Match Report Premier League Serie A UCL&UEL

အီတလီက ရှုံးကြွေးကို လှလှကြီးဆပ်ပြီး ဂျူဗီကို အိမ်ကွင်းမှာ နှိပ်ကွပ်လိုက်တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ နောက်တစ်ဆင့်ကို အုပ်စုဗိုလ်အဖြစ်နဲ့ တက်ရောက်ပြီး အသင်းကြီးတွေကို ရှောင်လွှဲနိုင်ဖို့အတွက် ဒီနေ့ပွဲမှာ နိုင်ပွဲရယူဖို့ အရေးကြီးတာနဲ့အညီ ဗျူဟာမြောက်လူစာရင်းကို နည်းပြ တူဟယ်လ်က သုံးစွဲလာခဲ့ပြီး ဂိုး၊ ခံစစ်နဲ့ ကွင်းလယ်မှာ မေဆန်မောင့်ကလွဲလို့ လူစုံနီးပါး ပါဝင်လာခဲ့သလို တိုက်စစ်မှာတော့ ပူလီရှစ်ချ်၊ ဇီးယက်ရှ်နဲ့ ဟဒ်ဆန်-အိုဒွိုင်းတို့ သုံးဦးကို ပွဲထုတ်လာခဲ့ပါတယ်။

ဂျူဗင်တပ်စ်ကတော့ အယ်လီဂရီလက်ထက်မှာ ရာသီသုံးပုံတစ်ပုံကျော်လာတဲ့အထိ မြေစမ်းခရမ်းပျိုးလုပ်တုန်းပဲဖြစ်ပြီး ၄-၄-၂ ဒိုင်းမွန်းပုံစံနဲ့ ပွဲထွက်လာခဲ့သလို ခံစစ်မှာ ဘိုနူချီနဲ့ ဒီလစ်ချ်တွဲကစားပြီး ရာဗျို၊ လိုကာတယ်လီ၊ ဘင်တန်ကာ၊ မက်ကင်နီတို့ရဲ့ အင်အားနဲ့ ချဲလ်ဆီးကွင်းလယ်ကို ရင်ဆိုင်ဖို့ လုပ်ခဲ့ချိန်မှာ တိုက်စစ်မှာတော့ မိုရာတာနဲ့ ခီယေဆာတို့ ကစားခဲ့ကြတာပါ။

ချဲလ်ဆီးအသင်းအနေနဲ့ ပထမအကျော့က အထက်စီးကနေ ဖိကစားပြီး အနိုင်ရဖို့ ထိုက်တန်ခဲ့ပေမယ့် ကောင်းရှုံးကြီးဖြစ်ခဲ့ရတာမျိုး ထပ်ပြီး မကြုံရဖို့ ဖိဖိစီးစီးကစားခဲ့သလို တိုက်စစ်မှူးစစ်စစ်တွေ မပါဝင်ပေမယ့် ပူလီရှစ်ချ်ရဲ့ ပုံသေနေရာမယူဘဲ ထိုးဖောက်ခဲ့တဲ့ False 9 ပုံစံက ဂျူဗင်တပ်စ်တို့ကို ကောင်းကောင်း ဒုက္ခပေးနိုင်ခဲ့သလို စောစောစီးစီးမှာပဲ ရင်ခုန်အောင်လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဂျူဗင်တပ်စ်တို့ တုံ့ပြန်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် အချိတ်အဆက်က သိပ်မမိခဲ့သလို သူတို့ရဲ့ ညာခြမ်းကလည်း ဟဒ်ဆန်-အိုဒွိုင်းနဲ့ ချေးလ်ဝဲလ်တို့ အတွဲကို ထိန်းချုပ်ဖို့ ရုန်းကန်နေခဲ့ရပြီး ပွဲချိန် ၂၄ မိနစ်မှာတော့ ရီးစ်ဂျိမ်းစ်ရဲ့ အမှတ်မထင်ကန်သွင်းတဲ့ ဖရီးကစ်ကို ဂိုးသမား ရှချက်စနီ ကာကွယ်သွားခဲ့လို့ ချဲလ်ဆီးတို့ တစ်ဂိုးနစ်နာခဲ့ရတာပါ။

