Bundesliga La Liga Premier League Serie A

ရော်နယ်လ်ဒိုကို လူသိရှင်ကြား ချီးကျူးခဲ့ကြတဲ့ နည်းပြ ၅ ဦး

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ကမ္ဘာ့ဘောလုံးလောကရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ခက်ခဲကြမ်းတမ်းတဲ့ဘဝကို ကျော်ဖြတ်ခဲ့ပြီးမှ တသက်တာအကောင်းဆုံးကစားသမားဖြစ်လာခဲ့သူဆိုတာ ငြင်းချက်ထုတ်စရာမရှိသူဖြစ်ပါတယ်။

အသက် ၃၆ နှစ်အရွယ်တိုက်စစ်မှူးဟာ ဘလွန်ဒေါဆု ၅ ကြိမ်၊ ဖီဖာရဲ့တစ်နှစ်တာအကောင်းဆုံးအမျိုးသားကစားသမားဆု ၂ ကြိမ် ဆွတ်ခူးထားသူဖြစ်ပြီး ချန်ပီယံလိဂ်သမိုင်းမှာလည်း ဆုဖလား ၅ ကြိမ်အထိ ကိုင်မြှောက်ထားသလို သွင်းဂိုးအများဆုံးနဲ့ ပွဲအများဆုံး ကစားထားတဲ့ကစားသမားလည်း ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်ကတည်းက ပေါ်တူဂီအသင်းခေါင်းဆောင်ဖြစ်ခဲ့တဲ့ ရော်နယ်လ်ဒိုဟာ နိုင်ငံအသင်းကို ယူရို ၂၀၁၆ နဲ့ ၂၀၁၉ နေးရှင်းလိဂ်ဖလား အောင်မြင်မှုရရှိအောင် ဦးဆောင်ထားနိုင်ခဲ့သူဖြစ်ပါတယ်။

နည်းပြအများစု၊ ဘောလုံးသမားဟောင်းတွေနဲ့ လေ့လာဆန်းစစ်သူတွေက ရော်နယ်လ်ဒိုကို တသက်တာအကောင်းဆုံးကစားသမားလို့ သတ်မှတ်ထားကြပြီး ပေါ်တူဂီကြယ်ပွင့်ရဲ့ ခြေစွမ်းကို လူသိရှင်ကြား ထုတ်ဖော်ချီးကျူးမှုတွေ ပြုလုပ်ခဲ့တဲ့ နည်းပြ ၅ ဦးက ဘယ်သူတွေလဲ…

၅။ အာနက်စ်တို ဗယ်လ်ဗာဒီ

ဘာစီလိုနာနဲ့ အက်သလက်တစ် ဘီလ်ဘာအိုနည်းပြဟောင်း ဗယ်လ်ဗာဒီဟာ ပြီးခဲ့တဲ့နှစ်တွေမှာ စပိန်ရဲ့ လူလေးစားအခံရဆုံး နည်းပြတွေထဲက တစ်ဦးဖြစ်ပါတယ်။ ၂၀၁၈-၂၀၁၉ ရာသီမှာ ဗယ်လ်ဗာဒီဟာ ဘာစီလိုနာအသင်းရဲ့ နောက်ဆုံးလာလီဂါဖလားကို ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ်တုန်းကလည်း စပိန်စူပါဖလားပြိုင်ပွဲမှာ ဘာစီလိုနာအသင်းကို အနိုင်ယူပြီး အက်သလက်တစ် ဘီလ်ဘာအိုအသင်းရဲ့ ၃၁ နှစ်ကြာ ဆုဖလားနဲ့ ဝေးကွာနေမှုကို အဆုံးသတ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဗယ်လ်ဗာဒီက ရော်နယ်လ်ဒိုနဲ့ စပိန်မှာ ဘာစီလိုနာနည်းပြအဖြစ်ရော အက်သလက်တစ် ဘီလ်ဘာအိုနည်းပြအဖြစ်ပါ အကြိမ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရသူဖြစ်ပြီး ဘာစီလိုနာနည်းပြအဖြစ် ပထမဆုံး ရင်ဆိုင်ခဲ့ရတာကတော့ ရီးရဲလ်မက်ဒရစ်နဲ့ စပိန်စူပါဖလားပြိုင်ပွဲမှာ ဖြစ်ခဲ့ပါတယ်။ ဗယ်လ်ဗာဒီဟာ ရော်နယ်လ်ဒိုရဲ့အောင်မြင်မှုတွေအတွက် ကြီးမားတဲ့ လေးစားမှုရှိသူဖြစ်ပြီး အက်သလက်တစ် ဘီလ်ဘာအိုနည်းပြဘဝတုန်းက သတင်းစာရှင်းလင်းပွဲမှာ ရော်နယ်လ်ဒိုရဲ့ အန္တရာယ်ပေးနိုင်စွမ်းကို ချီးကျူး ပြောကြားခဲ့ပါတယ်။

