Premier League

လီဗာပူးလ်နဲ့ လမ်းမခွဲခင် ဆာလားရဲ့စာချုပ်အတွက် အစီအစဉ်တွေလုပ်ထားတဲ့ အားကစားဒါရိုက်တာ

လီဗာပူးလ်အားကစားဒါရိုက်တာ မိုက်ကယ် အက်ဒွပ်က လာမယ့်နွေရာသီမှာ အသင်းနဲ့ လမ်းမခွဲမီ မိုဟာမက် ဆာလားကို စာချုပ်သစ် ချုပ်ဆိုဖို့အတွက် စီစဉ်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

အက်ဒွပ်က ယခုလအစောပိုင်းမှာ ယခုရာသီကုန်မှာ လက်ရှိ စာချုပ်သက်တမ်း ကုန်ဆုံးတာနဲ့ ၎င်းအနေနဲ့ အန်းဖီးကို စွန့်ခွာမှာဖြစ်တယ်လို့ ကြေညာခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ် နိုဝင်ဘာလကတည်းက အားကစားဒါရိုက်တာရာထူးကို စတင်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၅ နှစ်မှာ အက်ဒွပ်က လီဗာပူးလ်အသင်းကို ဥရောပဘောလုံးလောကမှာ ထိပ်တန်းအဆင့် ပြန်လည်ရောက်ရှိအောင် ကူညီပေးနိုင်ခဲ့ပြီး ဆာလား၊ ဗန်ဒိုက်နဲ့ အယ်လစ်ဆန်တို့ကို ခေါ်ယူဖို့အတွက် အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့သလို ကော်တင်ညိုကို ဘာစီလိုနာအသင်းထံ ကြီးမားတဲ့ပမာဏနဲ့ ရောင်းချနိုင်ဖို့လည်း ညှိနှိုင်းပေးခဲ့သူဖြစ်ပါတယ်။

လာမယ့်နှစ်မှာ အသင်းကို မနှုတ်ဆက်မီ အက်ဒွပ်က နောက်ဆုံး အားထုတ်မှုအနေနဲ့ အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး မိုဟာမက် ဆာလားကို စာချုပ်သစ် ချုပ်ဆိုပေးသွားပြီး စိတ်ချလက်ချ ထားရစ်ခဲ့ဖို့ မျှော်မှန်းထားကြောင်း Team Talk က ဖော်ပြခဲ့ပါတယ်။ အီဂျစ်လက်ရွေးစင်တိုက်စစ်မှူးဟာ လီဗာပူးလ်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ ၁၈ လသာ ကျန်ရှိတော့တာဖြစ်ပြီး သိပ်မကြာခင်ကာလအတွင်း အသင်းကို စွန့်ခွာသွားမှာကို စိုးရိမ်ထိတ်လန့်မှုတွေ ရှိနေကြတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ဆာလားရဲ့ကိုယ်စားလှယ်တွေနဲ့ လီဗာပူးလ်အသင်းတို့ဟာ ကြယ်ပွင့်တိုက်စစ်မှူးရဲ့ လစာတောင်းဆိုမှုနဲ့ပတ်သက်ပြီး သဘောတူညီမှု မရရှိသေးဘူးလို့ ယုံကြည်ရပြီး လီဗာပူးလ်အသင်းတာဝန်ရှိသူတွေက အသက် ၃၀ ပြည့်ဖို့ ၇ လသာ လိုတော့တဲ့ ဆာလားကို ကြီးမားတဲ့စာချုပ်သစ် ကမ်းလှမ်းဖို့နဲ့ပတ်သက်ပြီး စိုးရိမ်နေကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အက်ဒွပ်က လာမယ့်ဇူလိုင်လမှာ အသင်းကနေ မထွက်ခွာမီ အားကစားဒါရိုက်တာတစ်ယောက်အနေနဲ့ နောက်ဆုံးအကြိမ် အကောင်းဆုံးလုပ်ဆောင်မှုဖြစ်လာမယ့် စာချုပ်သစ် ကမ်းလှမ်းမှုကို လုပ်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ချက်ရှိနေတယ်လို့ နားလည်ရပါတယ်။