ဒါပေမယ့် ဂျူဗင်တပ်စ်တို့အတွက်တော့ ဒါက သက်မချနိုင်မယ့် အချိန်မျိုး မဟုတ်ခဲ့ဘဲ ဒီကနေ ရရှိတဲ့ ထောင့်ကန်ဘောကို ဇီးယက်ရှ် ကန်ပို့ပြီး ကျလာတဲ့ ဘောလုံးကို ရူဒီဂါက ရင်ဘတ်နဲ့ ထိန်းပြီး ချပေးရာမှာ လွတ်လွတ်ကျွတ်ကျွတ်ဖြစ်နေတဲ့ ချာလိုဘာက Half Volley အပြင်းကန်သွင်းပြီး ဂိုးသမား ရှချက်စနီကို အနိုင်ယူခဲ့သလို ပွဲချိန် ၂၅ မိနစ်မှာ ချဲလ်ဆီးတို့ စတင်ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၂၈ မိနစ်မှာ ဘောလုံးဖျက်ထုတ်တဲ့ ချာလိုဘာ လဲကျပြီး ဂိုးနားမှာ ကျန်နေခဲ့လို့ ပျက်သွားခဲ့တဲ့ လူကျွံထောင်ချောက်ကနေ မိုရာတာ ဖောက်ထွက်ပြီး ဂိုးသမား မန်ဒီကို ကျော်ကန်သွင်းနိုင်ခဲ့ပေမယ့် အသက် ၂၅ နှစ်လောက်ပဲ ထင်ရတဲ့ သီယာဂို ဆေးလ်ဗားက အမီပြေးလိုက်ပြီး ဂိုးစည်းပေါ်ကနေ ဖျက်ထုတ်သွားခဲ့လို့ ဂျူဗင်တပ်စ်တို့ မယုံနိုင်အောင်ဖြစ်ခဲ့ရပြီး ချဲလ်ဆီးတို့အတွက်တော့ ကောင်းခြင်းအဖြာဖြာဖြစ်ခဲ့တာပါ။

ပွဲချိန် ၃၆ မိနစ်မှာတော့ ဂျူဗင်တပ်စ်တို့ ဘောလုံးအပျက်မှာ ဟဒ်ဆန်-အိုဒွိုင်းရဲ့ အမြော်အမြင်ရှိရှိ ပေးပို့မှုကို ရီးစ်ဂျိမ်းစ် ကန်သွင်းခဲ့ရာမှာ ဂိုးသမား ရှချက်စနီ ကာကွယ်သွားနိုင်ခဲ့ပြီး ဒီနေ့ပွဲမှာ ချဲလ်ဆီးတို့ရဲ့ မာမာထန်ထန် ပြသနိုင်ခဲ့တဲ့ ကစားအားနဲ့ ကြံ့ခိုင်မှုကတော့ မြင်သာထင်သာအောင် ပြောရရင် ပျော့တဲ့နေရာမှာ နာမည်ကြီးတဲ့ ဇီးယက်ရှ်ကအစ ကြမ်းနေခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၃၇ မိနစ်မှာ ဒဏ်ရာအနည်းငယ်ရသွားတဲ့ ကွန်တေအစား လော့ဖ်တပ်စ်ချိခ်နဲ့ လူစားလဲကစားခဲ့ရသလို ပထမပိုင်းမှာတော့ ချဲလ်ဆီးတို့ အသာစီးနဲ့ ဖိကစားနိုင်ခဲ့ပြီး သွင်းဂိုးတစ်ဂိုးနဲ့ပဲ ကျေနပ်ခဲ့ရပေမယ့် တစ်ဖက်အသင်းကို ဖိအားပေးနိုင်မှုအပိုင်းမှာတော့ ဘယ်ခြမ်းက သိသိသာသာကြီးကို ကောင်းမွန်နေခဲ့ပြီး ဟဒ်ဆန်-အိုဒွိုင်းကို ထိန်းဖို့ ကြိုးစားတဲ့ ကစားသမားဟောင်း ကွာဒရာဒိုရဲ့ပုံစံက ပရိသတ်တွေအတွက် ဟာသဆန်နေခဲ့သေးတာပါ။

