Serie A UCL&UEL

ရွှေ့ပြောင်းလုပ်သားဘဝကနေ အေစီမီလန်ရဲ့ချန်ပီယံလိဂ်ဟီးရိုးဖြစ်လာတဲ့ ဂျူနီယာ မက်ဆိုင်းယပ်စ်

ဗုဒ္ဓဟူးနေ့ညက အေစီမီလန်နဲ့ အက်သလက်တီကို မက်ဒရစ်တို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂျူနီယာ မက်ဆိုင်းယပ်စ်က နောက်ကျအနိုင်ဂိုးကို သွင်းယူပေးခဲ့တာကြောင့် အေစီမီလန်အသင်းရဲ့ ၂၀၂၁-၂၀၂၂ ရာသီ ချန်ပီယံလိဂ်မျှော်လင့်ချက်ဟာ အသက်ပြန်ဝင်လာခဲ့ပြီဖြစ်ပါတယ်။

စတီဖာနို ပီအိုလီရဲ့အသင်းဟာ ပြီးခဲ့တဲ့နွေရာသီ ကစားသမားခေါ်ယူမှုဖြစ်တဲ့ ဂျူနီယာ မက်ဆိုင်းယပ်စ်ရဲ့ နောက်ကျ ခေါင်းတိုက်သွင်းဂိုးကြောင့် ၁-၀ နဲ့ နိုင်ပွဲရရှိခဲ့တာဖြစ်ပြီး ဘရာဇီးလ်တိုက်စစ်မှူးဟာ ၆၅ မိနစ်မှာ ၎င်းရဲ့ ပထမဆုံး ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် လူစားဝင်ကစားပေးခဲ့ပြီးနောက် ၂၂ မိနစ်အကြာမှာပဲ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ အေစီမီလန်အသင်းအတွက် မယုံနိုင်ဖွယ် အခိုက်အတန့်ဖြစ်ခဲ့ပြီး ဒီရလဒ်ကြောင့် ပေါ်တို၊ အေစီမီလန်၊ အက်သလက်တီကို မက်ဒရစ်တို့ ၃ သင်းဟာ ယူရိုပါလိဂ်ဆင်းမကစားရဖို့ အသည်းအသန် တိုက်ပွဲဝင်ရတော့မှာဖြစ်ပါတယ်။

အက်သလက်တီကို မက်ဒရစ်အသင်းဟာ အုပ်စု B ရဲ့ အောက်ဆုံးမှာ ရပ်တည်တာဖြစ်ပြီး ရှုံးထွက်အဆင့်တက်ဖို့အတွက် ကံကြမ္မာက ၎င်းတို့လက်ထဲမှာ မဟုတ်ပေမယ့်လည်း မျှော်လင့်ချက်ရှိလာနိုင်ဖို့အတွက် အုပ်စုနောက်ဆုံးပွဲမှာ ပေါ်တိုကို မဖြစ်မနေ အနိုင်ကစားရတော့မှာဖြစ်ပါတယ်။ အေစီမီလန်အသင်းကလည်း အုပ်စုနောက်ဆုံးပွဲစဉ်မှာ လီဗာပူးလ်အသင်းနဲ့ ကစားရမှာဖြစ်တာကြောင့် အက်သလက်တီကိုနဲ့ အေစီမီလန်တို့ရဲ့ကံကြမ္မာက ပေါ်တိုအသင်းလက်ထဲမှာ ရှိနေတာဖြစ်ပါတယ်။

အေစီမီလန်အသင်းအတွက် နောက်ကျအနိုင်ဂိုးကို သွင်းယူပေးသွားခဲ့တဲ့ ဂျူနီယာ မက်ဆိုင်းယပ်စ်ရဲ့ဘဝဟာ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေပြီး ကစားသမားဘဝကို မစတင်မီ ပစ္စည်းပို့ဆောင်ရေးလုပ်ငန်းတစ်ခုမှာ ဒရိုင်ဘာအဖြစ် လုပ်ကိုင်ရင်း ဝါသနာအရ ဘောလုံး ကစားခဲ့သူဖြစ်ပါတယ်။

