Bundesliga Premier League Transfer News

မန္ခ်က္စတာစီးတီးဆီက ကမ္းလွမ္းမွဳရွိလာရင္ ျပန္လာဖို႔ စဥ္းစားသြားမယ့္ ဆန္ခ်ဳိ

ေဒါ့မြန္အသင္းရဲ႕ ေတာင္ပံကစားသမား ေဂ်ဒန္ ဆန္ခ်ဳိအေနနဲ႔ အသင္းေဟာင္း မန္ခ်က္စတာစီးတီးအသင္းဆီက ျပန္ေခၚမယ့္ ကမ္းလွမ္းမွဳမ်ဳိး ရရွိလာခဲ့ရင္ သူ႕အေနနဲ႔ ျပန္လာဖို႔ လက္ခံစဥ္းစားသြားမယ္လို႔ ေျပာၾကားထားခဲ့တယ္လို႔ ၿဗိတိန္အေျခစိုက္သတင္းဌာန သည္ဆန္းက ထုတ္ေဖာ္လုိက္ပါတယ္။

အဂၤလန္လက္ေရြးစင္အျဖစ္ အသက္ငယ္ငယ္မွာပဲ ထိုးေဖာက္ဝင္ေရာက္ႏုိင္ခဲ့တဲ့ မန္စီးတီးကစားသမားေဟာင္းကို ၿမဳိ႕ခံၿပဳိင္ဘက္ မန္ခ်က္စတာယူႏုိက္တက္အသင္းက ခ်ိတ္ဆက္ခဲ့ေပမယ့္ ေဒါ့မြန္ရဲ႕ ေဈးေလွ်ာ့ခ်ေပးႏုိင္ျခင္းမရွိေတာ့တဲ့ အေျခအေနမွာ ေျပာင္းေရႊ႕ေၾကးအတြက္ သေဘာတူညီမရလို႔ ပ်က္ျပယ္မယ့္ပုံစံလည္း ရွိေနတာျဖစ္ပါတယ္။

မန္စီးတီးရဲ႕ ေႏွာင္ႀကဳိးမပါဘဲ ေရာင္းခ်လုိက္မိတဲ့ အသက္ ၂၀ အရြယ္ ေတာင္ပံကစားသမားကို ေဒါ့မြန္ဘက္က ေပါင္ ၁၁၅ သန္း သတ္မွတ္ထားတယ္လို႔ တခ်ဳိ႕သတင္းေတြက ေဖာ္ျပခဲ့ၿပီး လက္ရွိျပသေနတဲ့ ေျခစြမ္းအရေတာ့ ကိုဗစ္-၁၉ ေၾကာင့္ ဘဏၰာေရး က်ပ္တည္းေနတာ မဟုတ္ဘူးဆုိရင္ ေဈးမေရွာင္ဘဲ ဝယ္ယူသင့္တဲ့ အေျခအေနလည္းျဖစ္ပါတယ္။

ေဒါ့မြန္အသင္းအတြက္ ဘြန္ဒက္စ္လီဂါမွာ ၁၇ ဂိုးသြင္းၿပီး ၁၆ ဂိုး ဖန္တီးေပးထားခဲ့တဲ့ ဆန္ခ်ဳိအေနနဲ႔ သူ႕ရဲ႕ သူငယ္ခ်င္းေတြကို အသင္းေဟာင္းဆီျပန္ဖို႔ အုိင္ဒီယာရွိေနတယ္လို႔ ထုတ္ေဖာ္ေျပာထားတယ္လို႔ သည္ဆန္းက ေရးသားခဲ့ၿပီး သုံးႏွစ္အၾကာမွာ အသင္းနဲ႔ ျပန္လည္ပူးေပါင္းသြားမလား ေစာင့္ၾကည့္ရဖို႔ ရွိေနပါတယ္။

အသင္းရဲ႕ ဂ်ာမန္ေတာင္ပံကစားသမား လီရြဳိင္း ဆာေနးကို ဆုံးရွဳံးရဖို႔ ရွိေနတဲ့ မန္စီးတီးအေနနဲ႔ ဆန္ခ်ဳိကို ျပန္လည္အစားထုိးဖို႔ကလည္း ျဖစ္ႏုိင္ေျခရွိေနၿပီး ဒီရာသီမွာ ကိုဗစ္-၁၉ ေၾကာင့္ FFP ကို ေျဖေလွ်ာ့ေပးထားမယ္ဆုိတဲ့ UEFA ရဲ႕ စကားအရ ပုိင္ရွင္ရဲ႕ ေငြေၾကးကို အသုံးျပဳၿပီး ေခၚယူႏိုင္ဖို႔ ရွိတာေၾကာင့္ ဥေရာပပြဲပယ္ျပစ္ဒဏ္နဲ႔ ေတြ႕ႀကဳံႏိုင္ေပမယ့္လည္း ႏွစ္ဦးႏွစ္ဖက္ ျပန္လည္ဆုံဆည္းမွဳကို ေတြ႕ျမင္ရႏိုင္ေၾကာင္း ခန္႔မွန္းေနၾကတယ္လို႔ သိရွိရပါတယ္။

