Premier League UCL&UEL

ဗီလာရီးရဲလ်နဲ့ပွဲအပြီးမှာ ဘဝတူ ဆန်ချိုအတွက် ဝမ်းသာပီတိဖြစ်ခဲ့ရတဲ့ ဗန်ဒီဘိခ်

ဂျေဒန် ဆန်ချိုဟာ ဒေါ့မွန်အသင်းကနေ ပြောင်းရွှေ့လာခဲ့ပြီးနောက် ၄ လအကြာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် အရေးကြီးတဲ့ ဗီလာရီးရဲလ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ၎င်းရဲ့ ယူနိုက်တက်ကစားသမားဘဝ ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ် အင်္ဂလန်ကြယ်ပွင့်ဟာ ယခုရာသီမှာ ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် ၁၆ ပွဲ ပါဝင်ကစားပေးထားသူဖြစ်ပေမယ့် ပွဲကစားချိန်အများစုကို အရန်ခုံကနေ ပါဝင်ကစားပေးခဲ့ရသူဖြစ်ပါတယ်။

ဆန်ချိုဟာ နည်းပြ ဆိုးလ်ရှားလက်အောက်မှာ ပုံမှန်ပွဲထွက်ကစားသမားမဖြစ်ခဲ့ပေမယ့် အင်္ဂါနေ့ညက ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ ယာယီတာဝန်ယူကိုင်တွယ်ပေးနေတဲ့ နည်းပြ မိုက်ကယ် ကားရစ်က အင်္ဂလန်တောင်ပံကြယ်ပွင့်ကို ပွဲထွက်ကစားသမား ၁၁ ဦးထဲမှာ ထည့်သွင်းခဲ့ပြီး ယုံကြည်မှုပေးခဲ့တာနဲ့ ထိုက်တန်ကြောင်းကို သွင်းဂိုးနဲ့ ပြန်လည်သက်သေပြသနိုင်ခဲ့တာဖြစ်ပါတယ်။

ဆန်ချိုဟာ ညာတောင်ပံတကြောမှာ အန္တရာယ်ကြီးမားတဲ့ပုံစံဖြစ်နေခဲ့တာကို မြင်တွေ့ခဲ့ရပြီး ဒေါ့မွန်အသင်းမှာတုန်းက ပြသခဲ့တဲ့ ခြေစွမ်းအတိုင်း ရော်နယ်လ်ဒို၊ ဖာနန်ဒက်စ်၊ ဗန်ဒီဘိခ်တို့နဲ့အတူ တွဲဖက်ကစားရင်း ပြသခဲ့တာဖြစ်ပါတယ်။ နည်းပြ ဆိုးလ်ရှားလက်ထက် ယခုရာသီမှာ ပထမအသင်း ပွဲကစားချိန်ရဖို့ ရုန်းကန်ခဲ့ရတဲ့ ဗန်ဒီဘိခ်အတွက်လည်း အလွန်ကောင်းမွန်တဲ့ ညတစ်ညဖြစ်ခဲ့ပြီး အိုင်းယက်စ်ကွင်းလယ်ကြယ်ပွင့်ဟောင်းဟာ ဗီလာရီးရဲလ်နဲ့ပွဲစဉ်မှာ အထင်ကြီးဖွယ် ခြေစွမ်း ပြသခဲ့တာဖြစ်ပါတယ်။

ဗန်ဒီဘိခ်ဟာ ဗီလာရီးရဲလ်နဲ့ပွဲအပြီးမှာတော့ နည်းပြဟောင်းဆိုးလ်ရှားရဲ့ လှောင်အိမ်ထဲထည့်အတောင်ချိုးထားခံရတဲ့ ဘဝကနေ လွတ်မြောက်လာခဲ့လို့
မန်ချက်စတာယူနိုက်တက်မှာ ဘောလုံးကစားရတာကို နောက်ဆုံးမှာတော့ ပျော်ရွှင်နေပြီဖြစ်ပုံရပြီး ယခုရာသီ အချိန်တော်တော်များများ အရန်ခုံအတူတူထိုင်ခဲ့ရတဲ့ ဆန်ချိုနဲ့ ကြည်နူးဖွယ် အခိုက်အတန့်ကို မျှဝေခဲ့တာဖြစ်ပါတယ်။ ဒတ်ချ်ကွင်းလယ်ကစားသမားဟာ ဗီလာရီးရဲလ်နဲ့ပွဲစဉ်မှာ ပွဲချိန်ပြည့် ပါဝင်ကစားခွင့်မရခဲ့ဘဲ ဒုတိယပိုင်း ၆၆ မိနစ်မှာ လူစားလဲလှယ်ခြင်းခံခဲ့ရပေမယ့် ပွဲချိန်ပြည့်ပါဝင်ကစားခွင့်ရခဲ့ပြီး ဂိုးသွင်းယူပေးခဲ့ပြီးနောက် နာကျင်အချိန်ပိုမှာမှ လူစားလဲလှယ်ခံခဲ့ရတဲ့ ဆန်ချိုအတွက် ပွဲအပြီးမှာ အလွန်ဝမ်းသာပီတိဖြစ်ခဲ့တယ်ဆိုတာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