“သူက ပွဲစဉ်တိုင်းမှာ ၃ ဂိုး ဒါမှမဟုတ် ၄ ဂိုးသွင်းယူပါလိမ့်မယ်။ အဲဒါက ရာသီက မပြင်းထန်သေးရင်တောင် သာမန်ပါပဲ။ သူက အမြဲတမ်း ဂိုးသွင်းဖို့ ဆာလောင်နေတယ်။ သူ အရမ်း ခြေအတက်အကျဖြစ်တာမျိုး ကျွန်တော် မမြင်ခဲ့ပါဘူး။ သူနဲ့ ပိုနီးကပ်တဲ့လူတွေမှာ တခြားအမြင်ရှိနိုင်ပေမယ့် ကျွန်တော်တို့ သူနဲ့ ရင်ဆိုင်ရတဲ့အခါတိုင်း အမြဲတမ်း ကစားရတာက အန္တရာယ်ရှိနေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

၄။ ပိုချက်တီနို

အာဂျင်တီးနားလူမျိုးနည်းပြ ပိုချက်တီနိုဟာ ပီအက်စ်ဂျီအသင်းနည်းပြအဖြစ် တာဝန်ယူနေတာကြောင့် ကမ္ဘာဘောလုံးလောကမှာ မနာလိုအခံရဆုံး နည်းပြတွေထဲက တစ်ဦးဖြစ်ပါတယ်။ ၂၀၁၇-၂၀၁၈ ရာသီတုန်းက ရော်နယ်လ်ဒို ပါဝင်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ပိုချက်တီနိုရဲ့ စပါးအသင်းတို့ဟာ ၂ ကြိမ် တွေ့ဆုံခဲ့ပြီး ပေါ်တူဂီတိုက်စစ်မှူးက ၂ အုပ်စုပွဲစဉ် ၂ ကျော့စလုံးမှာ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ၎င်းတို့ ၂ ဦးမတွေ့ဆုံခင်ကတည်းက ပိုချက်တီနိုက ရော်နယ်လ်ဒိုရဲ့ ပရော်ဖက်ရှင်နယ်ပီသမှုနဲ့ အရည်အသွေးအကြောင်း မီဒီယာတွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။

“သူက သူမတူဘဲ ထူးခြားတဲ့ကစားသမားပါ။ သူက ဖီဖာရဲ့အကောင်းဆုံးကစားသမားဆု ချီးမြှင့်ခြင်းခံခဲ့ရပြီး အမှန်တရားကတော့ သူ အဲဒီဆုနဲ့ ထိုက်တန်ပါတယ်။ အဲဒါတွေအပြင် သူ့ရဲ့ ပရော်ဖက်ရှင်နယ်တစ်ဦးအနေနဲ့ အရည်အသွေးတွေအတွက် သူက ဥပမာထားစရာကစားသမားပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

၃။ ဒီယေဂို ဆီမီယွန်နီ

ဒီယေဂို ဆီမီယွန်နီလောက် ဘယ်နည်းပြကမှ ရော်နယ်လ်ဒိုရဲ့ ညှင်းပန်းနှိပ်စက်မှုကို ခံခဲ့ရမှာမဟုတ်ဘဲ အက်သလက်တီကို မက်ဒရစ်နည်းပြဟာ ရော်နယ်လ်ဒိုကို ကြီးမားတဲ့အဆင့်တွေမှာ အကြိမ်များစွာ ရင်ဆိုင်ခဲ့ရတဲ့အတွက် ကမ္ဘာပေါ်မှာ ကံအဆိုးဆုံးနည်းပြတွေထဲက တစ်ဦးဖြစ်ခဲ့ပါတယ်။ ဆီမီယွန်နီရဲ့ အက်သလက်တီကို မက်ဒရစ်ဟာ ရော်နယ်လ်ဒိုတစ်ဦးတည်းကို ဟက်ထရစ် ၄ ကြိမ် ခွင့်ပြုခဲ့ရပြီး ပေါ်တူဂီကြယ်ပွင့်ဟာ အက်သလက်တီကို မက်ဒရစ်အသင်းတစ်သင်းတည်းကို ၁၇ ဂိုးအထိ သွင်းယူထားခဲ့တာဖြစ်ပါတယ်။

