Other Leagues UCL&UEL

ဟားလန်းထက်ကြမ်းပြီး လီဗန်ဒေါ့ဗ်စကီးကို ပခုံးချင်းယှဉ်နိုင်ခဲ့တဲ့ အိုင်းယက်စ်ရဲ့ အဲလား

တစ်နင့်တစ်ပိုး ပြောင်းရွှေ့ကြေးကို ထမ်းပိုးပြီး ဝက်စ်ဟမ်းအသင်းမှာ ခြေစွမ်းမပြနိုင်ခဲ့ဘဲ ၅၄ ပွဲမှာ ၁၄ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်နဲ့ အင်္ဂလန်မြေကို စွန့်ခွာခဲ့ရတဲ့ တိုက်စစ်မှူး ဆီဘက်စ်တီယန် အဲလားကတော့ နယ်သာလန်ကလပ် အိုင်းယက်စ်မှာ ခြေစွမ်းပြသနေပြီး အထူးသဖြင့် ချန်ပီယံလိဂ်မှာ ပွဲတိုင်း ဂိုးသွင်းယူပြနိုင်ခဲ့သလို ဘိုင်ယန်မြူးနစ်ရဲ့ နာမည်ကြီး ရောဘတ် လီဗန်ဒေါ့ဗ်စကီးနဲ့ပါ ပခုံးချင်းယှဉ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အိုင်းယက်စ်နဲ့ ချန်ပီယံလိဂ်မှာ ဒီရာသီမှာမှ ပွဲဦးထွက်ခဲ့ပြီး ၅ ပွဲဆက်တိုက် ဂိုးသွင်းယူထားနိုင်သလို ၉ ဂိုးအထိ ရရှိခဲ့တဲ့ အိုင်ဗရီကို့စ်တိုက်စစ်မှူးအနေနဲ့ မနေ့ညက အစောပွဲအဖြစ် တူရကီမြေမှာ ဘက်ရှီးတပ်စ်နဲ့ ကစားခဲ့တဲ့ ပွဲမှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို သွင်းယူပေးနိုင်ခဲ့ပြီး အသင်းကို နှစ်ဂိုး-တစ်ဂိုး ရလဒ်နဲ့ အနိုင်ရရှိစေခဲ့တာပါ။

ပထမပိုင်းမှာ ဘက်ရှီးတပ်စ်တို့ အိမ်ကွင်းမှာ ရာရှစ် ဂက်ဇယ်လ်ရဲ့ ပင်နယ်တီနဲ့ ဒီနေ့ပွဲမှာ ပွဲပယ်ပြစ်ဒဏ်ကနေ ပထမဆုံး ပြန်လည်ပါဝင်ကစားတဲ့ ဂိုးသမား အန်ဒရီ အိုနာနာကို အနိုင်ယူပြီး ပထမပိုင်းကို ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ အဲလားက အမ်စတာဒမ်ကလပ်အတွက် ရာနှုန်းပြည့်နိုင်ပွဲစံချိန်ကို ဆက်လက်ထိန်းသိမ်းပေးခဲ့တာလည်းဖြစ်ပါတယ်။

၅ ပွဲကစားအပြီးမှာ ဘိုင်ယန်တိုက်စစ်မှူး လီဗန်ဒေါ့ဗ်စကီးနဲ့ ၉ ဂိုးစီ တူနေတဲ့ အဲလားဟာ ပွဲကစားချိန် မိနစ်စုစုပေါင်းမှာတော့ ပိုလန်သားကြီးရဲ့ ၄၃၉ မိနစ်ထက် ၄၁ မိနစ်လျော့နည်းပြီး ၃၉၈ မိနစ်သာ ကစားထားခဲ့တာကြောင့် ရပ်တည်မှုအရ ပထမနေရာချင်းတူပေမယ့် အပေါ်ကနေ တန်းစီနိုင်ခဲ့တာဖြစ်သလို ချန်ပီယံလိဂ် ပထမဆုံး ၅ ပွဲမှာ ၉ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမားလည်းဖြစ်လာခဲ့တာပါ။

အဲလားဟာ ချန်ပီယံလိဂ်ရဲ့ ဂိုးသွင်းမှတ်တမ်းကောင်းကို ၅ ပွဲဆက်တိုက်သွင်းဂိုးတွေနဲ့ ရယူနိုင်ခဲ့တာလည်းဖြစ်ပြီး ဒီစံချိန်ကို အမြင့်ဆုံး ရယူထားနိုင်သူ ၄ ဦးထဲမှာ ဟားလန်း(၈ ဂိုး)၊ ဒီယေဂို ကော်စတာ(၇ ဂိုး)နဲ့ ဒယ်လ်ပီယာရို(၅ ဂိုး)တို့ထက် ပိုပြီး ၉ ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်သလို လာမယ့် စပို့တင်းလစ္စဘွန်းနဲ့ အိမ်ကွင်းပွဲစဉ်မှာသာ ဂိုးသွင်းယူနိုင်ခဲ့ရင်တော့ ၆ ပွဲဆက်တိုက်နဲ့ တစ်ဦးတည်း စံချိန်သစ်ကို တင်ရှိနိုင်မှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: တစ္နင့္တစ္ပိုး ေျပာင္းေ႐ႊ႕ေၾကးကို ထမ္းပိုးၿပီး ဝက္စ္ဟမ္းအသင္းမွာ ေျခစြမ္းမျပႏိုင္ခဲ့ဘဲ ၅၄ ပြဲမွာ ၁၄ ဂိုးသာ သြင္းယူႏိုင္ခဲ့ၿပီး ပရီးမီးယားလိဂ္နဲ႔ အဂၤလန္ေျမကို စြန႔္ခြာခဲ့ရတဲ့ တိုက္စစ္မႉး ဆီဘက္စ္တီယန္ အဲလားကေတာ့ နယ္သာလန္ကလပ္ အိုင္းယက္စ္မွာ ေျခစြမ္းျပသေနၿပီး အထူးသျဖင့္ ခ်န္ပီယံလိဂ္မွာ ပြဲတိုင္း ဂိုးသြင္းယူျပႏိုင္ခဲ့သလို ဘိုင္ယန္ျမဴးနစ္ရဲ႕ နာမည္ႀကီး ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးနဲ႔ပါ ပခုံးခ်င္းယွဥ္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

