La Liga Match Report Premier League UCL&UEL

ဗီလာရီးရဲလ်ကို အဝေးကွင်းနိုင်ပွဲယူပြီး ကာရစ်နဲ့ အုပ်စုက တက်သွားခဲ့တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ ယာယီနည်းပြ မိုက်ကယ် ကာရစ်ရဲ့ လက်ထဲမှာ လူစာရင်းအပြောင်းအလဲတွေလုပ်ခဲ့ပြီး ကွင်းလယ်မှာ မက်တော်မီနေးနဲ့ ဖရက်ဒ်တို့ကို ဗန်ဒဘိခ်နဲ့ တွဲပေးခဲ့သလို တိုက်စစ်မှာလည်း ရော်နယ်လ်ဒိုကို ဘယ်ခြမ်းမှာ ထားပြီး ဆန်ချို၊ မာစီယယ်လ်တို့နဲ့ တွဲပေးခဲ့ချိန်မှာ ဘရူနို ဖာနန်ဒက်စ်နဲ့ တချို့ကစားသမားတွေကိုတော့ အရန်ခုံမှာပဲ ထားခဲ့တာဖြစ်ပါတယ်။

အူနိုင်း အမ်မရီရဲ့ ဗီလာရီးရဲလ်ကတော့ တစ်ဖက်အသင်းကို မလေးစားတဲ့ လူစာရင်းမျိုးနဲ့ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှူး မပါဝင်သလို အဓိက ကစားသမားတွေဖြစ်တဲ့ ချုခ်ဝူဇီ၊ ပက်ဒရာဇာ၊ ပါကို အယ်လ်ကာဆာ၊ ဘူလာယေး ဒီယားတို့လို ကစားသမားတွေကို ချန်ထားခဲ့ပြီး ဒန်ဂျူးမားတစ်ဦးတည်း တိုက်စစ်မှာ ထားပြီး ခင်းကျင်းခဲ့သလို သိပ်ပြီး အလုပ်မဖြစ်ခဲ့တာလည်း တွေ့ခဲ့ရပါတယ်။

ပွဲချိန် ၃ မိနစ်မှာကတည်းက ယူနိုက်တက်တို့ အခွင့်အရေးစရခဲ့ပြီး အဲလက်စ် တဲလက်စ်ရဲ့ ဖရီးကစ်ကို ရော်နယ်လ်ဒိုနဲ့ မက်တော်မီနေးတို့ အသုံးမချနိုင်ဘဲ လွဲချော်ခဲ့သလို ပွဲချိန် ၅ မိနစ်မှာတော့ ဗီလာရီးရဲလ်တို့ တန်ပြန်တိုက်စစ်ကနေ ကွင်းလယ်လူ မွာဂိုမက်ဇ်က ကန်သွင်းခဲ့ပေမယ့် ဂိုးသမား ဒဟေးယား ပုတ်ထုတ်ကာကွယ်ခဲ့ရပါတယ်။

ဒန်ဂျူးမားကတော့ အထောင်နေရာမှာ သိပ်အံမဝင်တာကြောင့် ယူနိုက်တက်ခံစစ်က ထိန်းချုပ်ဖို့ သိပ်မခက်ခဲ့သလို ဒါကြောင့်လည်း သူတို့ရဲ့ ဘယ်ခြမ်းက ပထမအကျော့ အိုးလ်ထရက်ဖို့ဒ်ကလို အန္တရာယ်များတဲ့ ခြိမ်းခြောက်မှုတွေ နည်းခဲ့ပြီး ကြောင်ပျောက် အမ်မရီရဲ့ ပြန်ပေါ်ခဲ့တဲ့ အာဆင်နယ်က ငယ်ကျင့်တွေက သူတို့ကို ဒီနေ့ပွဲမှာ နောက်တစ်ဆင့်တက်နိုင်ဖို့ပါ ထိခိုက်စေခဲ့တာပါ။