ဒုတိယပိုင်းမှာလည်း လျင်မြန်သွက်လက်တဲ့ ဟဒ်ဆန်-အိုဒွိုင်းနောက်ကို မမီမကမ်းပြေးလိုက်ဖို့ကပဲ ကိုလံဘီယာသားရဲ့ ဇာတာဖြစ်နေပုံပေါ်ပြီး ချဲလ်ဆီးတို့ကတော့ သူ့ဘက်ကပဲ အဓိက ထိုးနှက်နေခဲ့သလို ဂိုးသမား ရှချက်စနီ ကောင်းနေခဲ့လို့သာ ဂျူဗင်တပ်စ်တို့ သက်သာခဲ့တာဖြစ်ပြီး အိမ်ရှင်တွေ အဆုံးသတ်ပိုင်းကလည်း သိပ်မတိကျခဲ့လို့ ဂိုးရဖို့တော့ ထပ်စောင့်ခဲ့ရပါတယ်။

ပွဲချိန် ၅၅ မိနစ်မှာတော့ ကမ္ဘာ့အကောင်းဆုံး ညာနောက်ခံလူနာမည်ကို ကန်ဆယ်လို၊ အာနိုးလ်ဒ်တို့နှစ်ယောက်နဲ့ ပြိုင်လုနေတဲ့ ရီးစ်ဂျိမ်းစ်ကပဲ အသင်းအတွက် ဒုတိယဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ဘယ်ခြမ်းကနေ ချေးလ်ဝဲလ်ရဲ့ ဖြတ်တင်ဘောကို ဂျူဗင်တပ်စ်ခံစစ်က ခေါင်းတိုက်ဖျက်ထုတ်အပြီး ပြန်ကျလာတဲ့ ဘောလုံးကို ဂိုးဧရိယာအတွင်းကနေ အဝေးတိုင်ဘက်ကို ထောင့်ဖြတ် Volley ကန်သွင်းရယူသွားခဲ့တာဖြစ်ပါတယ်။

ဒီဂိုးအတွက် ဂျူဗင်တပ်စ်နောက်ခံလူတွေဖြစ်ကြတဲ့ အသင်းခေါင်းဆောင် ဘိုနူချီနဲ့ တွဲဖက် ဒီလစ်ချ်တို့ရဲ့ မျက်နှာတွေမှာ မယုံနိုင်မှုနဲ့ စိတ်ပျက်မှုတွေကို မြင်ခဲ့ရပြီး တူရင်ကလပ်အတွက်တော့ လန်ဒန်မှာ ရပ်တည်ဖို့ နေရာမရှိဘူးလို့ ခံစားသွားရတာလည်းဖြစ်နိုင်သလို ဂျိမ်းစ်ရဲ့ ခြေစွမ်းပြမှုနဲ့ နောက်ခံလူတစ်ယောက်ဆီက အံ့မခန်း တိကျတဲ့ အဆုံးသတ်မှုမျိုးမှာ ခံစားသွားခဲ့ရတာလည်း ဖြစ်မှာပါ။

ပွဲချိန် ၅၈ မိနစ်မှာတော့ ချဲလ်ဆီးတို့ တတိယဂိုး ထပ်ရခဲ့ပြီး ဂျူဗင်တပ်စ်ကွင်းလယ်ကနေ ဇီးယက်ရှ်က ဘောလုံးပြန်လုခဲ့ပြီး ဖရိုဖရဲဖြစ်နေခဲ့တဲ့ နောက်တန်းကို ဂျော်ဂျင်ညို၊ ရူဒီဂါ၊ ရီးစ်ဂျိမ်းစ်တို့က သေချာအပေးအယူလုပ်ပြီးမှ ဇီးယက်ရှ် အနီးကပ်ပေးတဲ့ ဘောလုံးကို လော့ဖ်တပ်စ်ချိခ်က တစ်ဖက်နောက်ခံလူတွေ ခြေကြားက လိမ်ခေါက်ပြီးမှ တစ်ကိုယ်ကောင်းမဆန်ဘဲ ထိုးပေးခဲ့ရာမှာ ဟဒ်ဆန်-အိုဒွိုင်းက အပိုင်ကန်သွင်းရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဒဏ်ရာအနည်းငယ်ရသွားတဲ့ ချေးလ်ဝဲလ်အစား အသင်းကပ္ပတိန် အက်ဇ်ပီလီကွေတာ၊ ပူလီရှစ်ချ်အစား တီမို ဗာနာ၊ ဂျော်ဂျင်ညိုအစား ဆာအူးလ်နဲ့ ဟဒ်ဆန်-အိုဒွိုင်းအစား မေဆန်မောင့်တို့လို လူစားလဲကစားသွားခဲ့ပြီး ဂျူဗင်တပ်စ်ဘက်ကတော့ ဘင်တန်ကာ၊ မိုရာတာ၊ လိုကာတယ်လီ၊ ခီယေဆာနဲ့ ကွာဒရာဒိုတို့အစား ဒီဘာလား၊ ကီးန်၊ အာသာ၊ ကူလူရှက်ဗ်စကီးနဲ့ ဒီဝင်းတားတို့ကို ထည့်သွင်းသွားခဲ့ပါတယ်။

