Premier League

နည်းပြသစ်နဲ့ ယူနိုက်တက်ပြန်လာနိုင်လို့ အေးဆေးမနေကြဖို့ ချဲလ်ဆီးကို သတိပေးခဲ့တဲ့ ပီတာ ချက်

ပီတာ ချက်က တနင်္ဂနွေနေ့မှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်မှာ အန္တရာယ်ရှိတာကြောင့် သတိထားဖို့ ချဲလ်ဆီးအသင်းကို တောင်းဆိုခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ မိုက်ကယ် ကားရစ်ကို ယာယီနည်းပြအဖြစ် ကိုင်တွယ်ဖို့ တာဝန်ပေးထားတာဖြစ်ပြီး လိုကိုမိုးတစ် မော်စကိုအသင်းရဲ့ အားကစားနဲ့ ဖွံ့ဖြိုးရေးဒါရိုက်တာ ရာ့လ်ဖ် ရန်းနစ်ခ်ကို ၆ လစာချုပ်နဲ့ ယာယီနည်းပြအဖြစ် မကြာမီအချိန်အတွင်း ခန့်အပ်သွားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းအတွက် နည်းစနစ်ပိုင်းနဲ့ စွမ်းဆောင်ရည် ဒါရိုက်တာအဖြစ် လုပ်ဆောင်နေတဲ့ ဂန္တဝင်ဂိုးသမားကြီး ပီတာ ချက်က ချဲလ်ဆီးအသင်းဝက်ဘ်ဆိုက်မှာ ရေးသားခဲ့တဲ့ ဆောင်းပါးထဲမှာ သောမတ်စ် တူဟယ်ရဲ့အသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်နဲ့ပွဲစဉ်မှာ အေးအေးဆေးဆေး ဖြစ်နေလို့ မရဘူးလို့ ရေးသားခဲ့ပါတယ်။

“ကျွန်တော်တို့ ချက်စကားပုံတစ်ခုရှိတယ်။ ‘နောက်ရောက်တဲ့လူက အပြောင်းအလဲတွေ လုပ်နိုင်တယ်’တဲ့။ ခင်ဗျား နည်းပြသစ်ခန့်ထားတဲ့ အသင်းတွေနဲ့ ကစားရတဲ့အခါမှာ အမြဲတမ်း ခက်ခဲပါတယ်။ မန်ချက်စတာယူနိုက်တက်ကလည်း အဲဒါကို မျှော်လင့်နေမှာပါ။ ခင်ဗျား နည်းပြအပြောင်းအလဲ လုပ်ထားတဲ့အခါမှာ ခင်ဗျား အမြဲတမ်း တုံ့ပြန်မှု ရှိမှာပါ”

“ရုတ်တရက်ပဲ အားလုံးက တူညီတဲ့နေရာကနေ ပြန်စတင်ကြတယ်။ နည်းပြသစ်က အသင်းနဲ့ပတ်သက်တဲ့ နည်းစနစ်၊ မဟာဗျူဟာ အသစ်တွေကို ယူဆောင်လာတယ်။ တကယ်လို့ နည်းပြတစ်ယောက်တည်း ထွက်သွားပြီး ကျန်တဲ့လူအားလုံးက နေရာမှာ နေခဲ့တယ်ဆိုရင်တောင်မှပဲ ခင်ဗျား လတ်ဆတ်တဲ့စတင်မှုကို အာရုံခံလို့ ရနိုင်ပါသေးတယ်”

