Premier League

ရန်းနစ်ခ် ယူနိုက်တက်ရောက်လာတာ သတင်းကောင်းမဟုတ်ဘူးလို့ သတိပေးလိုက်တဲ့ ကလော့ပ်

လီဗာပူးလ်အသင်းနည်းပြ ယာဂန် ကလော့ပ်က မန်ချက်စတာယူနိုက်တက်အသင်းကို ရာ့လ်ဖ် ရန်းနစ်ခ် ရောက်ရှိလာမှုက ပရီးမီးယားလိဂ်မှာရှိတဲ့ တခြားအသင်းတွေအတွက် သတင်းကောင်းမဟုတ်ဘူးလို့ သတိပေးပြောကြားခဲ့ပါတယ်။

ရန်းနစ်ခ်ဟာ ယခုရာသီကုန်အထိ ယာယီနည်းပြအဖြစ် တာဝန်ယူကိုင်တွယ်သွားဖို့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့တာဖြစ်ပြီး နည်းပြအဖြစ် ၆ လ ကိုင်တွယ်ပြီးတာနဲ့ အသင်းရဲ့ အကြံပေးအဖြစ် ၂ နှစ်ကြာ တာဝန်ထမ်းဆောင်သွားမှာဖြစ်ပါတယ်။

အသက် ၆၃ နှစ်အရွယ် ဂျာမန်လူမျိုးနည်းပြဟာ မကြာသေးမီက ကလော့ပ်ရဲ့ အကောင်းဆုံးဂျာမန်နည်းပြမဟုတ်ရင်တောင် အကောင်းဆုံးနည်းပြထဲက တစ်ယောက်အဖြစ် ချီးကျူးခြင်းခံခဲ့ရသူဖြစ်ပြီး လီဗာပူးလ်နည်းပြက သောကြာနေ့က ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ၎င်းရဲ့ဆရာဖြစ်သူနဲ့ပတ်သက်ပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။

“ဟုတ်ပါတယ်။ ကံမကောင်းစွာနဲ့ နည်းပြကောင်းတစ်ယောက် အင်္ဂလန်ကို မန်ချက်စတာယူနိုက်တက်ကို ကိုင်တွယ်ဖို့ ရောက်လာပါပြီ။ အဲဒီတော့ မတတ်နိုင်ဘူးလေ။ ရာ့လ်ဖ်က အရမ်းအတွေ့အကြုံရှိတဲ့နည်းပြဆိုတာ သိသာပါတယ်။ ခြိမ်းခြောက်မှု လုပ်နိုင်တဲ့နားတောင်မရှိတဲ့အသင်းသ ၂ သင်းကို အောင်မြင်ကျော်ကြားအောင် တည်ဆောက်ပေးခဲ့ပြီး ဟော်ဖန်ဟိမ်း၊ လိုက်ပ်ဇစ်တို့နဲ့အတူ ဂျာမနီမှာ စစ်မှန်တဲ့ အင်အားစုကြီး ဖြစ်လာခဲ့တယ်။ ဘောလုံးမှာ မတူညီတဲ့အလုပ်တွေ အများကြီး လုပ်ခဲ့ပေမယ့် အမှန်တကယ် သူ့ရဲ့ ပထမဆုံးအလုပ်က နည်းပြဖြစ်ဖို့ပါ။ နည်းပြဖြစ်ဖို့နဲ့ အဲဒါကလည်း သူ့ရဲ့ အကောင်းဆုံး စွမ်းရည်ပါ”

“ယူနိုက်တက်က ကွင်းထဲမှာ စုစည်းမိတော့မှာဖြစ်ပြီး ကျွန်တော်တို့ အဲဒါကို သိသင့်တယ်လို့ ထင်ပါတယ်။ အဲဒါက တခြားအသင်းတွေအတွက် သတင်းကောင်းမဟုတ်ဘူးဆိုတာ သိသာထင်ရှားပါတယ်။ ဒါပေမယ့် ကမ္ဘာပေါ်က နည်းပြအားလုံးက အသင်းနဲ့ လေ့ကျင့်ဖို့ အချိန်လိုပြီး ရာ့လ်ဖ်လည်း ယူနိုက်တက်က တချိန်လုံး ကစားနေတာဆိုတော့ သူ့မှာ အချိန်မရှိဘူးဆိုတာ မြန်မြန်ပဲ သိသွားမှာဖြစ်တာကြောင့် အဲဒါက သူ့အတွက် နည်းနည်းပိုပြီး ခက်ခဲမှာပါ”