ပွဲချိန် ၈၃ မိနစ်မှာ ဖြတ်တင်ဘောကို သီယာဂို ဆေးလ်ဗား အစိုးရိမ်လွန်ပြီး ခေါင်းတိုက်ဖျက်ရာကနေ ပြန်ကျတဲ့ ဘောလုံးကို မက်ကင်နီ Volley ကန်သွင်းရာမှာ ဂိုးသမား မန်ဒီ ပုတ်ထုတ်ခဲ့ရပြီး ဒီအချက်ကတော့ ချဲလ်ဆီးတို့ရဲ့ ရှားရှားပါးပါး လိုအပ်ချက်အဖြစ် ဆီနီဂေါသားအနေနဲ့ အသံတိတ်မနေဘဲ သူ့နောက်တန်းတွေကို ပိုပြီး Vocal မြင့်မြင့်နဲ့ စကားပြော အော်ဟစ်နိုင်ဖို့ လုပ်ဆောင်သင့်နေတာကိုလည်း တွေ့မြင်ခဲ့ရတာပါ။

ပွဲချိန် ၈၇ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ဗာနာပေးတာကို ဇီးယက်ရှ်က အနီးကပ်ကန်သွင်းခဲ့ပေမယ့် ရှချက်စနီ မှန်မှန်ကန်ကန် ခန့်မှန်း ကာကွယ်သွားနိုင်ခဲ့ပြီး နာကျင်အချိန်ပို ၅ မိနစ်မှာတော့ ညာနောက်ခံမှာ ဆင်းကစားနေတဲ့ မက်ကင်နီရဲ့ ဘောလုံးထိန်းပုံအမှားကနေ ဇီးယက်ရှ်က ဖြတ်တင်ပေးခဲ့ရာမှာ ဗာနာက အဲလက်စ် ဆန်ဒရိုရှေ့က ပြေးပိတ်နိုင်ခဲ့လို့ ချဲလ်ဆီးတို့ စတုတ္ထပွဲသိမ်းဂိုး ရရှိသွားခဲ့ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ချဲလ်ဆီးတို့ လေးဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပြီး ဂျူဗင်တပ်စ်အသင်းရဲ့အထက်ကနေ အုပ်စုဗိုလ်နေရာကို Head to Head, ဂိုးကွာခြားချက်တွေနဲ့ ရယူနိုင်ခဲ့သလို လာမယ့် ဇင်းနစ်နဲ့ အဝေးကွင်းမှာ အုပ်စုအပိတ်ပွဲစဉ်မှာတော့ ဒီနေရာကို ဆက်လက်ထိန်းသိမ်းဖို့အတွက် နိုင်ပွဲရယူဖို့ လိုအပ်နေခဲ့သေးပေမယ့် အီတလီအင်အားကြီး ဘာဆိုလားအသင်းကို အိမ်ကွင်းမှာ အသာစီးယူပြီး နှိပ်ကွပ်ခဲ့မှုအတွက်တော့ ချီးကျူးရမယ့် ပွဲတစ်ပွဲ ဖြစ်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေနာက္တစ္ဆင့္ကို အုပ္စုဗိုလ္အျဖစ္နဲ႔ တက္ေရာက္ၿပီး အသင္းႀကီးေတြကို ေရွာင္လႊဲႏိုင္ဖို႔အတြက္ ဒီေန႔ပြဲမွာ ႏိုင္ပြဲရယူဖို႔ အေရးႀကီးတာနဲ႔အညီ ဗ်ဴဟာေျမာက္လူစာရင္းကို နည္းျပ တူဟယ္လ္က သုံးစြဲလာခဲ့ၿပီး ဂိုး၊ ခံစစ္နဲ႔ ကြင္းလယ္မွာ ေမဆန္ေမာင့္ကလြဲလို႔ လူစုံနီးပါး ပါဝင္လာခဲ့သလို တိုက္စစ္မွာေတာ့ ပူလီရွစ္ခ်္၊ ဇီးယက္ရွ္နဲ႔ ဟဒ္ဆန္-အိုဒြိဳင္းတို႔ သုံးဦးကို ပြဲထုတ္လာခဲ့ပါတယ္။

