Premier League

ရော်နယ်လ်ဒိုနဲ့ ဒဲ့ဖြုတ်ပြီး လက်စွမ်းပြချင်တာလို့ ပြောလိုက်တဲ့ ရမ်းစ်ဒေးလ်

အာဆင်နယ်ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်က မန်ချက်စတာယူနိုက်တက် ကြယ်ပွင့်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ အပြင်းအထန်ဆုံး တိုက်ပွဲဝင်သွားချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ လာမယ့် ကြာသပတေးနေ့မှာ မန်ချက်စတာယူနိုက်တက်အသင်းအိမ်ကွင်း အိုးထရက်ဖို့ဒ်ကို သွားရောက်ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး အဲဒီပွဲစဉ်ကို ယူနိုက်တက် ယာယီနည်းပြသစ် ရန်းနစ်ခ်က ပထမဆုံးပွဲစဉ်အဖြစ် တာဝန်ယူကိုင်တွယ်သွားဖို့ များနေတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ လက်ရှိမှာတော့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ မန်ချက်စတာယူနိုက်တက်ရဲ့ အထက် ၃ မှတ်အကွာ အဆင့် ၃ နေရာအကွာမှာ ရပ်တည်နေတာဖြစ်ပြီး ယနေ့ညနေ အမ်းမရိတ်စ်မှာ နယူးကာဆယ်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

အင်္ဂလန်အသင်းအတွက် ပွဲဦးထွက် ပါဝင်ကစားပေးခွင့်ရခဲ့ပြီး လန်းဆန်းနေတဲ့ ရမ်းစ်ဒေးလ်က တသက်တာအကောင်းဆုံးကစားသမားတွေထဲက တစ်ဦးနဲ့ ရင်ဆိုင်ရတော့မယ့် အလားအလာနဲ့ပတ်သက်ပြီး အလွန်အမင်း ပျော်ရွှင်နေတာဖြစ်ပါတယ်။ Amazon ရဲ့ Black Friday Live နဲ့ စကားပြောဆိုရာမှာ ရမ်းစ်ဒေးလ်က “ကျွန်တော် ရော်နယ်လ်ဒိုနဲ့ ယှဉ်ပြိုင်ကစားရမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့နဲ့ ယှဉ်ပြိုင်ကစားတဲ့ပွဲစဉ်မှာ ပါဝင်ကစားမယ်လို့ တကယ် မျှော်လင့်မိပါတယ်။ ဘာလို့လဲဆိုတော့ အဲဒါက ကျွန်တော့်လက်စွမ်းကို စမ်းသပ်ဖို့ အခွင့်အရေးပေးမှာမို့လို့ပါ”

“ခင်ဗျား အိုးထရက်ဖို့ဒ်လိုမျိုး တစ်နေရာရာကို သွားချင်သလောက်သွားပြီး ငါ ရော်နယ်လ်ဒိုနဲ့ ပြင်းထန်တဲ့တိုက်ပွဲဝင်ခဲ့တယ်လို့ ပြောပြီး အပြည့်အဝ သတိပြုခံရတာထက်ပိုပြီး ကောင်းမွန်တဲ့ ခံစားချက်မျိုး ရှိမှာမဟုတ်တော့ပါဘူး”

အသက် ၂၃ နှစ်အရွယ် အင်္ဂလန်ဂိုးသမားက ရော်နယ်လ်ဒိုနဲ့ပတ်သက်ပြီး နောက်ထပ်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး ပေါ်တူဂီကြယ်ပွင့်နဲ့ ၎င်းရဲ့ အကြီးမားဆုံးပြိုင်ဘက် လီယွန်နယ် မက်ဆီတို့ကို “တသက်တာအကောင်းဆုံးကစားသမားတွေပါ။ သူတို့တွေက ကျွန်တော်တို့ခေတ်မှာ မြင်ဖူးခဲ့သမျှအားလုံးထဲမှာ အကောင်းဆုံးကစားသမားတွေပါ”လို့ ပြောကြားခဲ့ပါတယ်။

