Analysis Premier League UCL&UEL

ဂိုးသွင်းကောင်းတဲ့ ခံစစ်နဲ့ ချဲလ်ဆီး 4-0 ဂျူဗီ ပွဲအပြီး မှတ်မှတ်ရရ ပြောစရာ 7 ချက်

ချာလိုဘာရဲ့ ဂိုးသွင်းမှတ်တမ်း ရှေ့ဆက်ခဲ့
အသက် ၂၂ နှစ်မှာမှ ကံပေါ်ပြီး ချဲလ်ဆီးအသင်းရဲ့ ပထမအသင်းကို တိုးဝင်နိုင်ခဲ့တဲ့ ထရီဗိုရ် ချာလိုဘာဟာ ဒီရာသီမှာ ၁၂ ပွဲအထိ ကစားခွင့်ရခဲ့ပြီး ဒီနေ့မှာတော့ သူ့ရဲ့ ပထမဆုံး ချန်ပီယံလိဂ်သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ချာလိုဘာအနေနဲ့ သူ့ရဲ့ ဒီရာသီ တတိယမြောက်သွင်းဂိုးက အခက်အခဲတချို့နဲ့တော့ ရင်ဆိုင်ခဲ့ရပြီး VAR နဲ့ ဂိုးပေးသင့် မပေးသင့် ပြန်ကြည့်ခဲ့ရသလို သူ့ဆီကို ဘောလုံးရောက်လာခဲ့တဲ့ ရူဒီဂါရဲ့ ထိချက်က လက်နဲ့ ဖြစ်နေတာကြောင့် အဆုံးအဖြတ်ခံယူခဲ့ရတာပါ။ နောက်ဆုံးမှာတော့ ဒီဘောလုံးက ဂျူဗီကွင်းလယ်လူ ရာဗျိုကြောင့်သာ ဂျာမန်သားရဲ့ လက်ကို မှန်ခဲ့တာဖြစ်လို့ ချာလိုဘာတစ်ယောက် ပျော်ရွှင်ခွင့်ရနိုင်ခဲ့တာဖြစ်ပါတယ်။

စိတ်ချယုံကြည် အားကိုးနိုင်တဲ့ ခံစစ်
ချဲလ်ဆီးအသင်းရဲ့ ခံစစ်ကတော့ ချန်ပီယံလိဂ်မှာ နောက်ဆုံးသုံးပွဲဆက်တိုက် ပေးဂိုးမရှိခဲ့သလို ဒီနေ့ပွဲမှာလည်း ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်ကို အကောင်းဆုံး ထိန်းချုပ်သွားခဲ့ပြီး နှစ်ကြိမ်သာ ဂိုးပေါက်တည့်ခွင့်ပြုခဲ့ရတာလည်းဖြစ်ပါတယ်။ ခံစစ်တွေရဲ့ စွမ်းဆောင်ရည်က ဒီနေ့မှာ မြင့်မားခဲ့သလို တူရင်ကလပ်ရဲ့ ကောင်းလှပါတယ်ဆိုတဲ့ တောင်ပံသမား ဖက်ဒါရီကို ခီယေဆာကို လူစားလဲမှသာ တွေ့မြင်ခဲ့ရအောင် အိတ်ထဲ ထည့်ထားရုံမက ကြိုးနဲ့ပါ တုပ်ထားနိုင်ခဲ့ပြီး သွင်းဂိုး ၄ ဂိုးထဲက ၂ ဂိုးကိုလည်း နောက်ခံလူတွေက သွင်းယူခဲ့လို့ ဒီရာသီမှာ ခံစစ်သမားတွေရဲ့ သွင်းဂိုးက ၁၅ ဂိုးအထိ ရှိခဲ့သလို တခြားအသင်းကြီးတွေ လိုက်မမီနိုင်အောင် ကွာခြားနေခဲ့တာလည်းဖြစ်ပါတယ်။