မက်ဆိုင်းယပ်စ်ဟာ ဘရာဇီးလ်နိုင်ငံကနေ ရွှေ့ပြောင်းလာသူဖြစ်တာကြောင့် ငွေကြေးရရှိဖို့အတွက် အခြားအလုပ်တွေဖြစ်တဲ့ အိမ်ဟောင်းက အုတ်ပြန်ခွာတာ၊ အဆောက်အအုံဟောင်း ဖြိုချတာ၊ အဝတ်လျှော်စက်တွေ ပို့ဆောင်ပေးတာတွေကိုလည်း လုပ်ကိုင်ခဲ့ရတာဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်မှာ အီတလီက ပရော်ဖက်ရှင်နယ်မဟုတ်တဲ့ အမြင့်ဆုံးအဆင့် စီးရီးဒီက ကာဆာလဲအသင်းမှာ စတင်ကစားခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ ဂိုဇာနိုအသင်းကို ပြောင်းရွှေ့ကစားခဲ့ပြီးနောက် အသင်းကို ၂၀၁၈-၂၀၁၉ ရာသီ စီးရီးစီကို တန်းတက်နိုင်အောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။ မက်ဆိုင်းယပ်စ်ဟာ ၎င်းရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ပွဲဦးထွက်ပွဲစဉ်အဖြစ် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၃ ရက်နေ့က ခုနေအိုအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ပါဝင်ကစားပေးခဲ့ပြီး နောက်ထပ် ၃ ရက်အကြာ ပီယာချန်ဇာနဲ့ပွဲမှာ ပထမဆုံးသွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလမှာ စီးရီးဘီကလပ် ခရိုတုန်းအသင်းကို ပြောင်းရွှေ့ခဲ့ပြီး သြဂုတ်လမှာ ပထမဆုံးအကြိမ်အဖြစ် အီတလီ ဒုတိယတန်းမှာ စတင်ကစားခဲ့ပါတယ်။ ခရိုတန်းအသင်းမှာ တောက်ပခဲ့တဲ့ မက်ဆိုင်းယပ်စ်ဟာ အသင်းကို ၂၀၂၀-၂၀၂၁ ရာသီ အီတလီ စီးရီးအေကို တန်းပြန်တက်နိုင်အောင် ကူညီပေးနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီမှာ စီးရီးအေ ၃၆ ပွဲမှာ ၉ ဂိုး သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ခရိုတုန်းအသင်းအတွက် ပြသနေတဲ့ ခြေစွမ်းကြောင့် အေစီမီလန်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ နောက်ထပ် ယူရို ၅.၄ သန်းပေးချေပြီး အပြီးသတ်ဝယ်ယူခွင့်ပါဝင်တဲ့ ယူရို ၂.၆ သန်းတန် အငှားစာချုပ်နဲ့ မက်ဆိုင်းယပ်စ်ကို ခေါ်ယူခဲ့တာဖြစ်ပြီး မက်ဒရစ်မှာ အသင်းအတွက် ဟီးရိုးဖြစ်ခဲ့ပြီးနောက် အေစီမီလန်အနေနဲ့ အပြီးသတ်ခေါ်ယူမှုပြုလုပ်ပြီး အသက် ၃၀ အရွယ် ဘရာဇီးလ်တိုက်စစ်မှူးရဲ့ ပုံပြင်ဆန်တဲ့ ကစားသမားဘဝဇာတ်လမ်းကို အပြီးသတ်ကောင်း အပြီးသတ်ပေးနိုင်မှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဗုဒၶဟူးေန႔ညက ေအစီမီလန္နဲ႔ အက္သလက္တီကို မက္ဒရစ္တို႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ဂ်ဴနီယာ မက္ဆိုင္းယပ္စ္က ေနာက္က်အနိုင္ဂိုးကို သြင္းယူေပးခဲ့တာေၾကာင့္ ေအစီမီလန္အသင္းရဲ့ ၂၀၂၁-၂၀၂၂ ရာသီ ခ်န္ပီယံလိဂ္ေမၽွာ္လင့္ခ်က္ဟာ အသက္ျပန္ဝင္လာခဲ့ၿပီျဖစ္ပါတယ္။