အာရွန် ရမ်းစ်ဒေးလ်ဟာ ယခုလအစောပိုင်းတုန်းက အင်္ဂလန်အသင်းက ဆန် မာရီနိုအသင်းကို ၁၀-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အင်္ဂလန်လက်ရွေးစင် စီနီယာကစားသမားဘဝ ပထမဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားခွင့် ရရှိခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့နွေရာသီမှာ ရှက်ဖီးယူနိုက်တက်ကနေ အာဆင်နယ််ကို ပြောင်းရွှေ့ခဲ့တဲ့အချိန်ကတည်းက ၁၀ ပွဲမှာ ပေးဂိုးမရှိ ၆ ပွဲနဲ့ ပေးဂိုး ၈ ဂိုးသာ ခွင့်ပြုထားခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္ဂိုးသမား အာရြန္ ရမ္းစ္ေဒးလ္က မန္ခ်က္စတာယူနိုက္တက္ ၾကယ္ပြင့္တိုက္စစ္မႉး ခရစၥတီယာနို ေရာ္နယ္လ္ဒိုနဲ႔ အျပင္းအထန္ဆုံး တိုက္ပြဲဝင္သြားခ်င္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ လာမယ့္ ၾကာသပေတးေန႔မွာ မန္ခ်က္စတာယူနိုက္တက္အသင္းအိမ္ကြင္း အိုးထရက္ဖို႔ဒ္ကို သြားေရာက္ယွဥ္ၿပိဳင္ကစားသြားရမွာျဖစ္ၿပီး အဲဒီပြဲစဥ္ကို ယူနိုက္တက္ ယာယီနည္းျပသစ္ ရန္းနစ္ခ္က ပထမဆုံးပြဲစဥ္အျဖစ္ တာဝန္ယူကိုင္တြယ္သြားဖို႔ မ်ားေနတာျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ လက္ရွိမွာေတာ့ ပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာ မန္ခ်က္စတာယူနိုက္တက္ရဲ့ အထက္ ၃ မွတ္အကြာ အဆင့္ ၃ ေနရာအကြာမွာ ရပ္တည္ေနတာျဖစ္ၿပီး ယေန႔ညေန အမ္းမရိတ္စ္မွာ နယူးကာဆယ္အသင္းနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္ပါတယ္။

အဂၤလန္အသင္းအတြက္ ပြဲဦးထြက္ ပါဝင္ကစားေပးခြင့္ရခဲ့ၿပီး လန္းဆန္းေနတဲ့ ရမ္းစ္ေဒးလ္က တသက္တာအေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးနဲ႔ ရင္ဆိုင္ရေတာ့မယ့္ အလားအလာနဲ႔ပတ္သက္ၿပီး အလြန္အမင္း ေပ်ာ္ရႊင္ေနတာျဖစ္ပါတယ္။ Amazon ရဲ့ Black Friday Live နဲ႔ စကားေျပာဆိုရာမွာ ရမ္းစ္ေဒးလ္က “ကၽြန္ေတာ္ ေရာ္နယ္လ္ဒိုနဲ႔ ယွဥ္ၿပိဳင္ကစားရမယ္လို႔ ဘယ္တုန္းကမွ မေတြးခဲ့မိပါဘူး။ ဒါေပမယ့္ ကၽြန္ေတာ္တို႔နဲ႔ ယွဥ္ၿပိဳင္ကစားတဲ့ပြဲစဥ္မွာ ပါဝင္ကစားမယ္လို႔ တကယ္ ေမၽွာ္လင့္မိပါတယ္။ ဘာလို႔လဲဆိုေတာ့ အဲဒါက ကၽြန္ေတာ့္လက္စြမ္းကို စမ္းသပ္ဖို႔ အခြင့္အေရးေပးမွာမို႔လို႔ပါ”

“ခင္ဗ်ား အိုးထရက္ဖို႔ဒ္လိုမ်ိဳး တစ္ေနရာရာကို သြားခ်င္သေလာက္သြားၿပီး ငါ ေရာ္နယ္လ္ဒိုနဲ႔ ျပင္းထန္တဲ့တိုက္ပြဲဝင္ခဲ့တယ္လို႔ ေျပာၿပီး အျပည့္အဝ သတိျပဳခံရတာထက္ပိုၿပီး ေကာင္းမြန္တဲ့ ခံစားခ်က္မ်ိဳး ရွိမွာမဟုတ္ေတာ့ပါဘူး”

အသက္ ၂၃ ႏွစ္အရြယ္ အဂၤလန္ဂိုးသမားက ေရာ္နယ္လ္ဒိုနဲ႔ပတ္သက္ၿပီး ေနာက္ထပ္ေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့ၿပီး ေပၚတူဂီၾကယ္ပြင့္နဲ႔ ၎ရဲ့ အႀကီးမားဆုံးၿပိဳင္ဘက္ လီယြန္နယ္ မက္ဆီတို႔ကို “တသက္တာအေကာင္းဆုံးကစားသမားေတြပါ။ သူတို႔ေတြက ကၽြန္ေတာ္တို႔ေခတ္မွာ ျမင္ဖူးခဲ့သမၽွအားလုံးထဲမွာ အေကာင္းဆုံးကစားသမားေတြပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

အာရြန္ ရမ္းစ္ေဒးလ္ဟာ ယခုလအေစာပိုင္းတုန္းက အဂၤလန္အသင္းက ဆန္ မာရီနိုအသင္းကို ၁၀-၀ နဲ႔ အနိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ အဂၤလန္လက္ေရြးစင္ စီနီယာကစားသမားဘဝ ပထမဆုံးပြဲစဥ္အျဖစ္ ပါဝင္ကစားခြင့္ ရရွိခဲ့သူျဖစ္ၿပီး ၿပီးခဲ့တဲ့ေႏြရာသီမွာ ရွက္ဖီးယူနိုက္တက္ကေန အာဆင္နယ္္ကို ေျပာင္းေရႊ႕ခဲ့တဲ့အခ်ိန္ကတည္းက ၁၀ ပြဲမွာ ေပးဂိုးမရွိ ၆ ပြဲနဲ႔ ေပးဂိုး ၈ ဂိုးသာ ခြင့္ျပဳထားခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.