Premier League

ဗန်ဒိုက်ကြောင့် ဒီနှစ်ပရီးမီးယားလိဂ်ရပြီလို့ ယုံကြည်ခဲ့ကြတဲ့ လီဗာပူးလ်ပရိသတ်တွေ

လီဗာပူးလ်ပရိသတ်တွေဟာ ဆောက်သမ်တန်ကို အနိုင်ရရှိခဲ့တဲ့ စနေနေ့ညပွဲစဉ်အတွင်းက ဗန်ဒိုက်ရဲ့ မြင့်မားလွန်းတဲ့ စွမ်းဆောင်ရည်ကို မြင်တွေ့ခဲ့ရပြီးနောက် ဒတ်ချ်နောက်ခံကစားသမားကို ချီးမွမ်းခန်းဖွင့်ခဲ့ကြပါတယ်။

လီဗာပူးလ်အသင်းဟာ ဂျိုတာ၊ သီယာဂိုတို့ရဲ့ ပထမပိုင်း သွင်းဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး ဗန်ဒိုက်က ဒုတိယပိုင်း ၅၂ မိနစ်မှာ အလက်ဇန်းဒါး-အာနိုးလ်ရဲ့ ဖြတ်တင်ပေးပို့မှုကို အဆုံးသတ်ပြီး စတုတ္ထမြောက်သွင်းဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ဗန်ဒိုက်ဟာ တိုက်စစ်ကို လိုက်ပါပြီး ဂိုးသွင်းပေးနိုင်ခဲ့ရုံတင်မကဘဲ ခံစစ်မှာပါ အလွန်ကျစ်လစ်တောင့်တင်းတဲ့ စွမ်းဆောင်ရည်မျိုးကို ပြသနိုင်ခဲ့တာဖြစ်ပါတယ်။

ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ညာဘက်ဒူးအရှေ့အရွတ်စုတ်ပြဲဒဏ်ရာ ရရှိခဲ့တာကြောင့် လီဗာပူးလ်အသင်းအတွက် စုစုပေါင်း ၈ ပွဲသာ ပါဝင်ကစားပေးနိုင်ခဲ့တာဖြစ်ပေမယ့် ဒဏ်ရာကနေ ပြန်လည်သက်သာလာတဲ့အချိန်မှာ တောင့်တင်းတဲ့ပုံစံနဲ့ ပြန်လာနိုင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ၎င်းရဲ့အကောင်းဆုံးပုံစံပြန်လည်ရရှိနေတဲ့ပုံကို မြင်ခဲ့ရတာဖြစ်ပါတယ်။

လီဗာပူးလ်တို့ရဲ့ တတိယအသင်းခေါင်းဆောင်ဟာ စနေနေ့ညက ဆောက်သမ်တန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ် ပွဲချိန်အများစုမှာ အနိုင်ယူလို့မရနိုင်တဲ့ပုံ ပေါ်နေခဲ့ပြီး ဆောက်သမ်တန်တိုက်စစ်မှူးတွေကို မိနစ် ၉၀ စလုံး အိတ်ကပ်ထဲ ကောက်ထည့်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဆောက်သမ်တန်အသင်းကို အနိုင်ရရှိခဲ့တဲ့အတွက် လီဗာပူးလ်အသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးက ချဲလ်ဆီးနဲ့ ၁ မှတ်အကွာကနေ လိုက်လံဖိအားပေးနိုင်ခဲ့ပြီး ယခုအပတ် ပွဲစဉ်အားလုံးအပြီးမှာ ဇယားရပ်တည်မှုအနေအထား အပြောင်းအလဲ ရှိနိုင်သေးပေမယ့် လီဗာပူးလ် ပရိသတ်အချို့ဟာ ၎င်းတို့အသင်းအနေနဲ့ ယခုရာသီ ပရီးမီးယားလိဂ်ဖလားကို ရရှိတော့မယ်လို့ ယုံကြည်နေကြပြီဖြစ်ပါတယ်။