၂၀၁၃-၂၀၁၄ ချန်ပီယံလိဂ်ဗိုလ်လုပွဲတုန်းက ရော်နယ်လ်ဟာ အက်သလက်တီကို မက်ဒရစ်ကို ဂိုးသွင်းယူခဲ့သလို ၂၀၁၅-၂၀၁၆ ရာသီ ပင်နယ်တီအဆုံးအဖြတ် ခံယူရာမှာလည်း အနိုင်ရရှိစေမယ့် ပင်နယ်တီကို ကန်သွင်းခဲ့တာဖြစ်ပါတယ်။ ဆီမီယွန်နီရဲ့အသင်းကို ရော်နယ်လ်ဒို နောက်ဆုံးဂိုးသွင်းယူခဲ့တာကတော့ ၂၀၁၈-၂၀၁၉ ရာသီတုန်းက ဂျူဗင်တပ်အသင်းအတွက် ကစားပေးခဲ့စဉ်တုန်းကဖြစ်ပြီး ဒုတိယအကျော့မှာ သွင်းယူခဲ့တဲ့ ဟက်ထရစ်ကြောင့် ပထမအကျော့က ၂-၀ နဲ့ ရှုံးနိမ့်ခဲ့မှုကို ပြောင်းပြန်လှန်နိုင်ခဲ့တာဖြစ်ပါတယ်။ ဆီမီယွန်နီက ရော်နယ်လ်ဒိုကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပြီး ဘောလုံးသမိုင်းမှာ အဆုံးအဖြတ်အပေးနိုင်ဆုံး ကစားသမားတွေထဲက တစ်ဦးလို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော် ယူဆထားတာက အသင်းမှာ နည်းပါးတဲ့ဖြေရှင်းနည်းရှိတယ်ဆိုရင် ရော်နယ်လ်ဒိုက ပိုမိုကောင်းမွန်တဲ့ ကိုက်ညီမှုဖြစ်လိမ့်မယ်။ ဘာလို့လဲဆိုတော့ သူက ဖြေရှင်းနည်းများစွာကို ထောက်ပံ့ပေးနိုင်လို့ပါ။ ကျွန်တော်တို့က အသင်းတွေ ကစားရာမှာ အရမ်းကောင်းမွန်တဲ့ အဓိက အဆုံးအဖြတ်ပေးနိုင်တဲ့ အခိုက်အတန့်တွေအကြောင်း ပြောနေတာပါ။ ခရစ္စတီယာနိုက မတူညီတဲ့ပုံစံနဲ့ ပွဲစဉ်ကို အဆုံးအဖြတ်ပေးနိုင်ပါတယ်။ သူ တိုက်စစ် ၁၀ ခါဆင်ဖို့ မလိုအပ်ခဲ့ပါဘူး။ သူ ခေါင်း ၂ ခါတိုက်ခဲ့ပြီးတော့ ကျွန်တော်တို့လည်း ပြုတ်ရောပဲ”လို့ ပြောကြားခဲ့ပါတယ်။

၂။ ယာဂန် ကလော့ပ်

လီဗာပူးလ်နည်းပြ ကလော့ပ်ဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို အလွန်နှစ်သက်တဲ့ နောက်ထပ်ထိပ်တန်းနည်းပြတစ်ဦးဖြစ်ပြီး ဂျာမန်လူမျိုးနည်းပြဟာ ဒေါ့မွန်နည်းပြဘဝတုန်းကရော လီဗာပူးလ်နည်းပြဘဝနဲ့ပါ ရော်နယ်လ်ဒိုကို ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်မှာ ရင်ဆိုင်ခဲ့ဖူးသူဖြစ်ပါတယ်။ ကလော့ပ်ဟာ ၂၀၁၃ ခုနှစ်မှာ ဒေါ့မွန်အသင်းကို ရောဘတ် လီဗန်ဒေ့ါဗ်စကီးရဲ့ သွင်းဂိုး ၄ ဂိုးနဲ့ ဆီမီးဖိုင်နယ်နိုင်ပွဲ ရရှိအောင် နည်းပြပေးခဲ့သလို ၂၀၁၇-၂၀၁၈ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ခဲ့တဲ့ လီဗာပူးလ်အသင်းကိုလည်း နည်းပြခဲ့သူဖြစ်ပါတယ်။ ကလော့ပ်က ရော်နယ်လ်ဒိုကို ပြီးပြည့်စုံတဲ့ ဘောလုံးစံနမူနာအဖြစ် ဂျာမန် YouTube ချန်နယ် Freekickerz နဲ့ စကားပြောဆိုရာမှာ ချီးကျူးခဲ့ပါတယ်။