ဂ်ဴဗင္တပ္စ္ကေတာ့ အယ္လီဂရီလက္ထက္မွာ ရာသီသုံးပုံတစ္ပုံေက်ာ္လာတဲ့အထိ ေျမစမ္းခရမ္းပ်ိဳးလုပ္တုန္းပဲျဖစ္ၿပီး ၄-၄-၂ ဒိုင္းမြန္းပုံစံနဲ႔ ပြဲထြက္လာခဲ့သလို ခံစစ္မွာ ဘိုႏူခ်ီနဲ႔ ဒီလစ္ခ်္တြဲကစားၿပီး ရာဗ်ိဳ၊ လိုကာတယ္လီ၊ ဘင္တန္ကာ၊ မက္ကင္နီတို႔ရဲ႕ အင္အားနဲ႔ ခ်ဲလ္ဆီးကြင္းလယ္ကို ရင္ဆိုင္ဖို႔ လုပ္ခဲ့ခ်ိန္မွာ တိုက္စစ္မွာေတာ့ မိုရာတာနဲ႔ ခီေယဆာတို႔ ကစားခဲ့ၾကတာပါ။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ပထမအေက်ာ့က အထက္စီးကေန ဖိကစားၿပီး အႏိုင္ရဖို႔ ထိုက္တန္ခဲ့ေပမယ့္ ေကာင္းရႈံးႀကီးျဖစ္ခဲ့ရတာမ်ိဳး ထပ္ၿပီး မႀကဳံရဖို႔ ဖိဖိစီးစီးကစားခဲ့သလို တိုက္စစ္မႉးစစ္စစ္ေတြ မပါဝင္ေပမယ့္ ပူလီရွစ္ခ်္ရဲ႕ ပုံေသေနရာမယူဘဲ ထိုးေဖာက္ခဲ့တဲ့ False 9 ပုံစံက ဂ်ဴဗင္တပ္စ္တို႔ကို ေကာင္းေကာင္း ဒုကၡေပးႏိုင္ခဲ့သလို ေစာေစာစီးစီးမွာပဲ ရင္ခုန္ေအာင္လုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဂ်ဴဗင္တပ္စ္တို႔ တုံ႔ျပန္ႏိုင္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ အခ်ိတ္အဆက္က သိပ္မမိခဲ့သလို သူတို႔ရဲ႕ ညာျခမ္းကလည္း ဟဒ္ဆန္-အိုဒြိဳင္းနဲ႔ ေခ်းလ္ဝဲလ္တို႔ အတြဲကို ထိန္းခ်ဳပ္ဖို႔ ႐ုန္းကန္ေနခဲ့ရၿပီး ပြဲခ်ိန္ ၂၄ မိနစ္မွာေတာ့ ရီးစ္ဂ်ိမ္းစ္ရဲ႕ အမွတ္မထင္ကန္သြင္းတဲ့ ဖရီးကစ္ကို ဂိုးသမား ရွခ်က္စနီ ကာကြယ္သြားခဲ့လို႔ ခ်ဲလ္ဆီးတို႔ တစ္ဂိုးနစ္နာခဲ့ရတာပါ။

