔ေတာင္ ရွိခဲ့ပါေသးတယ္။

လိုအပ္ခ်က္ေတြ အမ်ားႀကီးကို ျပင္ဆင္ရဦးမယ့္ အက္ဒီေဟာင္း
နယူးကာဆယ္လ္နည္းျပသစ္ အက္ဒီေဟာင္းကေတာ့ ၿပီးခဲ့တဲ့ ဘရန႔္ဖို႔ဒ္နဲ႔ပြဲမွာ ကိုဗစ္ျဖစ္ေနခဲ့တာေၾကာင့္ အသင္းကို လက္ေထာက္နဲ႔ လႊဲခဲ့ရၿပီး ဒီေန႔ပြဲမွာမွ တရားဝင္ စတင္ကိုင္တြယ္ခြင့္ရခဲ့တာျဖစ္ပါတယ္။ ငွက္က်ားကစားသမားေတြဆီကို သူ႔ရဲ႕ ဖေလာ္ေဆာ္ဖီ၊ ကစားကြက္နဲ႔ အိုင္ဒီယာေတြ အားလုံးကို တစ္ခုမွ ႐ိုက္ထည့္ႏိုင္ေသးပုံမရတဲ့ အသက္ ၄၃ ႏွစ္အ႐ြယ္ နည္းျပဟာ ဒီေန႔ပြဲမွာ သူ႔ရဲ႕ စ႐ိုက္လကၡဏာတစ္ခုကိုမွ မျပသႏိုင္ေသးတာကိုလည္း ေတြ႕ခဲ့ရၿပီး ေဆာ္ဒီပိုင္ရွင္ေတြ လိုခ်င္တဲ့ ပုံစံမ်ိဳးရဖို႔ကိုေတာ့ ႀကိဳးစားရဦးမွာပါ။

လက္စြမ္းၿပိဳင္တဲ့ ရမ္းစ္ေဒးလ္နဲ႔ ဒူဘရက္ဗ္ကာ
အာဆင္နယ္မွာ လီႏိုကို ရမ္းစ္ေဒးလ္ ဘာေၾကာင့္ ေက်ာ္တက္လာသလဲဆိုတာနဲ႔ အက္ဒီေဟာင္းဟာ ဒါလိုးအစား ဒူဘရက္ဗ္ကာကို ဘာျဖစ္လို႔ ေ႐ြးခ်ယ္ခဲ့သလဲဆိုတာက ဒီေန႔ပြဲမွာ သူတို႔ႏွစ္ဦး ျပသခဲ့တဲ့ လက္စြမ္းေတြက သက္ေသျဖစ္ခဲ့ပါတယ္။ ရွယ္လ္ဗီရဲ႕ ကန္ခ်က္ေတြကို ဖမ္းျပ ပုတ္ျပသြားခဲ့တဲ့ အိမ္ရွင္အဂၤလန္ဂိုးသမားနဲ႔ စမစ္႐ိုးရဲ႕ အနီးကပ္ေခါင္းတိုက္ခ်က္ကို ကာကြယ္ျပသြားခဲ့တဲ့ ဧည့္သည္ဆလိုဗက္ဂိုးသမားတို႔ အမ္းမရိတ္မွာ အၿပိဳင္ႀကဲခဲ့ၾကၿပီး တစ္ဦးက အပိုင္အခြင့္အေရး ၅ ႀကိမ္နဲ႔ ေနာက္တစ္ဦးက ၆ ႀကိမ္ ကာကြယ္သြားႏိုင္ခဲ့ၾကတာပါ။ ဂိုးမ်ားမ်ားသြင္းတာ ျမင္ခ်င္ၾကတဲ့ ပရိသတ္ေတြကေတာ့ သူတို႔ႏွစ္ဦးေၾကာင့္ စိတ္ပ်က္ခဲ့ရမယ္ထင္ပါတယ္။