“ဒီနေ့ ဗန်ဒိုက်ကို ကြည့်ရတာ ၂၀၁၈-၂၀၁၉ ရာသီတုန်းက ဗန်ဒိုက်အတိုင်းပဲ။ သူ့ ပုံစံက အကောင်းဆုံးဖြစ်နေတဲ့ပုံပေါ်ပြီး နေရာယူတာကလည်း လုံးဝကို ပြီးပြည့်စုံခဲ့တယ်။ ကစားသမားတွေက သူ့ကို လိမ်ဖို့ ကြိုးစားတဲ့အခါတိုင်း ထောင့်ကျဉ်းအောင် ပိတ်ထားနိုင်ခဲ့တာက ပေးဂိုးမရှိပွဲစဉ်ဖြစ်ဖို့အတွက် အရေးကြီးခဲ့ပါတယ်။ လေထဲမှာ ဘောလုံးယှဉ်လုသမျှ အကုန်နိုင်ခဲ့တယ်။ တစ်ယောက်ချင်း ရင်ဆိုင်တွေ့တဲ့နေရာမှာလည်း မရှုံးနိမ့်ခဲ့ဘူး။ ဘောလုံးပေးပို့တာကလည်း အမြဲတမ်းလိုပဲ အရည်အသွေးရှိခဲ့တယ်”လို့ တွစ်တာအသုံးပြုသူ လီဗာပူးလ်ပရိသတ်တစ်ဦးက ရေးသားခဲ့ပါတယ်။

“ဒီရာသီလိဂ်ဂိုး- ဗန်ဒိုက် ၁ ဂိုး၊ မက်ဆီ ၁ ဂိုး”လို့ အခြားတွစ်တာအသုံးပြုသူတစ်ဦးက သရော်လှောင်ပြောင်တဲ့ပုံစံနဲ့ မှတ်ချက်ပေးခဲ့ပြီး နောက်ထပ် ပရိသတ်တစ်ဦးကည်း “ဗန်ဒိုက်က ကမ္ဘာပေါ်က အကောင်းဆုံး နောက်ခံကစားသမားမဟုတ်ဘူးလို့ လူတွေ ပြောရဲကြသေးလား။ သူက ၄ နှစ်နီးပါး ကမ္ဘာပေါ်က အကောင်းဆုံးနောက်ခံကစားသမားဖြစ်ခဲ့တဲ့သူပဲ”လို့ ရေးသားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္ပရိသတ္ေတြဟာ ေဆာက္သမ္တန္ကို အနိုင္ရရွိခဲ့တဲ့ စေနေန႔ညပြဲစဥ္အတြင္းက ဗန္ဒိုက္ရဲ့ ျမင့္မားလြန္းတဲ့ စြမ္းေဆာင္ရည္ကို ျမင္ေတြ႕ခဲ့ရၿပီးေနာက္ ဒတ္ခ်္ေနာက္ခံကစားသမားကို ခ်ီးမြမ္းခန္းဖြင့္ခဲ့ၾကပါတယ္။

လီဗာပူးလ္အသင္းဟာ ဂ်ိဳတာ၊သီယာဂိုတို႔ရဲ့ ပထမပိုင္း သြင္းဂိုးေတြနဲ႔ ဦးေဆာင္နိုင္ခဲ့တာျဖစ္ၿပီး ဗန္ဒိုက္က ဒုတိယပိုင္း ၅၂ မိနစ္မွာ အလက္ဇန္းဒါး-အာနိုးလ္ရဲ့ ျဖတ္တင္ေပးပို႔မႈကို အဆုံးသတ္ၿပီး စတုတၳေျမာက္သြင္းဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။ ဗန္ဒိုက္ဟာ တိုက္စစ္ကို လိုက္ပါၿပီး ဂိုးသြင္းေပးနိုင္ခဲ့႐ုံတင္မကဘဲ ခံစစ္မွာပါ အလြန္က်စ္လစ္ေတာင့္တင္းတဲ့ စြမ္းေဆာင္ရည္မ်ိဳးကို ျပသနိုင္ခဲ့တာျဖစ္ပါတယ္။

ဗန္ဒိုက္ဟာ ၿပီးခဲ့တဲ့ရာသီတုန္းက ညာဘက္ဒူးအေရွ႕အရြတ္စုတ္ျပဲဒဏ္ရာ ရရွိခဲ့တာေၾကာင့္ လီဗာပူးလ္အသင္းအတြက္ စုစုေပါင္း ၈ ပြဲသာ ပါဝင္ကစားေပးနိုင္ခဲ့တာျဖစ္ေပမယ့္ ဒဏ္ရာကေန ျပန္လည္သက္သာလာတဲ့အခ်ိန္မွာ ေတာင့္တင္းတဲ့ပုံစံနဲ႔ ျပန္လာနိုင္ခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြမွာ ၎ရဲ့အေကာင္းဆုံးပုံစံျပန္လည္ရရွိေနတဲ့ပုံကို ျမင္ခဲ့ရတာျဖစ္ပါတယ္။