ဒါေပမယ့္ ဂ်ဴဗင္တပ္စ္တို႔အတြက္ေတာ့ ဒါက သက္မခ်ႏိုင္မယ့္ အခ်ိန္မ်ိဳး မဟုတ္ခဲ့ဘဲ ဒီကေန ရရွိတဲ့ ေထာင့္ကန္ေဘာကို ဇီးယက္ရွ္ ကန္ပို႔ၿပီး က်လာတဲ့ ေဘာလုံးကို ႐ူဒီဂါက ရင္ဘတ္နဲ႔ ထိန္းၿပီး ခ်ေပးရာမွာ လြတ္လြတ္ကြၽတ္ကြၽတ္ျဖစ္ေနတဲ့ ခ်ာလိုဘာက Half Volley အျပင္းကန္သြင္းၿပီး ဂိုးသမား ရွခ်က္စနီကို အႏိုင္ယူခဲ့သလို ပြဲခ်ိန္ ၂၅ မိနစ္မွာ ခ်ဲလ္ဆီးတို႔ စတင္ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၂၈ မိနစ္မွာ ေဘာလုံးဖ်က္ထုတ္တဲ့ ခ်ာလိုဘာ လဲက်ၿပီး ဂိုးနားမွာ က်န္ေနခဲ့လို႔ ပ်က္သြားခဲ့တဲ့ လူကြၽံေထာင္ေခ်ာက္ကေန မိုရာတာ ေဖာက္ထြက္ၿပီး ဂိုးသမား မန္ဒီကို ေက်ာ္ကန္သြင္းႏိုင္ခဲ့ေပမယ့္ အသက္ ၂၅ ႏွစ္ေလာက္ပဲ ထင္ရတဲ့ သီယာဂို ေဆးလ္ဗားက အမီေျပးလိုက္ၿပီး ဂိုးစည္းေပၚကေန ဖ်က္ထုတ္သြားခဲ့လို႔ ဂ်ဴဗင္တပ္စ္တို႔ မယုံႏိုင္ေအာင္ျဖစ္ခဲ့ရၿပီး ခ်ဲလ္ဆီးတို႔အတြက္ေတာ့ ေကာင္းျခင္းအျဖာျဖာျဖစ္ခဲ့တာပါ။

ပြဲခ်ိန္ ၃၆ မိနစ္မွာေတာ့ ဂ်ဴဗင္တပ္စ္တို႔ ေဘာလုံးအပ်က္မွာ ဟဒ္ဆန္-အိုဒြိဳင္းရဲ႕ အေျမာ္အျမင္ရွိရွိ ေပးပို႔မႈကို ရီးစ္ဂ်ိမ္းစ္ ကန္သြင္းခဲ့ရာမွာ ဂိုးသမား ရွခ်က္စနီ ကာကြယ္သြားႏိုင္ခဲ့ၿပီး ဒီေန႔ပြဲမွာ ခ်ဲလ္ဆီးတို႔ရဲ႕ မာမာထန္ထန္ ျပသႏိုင္ခဲ့တဲ့ ကစားအားနဲ႔ ႀကံ့ခိုင္မႈကေတာ့ ျမင္သာထင္သာေအာင္ ေျပာရရင္ ေပ်ာ့တဲ့ေနရာမွာ နာမည္ႀကီးတဲ့ ဇီးယက္ရွ္ကအစ ၾကမ္းေနခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၇ မိနစ္မွာ ဒဏ္ရာအနည္းငယ္ရသြားတဲ့ ကြန္ေတအစား ေလာ့ဖ္တပ္စ္ခ်ိခ္နဲ႔ လူစားလဲကစားခဲ့ရသလို ပထမပိုင္းမွာေတာ့ ခ်ဲလ္ဆီးတို႔ အသာစီးနဲ႔ ဖိကစားႏိုင္ခဲ့ၿပီး သြင္းဂိုးတစ္ဂိုးနဲ႔ပဲ ေက်နပ္ခဲ့ရေပမယ့္ တစ္ဖက္အသင္းကို ဖိအားေပးႏိုင္မႈအပိုင္းမွာေတာ့ ဘယ္ျခမ္းက သိသိသာသာႀကီးကို ေကာင္းမြန္ေနခဲ့ၿပီး ဟဒ္ဆန္-အိုဒြိဳင္းကို ထိန္းဖို႔ ႀကိဳးစားတဲ့ ကစားသမားေဟာင္း ကြာဒရာဒိုရဲ႕ပုံစံက ပရိသတ္ေတြအတြက္ ဟာသဆန္ေနခဲ့ေသးတာပါ။