ဗန်ဒီဘိခ်က ယာယီနည်းပြ ကာရစ်နဲ့အတူ ကွင်းအတွင်း ဝင်ရောက်လာပြီးနောက် ဆန်ချိုရဲ့ မျက်နှာကို အားရပါးရ ကိုင်ပြီး ဂုဏ်ပြုစကား ပြောဆိုခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် ယာယီနည်းပြ ကားရစ်ကလည်း အင်္ဂါနေ့ညက ဗီလာရီးရဲလ်ကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်က ဆန်ချိုရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ဝမ်းမြောက်ကျေနပ်မိတယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော် ဂျေဒန်အတွက် အရမ်း စိတ်ကျေနပ်မိခဲ့ပါတယ်။ သူ ဒီည ခြေကုန်ထုတ်ပြီး အလုပ်လုပ်ခဲ့တယ်လို့ တွေးခဲ့မိပါတယ်။ ဒီည သူ့မှာရှိသမျှ အရာအားလုံး ပေးခဲ့တယ်လို့ ကျွန်တော် တွေးမိခဲ့ပါတယ်။ အချိန်အတော်များများမှာ သူ ဘောလုံးနဲ့အတူရှိမနေခဲ့ပေမယ့် သူ့ခြေထဲ ဘောလုံးရောက်လာပြီး အရာအားလုံးကို ဖြစ်လာအောင် လုပ်ဖို့ ကြိုးပမ်းရတဲ့အခါ သူ ဘယ်လောက် ပျော်ရွှင်လဲဆိုတာ ကျွန်တော် သိပါတယ်။ အဆုံးမှာ သူ့ရဲ့ ဂိုးကို သူ ဒီည ကွဲပြားခြားနားတဲ့ ပုံစံကို ပြသခဲ့ပြီး သူ့အတွက်ရော ကျွန်တော်တို့အတွက်ပါ တော်တော်လေး ပြီးပြည့်စုံတဲ့ အဆုံးသတ်ဖြစ်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ေဂ်ဒန္ ဆန္ခ်ိဳဟာ ေဒါ့မြန္အသင္းကေန ေျပာင္းေရႊ႕လာခဲ့ၿပီးေနာက္ ၄ လအၾကာ မန္ခ်က္စတာယူနိုက္တက္အသင္းအတြက္ အေရးႀကီးတဲ့ ဗီလာရီးရဲလ္နဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ၎ရဲ့ ယူနိုက္တက္ကစားသမားဘဝ ပထမဆုံးဂိုးကို သြင္းယူနိုင္ခဲ့ပါတယ္။

အသက္ ၂၁ ႏွစ္အရြယ္ အဂၤလန္ၾကယ္ပြင့္ဟာ ယခုရာသီမွာ ကလပ္အသင္းနဲ႔ နိုင္ငံအသင္းအတြက္ ၁၆ ပြဲ ပါဝင္ကစားေပးထားသူျဖစ္ေပမယ့္ ပြဲကစားခ်ိန္အမ်ားစုကို အရန္ခုံကေန ပါဝင္ကစားေပးခဲ့ရသူျဖစ္ပါတယ္။

ဆန္ခ်ိဳဟာ နည္းၿပ ဆိုးလ္ရွားလက္ေအာက္မွာ ပုံမွန္ပြဲထြက္ကစားသမားမျဖစ္ခဲ့ေပမယ့္ အဂၤါေန႔ညက ခ်န္ပီယံလိဂ္ပြဲစဥ္မွာေတာ့ ယာယီတာဝန္ယူကိုင္တြယ္ေပးေနတဲ့ နည္းၿပ မိုက္ကယ္ ကားရစ္က အဂၤလန္ေတာင္ပံၾကယ္ပြင့္ကို ပြဲထြက္ကစားသမား ၁၁ ဦးထဲမွာ ထည့္သြင္းခဲ့ၿပီး ယုံၾကည္မႈေပးခဲ့တာနဲ႔ ထိုက္တန္ေၾကာင္းကို သြင္းဂိုးနဲ႔ ျပန္လည္သက္ေသျပသနိုင္ခဲ့တာျဖစ္ပါတယ္။

ဆန္ခ်ိဳဟာ ညာေတာင္ပံတေၾကာမွာ အႏၲရာယ္ႀကီးမားတဲ့ပုံစံျဖစ္ေနခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး ေဒါ့မြန္အသင္းမွာတုန္းက ျပသခဲ့တဲ့ ေျခစြမ္းအတိုင္း ေရာ္နယ္လ္ဒို၊ ဖာနန္ဒက္စ္၊ ဗန္ဒီဘိခ္တို႔နဲ႔အတူ တြဲဖက္ကစားရင္း ျပသခဲ့တာျဖစ္ပါတယ္။ နည္းၿပ ဆိုးလ္ရွားလက္ထက္ ယခုရာသီမွာ ပထမအသင္း ပြဲကစားခ်ိန္ရဖို႔ ႐ုန္းကန္ခဲ့ရတဲ့ ဗန္ဒီဘိခ္အတြက္လည္း အလြန္ေကာင္းမြန္တဲ့ ညတစ္ညျဖစ္ခဲ့ၿပီး အိုင္းယက္စ္ကြင္းလယ္ၾကယ္ပြင့္ေဟာင္းဟာ ဗီလာရီးရဲလ္နဲ႔ပြဲစဥ္မွာ အထင္ႀကီးဖြယ္ ေျခစြမ္း ျပသခဲ့တာျဖစ္ပါတယ္။