စတီဖာနို ပီအိုလီရဲ့အသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီ ကစားသမားေခၚယူမႈျဖစ္တဲ့ ဂ်ဴနီယာ မက္ဆိုင္းယပ္စ္ရဲ့ ေနာက္က် ေခါင္းတိုက္သြင္းဂိုးေၾကာင့္ ၁-၀ နဲ႔ နိုင္ပြဲရရွိခဲ့တာျဖစ္ၿပီး ဘရာဇီးလ္တိုက္စစ္မႉးဟာ ၆၅ မိနစ္မွာ ၎ရဲ့ ပထမဆုံး ခ်န္ပီယံလိဂ္ပြဲစဥ္အျဖစ္ လူစားဝင္ကစားေပးခဲ့ၿပီးေနာက္ ၂၂ မိနစ္အၾကာမွာပဲ ဂိုးသြင္းယူနိုင္ခဲ့တာျဖစ္ပါတယ္။ ေအစီမီလန္အသင္းအတြက္ မယုံနိုင္ဖြယ္ အခိုက္အတန႔္ျဖစ္ခဲ့ၿပီး ဒီရလဒ္ေၾကာင့္ ေပၚတို၊ ေအစီမီလန္၊ အက္သလက္တီကို မက္ဒရစ္တို႔ ၃ သင္းဟာ ယူရိုပါလိဂ္ဆင္းမကစားရဖို႔ အသည္းအသန္ တိုက္ပြဲဝင္ရေတာ့မွာျဖစ္ပါတယ္။

အက္သလက္တီကို မက္ဒရစ္အသင္းဟာ အုပ္စု B ရဲ့ ေအာက္ဆုံးမွာ ရပ္တည္တာျဖစ္ၿပီး ရႈံးထြက္အဆင့္တက္ဖို႔အတြက္ ကံၾကမၼာက ၎တို႔လက္ထဲမွာ မဟုတ္ေပမယ့္လည္း ေမၽွာ္လင့္ခ်က္ရွိလာနိုင္ဖို႔အတြက္ အုပ္စုေနာက္ဆုံးပြဲမွာ ေပၚတိုကို မျဖစ္မေန အနိုင္ကစားရေတာ့မွာျဖစ္ပါတယ္။ ေအစီမီလန္အသင္းကလည္း အုပ္စုေနာက္ဆုံးပြဲစဥ္မွာ လီဗာပူးလ္အသင္းနဲ႔ ကစားရမွာျဖစ္တာေၾကာင့္ အက္သလက္တီကိုနဲ႔ ေအစီမီလန္တို႔ရဲ့ကံၾကမၼာက ေပၚတိုအသင္းလက္ထဲမွာ ရွိေနတာျဖစ္ပါတယ္။

ေအစီမီလန္အသင္းအတြက္ ေနာက္က်အနိုင္ဂိုးကို သြင္းယူေပးသြားခဲ့တဲ့ ဂ်ဴနီယာ မက္ဆိုင္းယပ္စ္ရဲ့ဘဝဟာ စိတ္ဝင္စားစရာေတြနဲ႔ ျပည့္ႏွက္ေနၿပီး ကစားသမားဘဝကို မစတင္မီ ပစၥည္းပို႔ေဆာင္ေရးလုပ္ငန္းတစ္ခုမွာ ဒရိုင္ဘာအျဖစ္ လုပ္ကိုင္ရင္း ဝါသနာအရ ေဘာလုံး ကစားခဲ့သူျဖစ္ပါတယ္။

မက္ဆိုင္းယပ္စ္ဟာ ဘရာဇီးလ္နိုင္ငံကေန ေရႊ႕ေျပာင္းလာသူျဖစ္တာေၾကာင့္ ေငြေၾကးရရွိဖို႔အတြက္ အျခားအလုပ္ေတြျဖစ္တဲ့ အိမ္ေဟာင္းက အုတ္ျပန္ခြာတာ၊ အေဆာက္အအုံေဟာင္း ၿဖိဳခ်တာ၊ အဝတ္ေလၽွာ္စက္ေတြ ပို႔ေဆာင္ေပးတာေတြကိုလည္း လုပ္ကိုင္ခဲ့ရတာျဖစ္ပါတယ္။