ပွဲချိန် ၂၇ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ကန်တင်လိုက်တဲ့ ဘောလုံးကို အဲလက်စ် တဲလက်စ် ခေါင်းတိုက်မဖျက်နိုင်ခဲ့လို့ ရသွားခဲ့တဲ့ ဗီလာရီးရဲလ်ညာတောင်ပံသမား ပီနိုက အတွင်းကို ပြန်ချိုးပေးရာမှာ နောက်က လိုက်လာတဲ့ ထရီဂေးရော့စ်က မနားတမ်းကန်သွင်းခဲ့ပေမယ့် ဒဟေးယားပဲ ပုတ်ထုတ်သွားနိုင်ခဲ့ပြန်ပါတယ်။

ကာရစ်ရဲ့ ဒီနေ့ပွဲမှာ အတွဲလိုက်ကြီး အပြောင်းအလဲလုပ်ခဲ့တဲ့ ဗန်ဒဘိခ်နဲ့ ဆန်ချိုတို့ကတော့ သိပ်ပြီး အတွဲအဖက် မမိဘဲဖြစ်နေခဲ့သလို ရရှိခဲ့တဲ့ အခွင့်အရေးတွေကလည်း သိပ်အပိုင်ကြီး မဟုတ်ခဲ့တာကြောင့် ရော်နယ်လ်ဒိုအနေနဲ့ အသုံးမချနိုင်ခဲ့ဘဲရှိခဲ့ပြီး ပန်းထိမ်မတတ်ဘဲ ရွှေခိုးပြီး လိမ်ချင်ခေါက်ချင်တဲ့ ဝန်ဘစ်ဆာကာရဲ့ အမှားကိုတော့ ဗီလာရီးရဲလ်တို့ အသုံးမချနိုင်ခဲ့တာကြောင့် ပထမပိုင်းက ဂိုးမရှိသရေပဲဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း ယူနိုက်တက်နဲ့ ဗီလာရီးရဲလ်တို့ အကြိတ်အနယ်ရှိခဲ့သလို ပွဲချိန် ၅၉ မိနစ်မှာတော့ မွာဂိုမက်ဇ်ရဲ့ ကန်ချက် လင်ဒီလော့ဖ်နဲ့ ထိပြီး ပြန်ထွက်လာတာကနေ ထရီဂေးရော့စ်ကပဲ Volley ကန်သွင်းခဲ့ပေမယ့် လက်စွမ်းပြနေခဲ့တဲ့ ဂိုးသမား ဒဟေးယားကတော့ သုံးကြိမ်မြောက် အပိုင်အခွင့်အရေး ကာကွယ်မှုကို ပြုလုပ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၆၆ မိနစ်မှာတော့ ဗန်ဒဘိခ်အစား ဘရူနို ဖာနန်ဒက်စ်နဲ့ မာစီယယ်လ်အစား ရက်ရှ်ဖို့ဒ်တို့ကို နည်းပြ ကာရစ်က အပြောင်းအလဲလုပ်ခဲ့ပြီး ဗီလာရီးရဲလ်ကတော့ ပီနိုအစား ချုခ်ဝူဇီနဲ့ ထရီဂေးရော့စ်အစား အဲလ်ဘတ်တို မိုရီနိုတို့ကို ထည့်သွင်းသွားခဲ့ပြီး ယူနိုက်တက်တို့ရဲ့ တိုက်စစ်ကတော့ ဒီနောက်ပိုင်းမှာ ပိုပြီး အသက်ဝင်လာခဲ့တာပါ။