အာဖရိကငါးခူႀကီးမ်ား ျမဴးေပ်ာ္ရာ
အာဆင္နယ္ကေတာ့ သူတို႔ရဲ႕ အာဖရိကသားေတြကို AFCON ႏိုင္ငံမ်ားဖလားကို ေစာေစာစီးစီး လႊတ္ေပးလိုက္ရင္လည္း ျပႆနာ ရွိမယ္လို႔ မထင္ပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ သူတို႔ေျခစြမ္းေတြက အသင္းကို အက်ိဳးမျပဳလို႔ပါ။ ဒီေန႔ပြဲမွာ အနီးကပ္ အပိုင္အခြင့္အေရးကို ဂိုးတိုင္မွန္ေအာင္ ေသခ်ာကန္ျပၿပီး အသင္းေခါင္းေဆာင္လက္ပတ္နဲ႔ တန္သလားလို႔ ေမးရင္ ပရိသတ္ေတြကို ေဒါသေပါက္ကြဲေစေလ့ရွိတဲ့ အူဘာမီယန္းအျပင္ အသင္းမွာ ထပ္တိုးလာခဲ့တဲ့ အာဖရိကငါးခူကေတာ့ ေသာမတ္စ္ ပါေတးပါ။

ဒဏ္ရာကေန ျပန္လာတဲ့ လီဗာပူးလ္နဲ႔ပြဲကစၿပီး ေသြးပ်က္ေနပုံေပၚတဲ့ ဂါနာသားဟာ ခံစစ္မွာ အမွားေတြ အမ်ားႀကီးလုပ္ခဲ့ၿပီး ခံစစ္နဲ႔ ဂိုးသမား ရမ္းစ္ေဒးလ္တို႔ကို တစ္ခ်ိန္လုံး ေဆးထိုးေနခဲ့သလို မလိုအပ္ဘဲ အမွားမ်ားေနတဲ့ ေပးပို႔ပုံေတြက ေက်ာ႐ိုးမရွိတဲ့ ပုံစံကို ျပသေနၿပီး သူဟာ အာဆင္နယ္မွာ ျပသခဲ့တဲ့ ေျခစြမ္းအတြက္ ခ်ီးက်ဴးခဲ့ရဖူးတယ္ဆိုရင္ေတာ့ အဲ့ဒါဟာ ဂရာနစ္ ခ်ာကာရဲ႕ စိတ္ဓာတ္ခြန္အားေၾကာင့္ပဲျဖစ္ပါလိမ့္မယ္။

လီဗာပူးလ္နဲ႔ပြဲက အမွားကို ေခ်ဖ်က္တဲ့ တာဗာရက္စ္
လီဗာပူးလ္နဲ႔ပြဲမွာ အသင္းကို က်ဆုံးသြားေစခဲ့တဲ့ ေနာက္ျပန္ေပးမႈကို ျပဳလုပ္ခဲ့တဲ့ ႏူႏို တာဗာရက္စ္အေနနဲ႔ ပရိသတ္ေတြရဲ႕ အရန္ခုံပို႔ဖို႔ ေတာင္းဆိုမႈအခ်ိဳ႕နဲ႔ ႀကဳံေတြ႕ခဲ့ရၿပီး တီယာနီကို ျပန္ေခၚဖို႔ အသံေတြလည္း ထြက္လာခဲ့တာပါ။ ဒါေပမယ့္ ေရွ႕က ရႈံးပြဲေတြနဲ႔ ပဲေလ့စ္ကို သေရက်တဲ့ ပြဲေတြမွာ နည္းျပ အာတီတာရဲ႕ ၿငိဳျငင္မႈနဲ႔ ႀကဳံထားရပုံေပၚတဲ့ စေကာ့တလန္သားကို ဒီေန႔မွာလည္း ေခါက္ထားခဲ့ၿပီး ေပၚတူဂီသားကို သုံးခဲ့ရာမွာေတာ့ တစ္ဖက္ခံစစ္ေတြကို အေကာင္းဆုံးဖိအားေပးႏိုင္ခဲ့သလို ဆာကာရဲ႕ အဖြင့္ဂိုးကိုလည္း ဖန္တီးေပးႏိုင္ခဲ့ၿပီး မလိုအပ္ဘဲ ေလွ်ာက္ကန္ခဲ့တာေတြသာ မရွိရင္ အမွတ္ျပည့္ေပးရမယ့္ပုံစံလည္း ရွိခဲ့တာျဖစ္ပါတယ္။