အသက်ကြီးအောင် လိမ်ထားသလား မေးရမယ့် သီယာဂို ဆေးလ်ဗား
ချဲလ်ဆီးအသင်းရဲ့ ဝါရင့်နောက်ခံလူ သီယာဂို ဆေးလ်ဗားကတော့ သိပ်မဟုတ်တော့ပါဘူး။ မာကျောလိုက်တာက ကျောက်သားက အဘခေါ်ရဖို့ ရှိနေသလို ပီအက်စ်ဂျီက ရောက်လာတုန်းက တစ်နှစ်ကစားနိုင်ရင် တော်ရောပေါ့လို့ ဘောလုံးပရိသတ်တွေက ထင်ခဲ့ကြတဲ့ ဘရာဇီးလ်သားဟာ ဒီနေ့ပွဲ မှာလည်း ငယ်မူငယ်သွေးအပြည့်နဲ့ နှစ်ဆယ် အစိတ်လောက် ကစားအားကို ပြသနေခဲ့ပြီး မိုရာတာရဲ့ ဂိုးသမား မန်ဒီကို ကျော်ချသွားတဲ့ ဘောလုံးကို ဂိုးစည်းပေါ် မရောက်ခင် ရအောင် ဖျက်ပြသွားခဲ့တာပါ။ သူ့ကို အသက်ကြီးချင်လို့ ငယ်ငယ်တုန်းက လိမ်ပြီး ဘောလုံးကန်ခဲ့တာလားလို့ မေးရမလိုဖြစ်နေပြီး ၃၇ နှစ်ဆိုတာကတော့ မယုံနိုင်စရာလည်းဖြစ်နေခဲ့ပါတယ်။

ဂိုးပေါက်တွေ့လာခဲ့တဲ့ ဟဒ်ဆန်-အိုဒွိုင်း
ဘယ်တောင်ပံတိုက်စစ်မှာ တောက်လျှောက်နေရာရနေတဲ့ ဂါနာနွယ်ဖွား အင်္ဂလန်သားကတော့ ဒီနေ့မှာ သူ့နည်းပြ သောမတ်စ် တူဟယ်လ်ရဲ့ ယုံကြည်မှုကို ပြန်လည်ပေးဆပ်ခဲ့ပါတယ်။ ဂျာမန်သားနည်းပြက သူ့ကို ယုံကြည်ပေးခဲ့ပြီး ပြီးခဲ့တဲ့ လက်စတာနဲ့ပွဲတုန်းက ဂိုးမရပေမယ့် ဒီအတိုင်း ဆက်ပြီး ကြိုးစားနေရင် ရလာမှာပါလို့ ထောက်ခံချက်ပေးခဲ့တာက ဒီနေ့မှာ ကွက်တိဖြစ်ခဲ့ပြီး ဂျူဗင်တပ်စ်လို အသင်းမျိုးဘက်ကို သွင်းယူပြနိုင်ခဲ့တာပါ။ သူ့အနေနဲ့ တစ်ပွဲလုံးမှာလည်း ဘယ်တောင်ပံကနေ တောက်လျှောက်ခြိမ်းခြောက်နေခဲ့တာဖြစ်ပြီး ပြိုင်ဘက်ဖြစ်နေခဲ့တဲ့ အသင်းကစားသမားဟောင်း ကွာဒရာဒိုကို ရယ်စရာပုံစံနဲ့ နောက်ကနေ အမြဲပြေးလိုက်နေရအောင် တတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပျော်ရမယ်ဆိုရင် အဖျက်က ဝင်တဲ့ ချဲလ်ဆီး
ပြီးခဲ့တဲ့ မာလ်မိုကို လေးဂိုး-ဂိုးမရှိနဲ့ နိုင်ခဲ့တုန်းက တိုက်စစ်မှူးတွေဖြစ်ကြတဲ့ လူကာကူးနဲ့ တီမို ဗာနာတို့ နာသွားခဲ့ပြီး ဒီနေ့မှာ ဂိုးသွင်းတဲ့ ဗာနာက ပြန်ကစားနိုင်ပေမယ့် လူကာကူးကတော့ ထရိန်နင်တောင် သိပ်မမှန်နိုင်သေးတာ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း လေးဂိုး-ဂိုးမရှိရလဒ်နဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ အနိုင်ရခဲ့ပြီး ကွင်းလယ်လူ အန်ဂိုလို ကွန်တေနဲ့ နောက်ခံလူ ဘန် ချေးလ်ဝဲလ်တို့ ဒဏ်ရာတွေအသီးသီး စုဆောင်းမိသွားခဲ့ကြတာပါ။ ကွန်တေအနေနဲ့ တနင်္ဂနွေနေ့မှာ ကစားရမယ့် မန်ချက်စတာယူနိုက်တက်နဲ့ပွဲအမီ ပြန်လာနိုင်ဖို့ ဖြစ်နိုင်လောက်ပေမယ့် ဒူးထိသွားတဲ့ ချေးလ်ဝဲလ်ကတော့ လွဲချော်ဖို့ များနေပြီလည်းဖြစ်ပါတယ်။

