Premier League

ဂျူဗင်တပ်နဲ့ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ တူဟယ် ဘာတွေ ပြောသွားခဲ့လဲ

ချဲလ်ဆီးအသင်းနည်းပြ သောမတ် တူဟယ်ဟာ စတမ်းဖို့ဒ် ဘရစ်ချ်မှာ ဂျူဗင်တပ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အသင်းရဲ့အခြေအနေအားလုံးကို ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

လူကာကူး အခြေအနေ

တနင်္လာနေ့က အသင်းလေ့ကျင့်ရေးမှာ ပါဝင်ခဲ့ပြီး အဆင်ပြေနေပုံပေါ်ခဲ့ပေမယ့် ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး ဘယ်လိုတုံ့ပြန်မှုရှိလာမလဲ စောင့်ကြည့်သွားရမှာဖြစ်တာကြောင့် မသေချာသေးဘူးလို့ တူဟယ်က ပြောကြားခဲ့ပါတယ်။ ဘယ်လ်ဂျီယမ်တိုက်စစ်မှူးဟာ ယနေ့မှာ ဆရာဝန်တွေနဲ့ ခန္ဓာဗေဒကျွမ်းကျင်သူတွေနဲ့ အခြေအနေကို စစ်ဆေးဖို့ ချိန်းဆိုထားပြီး ပွဲမတိုင်ခင် နောက်ဆုံးလေ့ကျင့်ရေးမှာ ပါဝင်သွားမယ်လို့ ပြောကြားခဲ့ပြီး နောက်ဆုံးမိနစ်အထိ ကစားသမား အယောက် ၂၀ ခေါ်ဆောင်နိုင်တဲ့အခွင့်အရေးရှိတာကြောင့် လူစာရင်းထဲ ပါဝင်ခွင့်ရှိနိုင်တယ်လို့ နည်းပြ တူဟယ်က အဖြေပေးခဲ့ပါတယ်။

တခြားဒဏ်ရာရကစားသမားတွေနဲ့ ဂျော်ဂျင်ညိုရဲ့ အခြေအနေ

ဂျော်ဂျင်ညိုက လုံးဝအဆင်ပြေနေပြီး ခိုင် ဟားဗတ်ဇ်ကတော့ တံကောက်ကြော ပြဿနာကြောင့် သက်တောင့်သက်သာဖြစ်မနေတာကို မြင်တွေ့ခဲ့တဲ့အတွက် ပါဝင်နိုင်မှာမဟုတ်ဘူးလို့ တူဟယ်က ပြောကြားခဲ့ပါတယ်။ တီမို ဗာနာကတော့ ယမန်နေ့က လေ့ကျင့်ရေးမှာ အသင်းသားတွေနဲ့အတူ လေ့ကျင့်နိုင်ခဲ့တာကြောင့် ကောင်းမွန်နေတယ်လို့ ခံစားနေရပြီး ကိုဗာချစ်ကတော့ ပါဝင်နိုင်ဦးမှာမဟုတ်သေးဘူးလို့ တူဟယ်က ပြောကြားခဲ့ပါတယ်။

အုပ်စုပွဲစဉ်ကို အနိုင်ရဖို့ ဘယ်လောက်အရေးကြီးလဲ

အသင်းအနေနဲ့ ဘောလုံးပွဲစဉ်တွေ ကစားတဲ့အခါမှာ အနိုင်ရဖို့အတွက်ပဲ ကစားနေတာဖြစ်ပြီး အဲဒါက ပြောင်းလဲမှာမဟုတ်ဘူးလို့ တူဟယ်က တုံ့ပြန်ခဲ့ပါတယ်။ တူဟယ်က နောက်တဆင့်တက်ဖို့အခွင့်အရေးကို အန္တရာယ်ဖြစ်စေနိုင်တာကြောင့် ပွဲပြီးခါနီးအချိန်မှာ သရေကျနေခဲ့ပြီး ထောင့်ကန်ဘောရရှိခဲ့မယ်ဆိုရင် အေဒူယာ မန်ဒီကို ပြိုင်ဘက်ပင်နယ်တီဧရိယာထဲထိ တက်ခွင့်ပေးမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

