La Liga Premier League Transfer News

ေသာမတ္စ္ ပါေတးကို အံ့ၾသစရာလစာေငြနဲ႔ ကမ္းလွမ္းမယ့္ အာဆင္နယ္

အာဆင္နယ္အသင္းအေနနဲ႔ အက္သလက္တီကိုမက္ဒရစ္ကြင္းလယ္လူ ေသာမတ္စ္ ပါေတးနဲ႔ ပုဂၢဳိလ္ေရးဆုိင္ရာသေဘာတူညီမွဳ ရရွိႏုိင္ဖို႔ ညႇိႏွဳိင္းေနၿပီး အံ့ၾသစရာ ကမ္းလမ္းမွဳျဖစ္တဲ့ လက္ရွိလစာေငြကို သုံးဆအထိ တုိးျမႇင့္ေပးေခ်သြားမယ္လို႔ ေဆြးေႏြးထားတယ္လို႔ စပိန္က သတင္းေတြမွာ ေဖာ္ျပခဲ့ပါတယ္။

အသက္ ၂၇ ႏွစ္အရြယ္ ဂါနာကြင္းလယ္လူအေနနဲ႔ အသင္းနဲ႔ စာခ်ဳပ္မေျပလည္ေတာ့ခ်ိန္မွာ ေရာင္းခ်သြားဖို႔ မက္ဒရစ္အေျခစိုက္အသင္းက စိတ္ကူးေနၿပီး အစားထိုးဖို႔ လူသစ္ရွာေဖြေနၿပီျဖစ္သလို သူ႕ကို စာခ်ဳပ္ေလ်ာ္ေၾကးျဖစ္တဲ့ ေပါင္ ၄၂.၅ သန္း ရရွိရင္ လက္ခံသြားမယ္လို႔လည္း ဆုိပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ကေတာ့ သူတုိ႔ရဲ႕ အလိုအပ္ဆုံးေနရာျဖစ္တဲ့ အသင္းမွာ ႏွစ္ေပါင္းမ်ားစြာ ေပ်ာက္ကြယ္ေနခဲ့တဲ့ ကြင္းလယ္ အဖ်က္ကစားသမားစစ္စစ္မ်ဳိးျဖစ္တဲ့ ပါေတးအတြက္ အရွိန္ျမႇင့္လုပ္ေဆာင္ေနၿပီး လက္ရွိၾကားသိရတဲ့ သတင္းအရဆုိရင္ေတာ့ သူဟာ အမ္းမရိတ္မွာ တစ္ပတ္လုပ္ခ ေပါင္တစ္သိန္းရွစ္ေသာင္းအထိ ရရွိသြားမွာလည္းျဖစ္ပါတယ္။

နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ သူ႕ရဲ႕အသင္းကို သူလိုခ်င္တဲ့ပုံစံမ်ဳိး တည္ေဆာက္ဖို႔ဆုိရင္ ေတာင့္တင္းႀကံ့ခိုင္တဲ့ ကြင္းလယ္အဖ်က္ကစားသမားတစ္ေယာက္က အရမ္းကို အေရးပါတဲ့ အေနအထားမွာရွိၿပီး လူးကပ္စ္ ေတာ္ရဲရား၊ ဂရာနစ္ ခ်ာကာတုိ႔ လုပ္မေပးႏုိင္ခဲ့တဲ့ ခံစစ္ကို ကာကြယ္မွဳေတြ ေပးစြမ္းႏုိင္မယ့္သူမ်ဳိး ပုိင္ဆုိင္ထားမွပဲ ျဖစ္ပါလိမ့္မယ္။

အက္သလက္တီကိုနဲ႔ လာလီဂါမွာ ေကာင္းေကာင္းႀကီး အစမ္းသပ္ခံခဲ့ၿပီးျဖစ္တဲ့ ပါေတးအေနနဲ႔ ကစားသမားဘဝရဲ႕ အေကာင္းဆုံးအခ်ိန္ေတြ မကုန္ဆုံးခင္ ပရီးမီးယားလိဂ္ကို ေျပာင္းေရႊ႕ဖို႔ စိတ္အားထက္သန္ေနၿပီး နည္းျပ အာတီတာရဲ႕ နံပါတ္တစ္ ဦးစားေပးပစ္မွတ္အျဖစ္ အလိုရွိေနခ်ိန္မွာ ႏွစ္ဖက္အသင္းၾကား ေျပာင္းေရႊ႕ေၾကးသေဘာတူညီမွဳရဖို႔ပဲ က်န္ရွိႏိုင္ၿပီး လာမယ့္ရာသီမွာ အာဆင္နယ္အက်ႌနဲ႔ ေတြ႕ျမင္ရဖို႔ အနီးစပ္ဆံုး အေနအထားကို ေရာက္ရွိေနခဲ့ၿပီလို႔လည္း သိရွိရပါတယ္။