မိုဟာမက် ဆာလားဟာ ယခုရာသီမှာ လီဗာပူးလ်အသင်းအတွက် နောက်ထပ်တစ်ကြိမ် ရပ်တန့်လို့ မရနိုင်တဲ့ ခြေစွမ်း ပြသနေသူဖြစ်ပြီး ၁၆ ပွဲ ပါဝင်ကစားပေးထားရာမှာ ၁၆ ဂိုး သွင်းယူပေးထားခဲ့တာဖြစ်ပါတယ်။ ဆာလားရဲ့စာချုပ်သစ်အတွက် ညှိနှိုင်းဆွေးနွေးမှု အောင်မြင်ခဲ့မယ်ဆိုရင် အက်ဒွပ်အတွက် ကြီးမားတဲ့ အောင်မြင်မှုဖြစ်လာမှာဖြစ်ပြီး ၎င်းရဲ့နေရာမှာ လက်ရှိလက်ထောက်ဖြစ်သူ ဂျူလီယန် ဝါ့ဒ်က အစားထိုး တာဝန်ယူသွားမှာဖြစ်ပါတယ်။

“ဒီအချိန်အပိုင်းအခြားအတွင်း ဒီအသင်းရဲ့တစ်စိတ်တပိုင်းအဖြစ် ဒီလူတွေနဲ့ ကျွန်တော် အလုပ်အတူတူလုပ်ရတာ ဂုဏ်ယူစရာဖြစ်ခဲ့ပြီး သူတို့နဲ့ အလုပ်အတူတူ လုပ်ဖို့ ကံကောင်းသင့်သလောက် ကောင်းခဲ့ပြီး အောင်မြင်မှုကို ကျွန်တော်တို့တွေ ပျော်ရွှင်ခံစားခဲ့ရပါတယ်”

“ကျွန်တော် အမြဲတမ်း အသင်းက ကျွန်တော့်အချိန်ကို အများဆုံး ၁၀ နှစ်လောက်အထိ လုပ်နိုင်စွမ်းရှိအောင် အစီအစဉ်ချထားခဲ့ပါတယ်။ ကျွန်တော် ဒီမှာ အလုပ်လုပ်ရတာကို နှစ်သက်ပေမယ့် ကျွန်တော်က အပြောင်းအလဲအပေါ် အရမ်းယုံကြည်မှုရှိသူပါ။ အဲဒါက တစ်ဦးချင်းအတွက်၊ အလုပ်အစီအစဉ်ချမှုအတွက် ကောင်းမွန်ပြီး အလုပ်သမားတွေအတွက်လည်း ကောင်းမွန်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော် ဒီမှာရှိတဲ့ အချိန်တွေမှာ အရာတော်တော်များများ ပြောင်းလဲခဲ့ပေမယ့် လူသစ်တစ်စုံတယောက်က မတူညီတဲ့ရှုထောင့်၊ အကြံအစည်အသစ်တွေကို သယ်ဆောင်လာပြီး မကြာခင်မှာ အသင်းကအရာတွေအပေါ်မှာ ပြောင်းလဲတည်ဆောက်နိုင်မယ်လို့ မျှော်လင့်နိုင်ပါတယ်”

“ဂျူလီယန်က ဒီအလုပ်တာဝန်အတွက် နှစ်ပေါင်းများစွာ ကျွမ်းကျင်မှုတွေ တည်ဆောက်ခဲ့တဲ့သူပါ။ မနှစ်က သူ လက်ထောက် အားကစားဒါရိုက်တာ တာဝန်ကို ယူခဲ့ပြီး ပြီးခဲ့တဲ့ ၁၂ လအတွင်း အောင်မြင်မှုအတွက် အရေးကြီးတဲ့ အခြားအခန်းကဏ္ဍရဲ့ မျက်နှာသစ်တွေကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။ သူက ဒီရာထူးအတွက် စံပြဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ လာမယ့်ရာသီမှာ ခေါင်းဆောင်မှု အကူးအပြောင်း ပြီးမြောက်အောင် ကျွန်တော် သူ့ကို ဆက်ပြီး ပ့ံပိုးပေးသွားမှာဖြစ်ပါတယ်”လို့ အက်ဒွပ်က ထုတ်ပြန်ကြေညာချက်မှာ ရေးသားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္အားကစားဒါရိုက္တာ မိုက္ကယ္ အက္ဒြပ္က လာမယ့္ေႏြရာသီမွာ အသင္းနဲ႔ လမ္းမခြဲမီ မိုဟာမက္ ဆာလားကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔အတြက္ စီစဥ္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။

