Premier League Transfer News

အေျပာင္းအေရႊ႕ဘတ္ဂ်က္ထိန္းညႇိဖို႔ ကစားသမားေျခာက္ဦးအထိ ေရာင္းထုတ္သြားမယ့္ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီရာသီမွာ ကစားသမားေကာင္းေတြကို ေခၚယူဖို႔ ႀကဳိးစားေနၿပီး လာမယ့္ရာသီအတြက္ ျပင္ဆင္ေနရာမွာ အသင္းရဲ႕ အသုံးစရိတ္နဲ႔ ဘဏၰာေရးလည္ပတ္မွဳကို ထိန္းညႇိႏုိင္ဖို႔အတြက္ အသင္းမွာ မလိုအပ္ေတာ့တဲ့ ကစားသမား ၆ ဦးအထိကို ေရာင္းခ်သြားဖို႔ ရွိေနတယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ ဟာကင္မ္ ဇီယက္ခ်္နဲ႔ တီမို ဗာနာတုိ႔ရဲ႕ အေျပာင္းအေရႊ႕ေတြမွာ ခ်ဲလ္ဆီးအသင္းရဲ႕ အေျမာ္အျမင္ရွိတဲ့ လုပ္ေဆာင္ခ်က္ေတြကို ေဘာလုံးကၽြမ္းက်င္သူအမ်ားက ခ်ီးက်ဴးခဲ့ၾကၿပီးေနာက္ပုိင္းမွာေတာ့ အသင္းရဲ႕ အေျပာင္းအေရႊ႕အႀကီးအကဲ မာရီနာ ဂရာေနာ့ဗ္စကာယာအေနနဲ႔ ပိုမိုအေျမာ္အျမင္ရွိတဲ့ လုပ္ရပ္ျဖစ္တဲ့ ကစားသမားအေရာင္းပုိင္းကို လုပ္ေဆာင္သြားဖို႔ ရွိေနပါတယ္။

RB လိုက္ပ္ဇစ္နဲ႔ ကိုဗစ္-၁၉ ကန္႔သတ္ခ်က္ေတြအရ မၿပီးျပတ္ေသးတဲ့ ဂ်ာမန္တုိက္စစ္မွဴး ဗာနာနဲ႔ ကြင္းလယ္လူ ခိုင္ ဟာဗတ္ဇ္တို႔အတြက္ ေငြေၾကးဆက္လက္သုံးစြဲစရာေတြ ရွိေနေသးခ်ိန္မွာ အသင္းရဲ႕ ပုိလွ်ံအင္အားေတြျဖစ္ၾကတဲ့ တီမူး ဘာကာယို၊ အီမာဆင္ ပယ္လ္မီယာရီ၊ ဒါဗီေဒး ဇက္ပါေကာ္စတာ၊ ဒန္နီ ဒရင့္ခ္ဝါးတား၊ မစ္ခ်ီ ဘက္ရႊာယီနဲ႔ ဗစ္တာ မိုးဆက္စ္တုိ႔ကို ေရာင္းခ်သြားဖို႔ ခ်ဲလ္ဆီးဘက္က ဆုံးျဖတ္ခဲ့တာလည္းျဖစ္ပါတယ္။

အေျပာင္းအေရႊ႕ေဈးကြက္ရဲ႕ ကို႐ိုနာဗုိင္းရပ္စ္သက္ေရာက္မွဳေၾကာင့္ ေငြေၾကးမ်ားစြာ သုံးစြဲႏိုင္ျခင္းမရွိခ်ိန္မွာ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီကစားသမား ၆ ေယာက္ဆီက အျမတ္ရရွိဖို႔ထက္ လက္ခံႏိုင္တဲ့ ေျပာင္းေရႊ႕ေၾကးတစ္စုံတစ္ရာကိုပဲ ေမွ်ာ္လင့္ေနၿပီး အီတလီေဈးကြက္ဘက္ကိုေတာ့ ပုိမိုအာ႐ုံစိုက္ ေရာင္းခ်သြားဖို႔လည္းရွိပါတယ္။

နည္းျပ ဖရန္႔ လမ္းပတ္အေနနဲ႔ လူငယ္ေျခတက္ကစားသမားအမ်ားစုကို အေျခခံၿပီး သူ႕ရဲ႕ အနာဂတ္ ဆုဖလားေတြကို ရယူသြားမယ့္ အသင္းကို တည္ေဆာက္ဖို႔ ရည္ရြယ္ေနရာမွာ ဒီကစားသမားေတြကေတာ့ သုံးစြဲဖို႔ အဆင္မေျပဘဲ အနာဂတ္မရွိေတာ့ဘူးလို႔ သတ္မွတ္ထားခဲ့ၿပီး ဒီထဲက ကနဦး အေရာင္းစာရင္းတင္ထားတဲ့ မားကို႔စ္ အလြန္ဆုိကိုေတာ့ ဆက္လက္ထိန္းသိမ္းသြားဖြယ္ရွိေနတယ္လို႔လည္း သိရွိရပါတယ္။