ဒုတိယပိုင္းမွာလည္း လ်င္ျမန္သြက္လက္တဲ့ ဟဒ္ဆန္-အိုဒြိဳင္းေနာက္ကို မမီမကမ္းေျပးလိုက္ဖို႔ကပဲ ကိုလံဘီယာသားရဲ႕ ဇာတာျဖစ္ေနပုံေပၚၿပီး ခ်ဲလ္ဆီးတို႔ကေတာ့ သူ႔ဘက္ကပဲ အဓိက ထိုးႏွက္ေနခဲ့သလို ဂိုးသမား ရွခ်က္စနီ ေကာင္းေနခဲ့လို႔သာ ဂ်ဴဗင္တပ္စ္တို႔ သက္သာခဲ့တာျဖစ္ၿပီး အိမ္ရွင္ေတြ အဆုံးသတ္ပိုင္းကလည္း သိပ္မတိက်ခဲ့လို႔ ဂိုးရဖို႔ေတာ့ ထပ္ေစာင့္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၅၅ မိနစ္မွာေတာ့ ကမာၻ႔အေကာင္းဆုံး ညာေနာက္ခံလူနာမည္ကို ကန္ဆယ္လို၊ အာႏိုးလ္ဒ္တို႔ႏွစ္ေယာက္နဲ႔ ၿပိဳင္လုေနတဲ့ ရီးစ္ဂ်ိမ္းစ္ကပဲ အသင္းအတြက္ ဒုတိယဦးေဆာင္ဂိုး သြင္းယူေပးႏိုင္ခဲ့ၿပီး ဘယ္ျခမ္းကေန ေခ်းလ္ဝဲလ္ရဲ႕ ျဖတ္တင္ေဘာကို ဂ်ဴဗင္တပ္စ္ခံစစ္က ေခါင္းတိုက္ဖ်က္ထုတ္အၿပီး ျပန္က်လာတဲ့ ေဘာလုံးကို ဂိုးဧရိယာအတြင္းကေန အေဝးတိုင္ဘက္ကို ေထာင့္ျဖတ္ Volley ကန္သြင္းရယူသြားခဲ့တာျဖစ္ပါတယ္။

ဒီဂိုးအတြက္ ဂ်ဴဗင္တပ္စ္ေနာက္ခံလူေတြျဖစ္ၾကတဲ့ အသင္းေခါင္းေဆာင္ ဘိုႏူခ်ီနဲ႔ တြဲဖက္ ဒီလစ္ခ်္တို႔ရဲ႕ မ်က္ႏွာေတြမွာ မယုံႏိုင္မႈနဲ႔ စိတ္ပ်က္မႈေတြကို ျမင္ခဲ့ရၿပီး တူရင္ကလပ္အတြက္ေတာ့ လန္ဒန္မွာ ရပ္တည္ဖို႔ ေနရာမရွိဘူးလို႔ ခံစားသြားရတာလည္းျဖစ္ႏိုင္သလို ဂ်ိမ္းစ္ရဲ႕ ေျခစြမ္းျပမႈနဲ႔ ေနာက္ခံလူတစ္ေယာက္ဆီက အံ့မခန္း တိက်တဲ့ အဆုံးသတ္မႈမ်ိဳးမွာ ခံစားသြားခဲ့ရတာလည္း ျဖစ္မွာပါ။

ပြဲခ်ိန္ ၅၈ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ တတိယဂိုး ထပ္ရခဲ့ၿပီး ဂ်ဴဗင္တပ္စ္ကြင္းလယ္ကေန ဇီးယက္ရွ္က ေဘာလုံးျပန္လုခဲ့ၿပီး ဖ႐ိုဖရဲျဖစ္ေနခဲ့တဲ့ ေနာက္တန္းကို ေဂ်ာ္ဂ်င္ညိဳ၊ ႐ူဒီဂါ၊ ရီးစ္ဂ်ိမ္းစ္တို႔က ေသခ်ာအေပးအယူလုပ္ၿပီးမွ ဇီးယက္ရွ္ အနီးကပ္ေပးတဲ့ ေဘာလုံးကို ေလာ့ဖ္တပ္စ္ခ်ိခ္က တစ္ဖက္ေနာက္ခံလူေတြ ေျခၾကားက လိမ္ေခါက္ၿပီးမွ တစ္ကိုယ္ေကာင္းမဆန္ဘဲ ထိုးေပးခဲ့ရာမွာ ဟဒ္ဆန္-အိုဒြိဳင္းက အပိုင္ကန္သြင္းရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ဒဏ္ရာအနည္းငယ္ရသြားတဲ့ ေခ်းလ္ဝဲလ္အစား အသင္းကပၸတိန္ အက္ဇ္ပီလီေကြတာ၊ ပူလီရွစ္ခ်္အစား တီမို ဗာနာ၊ ေဂ်ာ္ဂ်င္ညိဳအစား ဆာအူးလ္နဲ႔ ဟဒ္ဆန္-အိုဒြိဳင္းအစား ေမဆန္ေမာင့္တို႔လို လူစားလဲကစားသြားခဲ့ၿပီး ဂ်ဴဗင္တပ္စ္ဘက္ကေတာ့ ဘင္တန္ကာ၊ မိုရာတာ၊ လိုကာတယ္လီ၊ ခီေယဆာနဲ႔ ကြာဒရာဒိုတို႔အစား ဒီဘာလား၊ ကီးန္၊ အာသာ၊ ကူလူရွက္ဗ္စကီးနဲ႔ ဒီဝင္းတားတို႔ကို ထည့္သြင္းသြားခဲ့ပါတယ္။

