Match Report Premier League UCL&UEL

အိမ်ကွင်းမှာ ပေါ်တိုကို အရန်တွေနဲ့ အေးအေးဆေးဆေး အနိုင်ယူခဲ့တဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ပြီးခဲ့တဲ့ ပွဲစဉ် ၄ မှာကတည်းက ရာနှုန်းပြည့်အနိုင် ၁၂ မှတ်နဲ့ နောက်တစ်ဆင့်ကို တက်နိုင်ခဲ့ပြီဖြစ်လို့ ဒီနေ့ပွဲမှာ ဗန်ဒိုက်အပါအဝင် အဓိက ကစားသမားတချို့ကို အနားပေးသွားခဲ့ပြီး လူငယ်ကစားသမား နီကို ဝီလီယမ်စ်နဲ့ မော်တန်တို့ ပါဝင်လာခဲ့သလို တိုက်စစ်မှာလည်း မီနာမီနိုကို ဆာလား၊ မာနေးတို့နဲ့အတူ ထည့်သွင်းပြီး ကွင်းလယ်ကိုတော့ သီယာဂိုရဲ့ လက်ထဲကို ချိမ်ဘာလိန်နဲ့အတူ အပ်ခဲ့တာဖြစ်ပါတယ်။

ပေါ်တိုကတော့ သူတို့ရဲ့ အကောင်းဆုံးလူစာရင်းကို အသင်းခေါင်ဆောင် ဝါရင့်နောက်ခံလူ ပီပီနဲ့အတူ ထုတ်သုံးခဲ့ပြီး လူးဝစ် ဒီယက်ဇ်နဲ့ အော့တာဗျိုတို့လို ကစားသမားတွေကို ထည့်သွင်းခဲ့ပြီး အန်းဖီးလ်မှာ လီဗာပူးလ်ဆီက အမှတ်ခွဲယူပြီး နောက်တစ်ဆင့်အတွက် အခြေအနေကောင်းနိုင်ဖို့ ပြင်ဆင်လာခဲ့တာပါ။

ကိုနာတေနဲ့ မာတစ်ပ်တို့ကို တွဲပေးခဲ့တဲ့ ဗဟိုခံစစ်နဲ့ ဆီမီကတ်စ်တို့ရဲ့ ဘယ်ခြမ်းကတော့ ပေါ်တိုတိုက်စစ်ကို မနည်းထိန်းခဲ့ရသလို ပွဲချိန် ၈ မိနစ်မှာ ညာခြမ်းက အော့တာဗျိုရဲ့ ဖြတ်တင်ဘောကို တိုက်စစ်မှူး တာရဲမီရဲ့ ခေါင်းတိုက်ချက်က မာတစ်ပ်နဲ့ထိပြီး ဂိုးတိုင်ဘေးက ထွက်သွားခဲ့လို့ လီဗာပူးလ်တို့ ကံကောင်းခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၁၂ မိနစ်မှာလည်း ကိုနာတေရဲ့ အမှားကနေ ပေါ်တိုတို့ တန်ပြန်တိုက်စစ်ဆင်လာခဲ့ပြီး လူးဝစ် ဒီယက်ဇ်က ကန်မလိုနဲ့ ချိုးပေးတဲ့ ဘောလုံးကို အော့တာဗျိုက လွဲချော်ခဲ့ချိန်မှာ သူ့ကို နောက်ကနေ ဖျက်ခဲ့မိတဲ့ ဆီမီကတ်စ်ကို တစ်ဖက်နည်းပြ ကွန်ဆေဆာအိုက ပင်နယ်တီ တောင်းခဲ့ပေမယ့် ဒိုင်လူကြီးနဲ့ VAR က အမှုမလုပ်ခဲ့လို့သာ လီဗာပူးလ်တို့ ဒုက္ခမများခဲ့ရတာလည်းဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၂၀ မှာ ဆီမီကတ်စ်ရဲ့ ထောင့်ကန်ဘောကို ကိုနာတေ လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် ဂိုးသမားဆီပဲ ရောက်ခဲ့သလို ပွဲချိန် ၂၄ မိနစ်မှာ ပေါ်တိုဂိုးသမားအမှားကနေ မာနေးနဲ့ထိပြီး သူ့ဆီ ရောက်လာခဲ့တဲ့ ဘောလုံးကိုလည်း ဆာလားက အလောတကြီး ကန်ပြီး ပျော့သွားခဲ့လို့ ဂိုးမဖြစ်ခဲ့ဘဲ ကာကွယ်ခံခဲ့ရတာပါ။

