Analysis Premier League

အမှန်တကယ် ပြန်လည်စိန်ခေါ်နိုင်ဖို့ အာတီတာ ဖြေရှင်းရမယ့် အားနည်းချက် ၃ ခု

အာဆင်နယ်အသင်းဟာ လီဗာပူးလ်အသင်းကို ၄-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ပွဲအပြီးမှာ အာဆင်နယ်ပရိသတ်တွေဟာ လူမှုကွန်ရက်မှာ ဒေါသအိုးပေါက်ကွဲခဲ့တာ အံ့အားသင့်စရာမဟုတ်တော့ပါဘူး။

အာဆင်နယ်ရဲ့ လီဗာပူးလ်နဲ့ကစားခဲ့တဲ့ ပွဲစဉ်က ရှုံးပွဲဟာ အန်းဖီးမှာ ၆ ကြိမ်ဆက်တိုက် သွင်းဂိုး ၂၂ ဂိုးအထိ ခွင့်ပြုပေးခဲ့ရပြီး ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ဖြစ်ခဲ့ပြီး ပရိသတ်အများစုဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ အသင်းကို တာဝန်ယူကိုင်တွယ်ပြီးကတည်းက အာတီတာလက်အောက်မှာ အသင်းက အမှန်တကယ် တိုးတက်လာခဲ့ရဲ့လားဆိုတဲ့ မေးခွန်းတွေ ထုတ်ခဲ့ကြပါတယ်။

အမှန်တကယ်ပဲ အာဆင်နယ်အသင်းဟာ ယခုရာသီမှာ လီဗာပူးလ်၊ မန်စီးတီးနဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ အပြတ်အသတ် အနိုင်ယူခြင်းကို ခံခဲ့ရပြီး အဲဒီပွဲစဉ် ၃ ပွဲမှာ သွင်းဂိုး လုံးဝမရခဲ့ဘဲ ပေးဂိုး ၁၁ ဂိုးအထိ ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ လီဗာပူးလ်ရဲ့ စွမ်းဆောင်ရည်ဟာ အာဆင်နယ်အသင်းရဲ့ အားနည်းချက်အသစ်တွေကို ပြသခဲ့တာမဟုတ်ဘဲ ပြီးခဲ့တဲ့ပွဲစဉ်က အထင်ကြီးဖွယ်ရလဒ်တွေရဲ့ အရိပ်မိုးခြင်းခံခဲ့ရတဲ့ ကာလရှည်ကြုံတွေ့ခဲ့ရတဲ့ ပြဿနာတွေကို အားဖြည့်ပေးသလို ဖြစ်ခဲ့တာသာ ဖြစ်ပါတယ်။ အာတီတာအနေနဲ့ အသင်းကို တိုးတက်အောင်ပြုလုပ်နိုင်ဖို့အတွက် မဖြစ်မနေ အလျင်အမြန် ဖြေရှင်းရမယ့် အားနည်းချက် ၃ ခုက ဘာတွေလဲ…

တိုက်စစ်မှူး အကြပ်အတည်း

အူဘာမီယန်းဟာ အာဆင်နယ်အတွက် အားထားရတဲ့တိုက်စစ်မှူး မဟုတ်ခဲ့တာ ကြာခဲ့ပြီဖြစ်ပြီး ဂါဘွန်တိုက်စစ်မှူးဟာ မြောက်လန်ဒန်ကို ရောက်ရှိခဲ့တဲ့ ပထမဆုံး ၂ ရာသီခွဲမှာ သွင်းဂိုး ၇၀ အထိ အံ့အားသင့်ဖွယ် သွင်းယူပေးခဲ့ရာမှာ အက်ဖ်အေဖလားရရှိစေမယ့် လမ်းသို့သွားရာလမ်းက မန်စီးတီးနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်လိုမျိုး ကြီးမားတဲ့ပွဲစဉ်တွေအချို့မှာပါ ဂိုးသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အူဘာမီယန်းဟာ ပြီးခဲ့တဲ့ရာသီအစကတည်းက ပြေးနှုန်း၊ အဆုံးသတ်ပိုင်းနဲ့ ဘောလုံးအထိန်းအသိမ်းပိုင်းမှာ ကျဆင်းခဲ့ပြီး ယခုရာသီမှာလည်း အကြိမ်တော်တော်များများ အမှားတွေ ပြုလုပ်ခဲ့တာကြောင့် ပရိသတ်တွေဟာ အံ့အားသင့်ခဲ့ကြပါတယ်။