၂၀၁၅ ခုႏွစ္မွာ အီတလီက ပေရာ္ဖက္ရွင္နယ္မဟုတ္တဲ့ အျမင့္ဆုံးအဆင့္ စီးရီးဒီက ကာဆာလဲအသင္းမွာ စတင္ကစားခဲ့ၿပီး ၂၀၁၇ ခုႏွစ္မွာ ဂိုဇာနိုအသင္းကို ေျပာင္းေရႊ႕ကစားခဲ့ၿပီးေနာက္ အသင္းကို ၂၀၁၈-၂၀၁၉ ရာသီ စီးရီးစီကို တန္းတက္နိုင္ေအာင္ ကူညီေပးနိုင္ခဲ့တာျဖစ္ပါတယ္။ မက္ဆိုင္းယပ္စ္ဟာ ၎ရဲ့ ပေရာ္ဖက္ရွင္နယ္ ကစားသမားဘဝ ပြဲဦးထြက္ပြဲစဥ္အျဖစ္ ၂၀၁၈ ခုႏွစ္ စက္တင္ဘာ ၂၃ ရက္ေန႔က ခုေနအိုအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္မွာ ပါဝင္ကစားေပးခဲ့ၿပီး ေနာက္ထပ္ ၃ ရက္အၾကာ ပီယာခ်န္ဇာနဲ႔ပြဲမွာ ပထမဆုံးသြင္းဂိုးကို သြင္းယူနိုင္ခဲ့ပါတယ္။

၂၀၁၉ ခုႏွစ္ ဇန္နဝါရီလမွာ စီးရီးဘီကလပ္ ခရိုတုန္းအသင္းကို ေျပာင္းေရႊ႕ခဲ့ၿပီး ၾသဂုတ္လမွာ ပထမဆုံးအႀကိမ္အျဖစ္ အီတလီ ဒုတိယတန္းမွာ စတင္ကစားခဲ့ပါတယ္။ ခရိုတန္းအသင္းမွာ ေတာက္ပခဲ့တဲ့ မက္ဆိုင္းယပ္စ္ဟာ အသင္းကို ၂၀၂၀-၂၀၂၁ ရာသီ အီတလီ စီးရီးေအကို တန္းျပန္တက္နိုင္ေအာင္ ကူညီေပးနိုင္ခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီမွာ စီးရီးေအ ၃၆ ပြဲမွာ ၉ ဂိုး သြင္းယူေပးနိုင္ခဲ့တာျဖစ္ပါတယ္။

ခရိုတုန္းအသင္းအတြက္ ျပသေနတဲ့ ေျခစြမ္းေၾကာင့္ ေအစီမီလန္အသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ေနာက္ထပ္ ယူရို ၅.၄ သန္းေပးေခ်ၿပီး အၿပီးသတ္ဝယ္ယူခြင့္ပါဝင္တဲ့ ယူရို ၂.၆ သန္းတန္ အငွားစာခ်ဳပ္နဲ႔ မက္ဆိုင္းယပ္စ္ကို ေခၚယူခဲ့တာျဖစ္ၿပီး မက္ဒရစ္မွာ အသင္းအတြက္ ဟီးရိုးျဖစ္ခဲ့ၿပီးေနာက္ ေအစီမီလန္အေနနဲ႔ အၿပီးသတ္ေခၚယူမႈျပဳလုပ္ၿပီး အသက္ ၃၀ အရြယ္ ဘရာဇီးလ္တိုက္စစ္မႉးရဲ့ ပုံျပင္ဆန္တဲ့ ကစားသမားဘဝဇာတ္လမ္းကို အၿပီးသတ္ေကာင္း အၿပီးသတ္ေပးနိုင္မွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.