ပွဲချိန် ၇၁ မိနစ်မှာတော့ ယူနိုက်တက်တို့ ညာခြမ်းကနေ တိုက်စစ်ဆင်လာခဲ့ပြီး ဆန်ချိုနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ရဲ့ ဝမ်းတူးက ရတဲ့ အခွင့်အရေးကို ဂိုးသမား ရူလီနဲ့အတွေ့မှာ အားမသန်တဲ့ ဘယ်ခြေနဲ့ ကန်သွင်းခဲ့ရတဲ့ ဆန်ချိုက အသုံးမချနိုင်ခဲ့လို့ ဧည့်သည်တွေ အဖွင့်ဂိုးနဲ့ လွဲချော်ခဲ့ရပေမယ့် စိတ်ဓာတ်ပိုင်းအရ ဗီလာရီးရဲလ်တို့ကို ပိုမိုဖိအားပေးလာနိုင်ခဲ့ပါတယ်။

ပွဲချိန် ၇၈ မိနစ်မှာတော့ လူသေချာမကြည့်ဘဲ အကျပ်ထဲကို ထိုးထည့်ပေးလိုက်တဲ့ ဗီလာရီးရဲလ်ဂိုးသမား ရူလီရဲ့ ခပ်ဆိုးဆိုး ပေးပို့မှုကနေ ဖရက်ဒ်က ဖိအားပေးခဲ့ရာမှာ ကာပူးဆီက ပျက်ပြီး ထွက်လာခဲ့တဲ့ ဘောလုံးကို ရော်နယ်လ်ဒိုက အချိန်မဆိုင်းဘဲ ရှေ့ထွက်လာတဲ့ ဂိုးသမားပေါ်က ကျော်ကန်သွင်းခဲ့ပြီး Mr. Champions League ရဲ့ ဒီရာသီ ၅ ပွဲမှာ ၅ ပွဲဆက်တိုက်သွင်းပြီး ၆ ဂိုးမြောက်နဲ့ ယူနိုက်တက်တို့ စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။

ဂိုးပေးလိုက်ရအပြီးမှာ အမ်မရီအနေနဲ့ သူ့အသင်းကို တိုက်စစ်မှူးနှစ်ယောက်ဖြစ်တဲ့ ဒါနီ ရာဘာနဲ့ ဘူလာယေး ဒီယားတို့ တိုက်စစ်မှူးနှစ်ဦးကို အူယားဖားယားထည့်ပြီး အပြောင်းအလဲလုပ်ခဲ့ပေမယ့် ယူနိုက်တက်ခံစစ်ကို မကျော်နိုင်ခဲ့ဘဲဖြစ်နေပြီး ရော်နယ်လ်ဒိုနဲ့ ရက်ရှ်ဖို့ဒ်တို့ကတောင် ထပ်ပြီး ခြိမ်းခြောက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၉၀ မှာတော့ တန်ပြန်တိုက်စစ်နဲ့ ဘယ်ခြမ်းကနေ ရော်နယ်လ်ဒို၊ ရက်ရှ်ဖို့ဒ်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ ဆက်တိုက်အပေးအယူလုပ်ပြီး ရောက်ရှိလာခဲ့တဲ့ ဘောလုံးကို ညာတောင်ပံက လွတ်နေတဲ့ ဆန်ချိုက ကန်သွင်းခဲ့ရာမှာ အနီးတိုင်အပေါ်ထောင့်ကို သပ်သပ်ရပ်ရပ် ဝင်သွားခဲ့လို့ ယူနိုက်တက်တို့ ဒုတိယဂိုးရရှိခဲ့ပြီး ပေါင် ၇၃ သန်းတန် ကစားသမားအနေနဲ့ သူ့ရဲ့ ဖိအားတွေကို သရဲနီဘဝ ပထမဆုံးဂိုးနဲ့ စတင်လျှော့ချနိုင်ခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေကိုတော့ ရော်နယ်လ်ဒိုနဲ့ ဆန်ချိုအစား မာတစ်ချ်နဲ့ မာတာတို့ကို ထည့်သွင်းပြီး ထိန်းကစားသွားခဲ့သလို ပွဲချိန်အပြည့်မှာတော့ နှစ်ဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံခဲ့ပြီး ယာယီအိမ်စောင့်နည်းပြတွေနဲ့ ကံစပ်တဲ့ ယူနိုက်တက်တို့ ရှုံးထွက် ၁၆ သင်းအဆင့်ကို အုပ်စုဗိုလ်နဲ့ တက်ရောက်သွားနိုင်ခဲ့ပြီး ကာရစ်ရဲ့ အဖွင့်ပွဲကလည်း လှပသွားခဲ့တာဖြစ်ပါတယ်။