ဗန္ဒီဘိခ္ဟာ ဗီလာရီးရဲလ္နဲ႔ပြဲအၿပီးမွာေတာ့ နည္းျပေဟာင္းဆိုးလ္ရွားရဲ႕ ေလွာင္အိမ္ထဲထည့္အေတာင္ခ်ိဳးထားခံရတဲ့ ဘဝကေန လြတ္ေျမာက္လာခဲ့လို႔
မန္ခ်က္စတာယူႏိုက္တက္မွာ ေဘာလုံးကစားရတာကို ေနာက္ဆုံးမွာေတာ့ ေပ်ာ္႐ႊင္ေနၿပီျဖစ္ပုံရၿပီး ယခုရာသီ အခ်ိန္ေတာ္ေတာ္မ်ားမ်ား အရန္ခုံအတူတူထိုင္ခဲ့ရတဲ့ ဆန္ခ်ိဳနဲ႔ ၾကည္ႏူးဖြယ္ အခိုက္အတန႔္ကို မွ်ေဝခဲ့တာျဖစ္ပါတယ္။ ဒတ္ခ်္ကြင္းလယ္ကစားသမားဟာ ဗီလာရီးရဲလ္နဲ႔ပြဲစဥ္မွာ ပြဲခ်ိန္ျပည့္ ပါဝင္ကစားခြင့္မရခဲ့ဘဲ ဒုတိယပိုင္း ၆၆ မိနစ္မွာ လူစားလဲလွယ္ျခင္းခံခဲ့ရေပမယ့္ ပြဲခ်ိန္ျပည့္ပါဝင္ကစားခြင့္ရခဲ့ၿပီး ဂိုးသြင္းယူေပးခဲ့ၿပီးေနာက္ နာက်င္အခ်ိန္ပိုမွာမွ လူစားလဲလွယ္ခံခဲ့ရတဲ့ ဆန္ခ်ိဳအတြက္ ပြဲအၿပီးမွာ အလြန္ဝမ္းသာပီတိျဖစ္ခဲ့တယ္ဆိုတာကို ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

ဗန္ဒီဘိခ္က ယာယီနည္းၿပ ကာရစ္နဲ႔အတူ ကြင္းအတြင္း ဝင္ေရာက္လာၿပီးေနာက္ ဆန္ခ်ိဳရဲ့ မ်က္ႏွာကို အားရပါးရ ကိုင္ၿပီး ဂုဏ္ျပဳစကား ေျပာဆိုခဲ့တာျဖစ္ပါတယ္။ မန္ခ်က္စတာယူနိုက္တက္ ယာယီနည္းၿပ ကားရစ္ကလည္း အဂၤါေန႔ညက ဗီလာရီးရဲလ္ကို ၂-၀ နဲ႔ အနိုင္ရခဲ့တဲ့ပြဲစဥ္က ဆန္ခ်ိဳရဲ့စြမ္းေဆာင္ရည္နဲ႔ပတ္သက္ၿပီး ဝမ္းေျမာက္ေက်နပ္မိတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ကၽြန္ေတာ္ ေဂ်ဒန္အတြက္ အရမ္း စိတ္ေက်နပ္မိခဲ့ပါတယ္။ သူ ဒီည ေျခကုန္ထုတ္ၿပီး အလုပ္လုပ္ခဲ့တယ္လို႔ ေတြးခဲ့မိပါတယ္။ ဒီည သူ႔မွာရွိသမၽွ အရာအားလုံး ေပးခဲ့တယ္လို႔ ကၽြန္ေတာ္ ေတြးမိခဲ့ပါတယ္။ အခ်ိန္အေတာ္မ်ားမ်ားမွာ သူ ေဘာလုံးနဲ႔အတူရွိမေနခဲ့ေပမယ့္ သူ႔ေျခထဲ ေဘာလုံးေရာက္လာၿပီး အရာအားလုံးကို ျဖစ္လာေအာင္ လုပ္ဖို႔ ႀကိဳးပမ္းရတဲ့အခါ သူ ဘယ္ေလာက္ ေပ်ာ္ရႊင္လဲဆိုတာ ကၽြန္ေတာ္ သိပါတယ္။ အဆုံးမွာ သူ႔ရဲ့ ဂိုးကို သူ ဒီည ကြဲျပားျခားနားတဲ့ ပုံစံကို ျပသခဲ့ၿပီး သူ႔အတြက္ေရာ ကၽြန္ေတာ္တို႔အတြက္ပါ ေတာ္ေတာ္ေလး ၿပီးျပည့္စုံတဲ့ အဆုံးသတ္ျဖစ္ခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.