ပွဲချိန် ၃၇ မိနစ်မှာ မာနေးက လီဗာပူးလ်အတွက် ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် လူကျွံဘောသတ်မှတ်ခံခဲ့ရပြီး တကယ်တမ်းမှာ ဒီဂိုးက လူကျွံဖို့ လုံလောက်တဲ့ အနေအထားမှာ မရှိခဲ့ဘဲ VAR ကြောင့် အိမ်ရှင်တို့ နစ်နာခဲ့ရသလို အခွင့်အရေးတွေကို နှစ်ဖက်စလုံး ထပ်ပြီး အသုံးမချနိုင်တော့တာကြောင့် ပထမပိုင်းမှာ ဂိုးမရှိသရေပဲဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ပေါ်တိုတို့ အိမ်ရှင် လီဗာပူးလ်ကို ရှိန်မနေဘဲ တိုက်စစ်ဖွင့်ကစားနေခဲ့တာကြောင့် ပွဲက ကြည့်ကောင်းခဲ့သလို ကိုနာတေနဲ့ မာတစ်ပ်အတွဲကတော့ တော်တော်လေး ဆိုးရွားခဲ့တာကို တွေ့ရပြီး တစ်ဖက်ရဲ့ အဆုံးသတ် မသေချာမှုနဲ့ ဂိုးသမား အယ်လစ်ဆန်ရဲ့ တည်ငြိမ်မှုကြောင့်သာ သက်သာခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၅၂ မိနစ်မှာတော့ လီဗာပူးလ်တို့ မထင်မှတ်တဲ့ အနေအထားကနေ အဖွင့်ဂိုး စတင်သွင်းယူနိုင်ခဲ့ပြီး ညာခြမ်းက ဖရီးကစ်ကို ပေါ်တိုခံစစ်က ရှင်းထုတ်ပြီး ပြန်ထွက်လာခဲ့တဲ့ ဘောလုံးကို နောက်ချန်နေရစ်ခဲ့တဲ့ ကွင်းလယ်လူ သီယာဂိုက ဂိုးဧရိယာအပြင်ကနေ အနိမ့်ဘောကန်သွင်းခဲ့ရာမှာ လူကြားထဲက ထွက်လာတဲ့ ကန်ချက်က သပ်ရပ်လွန်းခဲ့တာကြောင့် ဂိုးသမား ဘာမှ မတတ်နိုင်ဘဲ ဂိုးပေးလိုက်ရတာပါ။