“ဒါပေမယ့် အဲဒါတွေက အင်္ဂလန်ကို လာမယ်ဆိုရင်ဖြစ်လို့ ဘေးဖယ်ထားလိုက်ရင် တကယ်ကို ကောင်းမွန်တဲ့လူတစ်ယောက်၊ ထူးချွန်တဲ့နည်းပြပါ”လို့ ပြောကြားခဲ့ပါတယ်။ ကလော့ပ်က ပြီးတဲ့နောက် ဂျာမနီမှာ ရန်းနစ်ခ်ဟာ ဘယ်လောက်အထိ မြင့်မြင့်မားမား သတ်မှတ်ခံထားရလဲဆိုတာနဲ့ပတ်သက်ပြီး ပြောကြားခဲ့ပြီး မိုင့်ဇ်မှာ နည်းပြခဲ့တဲ့ ၎င်းရဲ့အစောပိုင်းကာလတုန်းက အကြောင်းတွေကိုလည်း ပြောကြားခဲ့ပါတယ်။

“အရမ်းကို မြင့်မြင့်မားမား ယူဆခြင်းခံခဲ့ရတဲ့သူဆိုတာ သိသာပြီး သူ ရှိခဲ့တဲ့နေရာမှာ မယုံနိုင်ဖွယ်အလုပ်တွေကို လုပ်ခဲ့ပါတယ်။ သူ နည်းပြဘဝကို အစောကြီး စတင်ခဲ့ပြီး အရမ်းကို ငယ်ရွယ်သေးတဲ့ နည်းပြအဖြစ် စတုဂတ်မှာ ဒုတိယအသင်းကို နည်းပြခဲ့ရင်း အဲဒီကနေ စခဲ့တာပါ။ အစောပိုင်းမှာ နည်းပြခဲ့တဲ့ ကလပ်အသင်းအားလုံးကို မသိပေမယ့် သူ အမ်းမှာ ရှိနေခဲ့ပြီး သူတို့တွေကို အဲဒီအချိန်တုန်းက လုံးဝ ရူးသွပ်တဲ့ကိစ္စဖြစ်တဲ့ ဘွန်ဒက်စ်လီဂါကို ပို့ဆောင်ပေးခဲ့ပါတယ်”

“ကျွန်တော် ငယ်ရွယ်တဲ့နည်းပြဘဝတုန်းက သူက ဟန်နိုဗာမှာ ရှိနေခဲ့ပြီး ကျွန်တော်တို့ ပထမဆုံးအကြိမ် တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်ခဲ့ကြတာပါ။ အဲဒီတော့ သူ အဲဒါကို မေ့နေလောက်တာ ဖြစ်နိုင်ပါတယ်။ သူတို့တွေက ကျွန်တော်တို့ရဲ့ ပြိုင်ဘက်တွေနဲ့ တစ်ပတ်အကြာမှာ အမြဲတမ်း ကစားခဲ့ပြီး အဲဒီတော့ သူက ကျွန်တော့်ကို ဖုန်းခေါ်ခဲ့တယ်။ လူငယ်နည်းပြတစ်ယောက်ရဲ့အတွေးအခေါ်ကို မေးခွန်းတွေ အများကြီး မေးခဲ့တယ်”

“ရာ့လ်ဖ် ရန်းနစ်ခ်လို နည်းပြကြီးက ကျွန်တော့်ကို ဖုန်းခေါ်တော့ အရမ်းပျော်ရွှင်ခဲ့ပြီး သူ လိုအပ်တဲ့ အချက်အလက်တွေအားလုံး သူ ရရှိခဲ့ပါတယ်။ သူတို့တွေ တန်းတက်သွားခဲ့တယ်။ ကျွန်တော်တို့တော့ တန်းမတက်ခဲ့ဘူး။ အဲဒီတော့ အဲဒီကိစ္စကနေ သူ ကျွန်တော့်ကို အကြွေးတင်နေသေးပြီး ကမ္ဘာ့ဘောလုံးလောကကို ဖယ်ထားလိုက်ရင် ဂျာမနီမှာ သူက အရမ်းကောင်းကောင်း ယူဆခံထားရပြီး တကယ်လည်း အဲဒီအတိုင်း မှန်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္အသင္းနည္းၿပ ယာဂန္ ကေလာ့ပ္က မန္ခ်က္စတာယူနိုက္တက္အသင္းကို ရာ့လ္ဖ္ ရန္းနစ္ခ္ ေရာက္ရွိလာမႈက ပရီးမီးယားလိဂ္မွာရွိတဲ့ တျခားအသင္းေတြအတြက္ သတင္းေကာင္းမဟုတ္ဘူးလို႔ သတိေပးေျပာၾကားခဲ့ပါတယ္။

