Bundesliga Premier League Transfer News

လာမယ့္အပတ္ထဲမွာ တီမို ဗာနာကို ခ်ဲလ္ဆီးတုိ႔ တရားဝင္ေၾကျငာႏုိင္ဖို႔ရွိေန

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေနာက္ဆုံးမွာေတာ့ သူတုိ႔နဲ႔ ပုဂၢဳိလ္ေရး သေဘာတူညီၿပီးျဖစ္တဲ့ တီမို ဗာနာအတြက္ RB လိုက္ပ္ဇစ္အသင္းဘက္က ေတာင္းဆုိတဲ့ စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္ ၅၃ သန္းကို ေပးေခ်ဖို႔ သေဘာတူညီလိုက္ၿပီလို႔ သိရၿပီး လာမယ့္အပတ္အတြင္းမွာ ကစားသမားသစ္အျဖစ္ တရားဝင္ေၾကျငာႏိုင္ဖို႔ လုပ္ေဆာင္ေနတယ္လို႔ ဆုိပါတယ္။

စတုဂတ္အသင္းကေန ေျပာင္းေရႊ႕လာခဲ့ၿပီးတဲ့ေနာက္ RB လုိက္ပ္ဇစ္အသင္းအတြက္ တည္ၿငိမ္တဲ့ ေျခစြမ္းေကာင္းကို တစ္ရာသီၿပီးတစ္ရာသီ ျပသႏုိင္ခဲ့တဲ့ ဗာနာဟာ ဒီရာသီမွာလည္း ဘြန္ဒက္စ္လီဂါသြင္းဂိုး ၂၅ ဂိုး ရယူႏုိင္ခဲ့သလို ၈ ဂိုးဖန္တီးေပးႏုိင္ခဲ့ၿပီး ခ်ဲလ္ဆီးနဲ႔ေတာ့ တစ္ပတ္လုပ္ခ ေပါင္တစ္သိန္းရွစ္ေသာင္းရမယ့္ ၅ ႏွစ္စာခ်ဳပ္ကို သေဘာ တူညီခဲ့ၿပီလည္းျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ အပတ္အတြင္းက အေသးစိတ္ေဆြးေႏြးမွဳေတြ လုပ္ေဆာင္ေအာင္ျမင္ခဲ့ၿပီးတဲ့ေနာက္ ျခြင္းခ်က္အေနနဲ႔ ေဆးစစ္ဖို႔ တစ္ခုသာ က်န္ၿပီး ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဗာနာအတြက္ အနီးစပ္ဆုံးအေနအထားက လီဗာပူးလ္နဲ႔ ၿပဳိင္ဘက္ မန္ခ်က္စတာယူႏုိက္တက္တုိ႔ ေသြးေအးေနခဲ့ခ်ိန္မွာ အခြင့္ေကာင္းယူၿပီး ေနာက္ေကာက္ခ်ႏုိင္ခဲ့တာပါ။

နည္းျပ ဖရန္႔ လမ္းပတ္ကေတာ့ သူ႕ကို ေပးအပ္ထားတဲ့ ကတိေတြကို ခ်ဲလ္ဆီးအသင္းဘက္က လုပ္ေဆာင္ေပးမွဳကို အမွန္တကယ္ရရွိခဲ့တာ ျဖစ္ၿပီး လန္ဒန္ၿမဳိ႕မွာေတာ့ က်န္တဲ့ ၿပဳိင္ဘက္ေတြထက္ ေခါင္းတစ္လုံးသာတဲ့အသင္းအျဖစ္ ရပ္တည္ႏုိင္ဖို႔ ကြင္းလယ္နဲ႔ ခံစစ္ပုိင္းကို ဆက္လက္ျပင္ဆင္ သြားဖို႔ ရွိေနပါတယ္။