အက္ဒြပ္က ယခုလအေစာပိုင္းမွာ ယခုရာသီကုန္မွာ လက္ရွိ စာခ်ဳပ္သက္တမ္း ကုန္ဆုံးတာနဲ႔ ၎အေနနဲ႔ အန္းဖီးကို စြန႔္ခြာမွာျဖစ္တယ္လို႔ ေၾကညာခဲ့တာျဖစ္ၿပီး ၂၀၁၆ ခုႏွစ္ နိုဝင္ဘာလကတည္းက အားကစားဒါရိုက္တာရာထူးကို စတင္တာဝန္ထမ္းေဆာင္ခဲ့သူျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ၅ ႏွစ္မွာ အက္ဒြပ္က လီဗာပူးလ္အသင္းကို ဥေရာပေဘာလုံးေလာကမွာ ထိပ္တန္းအဆင့္ ျပန္လည္ေရာက္ရွိေအာင္ ကူညီေပးနိုင္ခဲ့ၿပီး ဆာလား၊ ဗန္ဒိုက္နဲ႔ အယ္လစ္ဆန္တို႔ကို ေခၚယူဖို႔အတြက္ အဓိကအခန္းက႑ကေန ပါဝင္ခဲ့သလို ေကာ္တင္ညိဳကို ဘာစီလိုနာအသင္းထံ ႀကီးမားတဲ့ပမာဏနဲ႔ ေရာင္းခ်နိုင္ဖို႔လည္း ညႇိႏွိုင္းေပးခဲ့သူျဖစ္ပါတယ္။

လာမယ့္ႏွစ္မွာ အသင္းကို မႏႈတ္ဆက္မီ အက္ဒြပ္က ေနာက္ဆုံး အားထုတ္မႈအေနနဲ႔ အသင္းရဲ့ၾကယ္ပြင့္တိုက္စစ္မႉး မိုဟာမက္ ဆာလားကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုေပးသြားၿပီး စိတ္ခ်လက္ခ် ထားရစ္ခဲ့ဖို႔ ေမၽွာ္မွန္းထားေၾကာင္း Team Talk က ေဖာ္ျပခဲ့ပါတယ္။ အီဂ်စ္လက္ေရြးစင္တိုက္စစ္မႉးဟာ လီဗာပူးလ္နဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္းဟာ ၁၈ လသာ က်န္ရွိေတာ့တာျဖစ္ၿပီး သိပ္မၾကာခင္ကာလအတြင္း အသင္းကို စြန႔္ခြာသြားမွာကို စိုးရိမ္ထိတ္လန႔္မႈေတြ ရွိေနၾကတာျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ ဆာလားရဲ့ကိုယ္စားလွယ္ေတြနဲ႔ လီဗာပူးလ္အသင္းတို႔ဟာ ၾကယ္ပြင့္တိုက္စစ္မႉးရဲ့ လစာေတာင္းဆိုမႈနဲ႔ပတ္သက္ၿပီး သေဘာတူညီမႈ မရရွိေသးဘူးလို႔ ယုံၾကည္ရၿပီး လီဗာပူးလ္အသင္းတာဝန္ရွိသူေတြက အသက္ ၃၀ ျပည့္ဖို႔ ၇ လသာ လိုေတာ့တဲ့ ဆာလားကို ႀကီးမားတဲ့စာခ်ဳပ္သစ္ ကမ္းလွမ္းဖို႔နဲ႔ပတ္သက္ၿပီး စိုးရိမ္ေနၾကတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အက္ဒြပ္က လာမယ့္ဇူလိုင္လမွာ အသင္းကေန မထြက္ခြာမီ အားကစားဒါရိုက္တာတစ္ေယာက္အေနနဲ႔ ေနာက္ဆုံးအႀကိမ္ အေကာင္းဆုံးလုပ္ေဆာင္မႈျဖစ္လာမယ့္ စာခ်ဳပ္သစ္ ကမ္းလွမ္းမႈကို လုပ္ေဆာင္နိုင္လိမ့္မယ္လို႔ ယုံၾကည္ခ်က္ရွိေနတယ္လို႔ နားလည္ရပါတယ္။