REF: GOAL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချဲလ်ဆီးအသင်းအနေနဲ့ ဒီရာသီမှာ ကစားသမားကောင်းတွေကို ခေါ်ယူဖို့ ကြိုးစားနေပြီး လာမယ့်ရာသီအတွက် ပြင်ဆင်နေရာမှာ အသင်းရဲ့ အသုံးစရိတ်နဲ့ ဘဏ္ဏာရေးလည်ပတ်မှုကို ထိန်းညှိနိုင်ဖို့အတွက် အသင်းမှာ မလိုအပ်တော့တဲ့ ကစားသမား ၆ ဦးအထိကို ရောင်းချသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဟာကင်မ် ဇီယက်ချ်နဲ့ တီမို ဗာနာတို့ရဲ့ အပြောင်းအရွှေ့တွေမှာ ချဲလ်ဆီးအသင်းရဲ့ အမြော်အမြင်ရှိတဲ့ လုပ်ဆောင်ချက်တွေကို ဘောလုံးကျွမ်းကျင်သူအများက ချီးကျူးခဲ့ကြပြီးနောက်ပိုင်းမှာတော့ အသင်းရဲ့ အပြောင်းအရွှေ့အကြီးအကဲ မာရီနာ ဂရာနော့ဗ်စကာယာအနေနဲ့ ပိုမိုအမြော်အမြင်ရှိတဲ့ လုပ်ရပ်ဖြစ်တဲ့ ကစားသမားအရောင်းပိုင်းကို လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။

RB လိုက်ပ်ဇစ်နဲ့ ကိုဗစ်-၁၉ ကန့်သတ်ချက်တွေအရ မပြီးပြတ်သေးတဲ့ ဂျာမန်တိုက်စစ်မှူး ဗာနာနဲ့ ကွင်းလယ်လူ ခိုင် ဟာဗတ်ဇ်တို့အတွက် ငွေကြေးဆက်လက်သုံးစွဲစရာတွေ ရှိနေသေးချိန်မှာ အသင်းရဲ့ ပိုလျှံအင်အားတွေဖြစ်ကြတဲ့ တီမူး ဘာကာယို၊ အီမာဆင် ပယ်လ်မီယာရီ၊ ဒါဗီဒေး ဇက်ပါကော်စတာ၊ ဒန်နီ ဒရင့်ခ်ဝါးတား၊ မစ်ချီ ဘက်ရွှာယီနဲ့ ဗစ်တာ မိုးဆက်စ်တို့ကို ရောင်းချသွားဖို့ ချဲလ်ဆီးဘက်က ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။

အပြောင်းအရွှေ့ဈေးကွက်ရဲ့ ကိုရိုနာဗိုင်းရပ်စ်သက်ရောက်မှုကြောင့် ငွေကြေးများစွာ သုံးစွဲနိုင်ခြင်းမရှိချိန်မှာ ချဲလ်ဆီးအသင်းအနေနဲ့ ဒီကစားသမား ၆ ယောက်ဆီက အမြတ်ရရှိဖို့ထက် လက်ခံနိုင်တဲ့ ပြောင်းရွှေ့ကြေးတစ်စုံတစ်ရာကိုပဲ မျှော်လင့်နေပြီး အီတလီဈေးကွက်ဘက်ကိုတော့ ပိုမိုအာရုံစိုက် ရောင်းချသွားဖို့လည်းရှိပါတယ်။

နည်းပြ ဖရန့် လမ်းပတ်အနေနဲ့ လူငယ်ခြေတက်ကစားသမားအများစုကို အခြေခံပြီး သူ့ရဲ့ အနာဂတ် ဆုဖလားတွေကို ရယူသွားမယ့် အသင်းကို တည်ဆောက်ဖို့ ရည်ရွယ်နေရာမှာ ဒီကစားသမားတွေကတော့ သုံးစွဲဖို့ အဆင်မပြေဘဲ အနာဂတ်မရှိတော့ဘူးလို့ သတ်မှတ်ထားခဲ့ပြီး ဒီထဲက ကနဦး အရောင်းစာရင်းတင်ထားတဲ့ မားကို့စ် အလွန်ဆိုကိုတော့ ဆက်လက်ထိန်းသိမ်းသွားဖွယ်ရှိနေတယ်လို့လည်း သိရှိရပါတယ်။

REF: GOAL
PHOTOS CREDIT TO OWNERS
SPORTS A2Z.