Ligue1 Match Report Premier League UCL&UEL

မက်ဆီရဲ့ ပီအက်စ်ဂျီကို ရှိတဲ့လူနဲ့ နောက်က လိုက်ကစားပြီး အနိုင်ယူတဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့ပွဲမှာ ကစားသမားအတော်များများကို ပွဲပန်းမှုတွေ ဒဏ်ရာတွေနဲ့ အနားပေးထားခဲ့ရပြီး ပွဲထွက်နေကျ ဖိုဒန် မပါဝင်နိုင်လို့ ဇင်ချန်ကိုနဲ့ အစားထိုးခဲ့ရသလို အရန်ခုံမှာ စီနီယာ တိုက်စစ်ကစားသမားဆိုလို့ ဂါဘရီယယ်လ် ဂျေဆူးစ်တစ်ယောက်တည်းသာ ပါခဲ့ပြီး အိမ်ရှင်အသင်းတစ်သင်းနဲ့ မလိုက်ဖက်အောင်ကို အရန်ကစားသမား ၈ ဦးသာ ပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီကတော့ ဒဏ်ရာက သက်သာလာတဲ့ ဆာဂျီယို ရာမို့စ်အပါအဝင် အရန်ခုံမှာ ၁၂ ဦးအပြည့် ခေါ်လာခဲ့ပြီး မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့ တိုက်စစ်ကို ဂေးယီ၊ ဟာရဲရား၊ ပါရေးဒက်စ်တို့ရဲ့ ကွင်းလယ်အားနဲ့ ကူညီပေးဖို့ ပြင်ဆင်လာခဲ့သလို ခံစစ်မှာလည်း ဟာကီမီ၊ မားကင်ညော့စ်တို့ အပါအဝင် လူစုံထုတ်ကစားလာခဲ့ပါတယ်။

ပွဲချိန် ၅ မိနစ်မှာ မာရက်ဇ်ရဲ့ ဖရီးကစ်ကို ရိုဒရီ ခေါင်းတိုက်သွင်းမှုက ဂိုးသမား နာဗက်စ်ကို ကျော်ဖြတ်သွားခဲ့ပေမယ့် နောက်ခံလူ ကင်ပမ်ဘီက စည်းပေါ်ကနေ နောက်ပြန်တိုက်ပြီး ရှင်းထုတ်နိုင်ခဲ့လို့ မန်စီးတီးတို့ နစ်နာခဲ့ရသလို ဒီက ထွက်လာတဲ့ ဘောလုံးကို မာရက်ဇ်ပဲ ကန်သွင်းခဲ့ပေမယ့် ထောင့်ကန်ဘောပဲ ဖြစ်သွားခဲ့တာပါ။

ပွဲချိန် ၁၈ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ မာရက်ဇ်ရပြီး ဘာနာဒို ဆေးလ်ဗားနဲ့ အပေးအယူလုပ်ရင်း အပိုင်ကန်ခဲ့ပေမယ့် ဟာကီမီက ခေါင်းတိုက်ရှင်းထုတ်သွားနိုင်ခဲ့သလို ဘယ်ခြမ်းမှာ ကစားကွက်ထဲကို သိပ်မဝင်ဘဲ မကစားရတာကြာလို့ အသင်းနဲ့ အတွဲအဖက် မမိတော့တဲ့ ဇင်ချန်ကိုကြောင့် ညာခြမ်းကိုပဲ စီးတီးတို့ အဓိက အားကိုးနေခဲ့ရပါတယ်။

ပွဲချိန် ၃၃ မိနစ်မှာတော့ ဘယ်ခြမ်းကနေ ကန်ဆယ်လိုက တောင်ပံတိုက်စစ်မှူးတစ်ယောက်လို ထိုးဖောက်လာခဲ့ပြီး ပီအက်စ်ဂျီခံစစ်ကို လုပ်ချင်သလို လုပ်ပြီးမှ ဖြတ်တင်ပေးတဲ့ အခွင့်အရေးကောင်းကို ဂွန်ဒိုးဝမ်ရဲ့ ကန်ချက်က တိုင်ထိထွက်ခဲ့လို့ စီးတီးတို့ အဖွင့်ဂိုးနဲ့ လွဲချော်ခဲ့ရသလို စက္ကန့်ပိုင်း အတွင်းမှာပဲ မာရက်ဇ်ရဲ့ နောက်တစ်ကြိမ် ကန်ချက်ကိုလည်း ဂိုးသမား နာဗက်စ်က ပုတ်ထုတ်သွားနိုင်ခဲ့တာပါ။