ပြဲခ်ိန္ ၈၃ မိနစ္မွာ ျဖတ္တင္ေဘာကို သီယာဂို ေဆးလ္ဗား အစိုးရိမ္လြန္ၿပီး ေခါင္းတိုက္ဖ်က္ရာကေန ျပန္က်တဲ့ ေဘာလုံးကို မက္ကင္နီ Volley ကန္သြင္းရာမွာ ဂိုးသမား မန္ဒီ ပုတ္ထုတ္ခဲ့ရၿပီး ဒီအခ်က္ကေတာ့ ခ်ဲလ္ဆီးတို႔ရဲ႕ ရွားရွားပါးပါး လိုအပ္ခ်က္အျဖစ္ ဆီနီေဂါသားအေနနဲ႔ အသံတိတ္မေနဘဲ သူ႔ေနာက္တန္းေတြကို ပိုၿပီး Vocal ျမင့္ျမင့္နဲ႔ စကားေျပာ ေအာ္ဟစ္ႏိုင္ဖို႔ လုပ္ေဆာင္သင့္ေနတာကိုလည္း ေတြ႕ျမင္ခဲ့ရတာပါ။

ပြဲခ်ိန္ ၈၇ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ဗာနာေပးတာကို ဇီးယက္ရွ္က အနီးကပ္ကန္သြင္းခဲ့ေပမယ့္ ရွခ်က္စနီ မွန္မွန္ကန္ကန္ ခန႔္မွန္း ကာကြယ္သြားႏိုင္ခဲ့ၿပီး နာက်င္အခ်ိန္ပို ၅ မိနစ္မွာေတာ့ ညာေနာက္ခံမွာ ဆင္းကစားေနတဲ့ မက္ကင္နီရဲ႕ ေဘာလုံးထိန္းပုံအမွားကေန ဇီးယက္ရွ္က ျဖတ္တင္ေပးခဲ့ရာမွာ ဗာနာက အဲလက္စ္ ဆန္ဒ႐ိုေရွ႕က ေျပးပိတ္ႏိုင္ခဲ့လို႔ ခ်ဲလ္ဆီးတို႔ စတုတၳပြဲသိမ္းဂိုး ရရွိသြားခဲ့ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ခ်ဲလ္ဆီးတို႔ ေလးဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး ဂ်ဴဗင္တပ္စ္အသင္းရဲ႕အထက္ကေန အုပ္စုဗိုလ္ေနရာကို Head to Head, ဂိုးကြာျခားခ်က္ေတြနဲ႔ ရယူႏိုင္ခဲ့သလို လာမယ့္ ဇင္းနစ္နဲ႔ အေဝးကြင္းမွာ အုပ္စုအပိတ္ပြဲစဥ္မွာေတာ့ ဒီေနရာကို ဆက္လက္ထိန္းသိမ္းဖို႔အတြက္ ႏိုင္ပြဲရယူဖို႔ လိုအပ္ေနခဲ့ေသးေပမယ့္ အီတလီအင္အားႀကီး ဘာဆိုလားအသင္းကို အိမ္ကြင္းမွာ အသာစီးယူၿပီး ႏွိပ္ကြပ္ခဲ့မႈအတြက္ေတာ့ ခ်ီးက်ဴးရမယ့္ ပြဲတစ္ပြဲ ျဖစ္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.