တီမို ဗာနာအေနနဲ႔ ခ်ဲလ္ဆီးအသင္းကို လာမယ့္ဇူလိုင္လမွာ ေျပာင္းေရႊ႕ဖို႔ စီစဥ္ေနၿပီး RB လုိက္ပ္ဇစ္နဲ႔ ဆက္ကစားမယ့္ ခ်န္ပီယံလိဂ္ၿပဳိင္ပြဲကပါ ႏုတ္ထြက္ၿပီး ပါဝင္ယွဥ္ၿပဳိင္ျခင္းမျပဳဖို႔ ဆုံးျဖတ္ထားတယ္လို႔ အဂၤလန္အသင္းရဲ႕ ၿပဳိင္ပြဲေတြကို ကစားခြင့္ မရွိေသးေပမယ့္လည္း နယ္ေျမသစ္မွာ အသားက်ဖို႔အတြက္ ႀကဳိတင္အခ်ိန္ယူလုပ္ေဆာင္သြားမွာျဖစ္တယ္လို႔လည္း သတင္းေတြက ေဖာ္ျပထားေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချဲလ်ဆီးအသင်းအနေနဲ့ နောက်ဆုံးမှာတော့ သူတို့နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီပြီးဖြစ်တဲ့ တီမို ဗာနာအတွက် RB လိုက်ပ်ဇစ်အသင်းဘက်က တောင်းဆိုတဲ့ စာချုပ်လျော်ကြေး ပေါင် ၅၃ သန်းကို ပေးချေဖို့ သဘောတူညီလိုက်ပြီလို့ သိရပြီး လာမယ့်အပတ်အတွင်းမှာ ကစားသမားသစ်အဖြစ် တရားဝင်ကြေငြာနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

စတုဂတ်အသင်းကနေ ပြောင်းရွှေ့လာခဲ့ပြီးတဲ့နောက် RB လိုက်ပ်ဇစ်အသင်းအတွက် တည်ငြိမ်တဲ့ ခြေစွမ်းကောင်းကို တစ်ရာသီပြီးတစ်ရာသီ ပြသနိုင်ခဲ့တဲ့ ဗာနာဟာ ဒီရာသီမှာလည်း ဘွန်ဒက်စ်လီဂါသွင်းဂိုး ၂၅ ဂိုး ရယူနိုင်ခဲ့သလို ၈ ဂိုးဖန်တီးပေးနိုင်ခဲ့ပြီး ချဲလ်ဆီးနဲ့တော့ တစ်ပတ်လုပ်ခ ပေါင်တစ်သိန်းရှစ်သောင်းရမယ့် ၅ နှစ်စာချုပ်ကို သဘော တူညီခဲ့ပြီလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပတ်အတွင်းက အသေးစိတ်ဆွေးနွေးမှုတွေ လုပ်ဆောင်အောင်မြင်ခဲ့ပြီးတဲ့နောက် ခြွင်းချက်အနေနဲ့ ဆေးစစ်ဖို့ တစ်ခုသာ ကျန်ပြီး ချဲလ်ဆီးအသင်းအနေနဲ့ ဗာနာအတွက် အနီးစပ်ဆုံးအနေအထားက လီဗာပူးလ်နဲ့ ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်တို့ သွေးအေးနေခဲ့ချိန်မှာ အခွင့်ကောင်းယူပြီး နောက်ကောက်ချနိုင်ခဲ့တာပါ။

နည်းပြ ဖရန့် လမ်းပတ်ကတော့ သူ့ကို ပေးအပ်ထားတဲ့ ကတိတွေကို ချဲလ်ဆီးအသင်းဘက်က လုပ်ဆောင်ပေးမှုကို အမှန်တကယ်ရရှိခဲ့တာ ဖြစ်ပြီး လန်ဒန်မြို့မှာတော့ ကျန်တဲ့ ပြိုင်ဘက်တွေထက် ခေါင်းတစ်လုံးသာတဲ့အသင်းအဖြစ် ရပ်တည်နိုင်ဖို့ ကွင်းလယ်နဲ့ ခံစစ်ပိုင်းကို ဆက်လက်ပြင်ဆင် သွားဖို့ ရှိနေပါတယ်။

တီမို ဗာနာအနေနဲ့ ချဲလ်ဆီးအသင်းကို လာမယ့်ဇူလိုင်လမှာ ပြောင်းရွှေ့ဖို့ စီစဉ်နေပြီး RB လိုက်ပ်ဇစ်နဲ့ ဆက်ကစားမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲကပါ နုတ်ထွက်ပြီး ပါဝင်ယှဉ်ပြိုင်ခြင်းမပြုဖို့ ဆုံးဖြတ်ထားတယ်လို့ အင်္ဂလန်အသင်းရဲ့ ပြိုင်ပွဲတွေကို ကစားခွင့် မရှိသေးပေမယ့်လည်း နယ်မြေသစ်မှာ အသားကျဖို့အတွက် ကြိုတင်အချိန်ယူလုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း သတင်းတွေက ဖော်ပြထားကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.