“ခင်ဗျား ကိုယ့်ကိုကိုယ် ပြီးပြည့်စုံတဲ့ကစားသမားအဖြစ် ဆေးခြယ်နိုင်မယ်ဆိုရင် ရော်နယ်လ်ဒိုရဲ့ အရပ်ရှိရပါလိမ့်မယ်။ အဲဒါမှ သူက ရော်နယ်လ်ဒို ခုန်သလို ခုန်နိုင်ပြီး ရော်နယ်လ်ဒို ပြေးသလို ပြေးနိုင်ပါလိမ့်မယ်။ အဲဒါတွေကို ထပ်ပြီးတော့တောင် ဖြည့်စွက်ထားတာက ဘာလဲဆိုတော့ သူ့ရဲ့ ခံယူချက်ပါ။ အဲဒါက ပြီးပြည့်စုံပြီး ပရော်ဖက်ရှင်နယ်ပီသပါ။ အဲဒါထက် ဘယ်ဟာကမှ ပိုပြီးမကောင်းနိုင်တော့ပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

၁။ ပက် ဂွါဒီယိုလာ

မန်ချက်စတာစီးတီးနည်းပြ ဂွါဒီယိုလာက ရော်နယ်လ်ဒိုကို နည်းပြဘဝမှာ အသင်းပေါင်းများစွာနဲ့ ရင်ဆိုင်ခဲ့ဖူးသူဖြစ်ပြီး စပိန်လူမျိုးနည်းပြဟာ ၎င်းရဲ့မျိုးဆက်မှာ အကောင်းဆုံးနည်းပြအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ယူဆခြင်းခံထားရသူဖြစ်ပါတယ်။ ဂွါဒီယိုလာရဲ့ ဘာစီလိုနာအသင်းဟာ ၂၀၀၉ ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ မန်ချက်စတာယူနိုက်တက်ကို အနိုင်ယူပြီး စပိန်လူမျိုးနည်းပြအနေနဲ့ ပထမဆုံးအကြိမ် ဥရောပဖလားကို ရရှိခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ဂွါဒီယိုလာကို ရီးရဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်တို့ ချန်ပီယံလိဂ်မှာ တွေ့ဆုံတဲ့အခါတိုင်း အကြိမ်ပေါင်းများစွာ လက်စားချေခဲ့ပြီး စပိန်လူမျိုးနည်းပြက ပေါ်တူဂီကြယ်ပွင့်ရဲ့ ဂိုးသွင်းအားကောင်းမွန်မှုကို ယခုရာသီ မန်ချက်စတာဒါဘီပွဲစဉ်မတိုင်မီ ချီးကျူးပြောကြားမှုတွေ ပြုလုပ်ခဲ့ပါတယ်။

“သူက တသက်လုံး ဂိုးတွေ သွင်းယူနေမှာပါ။ သူက အသက် ၇၅ နှစ်အရွယ် ဖြစ်နေပြီး အနားယူကောင်း အနားယူလိမ့်မယ်။ ဒါပေမယ့် သူက သူ့အိမ်နောက်မှာ ဘာဘီကျူးကင်စားပြီး ဘောလုံးပွဲကစားရင်တောင် ဂိုးတွေ သွင်းယူပါလိမ့်မယ်။ သူနဲ့ မက်ဆီလိုမျိုး ကစားသမားတွေ ကမ္ဘာဘောလုံးလောကရဲ့ ပြီးခဲ့တဲ့ ဆယ်စုနှစ်မှာ လုပ်ခဲ့တာတွေက ဂိုးတွေ သွင်းပြီးရင်း သွင်းပြီး သူတို့အသင်းကို ကူညီတာပဲ။ နောက်ထပ် ရှင်းပြစရာ ဘာမှမလိုအပ်တော့ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခရစၥတီယာနို ေရာ္နယ္လ္ဒိုဟာ ကမၻာ့ေဘာလုံးေလာကရဲ့ အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္ၿပီး ခက္ခဲၾကမ္းတမ္းတဲ့ဘဝကို ေက်ာ္ျဖတ္ခဲ့ၿပီးမွ တသက္တာအေကာင္းဆုံးကစားသမားျဖစ္လာခဲ့သူဆိုတာ ျငင္းခ်က္ထုတ္စရာမရွိသူျဖစ္ပါတယ္။

