UCL&UEL

နှင်းစက်တွေကြား နောက်ပြန်ကန်ချက်နဲ့ ဘိုင်ယန်ရဲ့စံချိန်ကို ဆက်ထိန်းပေးခဲ့တဲ့ လီဗန်ဒေါ့ဗ်စကီး

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ရောဘတ်လီဗန်ဒေါ့ဗ်စကီးဟာ ဂျာမန်ထိပ်သီးအသင်းကြီးအတွက် နောက်ထပ်တစ်ကြိမ် အံ့အားသင့်ဖွယ်ခြေစွမ်းပြသပြီး ချန်ပီယံလိဂ်ရဲ့ ၎င်းတို့ရဲ့ ပြီးပြည့်စုံတဲ့စံချိန်ကို ဆက်လက်ထိန်းသိမ်းပေးခဲ့ပါတယ်။

ပိုလန် တိုက်စစ်မှူးဟာ ဒိုင်နမို ကိဗ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်း ပထမပိုင်း ၁၄ မိနစ်မှာ အလွန်ကောင်းမွန်တဲ့ နောက်ပြန်ကန်ချက်နဲ့အတူ ဦးဆောင်ဂိုးကို စတင် သွင်းယူပေးခဲ့တာဖြစ်ပြီး လေထဲမှာ လည်နေတဲ့ ဘောလုံးကို လီဗန်ဒေါ့ဗ်စကီးက ၎င်းရဲ့ခန္ဓာကိုယ်အနေအထားကို ချိန်ညှိပြီး အားပါတဲ့ နောက်ပြန်ကန်ချက်နဲ့ သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

လီဗန်ဒေ့ါဗ်စကီးရဲ့ ဂိုးသွင်းယူမှုကို ပြန်လည်ပြသတဲ့ ရုပ်သံအနှေးပြကွက်ကို အနီးကပ် ကြည့်ရှုခဲ့ချိန်မှာတော့ နောက်ပြန်ကန်ချက်နဲ့ ကန်သွင်းနေချိန်မှာ ဖိနပ်ကြိုးတောင် ပြေနေခဲ့တာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ ဒိုင်နမိုကိဗ်ရဲ့ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ သွင်းဂိုးဟာ လီဗန်ဒေါ့ဗ်စကီးအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၉ ပွဲ ဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပြီး ၂၀၂၀ တုန်းကလည်း ဒီလိုဂိုးသွင်းစံချိန်ကို ရရှိဖူးပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၉ ပွဲဆက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့သူဖြစ်ပါတယ်။

ကင်းစလေ ကိုမန်းက ပထမပိုင်းမပြီးခင် ၄၂ မိနစ်မှာ ဒုတိယဂိုးကို ထပ်မံသွင်းယူခဲ့ပြီး ဒိုင်နမိုကိဗ်အတွက် တစ်လုံးတည်းသော ချေပဂိုးကို ဒန်းနစ္စ ဟားမက်ရှ်က သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။ ဒိုင်နမိုကိဗ်အသင်းဟာ ၇၅ မိနစ်မှာ အလွန်ကောင်းမွန်တဲ့ ဂိုးကန်သွင်းချက်ပြုလုပ်နိုင်ခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်ဂိုးသမား နျူအာက ကာကွယ်နိုင်ခဲ့ပြီး နာကျင်အချိန်ပိုမှာ ထပ်မံပြုလုပ်ခဲ့တဲ့ ကန်သွင်းမှုဟာလည်း တိုင်ထိထွက်သွားခဲ့တာကြောင့် အိမ်ရှင်အသင်းအတွက် နစ်နာခဲ့ရတာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ပြီးခဲ့တဲ့ သောကြာနေ့ညက အောက်စ်ဘတ်ကို ၂-၁ နဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်မှုကနေ ပြန်လာနိုင်ခဲ့တာဖြစ်ပြီး အုပ်စုအဆင့် ၅ ပွဲကစားထားရာမှာ ၅ ပွဲစလုံး အနိုင်ရရှိခဲ့တာကြောင့် ရမှတ် ၁၅ မှတ်နဲ့ အုပ်စုဗိုလ်အဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းတွေထဲက တစ်သင်းအဖြစ် ရှိနေဆဲဖြစ်ပြီး လီဗန်ဒေါ့ဗ်စကီးကလည်း ဘလွန်ဒေါဆုအတွက် ထိပ်ဆုံးကနေ ရေပန်းစားနေသူတွေထဲက တစ်ဦးဖြစ်ပါတယ်။

အင်္ဂါနေ့ညမှာ ဘင်ဖီကာအသင်းနဲ့ သရေကျခဲ့တဲ့ ဘာစီလိုနာအသင်းဟာ ဘိုင်ယန်မြူးနစ်နဲ့ ၈ မှတ်အကွာ အုပ်စု ဒုတိယနေရာမှာ ရပ်တည်နေပြီး လာမယ့် ဒီဇင်ဘာ ၈ ရက်နေ့ညမှာ အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ်အသင်းနဲ့ လာလီဂါထိပ်သီးအသင်းကြီးတို့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉး ေရာဘတ္လီဗန္ေဒါ့ဗ္စကီးဟာ ဂ်ာမန္ထိပ္သီးအသင္းႀကီးအတြက္ ေနာက္ထပ္တစ္ႀကိမ္ အံ့အားသင့္ဖြယ္ေျခစြမ္းျပသၿပီး ခ်န္ပီယံလိဂ္ရဲ့ ၎တို႔ရဲ့ ၿပီးျပည့္စုံတဲ့စံခ်ိန္ကို ဆက္လက္ထိန္းသိမ္းေပးခဲ့ပါတယ္။

