Premier League

ချန်ပီယံလိဂ်မှာ ကန်သွင်းခဲ့တဲ့ နောက်ဆုံး အလွတ်တည်ကန်ဘော ၃၄ ကြိမ်အထိ ဂိုးမရရှိသေးတဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ယခုရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ၁၃ ပွဲမှာ ၉ ဂိုးအထိ သွင်းယူပေးထားပြီး တစ်ဦးချင်းအဆင့်မှာတော့ ဆိုးရွားတဲ့ရာသီမဟုတ်ခဲ့တာ ကျိန်းသေပါတယ်။

ဒါပေမယ့်လည်း ပေါ်တူဂီကြယ်ပွင့်ဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် ပြစ်တင်ဝေဖန်ခြင်းကို ခံခဲ့ရပြီး နောက်ဆုံးမှာတော့ အသင်းက နည်းပြ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။ အသက် ၃၆ နှစ်အရွယ်တိုက်စစ်မှူးဟာ မိနစ် ၉၀ လောက် တိုက်စစ်မှာ ဖိအားပေးနိုင်စွမ်း မရှိတော့တာကြောင့် ပရိသတ်အချို့က ၎င်းရောက်ရှိလာမှုက အသင်းလူစာရင်းကို အနှောင့်အယှက်ဖြစ်စေတယ်လို့ ယုံကြည်ခဲ့ကြပါတယ်။

ရော်နယ်လ်ဒိုဟာ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်တာနဲ့အညီ ပွဲကစားရာမှာ ကြီးမားတဲ့အတ္တနဲ့ ကစားနေတာ သိသာပြီး အဲဒီအတ္တကြောင့်ပဲ ကစားသမားဘဝအတွင်း မယုံနိုင်ဖွယ် အရာတွေကို ရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အတ္တဟာ တခါတရံအသင်းကို ထိခိုက်မှုတွေ ဖြစ်လာစေနိုင်ပြီး ဥပမာတစ်ခုအနေနဲ့ ယူနိုက်တက်ရဲ့ ဗီလာရီးရဲလ်ကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်အတွင်းက အဖြစ်အပျက်တစ်ခုက သက်သေပြနေပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပထမပိုင်းမှာ ဗီလာရီးရဲလ်အသင်းရဲ့ အကြိမ်ကြိမ်ဂိုးပေါက်ခြိမ်းခြောက်မှုတွေနဲ့အတူ ပြင်းထန်တဲ့ ဖိအားပေးတိုက်စစ်ဆင်မှုတွေ ခံခဲ့ရပြီးနောက် ဂိုးမရှိသရေကျနေချိန်မှာ ပင်နယ်တီဧရိယာအစွန်မှာ အလွတ်တည်ကန်ဘော ကန်သွင်းခွင့်ရရှိခဲ့ပါတယ်။

အဲဒီ အလွတ်တည်ကန်ဘောကို ရော်နယ်လ်ဒိုက ကန်ခွင့် ရရှိခဲ့ပြီး အသင်းဖော်တွေ ဂိုးသွင်းခွင့်ရရှိအောင် ဖန်တီးပေးတာမျိုး မပြုလုပ်ဘဲ လူတံတိုင်းကို တည့်တည့်မတ်မတ် ကန်လိုက်ပြီး ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ဘူးဆိုရင် ဘယ်သူကမှ လုံးဝ အံ့အားသင့်မှာမဟုတ်ပါဘူး။

ဘာကြောင့် အံ့အားမသင့်ကြတော့တာလဲဆိုရင် အမှန်တရားကို ပြသနေတဲ့ အချက်အလက်တွေကြောင့်ဖြစ်ပြီး ရော်နယ်လ်ဒိုဟာ ချန်ပီယံလိဂ်မှာ နောက်ဆုံးကန်သွင်းခဲ့တဲ့ ၃၄ ကြိမ်ဆက်တိုက် ဂိုးမသွင်းနိုင်ခဲ့ဘူးလို့ ကိန်းဂဏန်းတွေက ဖော်ပြနေပါတယ်။

ရော်နယ်လ်ဒိုအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အလွတ်တည်ကန်ဘောကနေ နောက်ဆုံးအကြိမ် ဂိုးကန်သွင်းနိုင်ခဲ့တာကတော့ ၂၀၁၆ ခုနှစ် စက်တင်ဘာလတုန်းကဖြစ်ပြီး ရီးရဲလ်မက်ဒရစ်နဲ့ စပို့တင်းလစ္စဘွန်းတို့ တစ်ဖက် ၁ ဂိုးစီ သရေကျနေချိန် ၈၉ မိနစ်မှာ အလွတ်တည်ကန်ဘောကနေ အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခရစၥတီယာနို ေရာ္နယ္လ္ဒိုဟာ ယခုရာသီမွာ မန္ခ်က္စတာယူနိုက္တက္အသင္းအတြက္ ၿပိဳင္ပြဲစုံ ၁၃ ပြဲမွာ ၉ ဂိုးအထိ သြင္းယူေပးထားၿပီး တစ္ဦးခ်င္းအဆင့္မွာေတာ့ ဆိုးရြားတဲ့ရာသီမဟုတ္ခဲ့တာ က်ိန္းေသပါတယ္။