အသက္ ၃၆ ႏွစ္အရြယ္တိုက္စစ္မႉးဟာ ဘလြန္ေဒါဆု ၅ ႀကိမ္၊ ဖီဖာရဲ့တစ္ႏွစ္တာအေကာင္းဆုံးအမ်ိဳးသားကစားသမားဆု ၂ ႀကိမ္ ဆြတ္ခူးထားသူျဖစ္ၿပီး ခ်န္ပီယံလိဂ္သမိုင္းမွာလည္း ဆုဖလား ၅ ႀကိမ္အထိ ကိုင္ေျမႇာက္ထားသလို သြင္းဂိုးအမ်ားဆုံးနဲ႔ ပြဲအမ်ားဆုံး ကစားထားတဲ့ကစားသမားလည္း ျဖစ္ပါတယ္။ ၂၀၀၈ ခုႏွစ္ကတည္းက ေပၚတူဂီအသင္းေခါင္းေဆာင္ျဖစ္ခဲ့တဲ့ ေရာ္နယ္လ္ဒိုဟာ နိုင္ငံအသင္းကို ယူရို ၂၀၁၆ နဲ႔ ၂၀၁၉ ေနးရွင္းလိဂ္ဖလား ေအာင္ျမင္မႈရရွိေအာင္ ဦးေဆာင္ထားနိုင္ခဲ့သူျဖစ္ပါတယ္။

နည္းျပအမ်ားစု၊ ေဘာလုံးသမားေဟာင္းေတြနဲ႔ ေလ့လာဆန္းစစ္သူေတြက ေရာ္နယ္လ္ဒိုကို တသက္တာအေကာင္းဆုံးကစားသမားလို႔ သတ္မွတ္ထားၾကၿပီး ေပၚတူဂီၾကယ္ပြင့္ရဲ့ ေျခစြမ္းကို လူသိရွင္ၾကား ထုတ္ေဖာ္ခ်ီးက်ဴးမႈေတြ ျပဳလုပ္ခဲ့တဲ့ နည္းၿပ ၅ ဦးက ဘယ္သူေတြလဲ…

၅။ အာနက္စ္တို ဗယ္လ္ဗာဒီ

ဘာစီလိုနာနဲ႔ အက္သလက္တစ္ ဘီလ္ဘာအိုနည္းျပေဟာင္း ဗယ္လ္ဗာဒီဟာ ၿပီးခဲ့တဲ့ႏွစ္ေတြမွာ စပိန္ရဲ့ လူေလးစားအခံရဆုံး နည္းျပေတြထဲက တစ္ဦးျဖစ္ပါတယ္။ ၂၀၁၈-၂၀၁၉ ရာသီမွာ ဗယ္လ္ဗာဒီဟာ ဘာစီလိုနာအသင္းရဲ့ ေနာက္ဆုံးလာလီဂါဖလားကို ရရွိေအာင္ ဦးေဆာင္ေပးနိုင္ခဲ့ၿပီး ၂၀၁၅ ခုႏွစ္တုန္းကလည္း စပိန္စူပါဖလားၿပိဳင္ပြဲမွာ ဘာစီလိုနာအသင္းကို အနိုင္ယူၿပီး အက္သလက္တစ္ ဘီလ္ဘာအိုအသင္းရဲ့ ၃၁ ႏွစ္ၾကာ ဆုဖလားနဲ႔ ေဝးကြာေနမႈကို အဆုံးသတ္ေပးနိုင္ခဲ့တာျဖစ္ပါတယ္။

ဗယ္လ္ဗာဒီက ေရာ္နယ္လ္ဒိုနဲ႔ စပိန္မွာ ဘာစီလိုနာနည္းျပအျဖစ္ေရာ အက္သလက္တစ္ ဘီလ္ဘာအိုနည္းျပအျဖစ္ပါ အႀကိမ္ေပါင္းမ်ားစြာ ရင္ဆိုင္ခဲ့ရသူျဖစ္ၿပီး ဘာစီလိုနာနည္းျပအျဖစ္ ပထမဆုံး ရင္ဆိုင္ခဲ့ရတာကေတာ့ ရီးရဲလ္မက္ဒရစ္နဲ႔ စပိန္စူပါဖလားၿပိဳင္ပြဲမွာ ျဖစ္ခဲ့ပါတယ္။ ဗယ္လ္ဗာဒီဟာ ေရာ္နယ္လ္ဒိုရဲ့ေအာင္ျမင္မႈေတြအတြက္ ႀကီးမားတဲ့ ေလးစားမႈရွိသူျဖစ္ၿပီး အက္သလက္တစ္ ဘီလ္ဘာအိုနည္းျပဘဝတုန္းက သတင္းစာရွင္းလင္းပြဲမွာ ေရာ္နယ္လ္ဒိုရဲ့ အႏၲရာယ္ေပးနိုင္စြမ္းကို ခ်ီးက်ဴး ေျပာၾကားခဲ့ပါတယ္။