ပိုလန္ တိုက္စစ္မႉးဟာ ဒိုင္နမို ကိဗ္နဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္အတြင္း ပထမပိုင္း ၁၄ မိနစ္မွာ အလြန္ေကာင္းမြန္တဲ့ ေနာက္ျပန္ကန္ခ်က္နဲ႔အတူ ဦးေဆာင္ဂိုးကို စတင္ သြင္းယူေပးခဲ့တာျဖစ္ၿပီး ေလထဲမွာ လည္ေနတဲ့ ေဘာလုံးကို လီဗန္ေဒါ့ဗ္စကီးက ၎ရဲ့ခႏၶာကိုယ္အေနအထားကို ခ်ိန္ညႇိၿပီး အားပါတဲ့ ေနာက္ျပန္ကန္ခ်က္နဲ႔ သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

လီဗန္ေဒ့ါဗ္စကီးရဲ့ ဂိုးသြင္းယူမႈကို ျပန္လည္ျပသတဲ့ ႐ုပ္သံအေႏွးျပကြက္ကို အနီးကပ္ ၾကည့္ရႈခဲ့ခ်ိန္မွာေတာ့ ေနာက္ျပန္ကန္ခ်က္နဲ႔ ကန္သြင္းေနခ်ိန္မွာ ဖိနပ္ႀကိဳးေတာင္ ေျပေနခဲ့တာကို ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။ ဒိုင္နမိုကိဗ္ရဲ့ပြဲစဥ္မွာ သြင္းယူခဲ့တဲ့ သြင္းဂိုးဟာ လီဗန္ေဒါ့ဗ္စကီးအတြက္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ၉ ပြဲ ဆက္တိုက္ ဂိုးသြင္းယူနိုင္ခဲ့တာလည္း ျဖစ္ၿပီး ၂၀၂၀ တုန္းကလည္း ဒီလိုဂိုးသြင္းစံခ်ိန္ကို ရရွိဖူးၿပီး ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ၉ ပြဲဆက္ ဂိုးသြင္းနိုင္တဲ့ ပထမဆုံးကစားသမားျဖစ္လာခဲ့သူျဖစ္ပါတယ္။

ကင္းစေလ ကိုမန္းက ပထမပိုင္းမၿပီးခင္ ၄၂ မိနစ္မွာ ဒုတိယဂိုးကို ထပ္မံသြင္းယူခဲ့ၿပီး ဒိုင္နမိုကိဗ္အတြက္ တစ္လုံးတည္းေသာ ေခ်ပဂိုးကို ဒန္းနစၥ ဟားမက္ရွ္က သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။ ဒိုင္နမိုကိဗ္အသင္းဟာ ၇၅ မိနစ္မွာ အလြန္ေကာင္းမြန္တဲ့ ဂိုးကန္သြင္းခ်က္ျပဳလုပ္နိုင္ခဲ့ေပမယ့္ ဘိုင္ယန္ျမဴးနစ္ဂိုးသမား န်ဴအာက ကာကြယ္နိုင္ခဲ့ၿပီး နာက်င္အခ်ိန္ပိုမွာ ထပ္မံျပဳလုပ္ခဲ့တဲ့ ကန္သြင္းမႈဟာလည္း တိုင္ထိထြက္သြားခဲ့တာေၾကာင့္ အိမ္ရွင္အသင္းအတြက္ နစ္နာခဲ့ရတာျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္ဟာ ၿပီးခဲ့တဲ့ ေသာၾကာေန႔ညက ေအာက္စ္ဘတ္ကို ၂-၁ နဲ႔ အံ့အားသင့္ဖြယ္ ရႈံးနိမ့္မႈကေန ျပန္လာနိုင္ခဲ့တာျဖစ္ၿပီး အုပ္စုအဆင့္ ၅ ပြဲကစားထားရာမွာ ၅ ပြဲစလုံး အနိုင္ရရွိခဲ့တာေၾကာင့္ ရမွတ္ ၁၅ မွတ္နဲ႔ အုပ္စုဗိုလ္အျဖစ္ ရပ္တည္ေနတာျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္အသင္းဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဗိုလ္စြဲဖို႔ ေရပန္းအစားဆုံးအသင္းေတြထဲက တစ္သင္းအျဖစ္ ရွိေနဆဲျဖစ္ၿပီး လီဗန္ေဒါ့ဗ္စကီးကလည္း ဘလြန္ေဒါဆုအတြက္ ထိပ္ဆုံးကေန ေရပန္းစားေနသူေတြထဲက တစ္ဦးျဖစ္ပါတယ္။

အဂၤါေန႔ညမွာ ဘင္ဖီကာအသင္းနဲ႔ သေရက်ခဲ့တဲ့ ဘာစီလိုနာအသင္းဟာ ဘိုင္ယန္ျမဴးနစ္နဲ႔ ၈ မွတ္အကြာ အုပ္စု ဒုတိယေနရာမွာ ရပ္တည္ေနၿပီး လာမယ့္ ဒီဇင္ဘာ ၈ ရက္ေန႔ညမွာ အုပ္စု ေနာက္ဆုံးပြဲစဥ္အျဖစ္ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ လာလီဂါထိပ္သီးအသင္းႀကီးတို႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.