ပထမပိုင်းမှာ စီးတီးတို့ ဖိကစားနေခဲ့ပြီး အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို့ ဂိုးမရခဲ့သလို ပီအက်စ်ဂျီကတော့ တန်ပြန်တိုက်စစ်ကနေ အခွင့်အရေးတချို့ ရခဲ့ပေမယ့် အမ်ဘာပေအနေနဲ့ လိုအပ်ချက်တွေ များနေခဲ့တာကြောင့် ဂိုးသမား အီဒါဆန်အတွက် နဘယံ ဘေးမရှိဖြစ်ခဲ့ပြီး ဂိုးမရှိသရေ ရလဒ်သာ ထွက်ပေါ်နေခဲ့ပါတယ်။

ဒုတိယပိုင်းပြန်စအပြီး ပွဲချိန် မိနစ် ၅၀ မှာတော့ ဧည့်သည် ပီအက်စ်ဂျီတို့ အဖွင့်ဂိုး စတင်သွင်းယူနိုင်ခဲ့ပြီး ဘယ်ခြမ်းကနေ နေမာအတွက် ရည်ရွယ်ခဲ့တဲ့ မက်ဆီရဲ့ ဖြတ်တင်ဘောက နောက်တန်းနဲ့ထိပြီး လမ်းကြောင်းပြောင်းသွားတာကို ရသွားခဲ့တဲ့ အမ်ဘာပေက ဂိုးသမား အီဒါဆန်ရဲ့ ပေါင်ကြားကနေ အနီးကပ်ကန်သွင်းနိုင်ခဲ့လို့ မန်စီးတီးတို့ နောက်က လိုက်ကစားခဲ့ရပါတယ်။

ဂိုးပေးအပြီးမှာတော့ ဂွါဒီယိုလာအနေနဲ့ တစ်ခုတည်းသော ရွေးချယ်စရာဖြစ်တဲ့ ဇင်ချန်ကိုအစား ဂျေဆူးစ်ကို ထည့်သွင်းပြီး ချေပဂိုးရဖို့အတွက် ကြိုးစားလာခဲ့သလို ပွဲချိန် မိနစ် ၆၀ မှာတော့ ထောင့်ကန်ဘောကို အနီးကပ် အပေးအယူလုပ်ပြီး ကန်တဲ့ မာရက်ဇ်ရဲ့ ကန်ချက်ကို ဂိုးသမား နာဗက်စ်က ကာကွယ်နိုင်ခဲ့တာကြောင့် ပီအက်စ်ဂျီတို့တောင် နိုင်ပွဲအတွက် ယုံကြည်ချက်နဲ့ ထိန်းကစားဖို့ ဟာရဲရားအစား ဒါနီလို ပါရဲရားကို ထည့်သွင်းခဲ့တာပါ။

ဒါပေမယ့် ပွဲချိန် ၆၃ မိနစ်မှာတော့ အိမ်ရှင်တွေ ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပြီး ရိုဒရီရဲ့ ဖြတ်တင်ဘောကို ဝေါ်လ်ကာက ညာခြမ်းကနေ ပြန်ပြီး ချိုးပေးခဲ့ရာမှာ ဂျေဆူးစ်က ယူမလိုနဲ့ ဟပေးခဲ့တဲ့ ဘောလုံးကို ဘယ်ခြမ်းက စတာလင်က တိုင်ခြေကို အနီးကပ်ပိတ်သွင်းနိုင်ခဲ့လို့ ပီအက်စ်ဂျီတို့ ဘာမှ မတတ်နိုင်ခဲ့ဘဲ တစ်ဂိုးစီ သရေဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၆၇ မိနစ်မှာတော့ ပီအက်စ်ဂျီတို့ ဂေးယီအစား ဒီမာရီယာနဲ့ နူနို မန်ဒက်စ်အစား ခယ်ရာတို့ကို ထည့်ခဲ့ပြီး ပွဲချိန် ၇၄ မိနစ်မှာတော့ နေမာက ဒီမာရီယာနဲ့ ဝမ်းတူးရိုက်ပြီး ကန်ခဲ့ပေမယ့် စီးတီးနောက်ခံလူတွေရဲ့ ဖိအားပေးမှုကြောင့် လှပတဲ့ သွင်းဂိုးတစ်ဂိုးနဲ့ ဝေးခဲ့ရပြီး ဂိုးတိုင်ဘယ်ဘက်ဘေးကိုပဲ ကန်မိခဲ့ပါတယ်။