ပွဲချိန် ၅၉ မိနစ်မှာ အယ်လစ်ဆန် လူပေးမှားခဲ့ပေမယ့် ပေါ်တိုတို့ ဂိုးရှေ့မှာ လူမရှိလို့ အသုံးမချနိုင်ဘဲဖြစ်ခဲ့ရသလို ပွဲချိန် မိနစ် ၆၀ မှာ ချိမ်ဘာလိန်က အခွင့်အရေးကို ဘေးချော်ကန်ခဲ့ပြီး ၆၂ မိနစ်မှာ မီနာမီနို ဂိုးသွင်းနိုင်ခဲ့ပေမယ့် လူကျွံနေခဲ့တာကြောင့် လီဗာပူးလ်တို့ ဂိုးထပ်မရဘဲဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၆၃ မိနစ်မှာတော့ သီယာဂိုအစား ဟန်ဒါဆန်နဲ့ ဆီမီကတ်စ်အစား ရောဘတ်ဆန်တို့ ဝင်ကစားခဲ့ကြပြီး ပွဲချိန်မိနစ် ၇၀ မှာတော့ ဆာလားက ဟန်ဒါဆန်နဲ့ ဝမ်းတူးရိုက်ထွက်ပြီးမှ ပေါ်တိုနောက်ခံလူနှစ်ယောက်ကြားကနေ ကန်သွင်းခဲ့ရာမှာ အနီးတိုင်ခြေကို တိတိကျကျ ဝင်သွားခဲ့တာကြောင့် လီဗာပူးလ်တို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ ဆာလားအစား ဖာဘင်ညို၊ မာနေးအစား အိုရီဂီနဲ့ ချိမ်ဘာလိန်အစား မီလ်နာတို့ကို နည်းပြ ယာဂန် ကလော့ပ်က လူလဲ ကစားသွားခဲ့ပြီး အခွင့်အရေးတွေကိုတော့ ထပ်အသုံးမချနိုင်တော့တာကြောင့် နှစ်ဂိုး-ဂိုးမရှိ ရလဒ်နဲ့ပဲ ပွဲချိန်အပြည့်မှာ လီဗာပူးလ်တို့ အနိုင်ရခဲ့ပြီး အုပ်စုတွင်း ငါးပွဲဆက်တိုက်အနိုင်နဲ့ အိမ်ကွင်းမှာ အောင်ပွဲခံနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းအေနနဲ႔ ၿပီးခဲ့တဲ့ ပြဲစဥ္ ၄ မွာကတည္းက ရာႏႈန္းျပည့္အႏိုင္ ၁၂ မွတ္နဲ႔ ေနာက္တစ္ဆင့္ကို တက္ႏိုင္ခဲ့ၿပီျဖစ္လို႔ ဒီေန႔ပြဲမွာ ဗန္ဒိုက္အပါအဝင္ အဓိက ကစားသမားတခ်ိဳ႕ကို အနားေပးသြားခဲ့ၿပီး လူငယ္ကစားသမား နီကို ဝီလီယမ္စ္နဲ႔ ေမာ္တန္တို႔ ပါဝင္လာခဲ့သလို တိုက္စစ္မွာလည္း မီနာမီႏိုကို ဆာလား၊ မာေနးတို႔နဲ႔အတူ ထည့္သြင္းၿပီး ကြင္းလယ္ကိုေတာ့ သီယာဂိုရဲ႕ လက္ထဲကို ခ်ိမ္ဘာလိန္နဲ႔အတူ အပ္ခဲ့တာျဖစ္ပါတယ္။

ေပၚတိုကေတာ့ သူတို႔ရဲ႕ အေကာင္းဆုံးလူစာရင္းကို အသင္းေခါင္ေဆာင္ ဝါရင့္ေနာက္ခံလူ ပီပီနဲ႔အတူ ထုတ္သုံးခဲ့ၿပီး လူးဝစ္ ဒီယက္ဇ္နဲ႔ ေအာ့တာဗ်ိဳတို႔လို ကစားသမားေတြကို ထည့္သြင္းခဲ့ၿပီး အန္းဖီးလ္မွာ လီဗာပူးလ္ဆီက အမွတ္ခြဲယူၿပီး ေနာက္တစ္ဆင့္အတြက္ အေျခအေနေကာင္းႏိုင္ဖို႔ ျပင္ဆင္လာခဲ့တာပါ။