လူကာကူးနဲ့ တီမို ဗာနာတို့ရဲ့ဒဏ်ရာရရှိမှုက နည်းဗျူဟာ လိုက်လျောညီထွေရှိမှုနဲ့ အခြားရွေးချယ်စရာရှိတယ်ဆိုတာကို ပြသခဲ့တာလား

ချဲလ်ဆီးနည်းပြ တူဟယ်က အသင်းအနေနဲ့ အမြဲတမ်း ရွေးချယ်စရာတွေရှိခဲ့ပြီး ကစားသမားတွေအနေနဲ့ ၎င်းတို့ကို လိုအပ်တဲ့အချိန်ကျရင် ခြေစွမ်းပြသဖို့နဲ့ ချဲလ်ဆီးအတွက် ပါဝင်ကစားပေးဖို့ အဆင်သင့်ရှိနေတယ်ဆိုတာ ပြသဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းမှာ ကြီးမားတဲ့ လူစာရင်းရှိနေရတာက အဲဒါကြောင့်ဖြစ်ပြီး ကစားသမားတိုင်းက ချဲလ်ဆီးအတွက် ကစားပေးဖို့ စွမ်းရည်ရှိရမယ်ဆိုတာ သိနေကြတာကြောင့် ကစားသမားတိုင်းအပေါ် ယုံကြည်မှုပေးထားတာလို့ ပြောကြားခဲ့ပါတယ်။

ဆိုးလ်ရှား ထုတ်ပယ်ခံခဲ့ရတာကို ဘယ်လိုထင်လဲ

တူဟယ်က မန်ချက်စတာယူနိုက်တက်က နည်းပြ ဆိုးလ်ရှားကို ထုတ်ပယ်လိုက်တာနဲ့ပတ်သက်ပြီး စနေနေ့မှာ အဝေးကွင်းပွဲစဉ်နဲ့ အင်္ဂါနေ့မှာ အိမ်ကွင်းပွဲစဉ်ကစားဖို့ ရှိတာကြောင့် အများကြီး သိပ်မတွေးမိဘူးလို့ ပြောကြားခဲ့ပါတယ်။ တူဟယ်က ဂျူဗင်တပ်အသင်းနဲ့ပွဲအတွက် တော်တော်လေး အလုပ်များနေပြီး အဲဒီပွဲစဉ်တွေပြီးမှ မန်ချက်စတာယူနိုက်တက်နဲ့ ကစားသွားရမှာဖြစ်လို့ ဒီနေ့ရော မနက်ဖြန်ပါ မန်ချက်စတာယူနိုက်တက်အကြောင်း စဉ်းစားမှာမဟုတ်ဘဲ တခြားအသင်းက နည်းပြကို ထုတ်ပယ်တဲ့ဆုံးဖြတ်ချက်က ကိုယ်နဲ့မဆိုင်လို့ မှတ်ချက်လည်း ပေးမှာမဟုတ်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီ ချဲလ်ဆီးအသင်းလိုမျိုး ရာသီအလယ်မှာ နည်းပြထုတ်ခံရပြီး ယူနိုက်တက်က ချန်ပီယံလိဂ်ဖလားရသွားနိုင်မလား