“သူက ပြဲစဥ္တိုင္းမွာ ၃ ဂိုး ဒါမွမဟုတ္ ၄ ဂိုးသြင္းယူပါလိမ့္မယ္။ အဲဒါက ရာသီက မျပင္းထန္ေသးရင္ေတာင္ သာမန္ပါပဲ။ သူက အျမဲတမ္း ဂိုးသြင္းဖို႔ ဆာေလာင္ေနတယ္။ သူ အရမ္း ေျခအတက္အက်ျဖစ္တာမ်ိဳး ကၽြန္ေတာ္ မျမင္ခဲ့ပါဘူး။ သူနဲ႔ ပိုနီးကပ္တဲ့လူေတြမွာ တျခားအျမင္ရွိနိုင္ေပမယ့္ ကၽြန္ေတာ္တို႔ သူနဲ႔ ရင္ဆိုင္ရတဲ့အခါတိုင္း အျမဲတမ္း ကစားရတာက အႏၲရာယ္ရွိေနပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

၄။ ပိုခ်က္တီနို

အာဂ်င္တီးနားလူမ်ိဳးနည္းၿပ ပိုခ်က္တီနိုဟာ ပီအက္စ္ဂ်ီအသင္းနည္းျပအျဖစ္ တာဝန္ယူေနတာေၾကာင့္ ကမၻာေဘာလုံးေလာကမွာ မနာလိုအခံရဆုံး နည္းျပေတြထဲက တစ္ဦးျဖစ္ပါတယ္။ ၂၀၁၇-၂၀၁၈ ရာသီတုန္းက ေရာ္နယ္လ္ဒို ပါဝင္တဲ့ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ ပိုခ်က္တီနိုရဲ့ စပါးအသင္းတို႔ဟာ ၂ ႀကိမ္ ေတြ႕ဆုံခဲ့ၿပီး ေပၚတူဂီတိုက္စစ္မႉးက ၂ အုပ္စုပြဲစဥ္ ၂ ေက်ာ့စလုံးမွာ ဂိုးသြင္းယူနိုင္ခဲ့တာျဖစ္ပါတယ္။ ၂၀၁၇ ခုႏွစ္မွာ ၎တို႔ ၂ ဦးမေတြ႕ဆုံခင္ကတည္းက ပိုခ်က္တီနိုက ေရာ္နယ္လ္ဒိုရဲ့ ပေရာ္ဖက္ရွင္နယ္ပီသမႈနဲ႔ အရည္အေသြးအေၾကာင္း မီဒီယာေတြကို ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“သူက သူမတူဘဲ ထူးျခားတဲ့ကစားသမားပါ။ သူက ဖီဖာရဲ့အေကာင္းဆုံးကစားသမားဆု ခ်ီးျမႇင့္ျခင္းခံခဲ့ရၿပီး အမွန္တရားကေတာ့ သူ အဲဒီဆုနဲ႔ ထိုက္တန္ပါတယ္။ အဲဒါေတြအျပင္ သူ႔ရဲ့ ပေရာ္ဖက္ရွင္နယ္တစ္ဦးအေနနဲ႔ အရည္အေသြးေတြအတြက္ သူက ဥပမာထားစရာကစားသမားပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

၃။ ဒီေယဂို ဆီမီယြန္နီ

ဒီေယဂို ဆီမီယြန္နီေလာက္ ဘယ္နည္းျပကမွ ေရာ္နယ္လ္ဒိုရဲ့ ညႇင္းပန္းႏွိပ္စက္မႈကို ခံခဲ့ရမွာမဟုတ္ဘဲ အက္သလက္တီကို မက္ဒရစ္နည္းျပဟာ ေရာ္နယ္လ္ဒိုကို ႀကီးမားတဲ့အဆင့္ေတြမွာ အႀကိမ္မ်ားစြာ ရင္ဆိုင္ခဲ့ရတဲ့အတြက္ ကမၻာေပၚမွာ ကံအဆိုးဆုံးနည္းျပေတြထဲက တစ္ဦးျဖစ္ခဲ့ပါတယ္။ ဆီမီယြန္နီရဲ့ အက္သလက္တီကို မက္ဒရစ္ဟာ ေရာ္နယ္လ္ဒိုတစ္ဦးတည္းကို ဟက္ထရစ္ ၄ ႀကိမ္ ခြင့္ျပဳခဲ့ရၿပီး ေပၚတူဂီၾကယ္ပြင့္ဟာ အက္သလက္တီကို မက္ဒရစ္အသင္းတစ္သင္းတည္းကို ၁၇ ဂိုးအထိ သြင္းယူထားခဲ့တာျဖစ္ပါတယ္။