ကိုနာေတနဲ႔ မာတစ္ပ္တို႔ကို တြဲေပးခဲ့တဲ့ ဗဟိုခံစစ္နဲ႔ ဆီမီကတ္စ္တို႔ရဲ႕ ဘယ္ျခမ္းကေတာ့ ေပၚတိုတိုက္စစ္ကို မနည္းထိန္းခဲ့ရသလို ပြဲခ်ိန္ ၈ မိနစ္မွာ ညာျခမ္းက ေအာ့တာဗ်ိဳရဲ႕ ျဖတ္တင္ေဘာကို တိုက္စစ္မႉး တာရဲမီရဲ႕ ေခါင္းတိုက္ခ်က္က မာတစ္ပ္နဲ႔ထိၿပီး ဂိုးတိုင္ေဘးက ထြက္သြားခဲ့လို႔ လီဗာပူးလ္တို႔ ကံေကာင္းခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၂ မိနစ္မွာလည္း ကိုနာေတရဲ႕ အမွားကေန ေပၚတိုတို႔ တန္ျပန္တိုက္စစ္ဆင္လာခဲ့ၿပီး လူးဝစ္ ဒီယက္ဇ္က ကန္မလိုနဲ႔ ခ်ိဳးေပးတဲ့ ေဘာလုံးကို ေအာ့တာဗ်ိဳက လြဲေခ်ာ္ခဲ့ခ်ိန္မွာ သူ႔ကို ေနာက္ကေန ဖ်က္ခဲ့မိတဲ့ ဆီမီကတ္စ္ကို တစ္ဖက္နည္းျပ ကြန္ေဆဆာအိုက ပင္နယ္တီ ေတာင္းခဲ့ေပမယ့္ ဒိုင္လူႀကီးနဲ႔ VAR က အမႈမလုပ္ခဲ့လို႔သာ လီဗာပူးလ္တို႔ ဒုကၡမမ်ားခဲ့ရတာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ မိနစ္ ၂၀ မွာ ဆီမီကတ္စ္ရဲ႕ ေထာင့္ကန္ေဘာကို ကိုနာေတ လြတ္လြတ္ကြၽတ္ကြၽတ္ ေခါင္းတိုက္ခြင့္ရခဲ့ေပမယ့္ ဂိုးသမားဆီပဲ ေရာက္ခဲ့သလို ပြဲခ်ိန္ ၂၄ မိနစ္မွာ ေပၚတိုဂိုးသမားအမွားကေန မာေနးနဲ႔ထိၿပီး သူ႔ဆီ ေရာက္လာခဲ့တဲ့ ေဘာလုံးကိုလည္း ဆာလားက အေလာတႀကီး ကန္ၿပီး ေပ်ာ့သြားခဲ့လို႔ ဂိုးမျဖစ္ခဲ့ဘဲ ကာကြယ္ခံခဲ့ရတာပါ။

ပြဲခ်ိန္ ၃၇ မိနစ္မွာ မာေနးက လီဗာပူးလ္အတြက္ ဂိုးသြင္းယူႏိုင္ခဲ့ေပမယ့္ လူကြၽံေဘာသတ္မွတ္ခံခဲ့ရၿပီး တကယ္တမ္းမွာ ဒီဂိုးက လူကြၽံဖို႔ လုံေလာက္တဲ့ အေနအထားမွာ မရွိခဲ့ဘဲ VAR ေၾကာင့္ အိမ္ရွင္တို႔ နစ္နာခဲ့ရသလို အခြင့္အေရးေတြကို ႏွစ္ဖက္စလုံး ထပ္ၿပီး အသုံးမခ်ႏိုင္ေတာ့တာေၾကာင့္ ပထမပိုင္းမွာ ဂိုးမရွိသေရပဲျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း ေပၚတိုတို႔ အိမ္ရွင္ လီဗာပူးလ္ကို ရွိန္မေနဘဲ တိုက္စစ္ဖြင့္ကစားေနခဲ့တာေၾကာင့္ ပြဲက ၾကည့္ေကာင္းခဲ့သလို ကိုနာေတနဲ႔ မာတစ္ပ္အတြဲကေတာ့ ေတာ္ေတာ္ေလး ဆိုး႐ြားခဲ့တာကို ေတြ႕ရၿပီး တစ္ဖက္ရဲ႕ အဆုံးသတ္ မေသခ်ာမႈနဲ႔ ဂိုးသမား အယ္လစ္ဆန္ရဲ႕ တည္ၿငိမ္မႈေၾကာင့္သာ သက္သာခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၅၂ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ မထင္မွတ္တဲ့ အေနအထားကေန အဖြင့္ဂိုး စတင္သြင္းယူႏိုင္ခဲ့ၿပီး ညာျခမ္းက ဖရီးကစ္ကို ေပၚတိုခံစစ္က ရွင္းထုတ္ၿပီး ျပန္ထြက္လာခဲ့တဲ့ ေဘာလုံးကို ေနာက္ခ်န္ေနရစ္ခဲ့တဲ့ ကြင္းလယ္လူ သီယာဂိုက ဂိုးဧရိယာအျပင္ကေန အနိမ့္ေဘာကန္သြင္းခဲ့ရာမွာ လူၾကားထဲက ထြက္လာတဲ့ ကန္ခ်က္က သပ္ရပ္လြန္းခဲ့တာေၾကာင့္ ဂိုးသမား ဘာမွ မတတ္ႏိုင္ဘဲ ဂိုးေပးလိုက္ရတာပါ။