REF: GOAL & THE SUN
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဒေါ့မွန်အသင်းရဲ့ တောင်ပံကစားသမား ဂျေဒန် ဆန်ချိုအနေနဲ့ အသင်းဟောင်း မန်ချက်စတာစီးတီးအသင်းဆီက ပြန်ခေါ်မယ့် ကမ်းလှမ်းမှုမျိုး ရရှိလာခဲ့ရင် သူ့အနေနဲ့ ပြန်လာဖို့ လက်ခံစဉ်းစားသွားမယ်လို့ ပြောကြားထားခဲ့တယ်လို့ ဗြိတိန်အခြေစိုက်သတင်းဌာန သည်ဆန်းက ထုတ်ဖော်လိုက်ပါတယ်။

အင်္ဂလန်လက်ရွေးစင်အဖြစ် အသက်ငယ်ငယ်မှာပဲ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့တဲ့ မန်စီးတီးကစားသမားဟောင်းကို မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်းက ချိတ်ဆက်ခဲ့ပေမယ့် ဒေါ့မွန်ရဲ့ ဈေးလျှော့ချပေးနိုင်ခြင်းမရှိတော့တဲ့ အခြေအနေမှာ ပြောင်းရွှေ့ကြေးအတွက် သဘောတူညီမရလို့ ပျက်ပြယ်မယ့်ပုံစံလည်း ရှိနေတာဖြစ်ပါတယ်။

မန်စီးတီးရဲ့ နှောင်ကြိုးမပါဘဲ ရောင်းချလိုက်မိတဲ့ အသက် ၂၀ အရွယ် တောင်ပံကစားသမားကို ဒေါ့မွန်ဘက်က ပေါင် ၁၁၅ သန်း သတ်မှတ်ထားတယ်လို့ တချို့သတင်းတွေက ဖော်ပြခဲ့ပြီး လက်ရှိပြသနေတဲ့ ခြေစွမ်းအရတော့ ကိုဗစ်-၁၉ ကြောင့် ဘဏ္ဏာရေး ကျပ်တည်းနေတာ မဟုတ်ဘူးဆိုရင် ဈေးမရှောင်ဘဲ ဝယ်ယူသင့်တဲ့ အခြေအနေလည်းဖြစ်ပါတယ်။

ဒေါ့မွန်အသင်းအတွက် ဘွန်ဒက်စ်လီဂါမှာ ၁၇ ဂိုးသွင်းပြီး ၁၆ ဂိုး ဖန်တီးပေးထားခဲ့တဲ့ ဆန်ချိုအနေနဲ့ သူ့ရဲ့ သူငယ်ချင်းတွေကို အသင်းဟောင်းဆီပြန်ဖို့ အိုင်ဒီယာရှိနေတယ်လို့ ထုတ်ဖော်ပြောထားတယ်လို့ သည်ဆန်းက ရေးသားခဲ့ပြီး သုံးနှစ်အကြာမှာ အသင်းနဲ့ ပြန်လည်ပူးပေါင်းသွားမလား စောင့်ကြည့်ရဖို့ ရှိနေပါတယ်။

အသင်းရဲ့ ဂျာမန်တောင်ပံကစားသမား လီရွိုင်း ဆာနေးကို ဆုံးရှုံးရဖို့ ရှိနေတဲ့ မန်စီးတီးအနေနဲ့ ဆန်ချိုကို ပြန်လည်အစားထိုးဖို့ကလည်း ဖြစ်နိုင်ခြေရှိနေပြီး ဒီရာသီမှာ ကိုဗစ်-၁၉ ကြောင့် FFP ကို ဖြေလျှော့ပေးထားမယ်ဆိုတဲ့ UEFA ရဲ့ စကားအရ ပိုင်ရှင်ရဲ့ ငွေကြေးကို အသုံးပြုပြီး ခေါ်ယူနိုင်ဖို့ ရှိတာကြောင့် ဥရောပပွဲပယ်ပြစ်ဒဏ်နဲ့ တွေ့ကြုံနိုင်ပေမယ့်လည်း နှစ်ဦးနှစ်ဖက် ပြန်လည်ဆုံဆည်းမှုကို တွေ့မြင်ရနိုင်ကြောင်း ခန့်မှန်းနေကြတယ်လို့ သိရှိရပါတယ်။

REF: GOAL & THE SUN
PHOTOS CREDIT TO OWNERS
SPORTS A2Z.