အော်တတ်ဟစ်တတ်ဖို့ လိုနေသေးတဲ့ မန်ဒီ
ဂိုးပေါက်ကာကွယ်မှုပိုင်းမှာ ချဲလ်ဆီးဂိုးသမား ရေဘဝဲ မန်ဒီအနေနဲ့ ပီတာချက်ရဲ့ စံချိန်စံညွှန်းကို လိုက်မီခဲ့သလို အပြစ်ပြောစရာ တစ်ကွက်မှ မရှိဘဲ အစဉ်သတိရှိနေပြီး ဖျတ်လတ်တက်ကြွတဲ့ ဆီနီဂေါသားအတွက် ပရိသတ်အားလုံး ဂုဏ်ယူနိုင်ကြတာလည်းဖြစ်ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ တွဲဖက်ခံစစ်မှူးတွေနဲ့ အဝင်အထွက်နဲ့ တာဝန်ယူမှုတွေမှာတော့ အနည်းငယ်လိုအပ်ချက်တွေရှိနေပြီး လီဗာပူးလ်နဲ့ပွဲက အလွန်ဆိုရဲ့ အမှားကြောင့် ဂိုးပေးရသလိုမျိုး ဒီနေ့မှာလည်း သီယာဂို ဆေးလ်ဗားရဲ့ စိုးရိမ်မှုကြောင့် အလုပ်ပိုခဲ့ရသေးတာပါ။ တကယ်တမ်းမှာတော့ သူ့အနေနဲ့ ဂိုးသမားရဲ့ ဘောလုံးလို့ အော်ဟစ်သတိပေးပြီး ဖမ်းယူခဲ့သင့်ချိန်တွေမှာ လွှတ်ထားပေးခဲ့တာတွေက အန္တရာယ်ဆီ ဦးတည်စေနိုင်ပြီး ခြောက်ပစ်ကင်း သဲလဲစင်ဖြစ်အောင် Communication ကောင်းဖို့သင့်နေပြီ ဖြစ်ပါတယ်။

နောက်ခံလူလား တိုက်စစ်မှူးလား ရီးစ် ဂျိမ်းစ်
ကမ္ဘာ့အကောင်းဆုံး ညာနောက်ခံလူဆိုတဲ့ ဂုဏ်ပုဒ်ကို မန်စီးတီးရဲ့ ဂျာအို ကန်ဆယ်လိုနဲ့ လီဗာပူးလ်ရဲ့ ထရင့် အလက်ဇန်းဒါး-အာနိုးလ်ဒ်တို့နဲ့ အပြိုင်လုနေနိုင်တဲ့ ရီးစ် ဂျိမ်းစ်ဟာ ဒီနေ့မှာလည်း သူ့ပြိုင်ဘက်တွေကို ထပ်မံခြိမ်းခြောက်နိုင်ခဲ့တာပါ။ ဂျူဗင်တပ်စ်ဘက်ကို အပိုအလိုမရှိတဲ့ အထိန်းအသိမ်းနဲ့ ထောင့်ဖြတ် ညာခြေကန်ချက်က ဂိုးတစ်ဂိုးဖြစ်စေခဲ့ပြီး ဒီရာသီမှာ ၅ ဂိုးသွင်း ၅ ဂိုးဖန်တီးနိုင်ခဲ့တာလည်းဖြစ်တာကြောင့် ဖန်တီးမှုပိုင်းကို ပိုမိုအားသန်တဲ့ ပြိုင်ဘက်နှစ်ဦးကို အသာရနေခဲ့တာလည်းဖြစ်သလို ချဲလ်ဆီးအသင်းရဲ့ ၂၀၂၁-၂၂ ဂိုးသွင်းဘုရင်အဖြစ်လည်း ဦးဆောင်နေခဲ့လို့ နောက်တန်းလား ရှေ့တန်းလား မေးရတော့မှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ာလိုဘာရဲ႕ ဂိုးသြင္းမွတ္တမ္း ေရွ႕ဆက္ခဲ့
အသက္ ၂၂ ႏွစ္မွာမွ ကံေပၚၿပီး ခ်ဲလ္ဆီးအသင္းရဲ႕ ပထမအသင္းကို တိုးဝင္ႏိုင္ခဲ့တဲ့ ထရီဗိုရ္ ခ်ာလိုဘာဟာ ဒီရာသီမွာ ၁၂ ပြဲအထိ ကစားခြင့္ရခဲ့ၿပီး ဒီေန႔မွာေတာ့ သူ႔ရဲ႕ ပထမဆုံး ခ်န္ပီယံလိဂ္သြင္းဂိုးကို သြင္းယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။ ခ်ာလိုဘာအေနနဲ႔ သူ႔ရဲ႕ ဒီရာသီ တတိယေျမာက္သြင္းဂိုးက အခက္အခဲတခ်ိဳ႕နဲ႔ေတာ့ ရင္ဆိုင္ခဲ့ရၿပီး VAR နဲ႔ ဂိုးေပးသင့္ မေပးသင့္ ျပန္ၾကည့္ခဲ့ရသလို သူ႔ဆီကို ေဘာလုံးေရာက္လာခဲ့တဲ့ ႐ူဒီဂါရဲ႕ ထိခ်က္က လက္နဲ႔ ျဖစ္ေနတာေၾကာင့္ အဆုံးအျဖတ္ခံယူခဲ့ရတာပါ။ ေနာက္ဆုံးမွာေတာ့ ဒီေဘာလုံးက ဂ်ဴဗီကြင္းလယ္လူ ရာဗ်ိဳေၾကာင့္သာ ဂ်ာမန္သားရဲ႕ လက္ကို မွန္ခဲ့တာ ျဖစ္လို႔ ခ်ာလိုဘာတစ္ေယာက္ ေပ်ာ္႐ႊင္ခြင့္ရႏိုင္ခဲ့တာျဖစ္ပါတယ္။