ချဲလ်ဆီးနည်းပြ တူဟယ်က ချန်ပီယံလိဂ်ဖလားကို ရရှိဖို့က လွယ်ကူတယ်လို့ ပြောရင် ၎င်းတို့ရဲ့အားထုတ်မှုကို တန်ဖိုးလျော့ကျစေလိမ့်မယ်လို့ ပြောကြားခဲ့ပြီး တကယ်လို့ အသင်းတွေက အခု ဒါမှမဟုတ် ဇန်နဝါရီလမှာ ချန်ပီယံလိဂ်ဖလားရဖို့ နည်းပြကို ထုတ်တယ်ဆိုရင်လည်း အဲဒီလိုဟုတ်၊ မဟုတ် ရှင်းပြစရာလည်း အကြောင်းမရှိဘူးလို့ ထင်ကြောင်း ပြောကြားခဲ့ပါတယ်။ တူဟယ်က တခြားအသင်းတွေက သူတို့ဘာသာ လုပ်ချင်တာလုပ်မှာဖြစ်တဲ့အတွက် ဝင်ပြောစရာအကြောင်းမရှိလို့ သတင်းထောက်တွေအနေနဲ့ လူမှားပြီး မေးခွန်းထုတ်နေတာသာဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

ရီးစ် ဂျိမ်းစ်ရဲ့ ယခုရာသီ တိုးတက်မှုနဲ့ ကမ္ဘာပေါ်က သက်ဆိုင်ရာနေရာအလိုက် အကောင်းဆုံးကစားသမားတွေထဲကတစ်ဦး ဖြစ်လာနိုင်လား

နည်းပြ တူဟယ်က ရီးစ် ဂျိမ်းစ်ဟာ လက်ရှိမှာ နောက်ခံတောင်ပံကစားသမားအဖြစ်နဲ့ ကစားနေပြီး အလွန်မြင့်မားတဲ့ ခြေစွမ်းအဆင့်အတန်းမှာ ကစားနေတာကြောင့် ကမ္ဘာပေါ်က ဒါမှမဟုတ် အင်္ဂလန်က ဒါမှမဟုတ် ဥရောပက အကောင်းဆုံးဖြစ်လာမလားဆိုတဲ့ဟာ ကိစ္စမျိုးနဲ့ စိတ်လှုပ်ရှားနေစရာ အကြောင်းမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ ရီးစ် ဂျိမ်းစ်အနေနဲ့ ပွဲကစားတဲ့အခါမှာ အကောင်းဆုံး ရီးစ် ဂျိမ်းစ်ပုံစံမျိုးသာ ဖြစ်နေဖို့လိုပြီး မဖြစ်မနေ လိုအပ်တဲ့ တာဝန်ယူမှုမျိုး တာဝန်ခံမှုမျိုး ရှိဖို့ လိုတယ်လို့ ပြောကြားခဲ့ပါတယ်။ အင်္ဂလန်ကြယ်ပွင့်ဟာ အလွန်ငယ်ရွယ်သေးတဲ့ ကစားသမားဖြစ်တာကြောင့် ကြီးမားတဲ့ကစားသမားဖြစ်လာဖို့ အလားအလာအကုန်ရှိနေပြီး ချဲလ်ဆီးအသင်းအတွက် အရေးပါတဲ့ ကစားသမားဖြစ်တယ်ဆိုတာထက် မပိုသလို လျော့လည်း မလျော့ဘူးလို့ တူဟယ်က ပြောကြားခဲ့ပါတယ်။

လန်ဒန်ရောက်နေတဲ့ အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ် လာကြည့်မယ်ဆိုရင် သူ့အတွက် ကြည့်လို့ကောင်းတဲ့ပွဲဖြစ်အောင် လုပ်ရမယ်လို့ ခံစားရလား