ဒါေပမယ့္လည္း ေပၚတူဂီၾကယ္ပြင့္ဟာ မန္ခ်က္စတာယူနိုက္တက္အသင္းရဲ့ ရလဒ္ဆိုးေတြေၾကာင့္ ျပစ္တင္ေဝဖန္ျခင္းကို ခံခဲ့ရၿပီး ေနာက္ဆုံးမွာေတာ့ အသင္းက နည္းၿပ ဆိုးလ္ရွားကို ရာထူးကေန ထုတ္ပယ္လိုက္တာျဖစ္ပါတယ္။ အသက္ ၃၆ ႏွစ္အရြယ္တိုက္စစ္မႉးဟာ မိနစ္ ၉၀ ေလာက္ တိုက္စစ္မွာ ဖိအားေပးနိုင္စြမ္း မရွိေတာ့တာေၾကာင့္ ပရိသတ္အခ်ိဳ႕က ၎ေရာက္ရွိလာမႈက အသင္းလူစာရင္းကို အေႏွာင့္အယွက္ျဖစ္ေစတယ္လို႔ ယုံၾကည္ခဲ့ၾကပါတယ္။

ေရာ္နယ္လ္ဒိုဟာ အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္တာနဲ႔အညီ ပြဲကစားရာမွာ ႀကီးမားတဲ့အတၱနဲ႔ ကစားေနတာ သိသာၿပီး အဲဒီအတၱေၾကာင့္ပဲ ကစားသမားဘဝအတြင္း မယုံနိုင္ဖြယ္ အရာေတြကို ရရွိခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အတၱဟာ တခါတရံအသင္းကို ထိခိုက္မႈေတြ ျဖစ္လာေစနိုင္ၿပီး ဥပမာတစ္ခုအေနနဲ႔ ယူနိုက္တက္ရဲ့ ဗီလာရီးရဲလ္ကို ၂-၀ နဲ႔ အနိုင္ရခဲ့တဲ့ပြဲစဥ္အတြင္းက အျဖစ္အပ်က္တစ္ခုက သက္ေသျပေနပါတယ္။

မန္ခ်က္စတာယူနိုက္တက္ဟာ ပထမပိုင္းမွာ ဗီလာရီးရဲလ္အသင္းရဲ့ အႀကိမ္ႀကိမ္ဂိုးေပါက္ၿခိမ္းေျခာက္မႈေတြနဲ႔အတူ ျပင္းထန္တဲ့ ဖိအားေပးတိုက္စစ္ဆင္မႈေတြ ခံခဲ့ရၿပီးေနာက္ ဂိုးမရွိသေရက်ေနခ်ိန္မွာ ပင္နယ္တီဧရိယာအစြန္မွာ အလြတ္တည္ကန္ေဘာ ကန္သြင္းခြင့္ရရွိခဲ့ပါတယ္။

အဲဒီ အလြတ္တည္ကန္ေဘာကို ေရာ္နယ္လ္ဒိုက ကန္ခြင့္ ရရွိခဲ့ၿပီး အသင္းေဖာ္ေတြ ဂိုးသြင္းခြင့္ရရွိေအာင္ ဖန္တီးေပးတာမ်ိဳး မျပဳလုပ္ဘဲ လူတံတိုင္းကို တည့္တည့္မတ္မတ္ ကန္လိုက္ၿပီး ဂိုးအျဖစ္ မေျပာင္းလဲနိုင္ခဲ့ဘူးဆိုရင္ ဘယ္သူကမွ လုံးဝ အံ့အားသင့္မွာမဟုတ္ပါဘူး။

ဘာေၾကာင့္ အံ့အားမသင့္ၾကေတာ့တာလဲဆိုရင္ အမွန္တရားကို ျပသေနတဲ့ အခ်က္အလက္ေတြေၾကာင့္ျဖစ္ၿပီး ေရာ္နယ္လ္ဒိုဟာ ခ်န္ပီယံလိဂ္မွာ ေနာက္ဆုံးကန္သြင္းခဲ့တဲ့ ၃၄ ႀကိမ္ဆက္တိုက္ ဂိုးမသြင္းနိုင္ခဲ့ဘူးလို႔ ကိန္းဂဏန္းေတြက ေဖာ္ျပေနပါတယ္။

ေရာ္နယ္လ္ဒိုအေနနဲ႔ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ အလြတ္တည္ကန္ေဘာကေန ေနာက္ဆုံးအႀကိမ္ ဂိုးကန္သြင္းနိုင္ခဲ့တာကေတာ့ ၂၀၁၆ ခုႏွစ္ စက္တင္ဘာလတုန္းကျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္နဲ႔ စပို႔တင္းလစၥဘြန္းတို႔ တစ္ဖက္ ၁ ဂိုးစီ သေရက်ေနခ်ိန္ ၈၉ မိနစ္မွာ အလြတ္တည္ကန္ေဘာကေန အနိုင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.