စိတ္ခ်ယုံၾကည္ အားကိုးႏိုင္တဲ့ ခံစစ္
ခ်ဲလ္ဆီးအသင္းရဲ႕ ခံစစ္ကေတာ့ ခ်န္ပီယံလိဂ္မွာ ေနာက္ဆုံးသုံးပြဲဆက္တိုက္ ေပးဂိုးမရွိခဲ့သလို ဒီေန႔ပြဲမွာလည္း ဂ်ဴဗင္တပ္စ္အသင္းရဲ႕ တိုက္စစ္ကို အေကာင္းဆုံး ထိန္းခ်ဳပ္သြားခဲ့ၿပီး ႏွစ္ႀကိမ္သာ ဂိုးေပါက္တည့္ခြင့္ျပဳခဲ့ရတာလည္းျဖစ္ပါတယ္။ ခံစစ္ေတြရဲ႕ စြမ္းေဆာင္ရည္က ဒီေန႔မွာ ျမင့္မားခဲ့သလို တူရင္ကလပ္ရဲ႕ ေကာင္းလွပါတယ္ဆိုတဲ့ ေတာင္ပံသမား ဖက္ဒါရီကို ခီေယဆာကို လူစားလဲမွသာ ေတြ႕ျမင္ခဲ့ရေအာင္ အိတ္ထဲ ထည့္ထား႐ုံမက ႀကိဳးနဲ႔ပါ တုပ္ထားႏိုင္ခဲ့ၿပီး သြင္းဂိုး ၄ ဂိုးထဲက ၂ ဂိုးကိုလည္း ေနာက္ခံလူေတြက သြင္းယူခဲ့လို႔ ဒီရာသီမွာ ခံစစ္သမားေတြရဲ႕ သြင္းဂိုးက ၁၅ ဂိုးအထိ ရွိခဲ့သလို တျခားအသင္းႀကီးေတြ လိုက္မမီႏိုင္ေအာင္ ကြာျခားေနခဲ့တာလည္းျဖစ္ပါတယ္။

အသက္ႀကီးေအာင္ လိမ္ထားသလား ေမးရမယ့္ သီယာဂို ေဆးလ္ဗား
ခ်ဲလ္ဆီးအသင္းရဲ႕ ဝါရင့္ေနာက္ခံလူ သီယာဂို ေဆးလ္ဗားကေတာ့ သိပ္မဟုတ္ေတာ့ပါဘူး။ မာေက်ာလိုက္တာက ေက်ာက္သားက အဘေခၚရဖို႔ ရွိေနသလို ပီအက္စ္ဂ်ီက ေရာက္လာတုန္းက တစ္ႏွစ္ကစားႏိုင္ရင္ ေတာ္ေရာေပါ့လို႔ ေဘာလုံးပရိသတ္ေတြက ထင္ခဲ့ၾကတဲ့ ဘရာဇီးလ္သားဟာ ဒီေန႔ပြဲ မွာလည္း ငယ္မူငယ္ေသြးအျပည့္နဲ႔ ႏွစ္ဆယ္ အစိတ္ေလာက္ ကစားအားကို ျပသေနခဲ့ၿပီး မိုရာတာရဲ႕ ဂိုးသမား မန္ဒီကို ေက်ာ္ခ်သြားတဲ့ ေဘာလုံးကို ဂိုးစည္းေပၚ မေရာက္ခင္ ရေအာင္ ဖ်က္ျပသြားခဲ့တာပါ။ သူ႔ကို အသက္ႀကီးခ်င္လို႔ ငယ္ငယ္တုန္းက လိမ္ၿပီး ေဘာလုံးကန္ခဲ့တာလားလို႔ ေမးရမလိုျဖစ္ေနၿပီး ၃၇ ႏွစ္ဆိုတာကေတာ့ မယုံႏိုင္စရာလည္းျဖစ္ေနခဲ့ပါတယ္။