“အဲဒါက အားလုံးကို ကောင်းကောင်း စွမ်းဆောင်နိုင်ဖို့အတွက် မက်လုံးအသစ်နဲ့ စိတ်အားတက်ကြွစရာအသစ်တွေကို ပေးပါတယ်။ စွမ်းအားပိုင်းမှာလည်း အပြောင်းအလဲတွေရှိလာပြီး အဲဒါက သူတို့နဲ့ ရင်ဆိုင်ရတဲ့အသင်းအတွက် အခက်အခဲတွေကို ဖန်တီးပေးနိုင်ပါတယ်။ စိုးရိမ်စရာက ခင်ဗျားက ပိုပြီး စိတ်အားတက်ကြွတဲ့အသင်းကို ရှာဖွေကောင်း ရှာဖွေရမှာဖြစ်ပြီး အစပိုင်းမှာ နည်းနည်းပိုပြီး ယုံကြည်ချက် ထားရမှာပါ။ အဲဒီလိုမှမဟုတ်ရင်တော့ ခင်ဗျား ဘယ်လိုကောင်းကောင်းကစားနေလဲ၊ ဘယ်လောက်ကောင်းကောင်းပဲ အံဝင်အောင်လုပ်နေလဲ၊ ဘယ်လောက်ကောင်းကောင်း ပွဲကို ထိန်းချုပ်ထားနိုင်လဲဆိုတာတဲ့ အပေါ်မှာပဲ မူတည်တော့မှာပါ”လို့ ရေးသားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြ ဆိုးလ်ရှား ထုတ်ပယ်ခြင်းမခံရမီမှာ ၅ ပွဲအထိ နိုင်ပွဲ မရခဲ့ပေမယ့် ဗီလာရီးရဲလ်နဲ့ပွဲစဉ်မှာ ဗန်ဒီဘိခ်နဲ့ မာစီယယ်လ်တို့လို ကစားသမားတွေ ရှားရှားပါးပါး ပွဲထွက်ပါဝင်ခွင့်ရခဲ့ပြီးနောက် နိုင်ပွဲရရှိခဲ့ပြီး အိုးထရက်ဖို့ဒ်မှာ အကောင်းမြင်စိတ်တွေ ရှိလာနေတာက လာမယ့်ပွဲစဉ်အတွက် ရောင်ပြန်ဟပ်မှုတွေ ရှိကောင်း ရှိလာနိုင်တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဘန် ချေးဝဲလ်၊ ကိုဗာချစ်၊ ကွန်တေ(ပါကောင်းပါနိုင်)တို့ မပါဝင်ဘဲ ကစားသွားရမှာဖြစ်ပေမယ့် ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့တဲ့ တိုက်စစ်မှူး လူကာကူ ပြန်လည် ပါဝင်ကစားပေးနိုင်ကောင်း ကစားပေးနိုင်မယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ပီတာ ခ်က္က တနဂၤေႏြေန႔မွာ မန္ခ်က္စတာယူနိုက္တက္အသင္းနဲ႔ ရင္ဆိုင္ရမယ့္ပြဲစဥ္မွာ အႏၲရာယ္ရွိတာေၾကာင့္ သတိထားဖို႔ ခ်ဲလ္ဆီးအသင္းကို ေတာင္းဆိုခဲ့ပါတယ္။

မန္ခ်က္စတာယူနိုက္တက္အသင္းဟာ မိုက္ကယ္ ကားရစ္ကို ယာယီနည္းျပအျဖစ္ ကိုင္တြယ္ဖို႔ တာဝန္ေပးထားတာျဖစ္ၿပီး လိုကိုမိုးတစ္ ေမာ္စကိုအသင္းရဲ့ အားကစားနဲ႔ ဖြံ့ၿဖိဳးေရးဒါရိုက္တာ ရာ့လ္ဖ္ ရန္းနစ္ခ္ကို ၆ လစာခ်ဳပ္နဲ႔ ယာယီနည္းျပအျဖစ္ မၾကာမီအခ်ိန္အတြင္း ခန႔္အပ္သြားဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းအတြက္ နည္းစနစ္ပိုင္းနဲ႔ စြမ္းေဆာင္ရည္ ဒါရိုက္တာအျဖစ္ လုပ္ေဆာင္ေနတဲ့ ဂႏၲဝင္ဂိုးသမားႀကီး ပီတာ ခ်က္က ခ်ဲလ္ဆီးအသင္းဝက္ဘ္ဆိုက္မွာ ေရးသားခဲ့တဲ့ ေဆာင္းပါးထဲမွာ ေသာမတ္စ္ တူဟယ္ရဲ့အသင္းအေနနဲ႔ မန္ခ်က္စတာယူနိုက္တက္နဲ႔ပြဲစဥ္မွာ ေအးေအးေဆးေဆး ျဖစ္ေနလို႔ မရဘူးလို႔ ေရးသားခဲ့ပါတယ္။

“ကၽြန္ေတာ္တို႔ ခ်က္စကားပုံတစ္ခုရွိတယ္။ ‘ေနာက္ေရာက္တဲ့လူက အေျပာင္းအလဲေတြ လုပ္နိုင္တယ္’တဲ့။ ခင္ဗ်ား နည္းျပသစ္ခန႔္ထားတဲ့ အသင္းေတြနဲ႔ ကစားရတဲ့အခါမွာ အျမဲတမ္း ခက္ခဲပါတယ္။ မန္ခ်က္စတာယူနိုက္တက္ကလည္း အဲဒါကို ေမၽွာ္လင့္ေနမွာပါ။ ခင္ဗ်ား နည္းျပအေျပာင္းအလဲ လုပ္ထားတဲ့အခါမွာ ခင္ဗ်ား အျမဲတမ္း တုံ႔ျပန္မႈ ရွိမွာပါ”