အူဘာမီယန်းရဲ့ အဆုံးသတ်ပိုင်းနဲ့ ချိတ်ဆက်ကစားနိုင်စွမ်းဟာ ထိပ်ဆုံးလေးနေရာအတွက် ယှဉ်ပြိုင်နေတဲ့အသင်းတွေမှာ လိုအပ်တဲ့ အဆင့်အတန်းနဲ့ ဝေးကွာနေချိန်မှာ အာတီတာက ၎င်းနဲ့အတူ လာကာဇက်ကို တွဲဖက်ကစားစေပြီး ကမ္ဘာ့အဆင့်တိုက်စစ်မှူးတစ်ယောက် လုပ်ဆောင်နိုင်တဲ့အလုပ်ကို ၂ ယောက်ပေါင်း လုပ်စေခဲ့ရတာဖြစ်ပါတယ်။ လာကာဇက်ရဲ့စာချုပ်သက်တမ်းဟာ ယခုနွေရာသီမှာကုန်ဆုံးတော့မှာဖြစ်သလို အူဘာမီယန်းကလည်း ၎င်းရဲ့အကောင်းဆုံးခြေစွမ်းပိုင်ဆိုင်ထားတဲ့ ကာလကို ကျော်လွန်ခဲ့ပြီဖြစ်တာကြောင့် အာတီတာအနေနဲ့ လာမယ့်နွေရာသီမှာ ကမ္ဘာ့အဆင့်ဖြစ်နိုင်ခြေရှိတဲ့ တိုက်စစ်မှူးကို ခေါ်ယူဖို့ ဦးစားပေးလုပ်ဆောင်သွားဖို့ လိုအပ်မှာဖြစ်ပါတယ်။

တိုမီယာစုရဲ့ တိုက်စစ်လိုက်ပါနိုင်စွမ်း

ပြီးခဲ့တဲ့ နွေရာသီမှာ ပေါင် ၁၆ သန်းတည်းနဲ့ ခေါ်ယူခဲ့တဲ့ တိုမီယာစုဟာ နည်းစနစ်ဒါရိုက်တာရဲ့အောင်မြင်တဲ့ ခေါ်ယူမှုဖြစ်ခဲ့လားဆိုတာ မေးခွန်းထုတ်စရာမရှိပါဘူး။ ဂျပန်လက်ရွေးစင်နောက်ခံကစားသမားရဲ့ ခံစစ်ပိုင်းအရည်အသွေးဟာ အများအားဖြင့် အပြစ်ပြောစရာမရှိပေမယ့် တိုက်စစ်ပိုင်းကို လိုက်ပါရာမှာတော့ တိုးတက်အောင်လုပ်ဖို့ အများကြီးရှိနေပါသေးတယ်။ အသက် ၂၃ နှစ်အရွယ်နောက်ခံကစားသမားဟာ ဗဟိုခံစစ်ကစားသမားပုံစံ ညာနောက်ခံကစားသမားမျိုးဖြစ်တာကြောင့် ပင်ကိုအားဖြင့် တိုက်စစ်အမြင်ရှိတဲ့ကစားသမားမဟုတ်တာကို ခွင့်လွှတ်နိုင်စရာရှိပေမယ့် တိုက်စစ်ကို ပ့ံပိုးပေးဖို့ တွန့်ဆုတ်နေမှုက အာဆင်နယ်ကို ညာတောင်ပံမှာ ခါးဆက်ပြတ်နေစေခဲ့ပါတယ်။

ယခုရာသီမှာ ဆာကာဟာ ဘောလုံးလက်ခံရရှိချိန်မှာ တိုမီယာစုက ပြေးထွက်နိုင်အောင် အထောက်အပံ့ပေးခြင်း သို့မဟုတ် အာရုံလွှဲပေးခြင်းမရှိဘဲ မကြာခဏ ပြိုင်ဘက်နောက်ခံကစားသမား ၂ ဦးရဲ့ ဝန်းရံပိတ်ဆို့ခြင်းကို မကြာခဏခံခဲ့ရပါတယ်။ တကယ်လို့ အာတီတာသာ အရေးကြီးတဲ့ တိုက်စစ်အသိဉာဏ်မျိုးသာ တိုမီယာစုကို သင်ကြားပေးနိုင်မယ်ဆိုရင် အာဆင်နယ်အနေနဲ့ တိုက်စစ်မှာ အခုထက် ပိုပြီးတော့ ကောင်းမွန်လာမှာဖြစ်ပါတယ်။