REF: METRO & GOAL.COM/ES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းအနေနဲ့ အက်သလက်တီကိုမက်ဒရစ်ကွင်းလယ်လူ သောမတ်စ် ပါတေးနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှု ရရှိနိုင်ဖို့ ညှိနှိုင်းနေပြီး အံ့သြစရာ ကမ်းလမ်းမှုဖြစ်တဲ့ လက်ရှိလစာငွေကို သုံးဆအထိ တိုးမြှင့်ပေးချေသွားမယ်လို့ ဆွေးနွေးထားတယ်လို့ စပိန်က သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ် ဂါနာကွင်းလယ်လူအနေနဲ့ အသင်းနဲ့ စာချုပ်မပြေလည်တော့ချိန်မှာ ရောင်းချသွားဖို့ မက်ဒရစ်အခြေစိုက်အသင်းက စိတ်ကူးနေပြီး အစားထိုးဖို့ လူသစ်ရှာဖွေနေပြီဖြစ်သလို သူ့ကို စာချုပ်လျော်ကြေးဖြစ်တဲ့ ပေါင် ၄၂.၅ သန်း ရရှိရင် လက်ခံသွားမယ်လို့လည်း ဆိုပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ကတော့ သူတို့ရဲ့ အလိုအပ်ဆုံးနေရာဖြစ်တဲ့ အသင်းမှာ နှစ်ပေါင်းများစွာ ပျောက်ကွယ်နေခဲ့တဲ့ ကွင်းလယ် အဖျက်ကစားသမားစစ်စစ်မျိုးဖြစ်တဲ့ ပါတေးအတွက် အရှိန်မြှင့်လုပ်ဆောင်နေပြီး လက်ရှိကြားသိရတဲ့ သတင်းအရဆိုရင်တော့ သူဟာ အမ်းမရိတ်မှာ တစ်ပတ်လုပ်ခ ပေါင်တစ်သိန်းရှစ်သောင်းအထိ ရရှိသွားမှာလည်းဖြစ်ပါတယ်။

နည်းပြ မီခယ်လ် အာတီတာအနေနဲ့ သူ့ရဲ့အသင်းကို သူလိုချင်တဲ့ပုံစံမျိုး တည်ဆောက်ဖို့ဆိုရင် တောင့်တင်းကြံ့ခိုင်တဲ့ ကွင်းလယ်အဖျက်ကစားသမားတစ်ယောက်က အရမ်းကို အရေးပါတဲ့ အနေအထားမှာရှိပြီး လူးကပ်စ် တော်ရဲရား၊ ဂရာနစ် ချာကာတို့ လုပ်မပေးနိုင်ခဲ့တဲ့ ခံစစ်ကို ကာကွယ်မှုတွေ ပေးစွမ်းနိုင်မယ့်သူမျိုး ပိုင်ဆိုင်ထားမှပဲ ဖြစ်ပါလိမ့်မယ်။

အက်သလက်တီကိုနဲ့ လာလီဂါမှာ ကောင်းကောင်းကြီး အစမ်းသပ်ခံခဲ့ပြီးဖြစ်တဲ့ ပါတေးအနေနဲ့ ကစားသမားဘဝရဲ့ အကောင်းဆုံးအချိန်တွေ မကုန်ဆုံးခင် ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပြီး နည်းပြ အာတီတာရဲ့ နံပါတ်တစ် ဦးစားပေးပစ်မှတ်အဖြစ် အလိုရှိနေချိန်မှာ နှစ်ဖက်အသင်းကြား ပြောင်းရွှေ့ကြေးသဘောတူညီမှုရဖို့ပဲ ကျန်ရှိနိုင်ပြီး လာမယ့်ရာသီမှာ အာဆင်နယ်အင်္ကျီနဲ့ တွေ့မြင်ရဖို့ အနီးစပ်ဆုံး အနေအထားကို ရောက်ရှိနေခဲ့ပြီလို့လည်း သိရှိရပါတယ်။

REF: METRO & GOAL.COM/ES
PHOTOS CREDIT TO OWNERS
SPORTS A2Z.