၂၀၁၃-၂၀၁၄ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတုန္းက ေရာ္နယ္လ္ဟာ အက္သလက္တီကို မက္ဒရစ္ကို ဂိုးသြင္းယူခဲ့သလို ၂၀၁၅-၂၀၁၆ ရာသီ ပင္နယ္တီအဆုံးအျဖတ္ ခံယူရာမွာလည္း အနိုင္ရရွိေစမယ့္ ပင္နယ္တီကို ကန္သြင္းခဲ့တာျဖစ္ပါတယ္။ ဆီမီယြန္နီရဲ့အသင္းကို ေရာ္နယ္လ္ဒို ေနာက္ဆုံးဂိုးသြင္းယူခဲ့တာကေတာ့ ၂၀၁၈-၂၀၁၉ ရာသီတုန္းက ဂ်ဴဗင္တပ္အသင္းအတြက္ ကစားေပးခဲ့စဥ္တုန္းကျဖစ္ၿပီး ဒုတိယအေက်ာ့မွာ သြင္းယူခဲ့တဲ့ ဟက္ထရစ္ေၾကာင့္ ပထမအေက်ာ့က ၂-၀ နဲ႔ ရႈံးနိမ့္ခဲ့မႈကို ေျပာင္းျပန္လွန္နိုင္ခဲ့တာျဖစ္ပါတယ္။ ဆီမီယြန္နီက ေရာ္နယ္လ္ဒိုကို ခ်ီးက်ဴးေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ၿပီး ေဘာလုံးသမိုင္းမွာ အဆုံးအျဖတ္အေပးနိုင္ဆုံး ကစားသမားေတြထဲက တစ္ဦးလို႔ ေျပာၾကားခဲ့ပါတယ္။

“ကၽြန္ေတာ္ ယူဆထားတာက အသင္းမွာ နည္းပါးတဲ့ေျဖရွင္းနည္းရွိတယ္ဆိုရင္ ေရာ္နယ္လ္ဒိုက ပိုမိုေကာင္းမြန္တဲ့ ကိုက္ညီမႈျဖစ္လိမ့္မယ္။ ဘာလို႔လဲဆိုေတာ့ သူက ေျဖရွင္းနည္းမ်ားစြာကို ေထာက္ပံ့ေပးနိုင္လို႔ပါ။ ကၽြန္ေတာ္တို႔က အသင္းေတြ ကစားရာမွာ အရမ္းေကာင္းမြန္တဲ့ အဓိက အဆုံးအျဖတ္ေပးနိုင္တဲ့ အခိုက္အတန႔္ေတြအေၾကာင္း ေျပာေနတာပါ။ ခရစၥတီယာနိုက မတူညီတဲ့ပုံစံနဲ႔ ပြဲစဥ္ကို အဆုံးအျဖတ္ေပးနိုင္ပါတယ္။ သူ တိုက္စစ္ ၁၀ ခါဆင္ဖို႔ မလိုအပ္ခဲ့ပါဘူး။ သူ ေခါင္း ၂ ခါတိုက္ခဲ့ၿပီးေတာ့ ကၽြန္ေတာ္တို႔လည္း ျပဳတ္ေရာပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။

၂။ ယာဂန္ ကေလာ့ပ္

လီဗာပူးလ္နည္းၿပ ကေလာ့ပ္ဟာ ခရစၥတီယာနို ေရာ္နယ္လ္ဒိုကို အလြန္ႏွစ္သက္တဲ့ ေနာက္ထပ္ထိပ္တန္းနည္းျပတစ္ဦးျဖစ္ၿပီး ဂ်ာမန္လူမ်ိဳးနည္းျပဟာ ေဒါ့မြန္နည္းျပဘဝတုန္းကေရာ လီဗာပူးလ္နည္းျပဘဝနဲ႔ပါ ေရာ္နယ္လ္ဒိုကို ခ်န္ပီယံလိဂ္နဲ႔ ပရီးမီးယားလိဂ္မွာ ရင္ဆိုင္ခဲ့ဖူးသူျဖစ္ပါတယ္။ ကေလာ့ပ္ဟာ ၂၀၁၃ ခုႏွစ္မွာ ေဒါ့မြန္အသင္းကို ေရာဘတ္ လီဗန္ေဒ့ါဗ္စကီးရဲ့ သြင္းဂိုး ၄ ဂိုးနဲ႔ ဆီမီးဖိုင္နယ္နိုင္ပြဲ ရရွိေအာင္ နည္းျပေပးခဲ့သလို ၂၀၁၇-၂၀၁၈ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ရီးရဲလ္မက္ဒရစ္ကို ရႈံးနိမ့္ခဲ့တဲ့ လီဗာပူးလ္အသင္းကိုလည္း နည္းျပခဲ့သူျဖစ္ပါတယ္။ ကေလာ့ပ္က ေရာ္နယ္လ္ဒိုကို ၿပီးျပည့္စုံတဲ့ ေဘာလုံးစံနမူနာအျဖစ္ ဂ်ာမန္ YouTube ခ်န္နယ္ Freekickerz နဲ႔ စကားေျပာဆိုရာမွာ ခ်ီးက်ဴးခဲ့ပါတယ္။