ကွင်းလယ်တွဲဘက်အသစ်

လိုကွန်ဂါဟာ ပြီးခဲ့တဲ့နွေရာသီမှာ ပေါင် ၁၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့အချိန်မှာ ပရီးမီးယားလိဂ် ပရိသတ်အများစုက ဘယ်ကမှန်း မသိခဲ့ကြပါဘူး။ အသက် ၂၂ နှစ်အရွယ်ကစားသမားဟာ ၎င်းရဲ့ ဘောလုံးပေးပို့နိုင်စွမ်းနဲ့အတူ အလားအလာတွေ ပြသခဲ့ပေမယ့်လည်း ၎င်းရဲ့ ဘောလုံးပိုင်ဆိုင်မှုနဲ့ ခံစစ်ပိုင်းအားနည်းမှုကြောင့် အာဆင်နယ်ဟာ ၎င်းနဲ့အတူ တွဲဘက်အဖြစ် ပါတေးကို ဗဟိုကွင်းလယ်နေရာမှာထားပြီး အသင်းကြီးတွေနဲ့ ယှဉ်ပြိုင်နိုင်မှာမဟုတ်ပါဘူး။ အာဆင်နယ်ဟာ မိတ်လန်း-နိုင်းစ်ကိုလည်း ယခုရာသီ ကွင်းလယ်မှာ ကစားဖို့ အခွင့်အရေးပေးခဲ့သေးပေမယ့် လိုကွန်ဂါလိုမျိုးပဲ လူငယ်ကြယ်ပွင့်ဟာ အာဆင်နယ်ရဲ့ထိပ်တန်း ၆ သင်းပြိုင်ဘက် လက်ရှိအချိန်ပိုင်ဆိုင်ထားတဲ့ ကွင်းလယ်ကစားသမားတွေရဲ့အရည်အသွေးနဲ့ များစွာ အလှမ်းကွာဝေးနေခဲ့တာဖြစ်ပါတယ်။

ချာကာက ဇန်နဝါရီလမှာ ပြန်လည်ကစားနိုင်ဖို့အတွက် ပြင်ဆင်နေပေမယ့်လည်း ဆွစ်ဇာလန်ဝါရင့်ကွင်းလယ်ကစားသမားရဲ့ ရွေ့လျားနိုင်စွမ်းကင်းမဲ့ခြင်းက အားနည်းချက်တွေ စမ်းသပ်ဖို့ ကြိုးပမ်းတာလောက်ဖြစ်နေမှာဖြစ်တာကြောင့် အာဆင်နယ်အတွက် အကန့်အသတ်တွေ ဆက်ရှိနေဦးမှာဖြစ်ပါတယ်။ ဒါကြောင့် အာတီတာအနေနဲ့ အသင်းကို နောက်ထပ်အဆင့်တစ်ခုကို ပို့ဆောင်ပေးချင်တယ်ဆိုရင် ထိပ်တန်းကွင်းလယ်ကစားသမားစစ်စစ်ကို ခေါ်ယူဖို့ လိုအပ်ပြီး လက်ရှိမှာ ရီနာတို ဆန်းချက်စ်က အဲဒီလို ကစားသမားမျိုးလို့ ယူဆခြင်းခံထားရတာဖြစ်ပါတယ်။ အီဒူးအနေနဲ့ ချာကာလိုမျိုး ဘောလုံးကို ထိန်းသိမ်းနိုင်တဲ့ ကွင်းလယ်ကစားသမားကို ရှာဖွေဖို့ ပစ်မှတ်ထားရမှာဖြစ်ပေမယ့်လည်း ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ အဆင့်မြှင့်တင်ထားတဲ့ ချာကာဗားရှင်းအသစ်ဖြစ်ဖို့ လိုမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္အသင္းဟာ လီဗာပူးလ္အသင္းကို ၄-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ပြဲအၿပီးမွာ အာဆင္နယ္ပရိသတ္ေတြဟာ လူမႈကြန္ရက္မွာ ေဒါသအိုးေပါက္ကြဲခဲ့တာ အံ့အားသင့္စရာမဟုတ္ေတာ့ပါဘူး။