ပွဲချိန် ၇၆ မိနစ်မှာတော့ ပထမဂိုးရဲ့ ပြောင်းပြန်ပုံစံနဲ့ ညာခြမ်းကနေ မာရက်ဇ်က အတွင်းကို ဆွဲပြီးမှ ဘယ်ခြမ်းကို ဖြတ်တင်ပေးခဲ့ရာမှာ ဘာနာဒို ဆေးလ်ဗားက အတွင်းကို အသာပြန်ချိုးပေးခဲ့ရာမှာ အလယ်မှာ ရှိနေတဲ့ ဂျေဆူးစ်က နောက်ခံလူ မားကင်ညော့စ်ကို ကွယ်ပြီး ကန်သွင်းယူသွားခဲ့လို့ ဂိုးသမား နာဗက်စ် မကာကွယ်နိုင်ခဲ့ဘဲ စီးတီးတို့ ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ နှစ်ဖက်လုံး အမှားစောင့်ပြီး ကစားသွားခဲ့ပေမယ့် ထပ်ပြီး ရလဒ်ပြောင်းလဲဖို့တော့ မတတ်နိုင်ခဲ့ကြတာကြောင့် နှစ်ဂိုး-တစ်ဂိုးရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပြီး မန်စီးတီးတို့ ၅ ပွဲကစား ၄ ပွဲနိုင် ၁ ပွဲရှုံးနဲ့ အုပ်စု(A)ကို ဗိုလ်စွဲနိုင်ခဲ့သလို ပီအက်စ်ဂျီတို့ကတော့ ကလပ်ဘရုဂျ်က မနိုင်ဘဲ RB လိုက်ပ်ဇစ်က နိုင်သွားခဲ့ချိန်မှာ သူတို့နှစ်သင်းနဲ့ ၄ မှတ် ကွာဟသွားခဲ့လို့ ဒုတိယနေရာကနေ နောက်တစ်ဆင့်တက်သွားခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ကစားသမားအေတာ္မ်ားမ်ားကို ပြဲပန္းမႈေတြ ဒဏ္ရာေတြနဲ႔ အနားေပးထားခဲ့ရၿပီး ပြဲထြက္ေနက် ဖိုဒန္ မပါဝင္ႏိုင္လို႔ ဇင္ခ်န္ကိုနဲ႔ အစားထိုးခဲ့ရသလို အရန္ခုံမွာ စီနီယာ တိုက္စစ္ကစားသမားဆိုလို႔ ဂါဘရီယယ္လ္ ေဂ်ဆူးစ္တစ္ေယာက္တည္းသာ ပါခဲ့ၿပီး အိမ္ရွင္အသင္းတစ္သင္းနဲ႔ မလိုက္ဖက္ေအာင္ကို အရန္ကစားသမား ၈ ဦးသာ ပါဝင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီကေတာ့ ဒဏ္ရာက သက္သာလာတဲ့ ဆာဂ်ီယို ရာမို႔စ္အပါအဝင္ အရန္ခုံမွာ ၁၂ ဦးအျပည့္ ေခၚလာခဲ့ၿပီး မက္ဆီ၊ ေနမာ၊ အမ္ဘာေပတို႔ တိုက္စစ္ကို ေဂးယီ၊ ဟာရဲရား၊ ပါေရးဒက္စ္တို႔ရဲ႕ ကြင္းလယ္အားနဲ႔ ကူညီေပးဖို႔ ျပင္ဆင္လာခဲ့သလို ခံစစ္မွာလည္း ဟာကီမီ၊ မားကင္ေညာ့စ္တို႔ အပါအဝင္ လူစုံထုတ္ကစားလာခဲ့ပါတယ္။

ပြဲခ်ိန္ ၅ မိနစ္မွာ မာရက္ဇ္ရဲ႕ ဖရီးကစ္ကို ႐ိုဒရီ ေခါင္းတိုက္သြင္းမႈက ဂိုးသမား နာဗက္စ္ကို ေက်ာ္ျဖတ္သြားခဲ့ေပမယ့္ ေနာက္ခံလူ ကင္ပမ္ဘီက စည္းေပၚကေန ေနာက္ျပန္တိုက္ၿပီး ရွင္းထုတ္ႏိုင္ခဲ့လို႔ မန္စီးတီးတို႔ နစ္နာခဲ့ရသလို ဒီက ထြက္လာတဲ့ ေဘာလုံးကို မာရက္ဇ္ပဲ ကန္သြင္းခဲ့ေပမယ့္ ေထာင့္ကန္ေဘာပဲ ျဖစ္သြားခဲ့တာပါ။