ရန္းနစ္ခ္ဟာ ယခုရာသီကုန္အထိ ယာယီနည္းျပအျဖစ္ တာဝန္ယူကိုင္တြယ္သြားဖို႔ မန္ခ်က္စတာယူနိုက္တက္အသင္းနဲ႔ သေဘာတူညီမႈ ရရွိခဲ့တာျဖစ္ၿပီး နည္းျပအျဖစ္ ၆ လ ကိုင္တြယ္ၿပီးတာနဲ႔ အသင္းရဲ့ အႀကံေပးအျဖစ္ ၂ ႏွစ္ၾကာ တာဝန္ထမ္းေဆာင္သြားမွာျဖစ္ပါတယ္။

အသက္ ၆၃ ႏွစ္အရြယ္ ဂ်ာမန္လူမ်ိဳးနည္းျပဟာ မၾကာေသးမီက ကေလာ့ပ္ရဲ့ အေကာင္းဆုံးဂ်ာမန္နည္းျပမဟုတ္ရင္ေတာင္ အေကာင္းဆုံးနည္းျပထဲက တစ္ေယာက္အျဖစ္ ခ်ီးက်ဴးျခင္းခံခဲ့ရသူျဖစ္ၿပီး လီဗာပူးလ္နည္းျပက ေသာၾကာေန႔က ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ ၎ရဲ့ဆရာျဖစ္သူနဲ႔ပတ္သက္ၿပီး ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ဟုတ္ပါတယ္။ ကံမေကာင္းစြာနဲ႔ နည္းျပေကာင္းတစ္ေယာက္ အဂၤလန္ကို မန္ခ်က္စတာယူနိုက္တက္ကို ကိုင္တြယ္ဖို႔ ေရာက္လာပါၿပီ။ အဲဒီေတာ့ မတတ္နိုင္ဘူးေလ။ ရာ့လ္ဖ္က အရမ္းအေတြ႕အၾကဳံရွိတဲ့နည္းျပဆိုတာ သိသာပါတယ္။ ၿခိမ္းေျခာက္မႈ လုပ္နိုင္တဲ့နားေတာင္မရွိတဲ့အသင္းသ ၂ သင္းကို ေအာင္ျမင္ေက်ာ္ၾကားေအာင္ တည္ေဆာက္ေပးခဲ့ၿပီး ေဟာ္ဖန္ဟိမ္း၊ လိုက္ပ္ဇစ္တို႔နဲ႔အတူ ဂ်ာမနီမွာ စစ္မွန္တဲ့ အင္အားစုႀကီး ျဖစ္လာခဲ့တယ္။ ေဘာလုံးမွာ မတူညီတဲ့အလုပ္ေတြ အမ်ားႀကီး လုပ္ခဲ့ေပမယ့္ အမွန္တကယ္ သူ႔ရဲ့ ပထမဆုံးအလုပ္က နည္းျပျဖစ္ဖို႔ပါ။ နည္းျပျဖစ္ဖို႔နဲ႔ အဲဒါကလည္း သူ႔ရဲ့ အေကာင္းဆုံး စြမ္းရည္ပါ”

“ယူနိုက္တက္က ကြင္းထဲမွာ စုစည္းမိေတာ့မွာျဖစ္ၿပီး ကၽြန္ေတာ္တို႔ အဲဒါကို သိသင့္တယ္လို႔ ထင္ပါတယ္။ အဲဒါက တျခားအသင္းေတြအတြက္ သတင္းေကာင္းမဟုတ္ဘူးဆိုတာ သိသာထင္ရွားပါတယ္။ ဒါေပမယ့္ ကမၻာေပၚက နည္းျပအားလုံးက အသင္းနဲ႔ ေလ့က်င့္ဖို႔ အခ်ိန္လိုၿပီး ရာ့လ္ဖ္လည္း ယူနိုက္တက္က တခ်ိန္လုံး ကစားေနတာဆိုေတာ့ သူ႔မွာ အခ်ိန္မရွိဘူးဆိုတာ ျမန္ျမန္ပဲ သိသြားမွာျဖစ္တာေၾကာင့္ အဲဒါက သူ႔အတြက္ နည္းနည္းပိုၿပီး ခက္ခဲမွာပါ”