“ခင္ဗ်ား ကိုယ့္ကိုကိုယ္ ၿပီးျပည့္စုံတဲ့ကစားသမားအျဖစ္ ေဆးျခယ္နိုင္မယ္ဆိုရင္ ေရာ္နယ္လ္ဒိုရဲ့ အရပ္ရွိရပါလိမ့္မယ္။ အဲဒါမွ သူက ေရာ္နယ္လ္ဒို ခုန္သလို ခုန္နိုင္ၿပီး ေရာ္နယ္လ္ဒို ေျပးသလို ေျပးနိုင္ပါလိမ့္မယ္။ အဲဒါေတြကို ထပ္ၿပီးေတာ့ေတာင္ ျဖည့္စြက္ထားတာက ဘာလဲဆိုေတာ့ သူ႔ရဲ့ ခံယူခ်က္ပါ။ အဲဒါက ၿပီးျပည့္စုံၿပီး ပေရာ္ဖက္ရွင္နယ္ပီသပါ။ အဲဒါထက္ ဘယ္ဟာကမွ ပိုၿပီးမေကာင္းနိုင္ေတာ့ပါဘူး”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

၁။ ပက္ ဂြါဒီယိုလာ

မန္ခ်က္စတာစီးတီးနည္းၿပ ဂြါဒီယိုလာက ေရာ္နယ္လ္ဒိုကို နည္းျပဘဝမွာ အသင္းေပါင္းမ်ားစြာနဲ႔ ရင္ဆိုင္ခဲ့ဖူးသူျဖစ္ၿပီး စပိန္လူမ်ိဳးနည္းျပဟာ ၎ရဲ့မ်ိဳးဆက္မွာ အေကာင္းဆုံးနည္းျပအျဖစ္ က်ယ္က်ယ္ျပန႔္ျပန႔္ ယူဆျခင္းခံထားရသူျဖစ္ပါတယ္။ ဂြါဒီယိုလာရဲ့ ဘာစီလိုနာအသင္းဟာ ၂၀၀၉ ခုႏွစ္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ခရစၥတီယာနို ေရာ္နယ္လ္ဒိုနဲ႔ မန္ခ်က္စတာယူနိုက္တက္ကို အနိုင္ယူၿပီး စပိန္လူမ်ိဳးနည္းျပအေနနဲ႔ ပထမဆုံးအႀကိမ္ ဥေရာပဖလားကို ရရွိခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ဂြါဒီယိုလာကို ရီးရဲလ္မက္ဒရစ္နဲ႔ ဘိုင္ယန္ျမဴးနစ္တို႔ ခ်န္ပီယံလိဂ္မွာ ေတြ႕ဆုံတဲ့အခါတိုင္း အႀကိမ္ေပါင္းမ်ားစြာ လက္စားေခ်ခဲ့ၿပီး စပိန္လူမ်ိဳးနည္းျပက ေပၚတူဂီၾကယ္ပြင့္ရဲ့ ဂိုးသြင္းအားေကာင္းမြန္မႈကို ယခုရာသီ မန္ခ်က္စတာဒါဘီပြဲစဥ္မတိုင္မီ ခ်ီးက်ဴးေျပာၾကားမႈေတြ ျပဳလုပ္ခဲ့ပါတယ္။

“သူက တသက္လုံး ဂိုးေတြ သြင္းယူေနမွာပါ။ သူက အသက္ ၇၅ ႏွစ္အရြယ္ ျဖစ္ေနၿပီး အနားယူေကာင္း အနားယူလိမ့္မယ္။ ဒါေပမယ့္ သူက သူ႔အိမ္ေနာက္မွာ ဘာဘီက်ဴးကင္စားၿပီး ေဘာလုံးပြဲကစားရင္ေတာင္ ဂိုးေတြ သြင္းယူပါလိမ့္မယ္။ သူနဲ႔ မက္ဆီလိုမ်ိဳး ကစားသမားေတြ ကမၻာေဘာလုံးေလာကရဲ့ ၿပီးခဲ့တဲ့ ဆယ္စုႏွစ္မွာ လုပ္ခဲ့တာေတြက ဂိုးေတြ သြင္းၿပီးရင္း သြင္းၿပီး သူတို႔အသင္းကို ကူညီတာပဲ။ ေနာက္ထပ္ ရွင္းျပစရာ ဘာမွမလိုအပ္ေတာ့ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.