တူဟယ်က အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ် လာကြည့်မယ်ဆိုရင် သူ့အတွက် ကြည့်ကောင်းမယ့်ပွဲဖြစ်အောင် လုပ်ဖို့မလိုဘူးလို့ ယုံကြည်နေပြီး လုပ်ပြစရာရှိတာ လုပ်ပြရမှာက အခြေခံအချက်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အသင်းပိုင်ရှင်အနေနဲ့ လန်ဒန်မှာ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အသင်းအတွက် အကောင်းဆုံးကို ပေးသွားရမှာဖြစ်ပြီး ဂျူဗင်တပ်နဲ့ပွဲဟာ ခက်ခဲတဲ့ ပွဲကြီးပွဲကောင်းဖြစ်တာကြောင့် အသင်းပိုင်ရှင်နဲ့ ပရိသတ်တွေအားလုံးကို ဖျော်ဖြေမှုပေးနိုင်အောင် ပြင်းပြင်းထန်ထန် ကြိုးပမ်းသွားရမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ တူဟယ်က အသင်းအနေနဲ့ ထိပ်တန်းအဆင့်မှာ ရှိနေဖို့ လိုအပ်တာကြောင့် အဲဒီလိုဖြစ်အောင် လုပ်ဆောင်နေပြီး အသင်းပိုင်ရှင်ရှိနေရင် အရမ်းပျော်ရွှင်ရမှာဖြစ်ပေမယ့် ၎င်းတို့ရဲ့ ချဉ်းကပ်မှုပုံစံကိုတော့ ပြောင်းလဲမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

အေဘရာမိုဗစ်ချ်နဲ့ တွေ့ပြီးပြီလား၊ သူက ထူးခြားတဲ့ပိုင်ရှင်လား

တူဟယ်က အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ် လန်ဒန်မှာ ရှိနေလား၊ မရှိနေလား မသိပေမယ့် တွေ့ဆုံသွားမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပြီး ထူးခြားတဲ့ပိုင်ရှင်လားဆိုတာထက် အေဘရာမိုဗစ်ချ်က ဘောလုံးအမာခံပရိသတ်ဆိုတာကိုပဲ တွေးတယ်လို့ ပြောကြားခဲ့ပါတယ်။ ရိုမန် အေဘရာမိုဗစ်ချ်ဟာ ဘောလုံးပွဲစဉ်တွေကို ချစ်မြတ်နိုးပြီး ဘောလုံးနဲ့ပတ်သက်လာရင် အသေးစိတ်ကအစ နှစ်သက်တတ်သူဖြစ်တာကြောင့် ဘောလုံးအကြောင်း အရာအားလုံး သိချင်သူဖြစ်တယ်လို့ တူဟယ်က ပြောကြားခဲ့ပြီး ကော့ဘ်ဟမ်မှာ ဖြစ်နေတာတွေအားလုံးကိုလည်း အသိပေးနေတယ်လို့ အဖြေပေးခဲ့ပါတယ်။ တူဟယ်က အေဘရာမိုဗစ်ချ်အနေနဲ့ ဖျော်ဖြေမှုပေးတာ ခံချင်တယ်၊ ယှဉ်ပြိုင်နိုင်စွမ်းရှိချင်တယ်၊ ကွင်းအတွင်းမှာ မှန်ကန်တဲ့ခံယူချက်ရှိစေချင်တယ်ဆိုတဲ့ ခံစားချက်မျိုး ခံစားရပြီး အသင်းအနေနဲ့ လုပ်ရမှာက ရှေ့ဆက်ပြီး တိုးတက်အောင် ဆက်လက်လုပ်ဆောင်သွားဖို့ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးအသင္းနည္းၿပ ေသာမတ္ တူဟယ္ဟာ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ဂ်ဴဗင္တပ္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္မတိုင္မီ ျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ အသင္းရဲ့အေျခအေနအားလုံးကို ထုတ္ေဖာ္ေျပာၾကားသြားခဲ့ပါတယ္။