“ဒါေပမယ့္ အဲဒါေတြက အဂၤလန္ကို လာမယ္ဆိုရင္ျဖစ္လို႔ ေဘးဖယ္ထားလိုက္ရင္ တကယ္ကို ေကာင္းမြန္တဲ့လူတစ္ေယာက္၊ ထူးခၽြန္တဲ့နည္းျပပါ”လို႔ ေျပာၾကားခဲ့ပါတယ္။ ကေလာ့ပ္က ၿပီးတဲ့ေနာက္ ဂ်ာမနီမွာ ရန္းနစ္ခ္ဟာ ဘယ္ေလာက္အထိ ျမင့္ျမင့္မားမား သတ္မွတ္ခံထားရလဲဆိုတာနဲ႔ပတ္သက္ၿပီး ေျပာၾကားခဲ့ၿပီး မိုင့္ဇ္မွာ နည္းျပခဲ့တဲ့ ၎ရဲ့အေစာပိုင္းကာလတုန္းက အေၾကာင္းေတြကိုလည္း ေျပာၾကားခဲ့ပါတယ္။

“အရမ္းကို ျမင့္ျမင့္မားမား ယူဆျခင္းခံခဲ့ရတဲ့သူဆိုတာ သိသာၿပီး သူ ရွိခဲ့တဲ့ေနရာမွာ မယုံနိုင္ဖြယ္အလုပ္ေတြကို လုပ္ခဲ့ပါတယ္။ သူ နည္းျပဘဝကို အေစာႀကီး စတင္ခဲ့ၿပီး အရမ္းကို ငယ္ရြယ္ေသးတဲ့ နည္းျပအျဖစ္ စတုဂတ္မွာ ဒုတိယအသင္းကို နည္းျပခဲ့ရင္း အဲဒီကေန စခဲ့တာပါ။ အေစာပိုင္းမွာ နည္းျပခဲ့တဲ့ ကလပ္အသင္းအားလုံးကို မသိေပမယ့္ သူ အမ္းမွာ ရွိေနခဲ့ၿပီး သူတို႔ေတြကို အဲဒီအခ်ိန္တုန္းက လုံးဝ ႐ူးသြပ္တဲ့ကိစၥျဖစ္တဲ့ ဘြန္ဒက္စ္လီဂါကို ပို႔ေဆာင္ေပးခဲ့ပါတယ္”

“ကၽြန္ေတာ္ ငယ္ရြယ္တဲ့နည္းျပဘဝတုန္းက သူက ဟန္နိုဗာမွာ ရွိေနခဲ့ၿပီး ကၽြန္ေတာ္တို႔ ပထမဆုံးအႀကိမ္ တစ္ေယာက္နဲ႔တစ္ေယာက္ မ်က္ႏွာခ်င္းဆိုင္ခဲ့ၾကတာပါ။ အဲဒီေတာ့ သူ အဲဒါကို ေမ့ေနေလာက္တာ ျဖစ္နိုင္ပါတယ္။ သူတို႔ေတြက ကၽြန္ေတာ္တို႔ရဲ့ ၿပိဳင္ဘက္ေတြနဲ႔ တစ္ပတ္အၾကာမွာ အျမဲတမ္း ကစားခဲ့ၿပီး အဲဒီေတာ့ သူက ကၽြန္ေတာ့္ကို ဖုန္းေခၚခဲ့တယ္။ လူငယ္နည္းျပတစ္ေယာက္ရဲ့အေတြးအေခၚကို ေမးခြန္းေတြ အမ်ားႀကီး ေမးခဲ့တယ္”

“ရာ့လ္ဖ္ ရန္းနစ္ခ္လို နည္းျပႀကီးက ကၽြန္ေတာ့္ကို ဖုန္းေခၚေတာ့ အရမ္းေပ်ာ္ရႊင္ခဲ့ၿပီး သူ လိုအပ္တဲ့ အခ်က္အလက္ေတြအားလုံး သူ ရရွိခဲ့ပါတယ္။ သူတို႔ေတြ တန္းတက္သြားခဲ့တယ္။ ကၽြန္ေတာ္တို႔ေတာ့ တန္းမတက္ခဲ့ဘူး။ အဲဒီေတာ့ အဲဒီကိစၥကေန သူ ကၽြန္ေတာ့္ကို အေႂကြးတင္ေနေသးၿပီး ကမၻာ့ေဘာလုံးေလာကကို ဖယ္ထားလိုက္ရင္ ဂ်ာမနီမွာ သူက အရမ္းေကာင္းေကာင္း ယူဆခံထားရၿပီး တကယ္လည္း အဲဒီအတိုင္း မွန္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.