အာဆင္နယ္ရဲ့ လီဗာပူးလ္နဲ႔ကစားခဲ့တဲ့ ပြဲစဥ္က ရႈံးပြဲဟာ အန္းဖီးမွာ ၆ ႀကိမ္ဆက္တိုက္ သြင္းဂိုး ၂၂ ဂိုးအထိ ခြင့္ျပဳေပးခဲ့ရၿပီး ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္ျဖစ္ခဲ့ၿပီး ပရိသတ္အမ်ားစုဟာ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလမွာ အသင္းကို တာဝန္ယူကိုင္တြယ္ၿပီးကတည္းက အာတီတာလက္ေအာက္မွာ အသင္းက အမွန္တကယ္ တိုးတက္လာခဲ့ရဲ့လားဆိုတဲ့ ေမးခြန္းေတြ ထုတ္ခဲ့ၾကပါတယ္။

အမွန္တကယ္ပဲ အာဆင္နယ္အသင္းဟာ ယခုရာသီမွာ လီဗာပူးလ္၊ မန္စီးတီးနဲ႔ ခ်ဲလ္ဆီးအသင္းတို႔ရဲ့ အျပတ္အသတ္ အနိုင္ယူျခင္းကို ခံခဲ့ရၿပီး အဲဒီပြဲစဥ္ ၃ ပြဲမွာ သြင္းဂိုး လုံးဝမရခဲ့ဘဲ ေပးဂိုး ၁၁ ဂိုးအထိ ခြင့္ျပဳခဲ့ရတာျဖစ္ပါတယ္။ လီဗာပူးလ္ရဲ့ စြမ္းေဆာင္ရည္ဟာ အာဆင္နယ္အသင္းရဲ့ အားနည္းခ်က္အသစ္ေတြကို ျပသခဲ့တာမဟုတ္ဘဲ ၿပီးခဲ့တဲ့ပြဲစဥ္က အထင္ႀကီးဖြယ္ရလဒ္ေတြရဲ့ အရိပ္မိုးျခင္းခံခဲ့ရတဲ့ ကာလရွည္ၾကဳံေတြ႕ခဲ့ရတဲ့ ျပႆနာေတြကို အားျဖည့္ေပးသလို ျဖစ္ခဲ့တာသာ ျဖစ္ပါတယ္။ အာတီတာအေနနဲ႔ အသင္းကို တိုးတက္ေအာင္ျပဳလုပ္နိုင္ဖို႔အတြက္ မျဖစ္မေန အလ်င္အျမန္ ေျဖရွင္းရမယ့္ အားနည္းခ်က္ ၃ ခုက ဘာေတြလဲ…

တိုက္စစ္မႉး အၾကပ္အတည္း

အူဘာမီယန္းဟာ အာဆင္နယ္အတြက္ အားထားရတဲ့တိုက္စစ္မႉး မဟုတ္ခဲ့တာ ၾကာခဲ့ၿပီျဖစ္ၿပီး ဂါဘြန္တိုက္စစ္မႉးဟာ ေျမာက္လန္ဒန္ကို ေရာက္ရွိခဲ့တဲ့ ပထမဆုံး ၂ ရာသီခြဲမွာ သြင္းဂိုး ၇၀ အထိ အံ့အားသင့္ဖြယ္ သြင္းယူေပးခဲ့ရာမွာ အက္ဖ္ေအဖလားရရွိေစမယ့္ လမ္းသို႔သြားရာလမ္းက မန္စီးတီးနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္လိုမ်ိဳး ႀကီးမားတဲ့ပြဲစဥ္ေတြအခ်ိဳ႕မွာပါ ဂိုးသြင္းယူေပးနိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အူဘာမီယန္းဟာ ၿပီးခဲ့တဲ့ရာသီအစကတည္းက ေျပးႏႈန္း၊ အဆုံးသတ္ပိုင္းနဲ႔ ေဘာလုံးအထိန္းအသိမ္းပိုင္းမွာ က်ဆင္းခဲ့ၿပီး ယခုရာသီမွာလည္း အႀကိမ္ေတာ္ေတာ္မ်ားမ်ား အမွားေတြ ျပဳလုပ္ခဲ့တာေၾကာင့္ ပရိသတ္ေတြဟာ အံ့အားသင့္ခဲ့ၾကပါတယ္။

