Ligue1 UCL&UEL

မက်ဆီနဲ့အခြားကြယ်ပွင့် ၂ ဦးကြောင့် ပီအက်စ်ဂျီ ချန်ပီယံလိဂ်ရမှာမဟုတ်ဘူးလို့ ပြောလိုက်တဲ့ ကာရေဂါ

လီဗာပူးလ်ဂန္တဝင် ဂျေမီ ကာရေဂါက ပီအက်စ်ဂျီအသင်းဟာ လီယွန်နယ် မက်ဆီ၊ နေမာ၊ ခီလီယန် အမ်ဘာပေတို့ ၃ ဦးကို ထမ်းပိုးထားရတာကြောင့် ချန်ပီယံလိဂ်ဖလားကို ရရှိနိုင်မှာမဟုတ်ဘူးလို့ ယုံကြည်နေပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ဗုဒ္ဓဟူးနေ့ညက မန်ချက်စတာစီးတီးအိမ်ကွင်း အီတီဟတ်မှာ ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အုပ်စု A ရဲ့ အုပ်စုဒုတိယနေရာကနေသာ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းအတွက် အမ်ဘာပေက အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပေမယ့် ရာဟင်း စတားလင်းက ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပြီး ပွဲကစားချိန်ကုန်ဆုံးဖို့ ၁၄ မိနစ်သာ လိုတော့တဲ့အချိန်မှာ ဂေဘရီယယ်လ် ဂျေဆူးစ်က အနိုင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပက် ဂွါဒီယိုလာရဲ့အသင်းဟာ ပီအက်စ်ဂျီအသင်းနဲ့ပွဲစဉ်မှာ ပွဲကစားချိန်အများစုကို လွှမ်းမိုးကစားထားနိုင်ခဲ့တာဖြစ်ပြီး မက်ဆီနဲ့ နေမာတို့ ၂ ဦးစလုံးဟာ လီဂူးဝမ်းအသင်းကြီးအတွက် အကျိုးသက်ရောက်မှု များများ ပြုလုပ်ပြဖို့ ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။ ကာရေဂါက ပီအက်စ်ဂျီအသင်းရဲ့ ထိပ်တန်းတိုက်စစ်မှူး ၃ ဦးရဲ့ ဆိုးရွားတဲ့ လုပ်အားနှုန်းက အသင်းကို အောင်မြင်မှုမရအောင် နောက်ပြန်ဆွဲနေတယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

“အသင်းတွေအနေနဲ့ အခုအချိန်မှာ ဘယ်သူ့ကိုမှ ထမ်းပိုးထားနိုင်မယ်လို့ ကျွန်တော် မယုံကြည်ပါဘူး။ မန်စီးတီး၊ လီဗာပူးလ်၊ ချဲလ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်တို့က ချန်ပီယံလိဂ်ဖလားကို ရရှိမယ်လို့ ကျွန်တော် ထင်တဲ့ အသင်း ၄ သင်းလို့ပဲ ဆိုပါတော့။ သူတို့မှာက အသင်းထဲမှာ ထမ်းပိုးထားရတဲ့ ခရီးသည်တစ်ယောက်မှ မရှိပါဘူး။ ပီအက်ဂျီကတော့ ခရီးသည် ၃ ဦးကို ထမ်းပိုးထားရတယ်။ သူတို့တွေက ချန်ပီယံလိဂ်ဖလားကို ရရှိဖို့ အခွင့်အရေး လုံးဝမရှိပါဘူး။ ပီအက်စ်ဂျီကတော့ လုံးဝကို ရဖို့ အခွင့်အရေးမရှိပါဘူး”

“ကျွန်တော် အဲဒါကို ကြည့်ပြီး စိတ်ပျက်ခဲ့ပြီး အားလုံးထက်ပိုပြီး အမ်ဘာပေနဲ့ပတ်သက်ရင် ပိုပြီး စိတ်ပျက်ခဲ့ပါတယ်။ မက်ဆီက အသက် ၃၄ နှစ်ရှိပြီဖြစ်ပြီး အချိန်ကာလအတိုင်းအတာတစ်ခုကို ရောက်ရှိပြီဆိုတာ ကျွန်တော် အပြည့်အဝနီးပါး နားလည်ပေးနိုင်ပါတယ်။ သူက အခိုက်အတန့်တစ်ခုမှာ သူ့ကိုယ်သူ ကယ်တင်ရမှာပါ။ သူတို့တွေ သူ့ကို ထမ်းပိုးနိုင်မယ်လို့တော့ ကျွန်တော် မထင်သေးပါဘူး။ ဘာစီလိုနာအသင်း ချန်ပီယံလိဂ်ဖလားမရတာ အချိန်အတော်ကြာပြီဆိုတာကို မမေ့ပါနဲ့”