အရေးကြီးတဲ့ ပွဲမှာ ဂလယ်အူကြောင်အကျင့်တွေ ပြန်ပေါ်ခဲ့တဲ့ အူနိုင်း အမ်မရီကတော့ ဗီလာရီးရဲလ်နဲ့အတူ ယူရိုပါလိဂ်ကို သွားရဖို့ ၉၉ ရာခိုင်နှုန်းလောက် သေချာသွားခဲ့ပြီး လာမယ့် အပိတ်ပွဲစဉ်မှာ အိမ်ကွင်းကောင်းတဲ့ စီးရီးအေကလပ် အတ္တလန်တာနဲ့ အီတလီမြေမှာ ရင်ဆိုင်ရမှာဖြစ်လို့ ရှုံးတာနဲ့ နောက်တစ်ဆင့်နဲ့ လွဲတော့မှာဖြစ်သလို သူ့ရဲ့ Unai Emery League မှာပဲ ပြောင်းလဲကျက်စားရဖို့ များနေခဲ့ပြီဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ယာယီနည္းျပ မိုက္ကယ္ ကာရစ္ရဲ႕ လက္ထဲမွာ လူစာရင္းအေျပာင္းအလဲေတြလုပ္ခဲ့ၿပီး ကြင္းလယ္မွာ မက္ေတာ္မီေနးနဲ႔ ဖရက္ဒ္တို႔ကို ဗန္ဒဘိခ္နဲ႔ တြဲေပးခဲ့သလို တိုက္စစ္မွာလည္း ေရာ္နယ္လ္ဒိုကို ဘယ္ျခမ္းမွာ ထားၿပီး ဆန္ခ်ိဳ၊ မာစီယယ္လ္တို႔နဲ႔ တြဲေပးခဲ့ခ်ိန္မွာ ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ တခ်ိဳ႕ကစားသမားေတြကိုေတာ့ အရန္ခုံမွာပဲ ထားခဲ့တာျဖစ္ပါတယ္။

အူႏိုင္း အမ္မရီရဲ႕ ဗီလာရီးရဲလ္ကေတာ့ တစ္ဖက္အသင္းကို မေလးစားတဲ့ လူစာရင္းမ်ိဳးနဲ႔ ပြဲထြက္လာခဲ့ၿပီး တိုက္စစ္မႉး မပါဝင္သလို အဓိက ကစားသမားေတြျဖစ္တဲ့ ခ်ဳခ္ဝူဇီ၊ ပက္ဒရာဇာ၊ ပါကို အယ္လ္ကာဆာ၊ ဘူလာေယး ဒီယားတို႔လို ကစားသမားေတြကို ခ်န္ထားခဲ့ၿပီး ဒန္ဂ်ဴးမားတစ္ဦးတည္း တိုက္စစ္မွာ ထားၿပီး ခင္းက်င္းခဲ့သလို သိပ္ၿပီး အလုပ္မျဖစ္ခဲ့တာလည္း ေတြ႕ခဲ့ရပါတယ္။