ပြဲခ်ိန္ ၁၈ မိနစ္မွာ တန္ျပန္တိုက္စစ္ကေန မာရက္ဇ္ရၿပီး ဘာနာဒို ေဆးလ္ဗားနဲ႔ အေပးအယူလုပ္ရင္း အပိုင္ကန္ခဲ့ေပမယ့္ ဟာကီမီက ေခါင္းတိုက္ရွင္းထုတ္သြားႏိုင္ခဲ့သလို ဘယ္ျခမ္းမွာ ကစားကြက္ထဲကို သိပ္မဝင္ဘဲ မကစားရတာၾကာလို႔ အသင္းနဲ႔ အတြဲအဖက္ မမိေတာ့တဲ့ ဇင္ခ်န္ကိုေၾကာင့္ ညာျခမ္းကိုပဲ စီးတီးတို႔ အဓိက အားကိုးေနခဲ့ရပါတယ္။

ပြဲခ်ိန္ ၃၃ မိနစ္မွာေတာ့ ဘယ္ျခမ္းကေန ကန္ဆယ္လိုက ေတာင္ပံတိုက္စစ္မႉးတစ္ေယာက္လို ထိုးေဖာက္လာခဲ့ၿပီး ပီအက္စ္ဂ်ီခံစစ္ကို လုပ္ခ်င္သလို လုပ္ၿပီးမွ ျဖတ္တင္ေပးတဲ့ အခြင့္အေရးေကာင္းကို ဂြန္ဒိုးဝမ္ရဲ႕ ကန္ခ်က္က တိုင္ထိထြက္ခဲ့လို႔ စီးတီးတို႔ အဖြင့္ဂိုးနဲ႔ လြဲေခ်ာ္ခဲ့ရသလို စကၠန႔္ပိုင္း အတြင္းမွာပဲ မာရက္ဇ္ရဲ႕ ေနာက္တစ္ႀကိမ္ ကန္ခ်က္ကိုလည္း ဂိုးသမား နာဗက္စ္က ပုတ္ထုတ္သြားႏိုင္ခဲ့တာပါ။

ပထမပိုင္းမွာ စီးတီးတို႔ ဖိကစားေနခဲ့ၿပီး အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့လို႔ ဂိုးမရခဲ့သလို ပီအက္စ္ဂ်ီကေတာ့ တန္ျပန္တိုက္စစ္ကေန အခြင့္အေရးတခ်ိဳ႕ ရခဲ့ေပမယ့္ အမ္ဘာေပအေနနဲ႔ လိုအပ္ခ်က္ေတြ မ်ားေနခဲ့တာေၾကာင့္ ဂိုးသမား အီဒါဆန္အတြက္ နဘယံ ေဘးမရွိျဖစ္ခဲ့ၿပီး ဂိုးမရွိသေရ ရလဒ္သာ ထြက္ေပၚေနခဲ့ပါတယ္။

ဒုတိယပိုင္းျပန္စအၿပီး ပြဲခ်ိန္ မိနစ္ ၅၀ မွာေတာ့ ဧည့္သည္ ပီအက္စ္ဂ်ီတို႔ အဖြင့္ဂိုး စတင္သြင္းယူႏိုင္ခဲ့ၿပီး ဘယ္ျခမ္းကေန ေနမာအတြက္ ရည္႐ြယ္ခဲ့တဲ့ မက္ဆီရဲ႕ ျဖတ္တင္ေဘာက ေနာက္တန္းနဲ႔ထိၿပီး လမ္းေၾကာင္းေျပာင္းသြားတာကို ရသြားခဲ့တဲ့ အမ္ဘာေပက ဂိုးသမား အီဒါဆန္ရဲ႕ ေပါင္ၾကားကေန အနီးကပ္ကန္သြင္းႏိုင္ခဲ့လို႔ မန္စီးတီးတို႔ ေနာက္က လိုက္ကစားခဲ့ရပါတယ္။

ဂိုးေပးအၿပီးမွာေတာ့ ဂြါဒီယိုလာအေနနဲ႔ တစ္ခုတည္းေသာ ေ႐ြးခ်ယ္စရာျဖစ္တဲ့ ဇင္ခ်န္ကိုအစား ေဂ်ဆူးစ္ကို ထည့္သြင္းၿပီး ေခ်ပဂိုးရဖို႔အတြက္ ႀကိဳးစားလာခဲ့သလို ပြဲခ်ိန္ မိနစ္ ၆၀ မွာေတာ့ ေထာင့္ကန္ေဘာကို အနီးကပ္ အေပးအယူလုပ္ၿပီး ကန္တဲ့ မာရက္ဇ္ရဲ႕ ကန္ခ်က္ကို ဂိုးသမား နာဗက္စ္က ကာကြယ္ႏိုင္ခဲ့တာေၾကာင့္ ပီအက္စ္ဂ်ီတို႔ေတာင္ ႏိုင္ပြဲအတြက္ ယုံၾကည္ခ်က္နဲ႔ ထိန္းကစားဖို႔ ဟာရဲရားအစား ဒါနီလို ပါရဲရားကို ထည့္သြင္းခဲ့တာပါ။