လူကာကူး အေျခအေန

တနလၤာေန႔က အသင္းေလ့က်င့္ေရးမွာ ပါဝင္ခဲ့ၿပီး အဆင္ေျပေနပုံေပၚခဲ့ေပမယ့္ ဒဏ္ရာအေျခအေနနဲ႔ပတ္သက္ၿပီး ဘယ္လိုတုံ႔ျပန္မႈရွိလာမလဲ ေစာင့္ၾကည့္သြားရမွာျဖစ္တာေၾကာင့္ မေသခ်ာေသးဘူးလို႔ တူဟယ္က ေျပာၾကားခဲ့ပါတယ္။ ဘယ္လ္ဂ်ီယမ္တိုက္စစ္မႉးဟာ ယေန႔မွာ ဆရာဝန္ေတြနဲ႔ ခႏၶာေဗဒကၽြမ္းက်င္သူေတြနဲ႔ အေျခအေနကို စစ္ေဆးဖို႔ ခ်ိန္းဆိုထားၿပီး ပြဲမတိုင္ခင္ ေနာက္ဆုံးေလ့က်င့္ေရးမွာ ပါဝင္သြားမယ္လို႔ ေျပာၾကားခဲ့ၿပီး ေနာက္ဆုံးမိနစ္အထိ ကစားသမား အေယာက္ ၂၀ ေခၚေဆာင္နိုင္တဲ့အခြင့္အေရးရွိတာေၾကာင့္ လူစာရင္းထဲ ပါဝင္ခြင့္ရွိနိုင္တယ္လို႔ နည္းၿပ တူဟယ္က အေျဖေပးခဲ့ပါတယ္။

တျခားဒဏ္ရာရကစားသမားေတြနဲ႔ ေဂ်ာ္ဂ်င္ညိဳရဲ့ အေျခအေန

ေဂ်ာ္ဂ်င္ညိဳက လုံးဝအဆင္ေျပေနၿပီး ခိုင္ ဟားဗတ္ဇ္ကေတာ့ တံေကာက္ေၾကာ ျပႆနာေၾကာင့္ သက္ေတာင့္သက္သာျဖစ္မေနတာကို ျမင္ေတြ႕ခဲ့တဲ့အတြက္ ပါဝင္နိုင္မွာမဟုတ္ဘူးလို႔ တူဟယ္က ေျပာၾကားခဲ့ပါတယ္။ တီမို ဗာနာကေတာ့ ယမန္ေန႔က ေလ့က်င့္ေရးမွာ အသင္းသားေတြနဲ႔အတူ ေလ့က်င့္နိုင္ခဲ့တာေၾကာင့္ ေကာင္းမြန္ေနတယ္လို႔ ခံစားေနရၿပီး ကိုဗာခ်စ္ကေတာ့ ပါဝင္နိုင္ဦးမွာမဟုတ္ေသးဘူးလို႔ တူဟယ္က ေျပာၾကားခဲ့ပါတယ္။

အုပ္စုပြဲစဥ္ကို အနိုင္ရဖို႔ ဘယ္ေလာက္အေရးႀကီးလဲ

အသင္းအေနနဲ႔ ေဘာလုံးပြဲစဥ္ေတြ ကစားတဲ့အခါမွာ အနိုင္ရဖို႔အတြက္ပဲ ကစားေနတာျဖစ္ၿပီး အဲဒါက ေျပာင္းလဲမွာမဟုတ္ဘူးလို႔ တူဟယ္က တုံ႔ျပန္ခဲ့ပါတယ္။ တူဟယ္က ေနာက္တဆင့္တက္ဖို႔အခြင့္အေရးကို အႏၲရာယ္ျဖစ္ေစနိုင္တာေၾကာင့္ ပြဲၿပီးခါနီးအခ်ိန္မွာ သေရက်ေနခဲ့ၿပီး ေထာင့္ကန္ေဘာရရွိခဲ့မယ္ဆိုရင္ ေအဒူယာ မန္ဒီကို ၿပိဳင္ဘက္ပင္နယ္တီဧရိယာထဲထိ တက္ခြင့္ေပးမွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

လူကာကူးနဲ႔ တီမို ဗာနာတို႔ရဲ့ဒဏ္ရာရရွိမႈက နည္းဗ်ဴဟာ လိုက္ေလ်ာညီေထြရွိမႈနဲ႔ အျခားေရြးခ်ယ္စရာရွိတယ္ဆိုတာကို ျပသခဲ့တာလား