ပြဲခ်ိန္ ၃ မိနစ္မွာကတည္းက ယူႏိုက္တက္တို႔ အခြင့္အေရးစရခဲ့ၿပီး အဲလက္စ္ တဲလက္စ္ရဲ႕ ဖရီးကစ္ကို ေရာ္နယ္လ္ဒိုနဲ႔ မက္ေတာ္မီေနးတို႔ အသုံးမခ်ႏိုင္ဘဲ လြဲေခ်ာ္ခဲ့သလို ပြဲခ်ိန္ ၅ မိနစ္မွာေတာ့ ဗီလာရီးရဲလ္တို႔ တန္ျပန္တိုက္စစ္ကေန ကြင္းလယ္လူ မြာဂိုမက္ဇ္က ကန္သြင္းခဲ့ေပမယ့္ ဂိုးသမား ဒေဟးယား ပုတ္ထုတ္ကာကြယ္ခဲ့ရပါတယ္။

ဒန္ဂ်ဴးမားကေတာ့ အေထာင္ေနရာမွာ သိပ္အံမဝင္တာေၾကာင့္ ယူႏိုက္တက္ခံစစ္က ထိန္းခ်ဳပ္ဖို႔ သိပ္မခက္ခဲ့သလို ဒါေၾကာင့္လည္း သူတို႔ရဲ႕ ဘယ္ျခမ္းက ပထမအေက်ာ့ အိုးလ္ထရက္ဖို႔ဒ္ကလို အႏၲရာယ္မ်ားတဲ့ ၿခိမ္းေျခာက္မႈေတြ နည္းခဲ့ၿပီး ေၾကာင္ေပ်ာက္ အမ္မရီရဲ႕ ျပန္ေပၚခဲ့တဲ့ အာဆင္နယ္က ငယ္က်င့္ေတြက သူတို႔ကို ဒီေန႔ပြဲမွာ ေနာက္တစ္ဆင့္တက္ႏိုင္ဖို႔ပါ ထိခိုက္ေစခဲ့တာပါ။

ပြဲခ်ိန္ ၂၇ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ကန္တင္လိုက္တဲ့ ေဘာလုံးကို အဲလက္စ္ တဲလက္စ္ ေခါင္းတိုက္မဖ်က္ႏိုင္ခဲ့လို႔ ရသြားခဲ့တဲ့ ဗီလာရီးရဲလ္ညာေတာင္ပံသမား ပီႏိုက အတြင္းကို ျပန္ခ်ိဳးေပးရာမွာ ေနာက္က လိုက္လာတဲ့ ထရီေဂးေရာ့စ္က မနားတမ္းကန္သြင္းခဲ့ေပမယ့္ ဒေဟးယားပဲ ပုတ္ထုတ္သြားႏိုင္ခဲ့ျပန္ပါတယ္။

ကာရစ္ရဲ႕ ဒီေန႔ပြဲမွာ အတြဲလိုက္ႀကီး အေျပာင္းအလဲလုပ္ခဲ့တဲ့ ဗန္ဒဘိခ္နဲ႔ ဆန္ခ်ိဳတို႔ကေတာ့ သိပ္ၿပီး အတြဲအဖက္ မမိဘဲျဖစ္ေနခဲ့သလို ရရွိခဲ့တဲ့ အခြင့္အေရးေတြကလည္း သိပ္အပိုင္ႀကီး မဟုတ္ခဲ့တာေၾကာင့္ ေရာ္နယ္လ္ဒိုအေနနဲ႔ အသုံးမခ်ႏိုင္ခဲ့ဘဲရွိခဲ့ၿပီး ပန္းထိမ္မတတ္ဘဲ ေ႐ႊခိုးၿပီး လိမ္ခ်င္ေခါက္ခ်င္တဲ့ ဝန္ဘစ္ဆာကာရဲ႕ အမွားကိုေတာ့ ဗီလာရီးရဲလ္တို႔ အသုံးမခ်ႏိုင္ခဲ့တာေၾကာင့္ ပထမပိုင္းက ဂိုးမရွိသေရပဲျဖစ္ေနခဲ့တာပါ။