အူဘာမီယန္းရဲ့ အဆုံးသတ္ပိုင္းနဲ႔ ခ်ိတ္ဆက္ကစားနိုင္စြမ္းဟာ ထိပ္ဆုံးေလးေနရာအတြက္ ယွဥ္ၿပိဳင္ေနတဲ့အသင္းေတြမွာ လိုအပ္တဲ့ အဆင့္အတန္းနဲ႔ ေဝးကြာေနခ်ိန္မွာ အာတီတာက ၎နဲ႔အတူ လာကာဇက္ကို တြဲဖက္ကစားေစၿပီး ကမၻာ့အဆင့္တိုက္စစ္မႉးတစ္ေယာက္ လုပ္ေဆာင္နိုင္တဲ့အလုပ္ကို ၂ ေယာက္ေပါင္း လုပ္ေစခဲ့ရတာျဖစ္ပါတယ္။ လာကာဇက္ရဲ့စာခ်ဳပ္သက္တမ္းဟာ ယခုေႏြရာသီမွာကုန္ဆုံးေတာ့မွာျဖစ္သလို အူဘာမီယန္းကလည္း ၎ရဲ့အေကာင္းဆုံးေျခစြမ္းပိုင္ဆိုင္ထားတဲ့ ကာလကို ေက်ာ္လြန္ခဲ့ၿပီျဖစ္တာေၾကာင့္ အာတီတာအေနနဲ႔ လာမယ့္ေႏြရာသီမွာ ကမၻာ့အဆင့္ျဖစ္နိုင္ေျခရွိတဲ့ တိုက္စစ္မႉးကို ေခၚယူဖို႔ ဦးစားေပးလုပ္ေဆာင္သြားဖို႔ လိုအပ္မွာျဖစ္ပါတယ္။

တိုမီယာစုရဲ့ တိုက္စစ္လိုက္ပါနိုင္စြမ္း

ၿပီးခဲ့တဲ့ ေႏြရာသီမွာ ေပါင္ ၁၆ သန္းတည္းနဲ႔ ေခၚယူခဲ့တဲ့ တိုမီယာစုဟာ နည္းစနစ္ဒါရိုက္တာရဲ့ေအာင္ျမင္တဲ့ ေခၚယူမႈျဖစ္ခဲ့လားဆိုတာ ေမးခြန္းထုတ္စရာမရွိပါဘူး။ ဂ်ပန္လက္ေရြးစင္ေနာက္ခံကစားသမားရဲ့ ခံစစ္ပိုင္းအရည္အေသြးဟာ အမ်ားအားျဖင့္ အျပစ္ေျပာစရာမရွိေပမယ့္ တိုက္စစ္ပိုင္းကို လိုက္ပါရာမွာေတာ့ တိုးတက္ေအာင္လုပ္ဖို႔ အမ်ားႀကီးရွိေနပါေသးတယ္။ အသက္ ၂၃ ႏွစ္အရြယ္ေနာက္ခံကစားသမားဟာ ဗဟိုခံစစ္ကစားသမားပုံစံ ညာေနာက္ခံကစားသမားမ်ိဳးျဖစ္တာေၾကာင့္ ပင္ကိုအားျဖင့္ တိုက္စစ္အျမင္ရွိတဲ့ကစားသမားမဟုတ္တာကို ခြင့္လႊတ္နိုင္စရာရွိေပမယ့္ တိုက္စစ္ကို ပ့ံပိုးေပးဖို႔ တြန႔္ဆုတ္ေနမႈက အာဆင္နယ္ကို ညာေတာင္ပံမွာ ခါးဆက္ျပတ္ေနေစခဲ့ပါတယ္။

ယခုရာသီမွာ ဆာကာဟာ ေဘာလုံးလက္ခံရရွိခ်ိန္မွာ တိုမီယာစုက ေျပးထြက္နိုင္ေအာင္ အေထာက္အပံ့ေပးျခင္း သို႔မဟုတ္ အာ႐ုံလႊဲေပးျခင္းမရွိဘဲ မၾကာခဏ ၿပိဳင္ဘက္ေနာက္ခံကစားသမား ၂ ဦးရဲ့ ဝန္းရံပိတ္ဆို႔ျခင္းကို မၾကာခဏခံခဲ့ရပါတယ္။ တကယ္လို႔ အာတီတာသာ အေရးႀကီးတဲ့ တိုက္စစ္အသိဉာဏ္မ်ိဳးသာ တိုမီယာစုကို သင္ၾကားေပးနိုင္မယ္ဆိုရင္ အာဆင္နယ္အေနနဲ႔ တိုက္စစ္မွာ အခုထက္ ပိုၿပီးေတာ့ ေကာင္းမြန္လာမွာျဖစ္ပါတယ္။