ခ်ဲလ္ဆီးနည္းၿပ တူဟယ္က အသင္းအေနနဲ႔ အျမဲတမ္း ေရြးခ်ယ္စရာေတြရွိခဲ့ၿပီး ကစားသမားေတြအေနနဲ႔ ၎တို႔ကို လိုအပ္တဲ့အခ်ိန္က်ရင္ ေျခစြမ္းျပသဖို႔နဲ႔ ခ်ဲလ္ဆီးအတြက္ ပါဝင္ကစားေပးဖို႔ အဆင္သင့္ရွိေနတယ္ဆိုတာ ျပသဖို႔ လိုအပ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ခ်ဲလ္ဆီးအသင္းမွာ ႀကီးမားတဲ့ လူစာရင္းရွိေနရတာက အဲဒါေၾကာင့္ျဖစ္ၿပီး ကစားသမားတိုင္းက ခ်ဲလ္ဆီးအတြက္ ကစားေပးဖို႔ စြမ္းရည္ရွိရမယ္ဆိုတာ သိေနၾကတာေၾကာင့္ ကစားသမားတိုင္းအေပၚ ယုံၾကည္မႈေပးထားတာလို႔ ေျပာၾကားခဲ့ပါတယ္။

ဆိုးလ္ရွား ထုတ္ပယ္ခံခဲ့ရတာကို ဘယ္လိုထင္လဲ

တူဟယ္က မန္ခ်က္စတာယူနိုက္တက္က နည္းၿပ ဆိုးလ္ရွားကို ထုတ္ပယ္လိုက္တာနဲ႔ပတ္သက္ၿပီး စေနေန႔မွာ အေဝးကြင္းပြဲစဥ္နဲ႔ အဂၤါေန႔မွာ အိမ္ကြင္းပြဲစဥ္ကစားဖို႔ ရွိတာေၾကာင့္ အမ်ားႀကီး သိပ္မေတြးမိဘူးလို႔ ေျပာၾကားခဲ့ပါတယ္။ တူဟယ္က ဂ်ဴဗင္တပ္အသင္းနဲ႔ပြဲအတြက္ ေတာ္ေတာ္ေလး အလုပ္မ်ားေနၿပီး အဲဒီပြဲစဥ္ေတြၿပီးမွ မန္ခ်က္စတာယူနိုက္တက္နဲ႔ ကစားသြားရမွာျဖစ္လို႔ ဒီေန႔ေရာ မနက္ျဖန္ပါ မန္ခ်က္စတာယူနိုက္တက္အေၾကာင္း စဥ္းစားမွာမဟုတ္ဘဲ တျခားအသင္းက နည္းျပကို ထုတ္ပယ္တဲ့ဆုံးျဖတ္ခ်က္က ကိုယ္နဲ႔မဆိုင္လို႔ မွတ္ခ်က္လည္း ေပးမွာမဟုတ္ဘူးလို႔ တုံ႔ျပန္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရာသီ ခ်ဲလ္ဆီးအသင္းလိုမ်ိဳး ရာသီအလယ္မွာ နည္းျပထုတ္ခံရၿပီး ယူနိုက္တက္က ခ်န္ပီယံလိဂ္ဖလားရသြားနိုင္မလား