ဒုတိယပိုင္းမွာလည္း ယူႏိုက္တက္နဲ႔ ဗီလာရီးရဲလ္တို႔ အႀကိတ္အနယ္ရွိခဲ့သလို ပြဲခ်ိန္ ၅၉ မိနစ္မွာေတာ့ မြာဂိုမက္ဇ္ရဲ႕ ကန္ခ်က္ လင္ဒီေလာ့ဖ္နဲ႔ ထိၿပီး ျပန္ထြက္လာတာကေန ထရီေဂးေရာ့စ္ကပဲ Volley ကန္သြင္းခဲ့ေပမယ့္ လက္စြမ္းျပေနခဲ့တဲ့ ဂိုးသမား ဒေဟးယားကေတာ့ သုံးႀကိမ္ေျမာက္ အပိုင္အခြင့္အေရး ကာကြယ္မႈကို ျပဳလုပ္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၆၆ မိနစ္မွာေတာ့ ဗန္ဒဘိခ္အစား ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ မာစီယယ္လ္အစား ရက္ရွ္ဖို႔ဒ္တို႔ကို နည္းျပ ကာရစ္က အေျပာင္းအလဲလုပ္ခဲ့ၿပီး ဗီလာရီးရဲလ္ကေတာ့ ပီႏိုအစား ခ်ဳခ္ဝူဇီနဲ႔ ထရီေဂးေရာ့စ္အစား အဲလ္ဘတ္တို မိုရီႏိုတို႔ကို ထည့္သြင္းသြားခဲ့ၿပီး ယူႏိုက္တက္တို႔ရဲ႕ တိုက္စစ္ကေတာ့ ဒီေနာက္ပိုင္းမွာ ပိုၿပီး အသက္ဝင္လာခဲ့တာပါ။