“ဒါပေမယ့် အမ်ဘာပေက အသက် ၂၂ နှစ်ပဲ ရှိသေးပြီး မန်စီးတီးလို ထိပ်တန်းအသင်းနဲ့ ယှဉ်ပြိုင်ကစားတဲ့ပွဲစဉ်မှာ နောက်တန်းပြန်ပြေးပြီး သူ့အသင်းဖော်တွေကို အကူအညီပေးသင့်ပါတယ်။ ဒီကောင် ကွင်းထဲ ပတ်လျှောက်နေတဲ့ကိစ္စမျိုးက ကျွန်တော်ဆိုရင်တော့ မရပါဘူး။ ကျွန်တော် ဆာလားနဲ့ မာနေးတို့ လီဗာပူးလ်အသင်းအတွက် ဘယ်နေရာမှာမဆို ပြေးလွှားနေတာကို မြင်တွေ့ရတဲ့အခါ၊ ဒီဘရိုင်းနား၊ မာရက်ဇ်၊ စတားလင်းတို့လည်း အလားတူပဲ။ ဘိုင်ယန်မြူးနစ်အတွက် သောမတ်စ် မူလာ၊ လီဗန်ဒေါ့ဗ်စကီးတို့လည်း အတူတူပဲ”

“ကျွန်တော် လုံးဝလက်မခံနိုင်ပါဘူး။ အသင်းအတွက် သူတို့ အလုပ်မလုပ်တဲ့အတွက် သူတို့ဘယ်လောက်ကောင်းကောင်း ကျွန်တော် ဂရုမစိုက်ဘူး။ ခရီးသည်တွေကို ထမ်းပိုးရတဲ့ နေ့ရက်တွေက ကုန်သွားခဲ့တာ ကြာပါပြီ။ အဲဒါကြောင့်ပဲ အခုအချိန် ဥရောပမှာ အကောင်းဆုံး ၃ သင်းပဲ ရှိနေတာပါ။ ချဲလ်ဆီးကတော့ ချန်ပီယံလိဂ်ဖလားရထားတဲ့အသင်းဆိုတော့ ၄ သင်းပေါ့။ ကျန်တဲ့အသင်းတွေကတော့ အဲဒီဖလားကို ရမှာမဟုတ်ပါဘူး”