ခ်ဲလ္ဆီးနည္းၿပ တူဟယ္က ခ်န္ပီယံလိဂ္ဖလားကို ရရွိဖို႔က လြယ္ကူတယ္လို႔ ေျပာရင္ ၎တို႔ရဲ့အားထုတ္မႈကို တန္ဖိုးေလ်ာ့က်ေစလိမ့္မယ္လို႔ ေျပာၾကားခဲ့ၿပီး တကယ္လို႔ အသင္းေတြက အခု ဒါမွမဟုတ္ ဇန္နဝါရီလမွာ ခ်န္ပီယံလိဂ္ဖလားရဖို႔ နည္းျပကို ထုတ္တယ္ဆိုရင္လည္း အဲဒီလိုဟုတ္၊ မဟုတ္ ရွင္းျပစရာလည္း အေၾကာင္းမရွိဘူးလို႔ ထင္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ တူဟယ္က တျခားအသင္းေတြက သူတို႔ဘာသာ လုပ္ခ်င္တာလုပ္မွာျဖစ္တဲ့အတြက္ ဝင္ေျပာစရာအေၾကာင္းမရွိလို႔ သတင္းေထာက္ေတြအေနနဲ႔ လူမွားၿပီး ေမးခြန္းထုတ္ေနတာသာျဖစ္တယ္လို႔ တုံ႔ျပန္ခဲ့ပါတယ္။

ရီးစ္ ဂ်ိမ္းစ္ရဲ့ ယခုရာသီ တိုးတက္မႈနဲ႔ ကမၻာေပၚက သက္ဆိုင္ရာေနရာအလိုက္ အေကာင္းဆုံးကစားသမားေတြထဲကတစ္ဦး ျဖစ္လာနိုင္လား

နည္းၿပ တူဟယ္က ရီးစ္ ဂ်ိမ္းစ္ဟာ လက္ရွိမွာ ေနာက္ခံေတာင္ပံကစားသမားအျဖစ္နဲ႔ ကစားေနၿပီး အလြန္ျမင့္မားတဲ့ ေျခစြမ္းအဆင့္အတန္းမွာ ကစားေနတာေၾကာင့္ ကမၻာေပၚက ဒါမွမဟုတ္ အဂၤလန္က ဒါမွမဟုတ္ ဥေရာပက အေကာင္းဆုံးျဖစ္လာမလားဆိုတဲ့ဟာ ကိစၥမ်ိဳးနဲ႔ စိတ္လႈပ္ရွားေနစရာ အေၾကာင္းမရွိဘူးလို႔ ေျပာၾကားခဲ့ပါတယ္။ ရီးစ္ ဂ်ိမ္းစ္အေနနဲ႔ ပြဲကစားတဲ့အခါမွာ အေကာင္းဆုံး ရီးစ္ ဂ်ိမ္းစ္ပုံစံမ်ိဳးသာ ျဖစ္ေနဖို႔လိုၿပီး မျဖစ္မေန လိုအပ္တဲ့ တာဝန္ယူမႈမ်ိဳး တာဝန္ခံမႈမ်ိဳး ရွိဖို႔ လိုတယ္လို႔ ေျပာၾကားခဲ့ပါတယ္။ အဂၤလန္ၾကယ္ပြင့္ဟာ အလြန္ငယ္ရြယ္ေသးတဲ့ ကစားသမားျဖစ္တာေၾကာင့္ ႀကီးမားတဲ့ကစားသမားျဖစ္လာဖို႔ အလားအလာအကုန္ရွိေနၿပီး ခ်ဲလ္ဆီးအသင္းအတြက္ အေရးပါတဲ့ ကစားသမားျဖစ္တယ္ဆိုတာထက္ မပိုသလို ေလ်ာ့လည္း မေလ်ာ့ဘူးလို႔ တူဟယ္က ေျပာၾကားခဲ့ပါတယ္။

လန္ဒန္ေရာက္ေနတဲ့ အသင္းပိုင္ရွင္ ေအဘရာမိုဗစ္ခ်္ လာၾကည့္မယ္ဆိုရင္ သူ႔အတြက္ ၾကည့္လို႔ေကာင္းတဲ့ပြဲျဖစ္ေအာင္ လုပ္ရမယ္လို႔ ခံစားရလား