လီဗာပူးလ္တို႔ရဲ႕ တတိယအသင္းေခါင္းေဆာင္ဟာ စေနေန႔ညက ေဆာက္သမ္တန္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္ ပြဲခ်ိန္အမ်ားစုမွာ အႏိုင္ယူလို႔မရႏိုင္တဲ့ပုံ ေပၚေနခဲ့ၿပီး ေဆာက္သမ္တန္တိုက္စစ္မႉးေတြကို မိနစ္ ၉၀ စလုံး အိတ္ကပ္ထဲ ေကာက္ထည့္ထားႏိုင္ခဲ့တာျဖစ္ပါတယ္။

ေဆာက္သမ္တန္အသင္းကို အနိုင္ရရွိခဲ့တဲ့အတြက္ လီဗာပူးလ္အသင္းဟာ အမွတ္ေပးဇယားထိပ္ဆုံးက ခ်ဲလ္ဆီးနဲ႔ ၁ မွတ္အကြာကေန လိုက္လံဖိအားေပးနိုင္ခဲ့ၿပီး ယခုအပတ္ ပြဲစဥ္အားလုံးအၿပီးမွာ ဇယားရပ္တည္မႈအေနအထား အေျပာင္းအလဲ ရွိနိုင္ေသးေပမယ့္ လီဗာပူးလ္ ပရိသတ္အခ်ိဳ႕ဟာ ၎တို႔အသင္းအေနနဲ႔ ယခုရာသီ ပရီးမီးယားလိဂ္ဖလားကို ရရွိေတာ့မယ္လို႔ ယုံၾကည္ေနၾကၿပီျဖစ္ပါတယ္။

“ဒီေန႔ ဗန္ဒိုက္ကို ၾကည့္ရတာ ၂၀၁၈-၂၀၁၉ ရာသီတုန္းက ဗန္ဒိုက္အတိုင္းပဲ။ သူ႔ ပုံစံက အေကာင္းဆုံးျဖစ္ေနတဲ့ပုံေပၚၿပီး ေနရာယူတာကလည္း လုံးဝကို ၿပီးျပည့္စုံခဲ့တယ္။ ကစားသမားေတြက သူ႔ကို လိမ္ဖို႔ ႀကိဳးစားတဲ့အခါတိုင္း ေထာင့္က်ဥ္းေအာင္ ပိတ္ထားနိုင္ခဲ့တာက ေပးဂိုးမရွိပြဲစဥ္ျဖစ္ဖို႔အတြက္ အေရးႀကီးခဲ့ပါတယ္။ ေလထဲမွာ ေဘာလုံးယွဥ္လုသမၽွ အကုန္နိုင္ခဲ့တယ္။ တစ္ေယာက္ခ်င္း ရင္ဆိုင္ေတြ႕တဲ့ေနရာမွာလည္း မရႈံးနိမ့္ခဲ့ဘူး။ ေဘာလုံးေပးပို႔တာကလည္း အျမဲတမ္းလိုပဲ အရည္အေသြးရွိခဲ့တယ္”လို႔ တြစ္တာအသုံးျပဳသူ လီဗာပူးလ္ပရိသတ္တစ္ဦးက ေရးသားခဲ့ပါတယ္။

“ဒီရာသီလိဂ္ဂိုး- ဗန္ဒိုက္ ၁ ဂိုး၊ မက္ဆီ ၁ ဂိုး”လို႔ အျခားတြစ္တာအသုံးျပဳသူတစ္ဦးက သေရာ္ေလွာင္ေျပာင္တဲ့ပုံစံနဲ႔ မွတ္ခ်က္ေပးခဲ့ၿပီး ေနာက္ထပ္ ပရိသတ္တစ္ဦးကည္း “ဗန္ဒိုက္က ကမၻာေပၚက အေကာင္းဆုံး ေနာက္ခံကစားသမားမဟုတ္ဘူးလို႔ လူေတြ ေျပာရဲၾကေသးလား။ သူက ၄ ႏွစ္နီးပါး ကမၻာေပၚက အေကာင္းဆုံးေနာက္ခံကစားသမားျဖစ္ခဲ့တဲ့သူပဲ”လို႔ ေရးသားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.