ပြဲခ်ိန္ ၇၁ မိနစ္မွာေတာ့ ယူႏိုက္တက္တို႔ ညာျခမ္းကေန တိုက္စစ္ဆင္လာခဲ့ၿပီး ဆန္ခ်ိဳနဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ရဲ႕ ဝမ္းတူးက ရတဲ့ အခြင့္အေရးကို ဂိုးသမား ႐ူလီနဲ႔အေတြ႕မွာ အားမသန္တဲ့ ဘယ္ေျခနဲ႔ ကန္သြင္းခဲ့ရတဲ့ ဆန္ခ်ိဳက အသုံးမခ်ႏိုင္ခဲ့လို႔ ဧည့္သည္ေတြ အဖြင့္ဂိုးနဲ႔ လြဲေခ်ာ္ခဲ့ရေပမယ့္ စိတ္ဓာတ္ပိုင္းအရ ဗီလာရီးရဲလ္တို႔ကို ပိုမိုဖိအားေပးလာႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၇၈ မိနစ္မွာေတာ့ လူေသခ်ာမၾကည့္ဘဲ အက်ပ္ထဲကို ထိုးထည့္ေပးလိုက္တဲ့ ဗီလာရီးရဲလ္ဂိုးသမား ႐ူလီရဲ႕ ခပ္ဆိုးဆိုး ေပးပို႔မႈကေန ဖရက္ဒ္က ဖိအားေပးခဲ့ရာမွာ ကာပူးဆီက ပ်က္ၿပီး ထြက္လာခဲ့တဲ့ ေဘာလုံးကို ေရာ္နယ္လ္ဒိုက အခ်ိန္မဆိုင္းဘဲ ေရွ႕ထြက္လာတဲ့ ဂိုးသမားေပၚက ေက်ာ္ကန္သြင္းခဲ့ၿပီး Mr. Champions League ရဲ႕ ဒီရာသီ ၅ ပြဲမွာ ၅ ပြဲဆက္တိုက္သြင္းၿပီး ၆ ဂိုးေျမာက္နဲ႔ ယူႏိုက္တက္တို႔ စတင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဂိုးေပးလိုက္ရအၿပီးမွာ အမ္မရီအေနနဲ႔ သူ႔အသင္းကို တိုက္စစ္မႉးႏွစ္ေယာက္ျဖစ္တဲ့ ဒါနီ ရာဘာနဲ႔ ဘူလာေယး ဒီယားတို႔ တိုက္စစ္မႉးႏွစ္ဦးကို အူယားဖားယားထည့္ၿပီး အေျပာင္းအလဲလုပ္ခဲ့ေပမယ့္ ယူႏိုက္တက္ခံစစ္ကို မေက်ာ္ႏိုင္ခဲ့ဘဲျဖစ္ေနၿပီး ေရာ္နယ္လ္ဒိုနဲ႔ ရက္ရွ္ဖို႔ဒ္တို႔ကေတာင္ ထပ္ၿပီး ၿခိမ္းေျခာက္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ မိနစ္ ၉၀ မွာေတာ့ တန္ျပန္တိုက္စစ္နဲ႔ ဘယ္ျခမ္းကေန ေရာ္နယ္လ္ဒို၊ ရက္ရွ္ဖို႔ဒ္နဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ ဆက္တိုက္အေပးအယူလုပ္ၿပီး ေရာက္ရွိလာခဲ့တဲ့ ေဘာလုံးကို ညာေတာင္ပံက လြတ္ေနတဲ့ ဆန္ခ်ိဳက ကန္သြင္းခဲ့ရာမွာ အနီးတိုင္အေပၚေထာင့္ကို သပ္သပ္ရပ္ရပ္ ဝင္သြားခဲ့လို႔ ယူႏိုက္တက္တို႔ ဒုတိယဂိုးရရွိခဲ့ၿပီး ေပါင္ ၇၃ သန္းတန္ ကစားသမားအေနနဲ႔ သူ႔ရဲ႕ ဖိအားေတြကို သရဲနီဘဝ ပထမဆုံးဂိုးနဲ႔ စတင္ေလွ်ာ့ခ်ႏိုင္ခဲ့ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြကိုေတာ့ ေရာ္နယ္လ္ဒိုနဲ႔ ဆန္ခ်ိဳအစား မာတစ္ခ်္နဲ႔ မာတာတို႔ကို ထည့္သြင္းၿပီး ထိန္းကစားသြားခဲ့သလို ပြဲခ်ိန္အျပည့္မွာေတာ့ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံခဲ့ၿပီး ယာယီအိမ္ေစာင့္နည္းျပေတြနဲ႔ ကံစပ္တဲ့ ယူႏိုက္တက္တို႔ ရႈံးထြက္ ၁၆ သင္းအဆင့္ကို အုပ္စုဗိုလ္နဲ႔ တက္ေရာက္သြားႏိုင္ခဲ့ၿပီး ကာရစ္ရဲ႕ အဖြင့္ပြဲကလည္း လွပသြားခဲ့တာျဖစ္ပါတယ္။

အေရးႀကီးတဲ့ ပြဲမွာ ဂလယ္အူေၾကာင္အက်င့္ေတြ ျပန္ေပၚခဲ့တဲ့ အူႏိုင္း အမ္မရီကေတာ့ ဗီလာရီးရဲလ္နဲ႔အတူ ယူ႐ိုပါလိဂ္ကို သြားရဖို႔ ၉၉ ရာခိုင္ႏႈန္းေလာက္ ေသခ်ာသြားခဲ့ၿပီး လာမယ့္ အပိတ္ပြဲစဥ္မွာ အိမ္ကြင္းေကာင္းတဲ့ စီးရီးေအကလပ္ အတၱလန္တာနဲ႔ အီတလီေျမမွာ ရင္ဆိုင္ရမွာျဖစ္လို႔ ရႈံးတာနဲ႔ ေနာက္တစ္ဆင့္နဲ႔ လြဲေတာ့မွာျဖစ္သလို သူ႔ရဲ႕ Unai Emery League မွာပဲ ေျပာင္းလဲက်က္စားရဖို႔ မ်ားေနခဲ့ၿပီျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT OWNERS
SPORTS A2Z.