ဂိုးေပါက္ေတြ႕လာခဲ့တဲ့ ဟဒ္ဆန္-အိုဒြိဳင္း
ဘယ္ေတာင္ပံတိုက္စစ္မွာ ေတာက္ေလွ်ာက္ေနရာရေနတဲ့ ဂါနာႏြယ္ဖြား အဂၤလန္သားကေတာ့ ဒီေန႔မွာ သူ႔နည္းျပ ေသာမတ္စ္ တူဟယ္လ္ရဲ႕ ယုံၾကည္မႈကို ျပန္လည္ေပးဆပ္ခဲ့ပါတယ္။ ဂ်ာမန္သားနည္းျပက သူ႔ကို ယုံၾကည္ေပးခဲ့ၿပီး ၿပီးခဲ့တဲ့ လက္စတာနဲ႔ပြဲတုန္းက ဂိုးမရေပမယ့္ ဒီအတိုင္း ဆက္ၿပီး ႀကိဳးစားေနရင္ ရလာမွာပါလို႔ ေထာက္ခံခ်က္ေပးခဲ့တာက ဒီေန႔မွာ ကြက္တိျဖစ္ခဲ့ၿပီး ဂ်ဴဗင္တပ္စ္လို အသင္းမ်ိဳးဘက္ကို သြင္းယူျပႏိုင္ခဲ့တာပါ။ သူ႔အေနနဲ႔ တစ္ပြဲလုံးမွာလည္း ဘယ္ေတာင္ပံကေန ေတာက္ေလွ်ာက္ၿခိမ္းေျခာက္ေနခဲ့တာျဖစ္ၿပီး ၿပိဳင္ဘက္ျဖစ္ေနခဲ့တဲ့ အသင္းကစားသမားေဟာင္း ကြာဒရာဒိုကို ရယ္စရာပုံစံနဲ႔ ေနာက္ကေန အၿမဲေျပးလိုက္ေနရေအာင္ တတ္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ေပ်ာ္ရမယ္ဆိုရင္ အဖ်က္က ဝင္တဲ့ ခ်ဲလ္ဆီး
ၿပီးခဲ့တဲ့ မာလ္မိုကို ေလးဂိုး-ဂိုးမရွိနဲ႔ ႏိုင္ခဲ့တုန္းက တိုက္စစ္မႉးေတြျဖစ္ၾကတဲ့ လူကာကူးနဲ႔ တီမို ဗာနာတို႔ နာသြားခဲ့ၿပီး ဒီေန႔မွာ ဂိုးသြင္းတဲ့ ဗာနာက ျပန္ကစားႏိုင္ေပမယ့္ လူကာကူးကေတာ့ ထရိန္နင္ေတာင္ သိပ္မမွန္ႏိုင္ေသးတာ ျဖစ္ပါတယ္။ ဒီေန႔မွာလည္း ေလးဂိုး-ဂိုးမရွိရလဒ္နဲ႔ တိုက္တိုက္ဆိုင္ဆိုင္ပဲ အႏိုင္ရခဲ့ၿပီး ကြင္းလယ္လူ အန္ဂိုလို ကြန္ေတနဲ႔ ေနာက္ခံလူ ဘန္ ေခ်းလ္ဝဲလ္တို႔ ဒဏ္ရာေတြအသီးသီး စုေဆာင္းမိသြားခဲ့ၾကတာပါ။ ကြန္ေတအေနနဲ႔ တနဂၤေႏြေန႔မွာ ကစားရမယ့္ မန္ခ်က္စတာယူႏိုက္တက္နဲ႔ပြဲအမီ ျပန္လာႏိုင္ဖို႔ ျဖစ္ႏိုင္ေလာက္ေပမယ့္ ဒူးထိသြားတဲ့ ေခ်းလ္ဝဲလ္ကေတာ့ လြဲေခ်ာ္ဖို႔ မ်ားေနၿပီလည္းျဖစ္ပါတယ္။