“႐ုတ္တရက္ပဲ အားလုံးက တူညီတဲ့ေနရာကေန ျပန္စတင္ၾကတယ္။ နည္းျပသစ္က အသင္းနဲ႔ပတ္သက္တဲ့ နည္းစနစ္၊ မဟာဗ်ဴဟာ အသစ္ေတြကို ယူေဆာင္လာတယ္။ တကယ္လို႔ နည္းျပတစ္ေယာက္တည္း ထြက္သြားၿပီး က်န္တဲ့လူအားလုံးက ေနရာမွာ ေနခဲ့တယ္ဆိုရင္ေတာင္မွပဲ ခင္ဗ်ား လတ္ဆတ္တဲ့စတင္မႈကို အာ႐ုံခံလို႔ ရနိုင္ပါေသးတယ္”

“အဲဒါက အားလုံးကို ေကာင္းေကာင္း စြမ္းေဆာင္နိုင္ဖို႔အတြက္ မက္လုံးအသစ္နဲ႔ စိတ္အားတက္ႂကြစရာအသစ္ေတြကို ေပးပါတယ္။ စြမ္းအားပိုင္းမွာလည္း အေျပာင္းအလဲေတြရွိလာၿပီး အဲဒါက သူတို႔နဲ႔ ရင္ဆိုင္ရတဲ့အသင္းအတြက္ အခက္အခဲေတြကို ဖန္တီးေပးနိုင္ပါတယ္။ စိုးရိမ္စရာက ခင္ဗ်ားက ပိုၿပီး စိတ္အားတက္ႂကြတဲ့အသင္းကို ရွာေဖြေကာင္း ရွာေဖြရမွာျဖစ္ၿပီး အစပိုင္းမွာ နည္းနည္းပိုၿပီး ယုံၾကည္ခ်က္ ထားရမွာပါ။ အဲဒီလိုမွမဟုတ္ရင္ေတာ့ ခင္ဗ်ား ဘယ္လိုေကာင္းေကာင္းကစားေနလဲ၊ ဘယ္ေလာက္ေကာင္းေကာင္းပဲ အံဝင္ေအာင္လုပ္ေနလဲ၊ ဘယ္ေလာက္ေကာင္းေကာင္း ပြဲကို ထိန္းခ်ဳပ္ထားနိုင္လဲဆိုတာတဲ့ အေပၚမွာပဲ မူတည္ေတာ့မွာပါ”လို႔ ေရးသားခဲ့ပါတယ္။

မန္ခ်က္စတာယူနိုက္တက္အသင္းဟာ နည္းၿပ ဆိုးလ္ရွား ထုတ္ပယ္ျခင္းမခံရမီမွာ ၅ ပြဲအထိ နိုင္ပြဲ မရခဲ့ေပမယ့္ ဗီလာရီးရဲလ္နဲ႔ပြဲစဥ္မွာ ဗန္ဒီဘိခ္နဲ႔ မာစီယယ္လ္တို႔လို ကစားသမားေတြ ရွားရွားပါးပါး ပြဲထြက္ပါဝင္ခြင့္ရခဲ့ၿပီးေနာက္ နိုင္ပြဲရရွိခဲ့ၿပီး အိုးထရက္ဖို႔ဒ္မွာ အေကာင္းျမင္စိတ္ေတြ ရွိလာေနတာက လာမယ့္ပြဲစဥ္အတြက္ ေရာင္ျပန္ဟပ္မႈေတြ ရွိေကာင္း ရွိလာနိုင္တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ဘန္ ေခ်းဝဲလ္၊ ကိုဗာခ်စ္၊ ကြန္ေတ(ပါေကာင္းပါနိုင္)တို႔ မပါဝင္ဘဲ ကစားသြားရမွာျဖစ္ေပမယ့္ ဒဏ္ရာကေန ျပန္လည္သက္သာလာခဲ့တဲ့ တိုက္စစ္မႉး လူကာကူ ျပန္လည္ ပါဝင္ကစားေပးနိုင္ေကာင္း ကစားေပးနိုင္မယ္လို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.