“ကျွန်တော် ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ပတ်သက်ပြီးလည်း ဒီကိစ္စကို ပြောခဲ့ပါတယ်။ ဒါပေမယ့် အနည်းဆုံးတော့ ရော်နယ်လ်ဒိုက ဂိုးတွေ သွင်းယူနေပါသေးတယ်။ ရော်နယ်လ်ဒိုက ဘောလုံးမရတဲ့အခါမှာ လူပိုဖြစ်ပြီး သူ့ရဲ့ဂိုးတွေက ဘောလုံးရတဲ့မိနစ်ပိုင်းမှာ ရခဲ့တာပါ။ ချန်ပီယံလိဂ်ပွဲစဉ်တွေမှာဆိုရင် ဒီည သူတို့သွင်းသွားတဲ့ဂိုးတွေက အဲဒီလို ရသွားတဲ့ ဂိုးတွေမဟုတ်ပါဘူး။ ခင်ဗျား ဂိုးမသွင်းနိုင်ရင် ခင်ဗျား လူပိုကို ထမ်းပိုးထားရတာပဲ။ ဒီလို ဘောလုံးပြိုင်ပွဲအဆင့်အတန်းမျိုးမှာဆို ခင်ဗျား အတွက် အခွင့်အရေးရှိမှာမဟုတ်ပါဘူး။ မန်ချက်စတာယူနိုက်တက် ချန်ပီယံလိဂ် ရမှာမဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္ဂႏၲဝင္ ေဂ်မီ ကာေရဂါက ပီအက္စ္ဂ်ီအသင္းဟာ လီယြန္နယ္ မက္ဆီ၊ ေနမာ၊ ခီလီယန္ အမ္ဘာေပတို႔ ၃ ဦးကို ထမ္းပိုးထားရတာေၾကာင့္ ခ်န္ပီယံလိဂ္ဖလားကို ရရွိနိုင္မွာမဟုတ္ဘူးလို႔ ယုံၾကည္ေနပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ ဗုဒၶဟူးေန႔ညက မန္ခ်က္စတာစီးတီးအိမ္ကြင္း အီတီဟတ္မွာ ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ အုပ္စု A ရဲ့ အုပ္စုဒုတိယေနရာကေနသာ ရႈံးထြက္အဆင့္ကို တက္ေရာက္နိုင္ခဲ့တာ ျဖစ္ပါတယ္။ ပီအက္စ္ဂ်ီအသင္းအတြက္ အမ္ဘာေပက အဖြင့္ဂိုးကို သြင္းယူေပးခဲ့ေပမယ့္ ရာဟင္း စတားလင္းက ေခ်ပဂိုး ျပန္လည္သြင္းယူနိုင္ခဲ့ၿပီး ပြဲကစားခ်ိန္ကုန္ဆုံးဖို႔ ၁၄ မိနစ္သာ လိုေတာ့တဲ့အခ်ိန္မွာ ေဂဘရီယယ္လ္ ေဂ်ဆူးစ္က အနိုင္ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ပက္ ဂြါဒီယိုလာရဲ့အသင္းဟာ ပီအက္စ္ဂ်ီအသင္းနဲ႔ပြဲစဥ္မွာ ပြဲကစားခ်ိန္အမ်ားစုကို လႊမ္းမိုးကစားထားနိုင္ခဲ့တာျဖစ္ၿပီး မက္ဆီနဲ႔ ေနမာတို႔ ၂ ဦးစလုံးဟာ လီဂူးဝမ္းအသင္းႀကီးအတြက္ အက်ိဳးသက္ေရာက္မႈ မ်ားမ်ား ျပဳလုပ္ျပဖို႔ ႐ုန္းကန္ေနခဲ့ရတာျဖစ္ပါတယ္။ ကာေရဂါက ပီအက္စ္ဂ်ီအသင္းရဲ့ ထိပ္တန္းတိုက္စစ္မႉး ၃ ဦးရဲ့ ဆိုးရြားတဲ့ လုပ္အားႏႈန္းက အသင္းကို ေအာင္ျမင္မႈမရေအာင္ ေနာက္ျပန္ဆြဲေနတယ္လို႔ ယုံၾကည္ေနတာ ျဖစ္ပါတယ္။

“အသင္းေတြအေနနဲ႔ အခုအခ်ိန္မွာ ဘယ္သူ႔ကိုမွ ထမ္းပိုးထားနိုင္မယ္လို႔ ကၽြန္ေတာ္ မယုံၾကည္ပါဘူး။ မန္စီးတီး၊ လီဗာပူးလ္၊ ခ်ဲလ္ဆီးနဲ႔ ဘိုင္ယန္ျမဴးနစ္တို႔က ခ်န္ပီယံလိဂ္ဖလားကို ရရွိမယ္လို႔ ကၽြန္ေတာ္ ထင္တဲ့ အသင္း ၄ သင္းလို႔ပဲ ဆိုပါေတာ့။ သူတို႔မွာက အသင္းထဲမွာ ထမ္းပိုးထားရတဲ့ ခရီးသည္တစ္ေယာက္မွ မရွိပါဘူး။ ပီအက္ဂ်ီကေတာ့ ခရီးသည္ ၃ ဦးကို ထမ္းပိုးထားရတယ္။ သူတို႔ေတြက ခ်န္ပီယံလိဂ္ဖလားကို ရရွိဖို႔ အခြင့္အေရး လုံးဝမရွိပါဘူး။ ပီအက္စ္ဂ်ီကေတာ့ လုံးဝကို ရဖို႔ အခြင့္အေရးမရွိပါဘူး”

“ကၽြန္ေတာ္ အဲဒါကို ၾကည့္ၿပီး စိတ္ပ်က္ခဲ့ၿပီး အားလုံးထက္ပိုၿပီး အမ္ဘာေပနဲ႔ပတ္သက္ရင္ ပိုၿပီး စိတ္ပ်က္ခဲ့ပါတယ္။ မက္ဆီက အသက္ ၃၄ ႏွစ္ရွိၿပီျဖစ္ၿပီး အခ်ိန္ကာလအတိုင္းအတာတစ္ခုကို ေရာက္ရွိၿပီဆိုတာ ကၽြန္ေတာ္ အျပည့္အဝနီးပါး နားလည္ေပးနိုင္ပါတယ္။ သူက အခိုက္အတန႔္တစ္ခုမွာ သူ႔ကိုယ္သူ ကယ္တင္ရမွာပါ။ သူတို႔ေတြ သူ႔ကို ထမ္းပိုးနိုင္မယ္လို႔ေတာ့ ကၽြန္ေတာ္ မထင္ေသးပါဘူး။ ဘာစီလိုနာအသင္း ခ်န္ပီယံလိဂ္ဖလားမရတာ အခ်ိန္အေတာ္ၾကာၿပီဆိုတာကို မေမ့ပါနဲ႔”