ေအာ္တတ္ဟစ္တတ္ဖို႔ လိုေနေသးတဲ့ မန္ဒီ
ဂိုးေပါက္ကာကြယ္မႈပိုင္းမွာ ခ်ဲလ္ဆီးဂိုးသမား ေရဘဝဲ မန္ဒီအေနနဲ႔ ပီတာခ်က္ရဲ႕ စံခ်ိန္စံၫႊန္းကို လိုက္မီခဲ့သလို အျပစ္ေျပာစရာ တစ္ကြက္မွ မရွိဘဲ အစဥ္သတိရွိေနၿပီး ဖ်တ္လတ္တက္ႂကြတဲ့ ဆီနီေဂါသားအတြက္ ပရိသတ္အားလုံး ဂုဏ္ယူႏိုင္ၾကတာလည္းျဖစ္ပါတယ္။ ဒါေပမယ့္ သူ႔အေနနဲ႔ တြဲဖက္ခံစစ္မႉးေတြနဲ႔ အဝင္အထြက္နဲ႔ တာဝန္ယူမႈေတြမွာေတာ့ အနည္းငယ္လိုအပ္ခ်က္ေတြရွိေနၿပီး လီဗာပူးလ္နဲ႔ပြဲက အလြန္ဆိုရဲ႕ အမွားေၾကာင့္ ဂိုးေပးရသလိုမ်ိဳး ဒီေန႔မွာလည္း သီယာဂို ေဆးလ္ဗားရဲ႕ စိုးရိမ္မႈေၾကာင့္ အလုပ္ပိုခဲ့ရေသးတာပါ။ တကယ္တမ္းမွာေတာ့ သူ႔အေနနဲ႔ ဂိုးသမားရဲ႕ ေဘာလုံးလို႔ ေအာ္ဟစ္သတိေပးၿပီး ဖမ္းယူခဲ့သင့္ခ်ိန္ေတြမွာ လႊတ္ထားေပးခဲ့တာေတြက အႏၲရာယ္ဆီ ဦးတည္ေစႏိုင္ၿပီး ေျခာက္ပစ္ကင္း သဲလဲစင္ျဖစ္ေအာင္ Communication ေကာင္းဖို႔သင့္ေနၿပီ ျဖစ္ပါတယ္။

ေနာက္ခံလူလား တိုက္စစ္မႉးလား ရီးစ္ ဂ်ိမ္းစ္
ကမာၻ႔အေကာင္းဆုံး ညာေနာက္ခံလူဆိုတဲ့ ဂုဏ္ပုဒ္ကို မန္စီးတီးရဲ႕ ဂ်ာအို ကန္ဆယ္လိုနဲ႔ လီဗာပူးလ္ရဲ႕ ထရင့္ အလက္ဇန္းဒါး-အာႏိုးလ္ဒ္တို႔နဲ႔ အၿပိဳင္လုေနႏိုင္တဲ့ ရီးစ္ ဂ်ိမ္းစ္ဟာ ဒီေန႔မွာလည္း သူ႔ၿပိဳင္ဘက္ေတြကို ထပ္မံၿခိမ္းေျခာက္ႏိုင္ခဲ့တာပါ။ ဂ်ဴဗင္တပ္စ္ဘက္ကို အပိုအလိုမရွိတဲ့ အထိန္းအသိမ္းနဲ႔ ေထာင့္ျဖတ္ ညာေျခကန္ခ်က္က ဂိုးတစ္ဂိုးျဖစ္ေစခဲ့ၿပီး ဒီရာသီမွာ ၅ ဂိုးသြင္း ၅ ဂိုးဖန္တီးႏိုင္ခဲ့တာလည္းျဖစ္တာေၾကာင့္ ဖန္တီးမႈပိုင္းကို ပိုမိုအားသန္တဲ့ ၿပိဳင္ဘက္ႏွစ္ဦးကို အသာရေနခဲ့တာလည္းျဖစ္သလို ခ်ဲလ္ဆီးအသင္းရဲ႕ ၂၀၂၁-၂၂ ဂိုးသြင္းဘုရင္အျဖစ္လည္း ဦးေဆာင္ေနခဲ့လို႔ ေနာက္တန္းလား ေရွ႕တန္းလား ေမးရေတာ့မွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.