အိုင္းယက္စ္နဲ႔ ခ်န္ပီယံလိဂ္မွာ ဒီရာသီမွာမွ ပြဲဦးထြက္ခဲ့ၿပီး ၅ ပြဲဆက္တိုက္ ဂိုးသြင္းယူထားႏိုင္သလို ၉ ဂိုးအထိ ရရွိခဲ့တဲ့ အိုင္ဗရီကို႔စ္တိုက္စစ္မႉးအေနနဲ႔ မေန႔ညက အေစာပြဲအျဖစ္ တူရကီေျမမွာ ဘက္ရွီးတပ္စ္နဲ႔ ကစားခဲ့တဲ့ ပြဲမွာ ေခ်ပဂိုးနဲ႔ အႏိုင္ဂိုးေတြကို သြင္းယူေပးႏိုင္ခဲ့ၿပီး အသင္းကို ႏွစ္ဂိုး-တစ္ဂိုး ရလဒ္နဲ႔ အႏိုင္ရရွိေစခဲ့တာပါ။

ပထမပိုင္းမွာ ဘက္ရွီးတပ္စ္တို႔ အိမ္ကြင္းမွာ ရာရွစ္ ဂက္ဇယ္လ္ရဲ႕ ပင္နယ္တီနဲ႔ ဒီေန႔ပြဲမွာ ပြဲပယ္ျပစ္ဒဏ္ကေန ပထမဆုံး ျပန္လည္ပါဝင္ကစားတဲ့ ဂိုးသမား အန္ဒရီ အိုနာနာကို အႏိုင္ယူၿပီး ပထမပိုင္းကို ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ ဒုတိယပိုင္းမွာေတာ့ အဲလားက အမ္စတာဒမ္ ကလပ္အတြက္ ရာႏႈန္းျပည့္ႏိုင္ပြဲစံခ်ိန္ကို ဆက္လက္ထိန္းသိမ္းေပးခဲ့တာလည္းျဖစ္ပါတယ္။

၅ ပြဲကစားအၿပီးမွာ ဘိုင္ယန္တိုက္စစ္မႉး လီဗန္ေဒါ့ဗ္စကီးနဲ႔ ၉ ဂိုးစီ တူေနတဲ့ အဲလားဟာ ပြဲကစားခ်ိန္ မိနစ္စုစုေပါင္းမွာေတာ့ ပိုလန္သားႀကီးရဲ႕ ၄၃၉ မိနစ္ထက္ ၄၁ မိနစ္ေလ်ာ့နည္းၿပီး ၃၉၈ မိနစ္သာ ကစားထားခဲ့တာေၾကာင့္ ရပ္တည္မႈအရ ပထမေနရာခ်င္းတူေပမယ့္ အေပၚကေန တန္းစီႏိုင္ခဲ့တာျဖစ္သလို ခ်န္ပီယံလိဂ္ ပထမဆုံး ၅ ပြဲမွာ ၉ ဂိုးသြင္းယူႏိုင္တဲ့ ပထမဆုံး ကစားသမားလည္းျဖစ္လာခဲ့တာပါ။

အဲလားဟာ ခ်န္ပီယံလိဂ္ရဲ႕ ဂိုးသြင္းမွတ္တမ္းေကာင္းကို ၅ ပြဲဆက္တိုက္သြင္းဂိုးေတြနဲ႔ ရယူႏိုင္ခဲ့တာလည္းျဖစ္ၿပီး ဒီစံခ်ိန္ကို အျမင့္ဆုံး ရယူထားႏိုင္သူ ၄ ဦးထဲမွာ ဟားလန္း(၈ ဂိုး)၊ ဒီေယဂို ေကာ္စတာ(၇ ဂိုး)နဲ႔ ဒယ္လ္ပီယာ႐ို(၅ ဂိုး)တို႔ထက္ ပိုၿပီး ၉ ဂိုး သြင္းယူႏိုင္ခဲ့တာျဖစ္သလို လာမယ့္ စပို႔တင္းလစၥဘြန္းနဲ႔ အိမ္ကြင္းပြဲစဥ္မွာသာ ဂိုးသြင္းယူႏိုင္ခဲ့ရင္ေတာ့ ၆ ပြဲဆက္တိုက္နဲ႔ တစ္ဦးတည္း စံခ်ိန္သစ္ကို တင္ရွိႏိုင္မွာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.