မိုဟာမက္ ဆာလားဟာ ယခုရာသီမွာ လီဗာပူးလ္အသင္းအတြက္ ေနာက္ထပ္တစ္ႀကိမ္ ရပ္တန႔္လို႔ မရနိုင္တဲ့ ေျခစြမ္း ျပသေနသူျဖစ္ၿပီး ၁၆ ပြဲ ပါဝင္ကစားေပးထားရာမွာ ၁၆ ဂိုး သြင္းယူေပးထားခဲ့တာျဖစ္ပါတယ္။ ဆာလားရဲ့စာခ်ဳပ္သစ္အတြက္ ညႇိႏွိုင္းေဆြးေႏြးမႈ ေအာင္ျမင္ခဲ့မယ္ဆိုရင္ အက္ဒြပ္အတြက္ ႀကီးမားတဲ့ ေအာင္ျမင္မႈျဖစ္လာမွာျဖစ္ၿပီး ၎ရဲ့ေနရာမွာ လက္ရွိလက္ေထာက္ျဖစ္သူ ဂ်ဴလီယန္ ဝါ့ဒ္က အစားထိုး တာဝန္ယူသြားမွာျဖစ္ပါတယ္။

“ဒီအခ်ိန္အပိုင္းအျခားအတြင္း ဒီအသင္းရဲ့တစ္စိတ္တပိုင္းအျဖစ္ ဒီလူေတြနဲ႔ ကၽြန္ေတာ္ အလုပ္အတူတူလုပ္ရတာ ဂုဏ္ယူစရာျဖစ္ခဲ့ၿပီး သူတို႔နဲ႔ အလုပ္အတူတူ လုပ္ဖို႔ ကံေကာင္းသင့္သေလာက္ ေကာင္းခဲ့ၿပီး ေအာင္ျမင္မႈကို ကၽြန္ေတာ္တို႔ေတြ ေပ်ာ္ရႊင္ခံစားခဲ့ရပါတယ္”

“ကၽြန္ေတာ္ အျမဲတမ္း အသင္းက ကၽြန္ေတာ့္အခ်ိန္ကို အမ်ားဆုံး ၁၀ ႏွစ္ေလာက္အထိ လုပ္နိုင္စြမ္းရွိေအာင္ အစီအစဥ္ခ်ထားခဲ့ပါတယ္။ ကၽြန္ေတာ္ ဒီမွာ အလုပ္လုပ္ရတာကို ႏွစ္သက္ေပမယ့္ ကၽြန္ေတာ္က အေျပာင္းအလဲအေပၚ အရမ္းယုံၾကည္မႈရွိသူပါ။ အဲဒါက တစ္ဦးခ်င္းအတြက္၊ အလုပ္အစီအစဥ္ခ်မႈအတြက္ ေကာင္းမြန္ၿပီး အလုပ္သမားေတြအတြက္လည္း ေကာင္းမြန္တယ္လို႔ ကၽြန္ေတာ္ ထင္ပါတယ္။ ကၽြန္ေတာ္ ဒီမွာရွိတဲ့ အခ်ိန္ေတြမွာ အရာေတာ္ေတာ္မ်ားမ်ား ေျပာင္းလဲခဲ့ေပမယ့္ လူသစ္တစ္စုံတေယာက္က မတူညီတဲ့ရႈေထာင့္၊ အႀကံအစည္အသစ္ေတြကို သယ္ေဆာင္လာၿပီး မၾကာခင္မွာ အသင္းကအရာေတြအေပၚမွာ ေျပာင္းလဲတည္ေဆာက္နိုင္မယ္လို႔ ေမၽွာ္လင့္နိုင္ပါတယ္”

“ဂ်ဴလီယန္က ဒီအလုပ္တာဝန္အတြက္ ႏွစ္ေပါင္းမ်ားစြာ ကၽြမ္းက်င္မႈေတြ တည္ေဆာက္ခဲ့တဲ့သူပါ။ မႏွစ္က သူ လက္ေထာက္ အားကစားဒါရိုက္တာ တာဝန္ကို ယူခဲ့ၿပီး ၿပီးခဲ့တဲ့ ၁၂ လအတြင္း ေအာင္ျမင္မႈအတြက္ အေရးႀကီးတဲ့ အျခားအခန္းက႑ရဲ့ မ်က္ႏွာသစ္ေတြကိုလည္း မိတ္ဆက္ေပးခဲ့ပါတယ္။ သူက ဒီရာထူးအတြက္ စံျပျဖစ္တယ္လို႔ ကၽြန္ေတာ္ ယုံၾကည္ပါတယ္။ လာမယ့္ရာသီမွာ ေခါင္းေဆာင္မႈ အကူးအေျပာင္း ၿပီးေျမာက္ေအာင္ ကၽြန္ေတာ္ သူ႔ကို ဆက္ၿပီး ပ့ံပိုးေပးသြားမွာျဖစ္ပါတယ္”လို႔ အက္ဒြပ္က ထုတ္ျပန္ေၾကညာခ်က္မွာ ေရးသားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.