“ဒါေပမယ့္ အမ္ဘာေပက အသက္ ၂၂ ႏွစ္ပဲ ရွိေသးၿပီး မန္စီးတီးလို ထိပ္တန္းအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားတဲ့ပြဲစဥ္မွာ ေနာက္တန္းျပန္ေျပးၿပီး သူ႔အသင္းေဖာ္ေတြကို အကူအညီေပးသင့္ပါတယ္။ ဒီေကာင္ ကြင္းထဲ ပတ္ေလၽွာက္ေနတဲ့ကိစၥမ်ိဳးက ကၽြန္ေတာ္ဆိုရင္ေတာ့ မရပါဘူး။ ကၽြန္ေတာ္ ဆာလားနဲ႔ မာေနးတို႔ လီဗာပူးလ္အသင္းအတြက္ ဘယ္ေနရာမွာမဆို ေျပးလႊားေနတာကို ျမင္ေတြ႕ရတဲ့အခါ၊ ဒီဘရိုင္းနား၊ မာရက္ဇ္၊ စတားလင္းတို႔လည္း အလားတူပဲ။ ဘိုင္ယန္ျမဴးနစ္အတြက္ ေသာမတ္စ္ မူလာ၊ လီဗန္ေဒါ့ဗ္စကီးတို႔လည္း အတူတူပဲ”

“ကၽြန္ေတာ္ လုံးဝလက္မခံနိုင္ပါဘူး။ အသင္းအတြက္ သူတို႔ အလုပ္မလုပ္တဲ့အတြက္ သူတို႔ဘယ္ေလာက္ေကာင္းေကာင္း ကၽြန္ေတာ္ ဂ႐ုမစိုက္ဘူး။ ခရီးသည္ေတြကို ထမ္းပိုးရတဲ့ ေန႔ရက္ေတြက ကုန္သြားခဲ့တာ ၾကာပါၿပီ။ အဲဒါေၾကာင့္ပဲ အခုအခ်ိန္ ဥေရာပမွာ အေကာင္းဆုံး ၃ သင္းပဲ ရွိေနတာပါ။ ခ်ဲလ္ဆီးကေတာ့ ခ်န္ပီယံလိဂ္ဖလားရထားတဲ့အသင္းဆိုေတာ့ ၄ သင္းေပါ့။ က်န္တဲ့အသင္းေတြကေတာ့ အဲဒီဖလားကို ရမွာမဟုတ္ပါဘူး”

“ကၽြန္ေတာ္ ခရစၥတီယာနို ေရာ္နယ္လ္ဒိုနဲ႔ပတ္သက္ၿပီးလည္း ဒီကိစၥကို ေျပာခဲ့ပါတယ္။ ဒါေပမယ့္ အနည္းဆုံးေတာ့ ေရာ္နယ္လ္ဒိုက ဂိုးေတြ သြင္းယူေနပါေသးတယ္။ ေရာ္နယ္လ္ဒိုက ေဘာလုံးမရတဲ့အခါမွာ လူပိုျဖစ္ၿပီး သူ႔ရဲ့ဂိုးေတြက ေဘာလုံးရတဲ့မိနစ္ပိုင္းမွာ ရခဲ့တာပါ။ ခ်န္ပီယံလိဂ္ပြဲစဥ္ေတြမွာဆိုရင္ ဒီည သူတို႔သြင္းသြားတဲ့ဂိုးေတြက အဲဒီလို ရသြားတဲ့ ဂိုးေတြမဟုတ္ပါဘူး။ ခင္ဗ်ား ဂိုးမသြင္းနိုင္ရင္ ခင္ဗ်ား လူပိုကို ထမ္းပိုးထားရတာပဲ။ ဒီလို ေဘာလုံးၿပိဳင္ပြဲအဆင့္အတန္းမ်ိဳးမွာဆို ခင္ဗ်ား အတြက္ အခြင့္အေရးရွိမွာမဟုတ္ပါဘူး။ မန္ခ်က္စတာယူနိုက္တက္ ခ်န္ပီယံလိဂ္ ရမွာမဟုတ္ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.