မာတီနယ္လီ+တိုမီယာစုရဲ႕ သက္ေရာက္မႈ
ဆာကာနဲ႔ တိုမီယာစုတို႔ တြဲကစားရင္ အဂၤလန္သားကို ဂ်ပန္သားက တုံ႔ဆြဲထားသလိုျဖစ္ေနတယ္လို႔ ေဝဖန္မႈေတြရွိခဲ့ခ်ိန္မွာ ဘရာဇီးလ္သားနဲ႔ တြဲဖက္မႈမွာေတာ့ အေကာင္းဆုံးျဖစ္သြားခဲ့တာပါ။ မသိဘူး ေျပးမယ္ဆိုတဲ့ မာတီနယ္လီက ေဘာလုံးကိုင္ၿပီးမွ အေျခအေန ၾကည့္ေျပးတဲ့ ဆာကာထက္ တိုမီယာစုနဲ႔ တြဲလို႔ပိုေကာင္းခဲ့ၿပီး တိုက္စစ္လိုက္ပါမႈမွာ မေကာင္းေပမယ့္ ေဘာလုံးေပးပို႔ရာမွာ အကြက္ျမင္တဲ့ ဂ်ပန္သားရဲ႕ ဖန္တီးမႈကေန တစ္ဂိုးသြင္းခဲ့သလို နာက်င္အခ်ိန္ပိုမွာလည္း သူ႔ရဲ႕ ေပးပို႔မႈကေန ဘရာဇီးလ္သားက ေဖာက္ထြက္ႏိုင္ခဲ့ၿပီး တံေတာင္နဲ႔ အေကြၽးခံခဲ့ရလို႔သာ ေနာက္တစ္ဂိုး ထပ္မရခဲ့တာျဖစ္ပါတယ္။

ပြဲထြက္လူစာရင္းထဲ တိုးဝင္လာတဲ့ ေအာ္ဒီဂြါဒ္
တစ္ပြဲကို ၄၅ မိနစ္သာ ကစားႏိုင္တဲ့ လာကာဇက္ေနရာကို သက္လုံျပည့္တဲ့ လူငယ္ကစားသမား ေအာ္ဒီဂြါဒ္က နယူးကာဆယ္လ္နဲ႔ပြဲမွာ တိုးဝင္လာခဲ့ၿပီျဖစ္ပါတယ္။ ကြင္းလယ္မွာ ေဘာလုံးျဖန႔္ေဝမႈေတြ ပိုေကာင္းတဲ့ ေနာ္ေဝသားေၾကာင့္ ေတာင္ပံေတြမွာ ပိုမိုထိုးေဖာက္ႏိုင္ခဲ့ၿပီး စမစ္႐ိုးနဲ႔သာ နားလည္မႈကို တည္ေဆာက္ႏိုင္ခဲ့ရင္ သူတို႔ႏွစ္ေယာက္နဲ႔ ဆာကာတို႔ စုစုေပါင္းသုံးေယာက္ဟာ အာဆင္နယ္အတြက္ တစ္အားျဖစ္လာေတာ့မွာပါ။ တိုက္စစ္မွာ ေလာက္ေလာက္လားလား အားကိုးလို႔ရတဲ့သူမ်ိဳးကိုသာ ပိုင္ဆိုင္ႏိုင္ခဲ့ရင္ေတာ့ ဂန္းနားတို႔ရဲ႕ အဆင့္ ၄ ရည္မွန္းခ်က္က ဒီရာသီမွာ ေျပးလြတ္ဖို႔ မရွိေလာက္ဘူးလို႔လည္း ဆိုရမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.