ကြင္းလယ္တြဲဘက္အသစ္

လိုကြန္ဂါဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ေပါင္ ၁၈ သန္းနဲ႔ ေျပာင္းေရႊ႕လာခဲ့တဲ့အခ်ိန္မွာ ပရီးမီးယားလိဂ္ ပရိသတ္အမ်ားစုက ဘယ္ကမွန္း မသိခဲ့ၾကပါဘူး။ အသက္ ၂၂ ႏွစ္အရြယ္ကစားသမားဟာ ၎ရဲ့ ေဘာလုံးေပးပို႔နိုင္စြမ္းနဲ႔အတူ အလားအလာေတြ ျပသခဲ့ေပမယ့္လည္း ၎ရဲ့ ေဘာလုံးပိုင္ဆိုင္မႈနဲ႔ ခံစစ္ပိုင္းအားနည္းမႈေၾကာင့္ အာဆင္နယ္ဟာ ၎နဲ႔အတူ တြဲဘက္အျဖစ္ ပါေတးကို ဗဟိုကြင္းလယ္ေနရာမွာထားၿပီး အသင္းႀကီးေတြနဲ႔ ယွဥ္ၿပိဳင္နိုင္မွာမဟုတ္ပါဘူး။ အာဆင္နယ္ဟာ မိတ္လန္း-နိုင္းစ္ကိုလည္း ယခုရာသီ ကြင္းလယ္မွာ ကစားဖို႔ အခြင့္အေရးေပးခဲ့ေသးေပမယ့္ လိုကြန္ဂါလိုမ်ိဳးပဲ လူငယ္ၾကယ္ပြင့္ဟာ အာဆင္နယ္ရဲ့ထိပ္တန္း ၆ သင္းၿပိဳင္ဘက္ လက္ရွိအခ်ိန္ပိုင္ဆိုင္ထားတဲ့ ကြင္းလယ္ကစားသမားေတြရဲ့အရည္အေသြးနဲ႔ မ်ားစြာ အလွမ္းကြာေဝးေနခဲ့တာျဖစ္ပါတယ္။

ခ်ာကာက ဇန္နဝါရီလမွာ ျပန္လည္ကစားနိုင္ဖို႔အတြက္ ျပင္ဆင္ေနေပမယ့္လည္း ဆြစ္ဇာလန္ဝါရင့္ကြင္းလယ္ကစားသမားရဲ့ ေရြ႕လ်ားနိုင္စြမ္းကင္းမဲ့ျခင္းက အားနည္းခ်က္ေတြ စမ္းသပ္ဖို႔ ႀကိဳးပမ္းတာေလာက္ျဖစ္ေနမွာျဖစ္တာေၾကာင့္ အာဆင္နယ္အတြက္ အကန႔္အသတ္ေတြ ဆက္ရွိေနဦးမွာျဖစ္ပါတယ္။ ဒါေၾကာင့္ အာတီတာအေနနဲ႔ အသင္းကို ေနာက္ထပ္အဆင့္တစ္ခုကို ပို႔ေဆာင္ေပးခ်င္တယ္ဆိုရင္ ထိပ္တန္းကြင္းလယ္ကစားသမားစစ္စစ္ကို ေခၚယူဖို႔ လိုအပ္ၿပီး လက္ရွိမွာ ရီနာတို ဆန္းခ်က္စ္က အဲဒီလို ကစားသမားမ်ိဳးလို႔ ယူဆျခင္းခံထားရတာျဖစ္ပါတယ္။ အီဒူးအေနနဲ႔ ခ်ာကာလိုမ်ိဳး ေဘာလုံးကို ထိန္းသိမ္းနိုင္တဲ့ ကြင္းလယ္ကစားသမားကို ရွာေဖြဖို႔ ပစ္မွတ္ထားရမွာျဖစ္ေပမယ့္လည္း ႐ုပ္ပိုင္းဆိုင္ရာေရာ စိတ္ပိုင္းဆိုင္ရာပါ အဆင့္ျမႇင့္တင္ထားတဲ့ ခ်ာကာဗားရွင္းအသစ္ျဖစ္ဖို႔ လိုမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.