ပြဲခ်ိန္ ၅၉ မိနစ္မွာ အယ္လစ္ဆန္ လူေပးမွားခဲ့ေပမယ့္ ေပၚတိုတို႔ ဂိုးေရွ႕မွာ လူမရွိလို႔ အသုံးမခ်ႏိုင္ဘဲျဖစ္ခဲ့ရသလို ပြဲခ်ိန္ မိနစ္ ၆၀ မွာ ခ်ိမ္ဘာလိန္က အခြင့္အေရးကို ေဘးေခ်ာ္ကန္ခဲ့ၿပီး ၆၂ မိနစ္မွာ မီနာမီႏို ဂိုးသြင္းႏိုင္ခဲ့ေပမယ့္ လူကြၽံေနခဲ့တာေၾကာင့္ လီဗာပူးလ္တို႔ ဂိုးထပ္မရဘဲျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၆၃ မိနစ္မွာေတာ့ သီယာဂိုအစား ဟန္ဒါဆန္နဲ႔ ဆီမီကတ္စ္အစား ေရာဘတ္ဆန္တို႔ ဝင္ကစားခဲ့ၾကၿပီး ပြဲခ်ိန္မိနစ္ ၇၀ မွာေတာ့ ဆာလားက ဟန္ဒါဆန္နဲ႔ ဝမ္းတူး႐ိုက္ထြက္ၿပီးမွ ေပၚတိုေနာက္ခံလူႏွစ္ေယာက္ၾကားကေန ကန္သြင္းခဲ့ရာမွာ အနီးတိုင္ေျခကို တိတိက်က် ဝင္သြားခဲ့တာေၾကာင့္ လီဗာပူးလ္တို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့တာပါ။

ဒီေနာက္ပိုင္းမွာေတာ့ ဆာလားအစား ဖာဘင္ညိဳ၊ မာေနးအစား အိုရီဂီနဲ႔ ခ်ိမ္ဘာလိန္အစား မီလ္နာတို႔ကို နည္းျပ ယာဂန္ ကေလာ့ပ္က လူလဲ ကစားသြားခဲ့ၿပီး အခြင့္အေရးေတြကိုေတာ့ ထပ္အသုံးမခ်ႏိုင္ေတာ့တာေၾကာင့္ ႏွစ္ဂိုး-ဂိုးမရွိ ရလဒ္နဲ႔ပဲ ပြဲခ်ိန္အျပည့္မွာ လီဗာပူးလ္တို႔ အႏိုင္ရခဲ့ၿပီး အုပ္စုတြင္း ငါးပြဲဆက္တိုက္အႏိုင္နဲ႔ အိမ္ကြင္းမွာ ေအာင္ပြဲခံႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.