ဒါေပမယ့္ ပြဲခ်ိန္ ၆၃ မိနစ္မွာေတာ့ အိမ္ရွင္ေတြ ေခ်ပဂိုး ျပန္လည္သြင္းယူႏိုင္ခဲ့ၿပီး ႐ိုဒရီရဲ႕ ျဖတ္တင္ေဘာကို ေဝၚလ္ကာက ညာျခမ္းကေန ျပန္ၿပီး ခ်ိဳးေပးခဲ့ရာမွာ ေဂ်ဆူးစ္က ယူမလိုနဲ႔ ဟေပးခဲ့တဲ့ ေဘာလုံးကို ဘယ္ျခမ္းက စတာလင္က တိုင္ေျခကို အနီးကပ္ပိတ္သြင္းႏိုင္ခဲ့လို႔ ပီအက္စ္ဂ်ီတို႔ ဘာမွ မတတ္ႏိုင္ခဲ့ဘဲ တစ္ဂိုးစီ သေရျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၆၇ မိနစ္မွာေတာ့ ပီအက္စ္ဂ်ီတို႔ ေဂးယီအစား ဒီမာရီယာနဲ႔ ႏူႏို မန္ဒက္စ္အစား ခယ္ရာတို႔ကို ထည့္ခဲ့ၿပီး ပြဲခ်ိန္ ၇၄ မိနစ္မွာေတာ့ ေနမာက ဒီမာရီယာနဲ႔ ဝမ္းတူး႐ိုက္ၿပီး ကန္ခဲ့ေပမယ့္ စီးတီးေနာက္ခံလူေတြရဲ႕ ဖိအားေပးမႈေၾကာင့္ လွပတဲ့ သြင္းဂိုးတစ္ဂိုးနဲ႔ ေဝးခဲ့ရၿပီး ဂိုးတိုင္ဘယ္ဘက္ေဘးကိုပဲ ကန္မိခဲ့ပါတယ္။

ပြဲခ်ိန္ ၇၆ မိနစ္မွာေတာ့ ပထမဂိုးရဲ႕ ေျပာင္းျပန္ပုံစံနဲ႔ ညာျခမ္းကေန မာရက္ဇ္က အတြင္းကို ဆြဲၿပီးမွ ဘယ္ျခမ္းကို ျဖတ္တင္ေပးခဲ့ရာမွာ ဘာနာဒို ေဆးလ္ဗားက အတြင္းကို အသာျပန္ခ်ိဳးေပးခဲ့ရာမွာ အလယ္မွာ ရွိေနတဲ့ ေဂ်ဆူးစ္က ေနာက္ခံလူ မားကင္ေညာ့စ္ကို ကြယ္ၿပီး ကန္သြင္းယူသြားခဲ့လို႔ ဂိုးသမား နာဗက္စ္ မကာကြယ္ႏိုင္ခဲ့ဘဲ စီးတီးတို႔ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ႏွစ္ဖက္လုံး အမွားေစာင့္ၿပီး ကစားသြားခဲ့ေပမယ့္ ထပ္ၿပီး ရလဒ္ေျပာင္းလဲဖို႔ေတာ့ မတတ္ႏိုင္ခဲ့ၾကတာေၾကာင့္ ႏွစ္ဂိုး-တစ္ဂိုးရလဒ္နဲ႔ ပြဲၿပီးဆုံးခဲ့ၿပီး မန္စီးတီးတို႔ ၅ ပြဲကစား ၄ ပြဲႏိုင္ ၁ ပြဲရႈံးနဲ႔ အုပ္စု(A)ကို ဗိုလ္စြဲႏိုင္ခဲ့သလို ပီအက္စ္ဂ်ီတို႔ကေတာ့ ကလပ္ဘ႐ုဂ်္က မႏိုင္ဘဲ RB လိုက္ပ္ဇစ္က ႏိုင္သြားခဲ့ခ်ိန္မွာ သူတို႔ႏွစ္သင္းနဲ႔ ၄ မွတ္ ကြာဟသြားခဲ့လို႔ ဒုတိယေနရာကေန ေနာက္တစ္ဆင့္တက္သြားခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.