တူဟယ္က အသင္းပိုင္ရွင္ ေအဘရာမိုဗစ္ခ်္ လာၾကည့္မယ္ဆိုရင္ သူ႔အတြက္ ၾကည့္ေကာင္းမယ့္ပြဲျဖစ္ေအာင္ လုပ္ဖို႔မလိုဘူးလို႔ ယုံၾကည္ေနၿပီး လုပ္ျပစရာရွိတာ လုပ္ျပရမွာက အေျခခံအခ်က္ျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ အသင္းပိုင္ရွင္အေနနဲ႔ လန္ဒန္မွာ ရွိသည္ျဖစ္ေစ၊ မရွိသည္ျဖစ္ေစ အသင္းအတြက္ အေကာင္းဆုံးကို ေပးသြားရမွာျဖစ္ၿပီး ဂ်ဴဗင္တပ္နဲ႔ပြဲဟာ ခက္ခဲတဲ့ ပြဲႀကီးပြဲေကာင္းျဖစ္တာေၾကာင့္ အသင္းပိုင္ရွင္နဲ႔ ပရိသတ္ေတြအားလုံးကို ေဖ်ာ္ေျဖမႈေပးနိုင္ေအာင္ ျပင္းျပင္းထန္ထန္ ႀကိဳးပမ္းသြားရမွာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ တူဟယ္က အသင္းအေနနဲ႔ ထိပ္တန္းအဆင့္မွာ ရွိေနဖို႔ လိုအပ္တာေၾကာင့္ အဲဒီလိုျဖစ္ေအာင္ လုပ္ေဆာင္ေနၿပီး အသင္းပိုင္ရွင္ရွိေနရင္ အရမ္းေပ်ာ္ရႊင္ရမွာျဖစ္ေပမယ့္ ၎တို႔ရဲ့ ခ်ဥ္းကပ္မႈပုံစံကိုေတာ့ ေျပာင္းလဲမွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

ေအဘရာမိုဗစ္ခ်္နဲ႔ ေတြ႕ၿပီးၿပီလား၊ သူက ထူးျခားတဲ့ပိုင္ရွင္လား

တူဟယ္က အသင္းပိုင္ရွင္ ေအဘရာမိုဗစ္ခ်္ လန္ဒန္မွာ ရွိေနလား၊ မရွိေနလား မသိေပမယ့္ ေတြ႕ဆုံသြားမွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့ၿပီး ထူးျခားတဲ့ပိုင္ရွင္လားဆိုတာထက္ ေအဘရာမိုဗစ္ခ်္က ေဘာလုံးအမာခံပရိသတ္ဆိုတာကိုပဲ ေတြးတယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ရိုမန္ ေအဘရာမိုဗစ္ခ်္ဟာ ေဘာလုံးပြဲစဥ္ေတြကို ခ်စ္ျမတ္နိုးၿပီး ေဘာလုံးနဲ႔ပတ္သက္လာရင္ အေသးစိတ္ကအစ ႏွစ္သက္တတ္သူျဖစ္တာေၾကာင့္ ေဘာလုံးအေၾကာင္း အရာအားလုံး သိခ်င္သူျဖစ္တယ္လို႔ တူဟယ္က ေျပာၾကားခဲ့ၿပီး ေကာ့ဘ္ဟမ္မွာ ျဖစ္ေနတာေတြအားလုံးကိုလည္း အသိေပးေနတယ္လို႔ အေျဖေပးခဲ့ပါတယ္။ တူဟယ္က ေအဘရာမိုဗစ္ခ်္အေနနဲ႔ ေဖ်ာ္ေျဖမႈေပးတာ ခံခ်င္တယ္၊ ယွဥ္ၿပိဳင္နိုင္စြမ္းရွိခ်င္တယ္၊ ကြင္းအတြင္းမွာ မွန္ကန္တဲ့ခံယူခ်က္ရွိေစခ်င္တယ္ဆိုတဲ့ ခံစားခ်က္မ်ိဳး ခံစားရၿပီး အသင္းအေနနဲ႔ လုပ္ရမွာက ေရွ႕ဆက္ၿပီး တိုးတက္ေအာင္ ဆက္လက္လုပ္ေဆာင္သြားဖို႔ ျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.