Premier League

၁၆.၆.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ နယုန္လျပည့္ေက်ာ္ ၁၁ ရက္၊ အဂၤါေန႔။

၁၆.၆.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ နယုန္လျပည့္ေက်ာ္ ၁၁ ရက္၊ အဂၤါေန႔၊ ရက္ရာဇာ။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္။
နံနက္ ၆:၃၉ အထိ တိထီ ၁၀ လုံး။ ေက်ာ္လွ်င္ ၁၁ လုံး။ ၁၁ လုံးတြင္ အၿမိတၱယုဂ္ႏွင့္ မတယုဂ္၊ ထာဝရရွင္သန္ေအာင္ျမင္ေစလိုသည့္ အလုပ္မ်ားေရာ ၿပီးျပတ္ခ်ဳပ္ၿငိမ္းေစလိုသည့္ အလုပ္မ်ားပါ လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္။
တစ္ေန႔လုံးႏွင့္ ေနာက္တစ္ေန႔နံနက္ ၇:၀၂ အထိ အႆဝဏီနကၡတ္။ ေက်ာ္လွ်င္ ဘရဏီနကၡတ္။ ညေန ၁၄:၄၀ အထိ ေသာဘဏယုဂ္၊ လွပမွဳ၊ က်က္သေရတင့္တယ္ျခင္း၊ စိတ္ေပ်ာ္ေမြ႕ျခင္း၊ သက္ဆုိင္ရာ ေနရာမ်ားအား အလွဆင္ျခင္း၊ သန္႔ရွင္းစင္ၾကယ္ေအာင္လုပ္ျခင္းျဖင့္ ကံဖြင့္ လာဘ္ဖြင့္ပါ။ ေက်ာ္လွ်င္ အတိဂ႑ယုဂ္၊ အႏၲရာယ္၊ အတားအဆီးႏွင့္ ႀကဳံရျခင္း၊ အေႏွာင့္အယွက္၊ အဖ်က္အဆီးမ်ားအား လိမၼာပါးနပ္စြာ ေက်ာ္လႊားပါ။

တစ္ေန႔တာ က႐ိုဏ္း။
နံနက္ ၆:၃၉ အထိ ဝိႆတိက႐ိုဏ္း၊ မိမိကိုယ္ကို ယုံၾကည္မွဳျဖင့္ ရန္မ်ားအား ေက်ာ္ျဖတ္အႏုိင္ယူႏုိင္။ ည ၁၉:၄၆ အထိ ဗဘက႐ိုဏ္း၊ က်က္သေရရွိ၊ လုပ္ငန္းေဆာင္တာအမ်ဳိးမ်ဳိးႏွင့္ က်န္းမာေရးကိစၥအဝဝ လုပ္ေဆာင္ရန္ေကာင္း။ ေက်ာ္လွ်င္ ဗလဝက႐ိုဏ္း၊ ဂုဏ္သေရျပည့္စုံ၊ ေလ့လာသင္ၾကား၊ ဂါရဝျပဳမွဳမ်ားႏွင့္ အခမ္းအနားမ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ ကံေကာင္းရာအရပ္ႏွင့္ ေဆာင္ရန္ အေရာင္။
နံနက္ ၆:၃၉ အထိ ေတာင္ႏွင့္ အေရွ႕၊ အနက္ေရာင္။ ေက်ာ္လွ်င္ အေနာက္ႏွင့္ ေတာင္၊ အနီေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၁၆.၆.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်၊ အင်္ဂါနေ့၊ ရက်ရာဇာ။

တစ်နေ့တာ တိထီနှင့် ယုဂ်။
နံနက် ၆:၃၉ အထိ တိထီ ၁၀ လုံး။ ကျော်လျှင် ၁၁ လုံး။ ၁၁ လုံးတွင် အမြိတ္တယုဂ်နှင့် မတယုဂ်၊ ထာဝရရှင်သန်အောင်မြင်စေလိုသည့် အလုပ်များရော ပြီးပြတ်ချုပ်ငြိမ်းစေလိုသည့် အလုပ်များပါ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
တစ်နေ့လုံးနှင့် နောက်တစ်နေနံနက် ၇:၀၂ အထိ အဿဝဏီနက္ခတ်။ ကျော်လျှင် ဘရဏီနက္ခတ်။ ညနေ ၁၄:၄၀ အထိ သောဘဏယုဂ်၊ လှပမှု၊ ကျက်သရေတင့်တယ်ခြင်း၊ စိတ်ပျော်မွေ့ခြင်း၊ သက်ဆိုင်ရာ နေရာများအား အလှဆင်ခြင်း၊ သန့်ရှင်းစင်ကြယ်အောင်လုပ်ခြင်းဖြင့် ကံဖွင့် လာဘ်ဖွင့်ပါ။ ကျော်လျှင် အတိဂဏ္ဍယုဂ်၊ အန္တရာယ်၊ အတားအဆီးနှင့် ကြုံရခြင်း၊ အနှောင့်အယှက်၊ အဖျက်အဆီးများအား လိမ္မာပါးနပ်စွာ ကျော်လွှားပါ။

တစ်နေ့တာ ကရိုဏ်း။
နံနက် ၆:၃၉ အထိ ဝိဿတိကရိုဏ်း၊ မိမိကိုယ်ကို ယုံကြည်မှုဖြင့် ရန်များအား ကျော်ဖြတ်အနိုင်ယူနိုင်။ ည ၁၉:၄၆ အထိ ဗဘကရိုဏ်း၊ ကျက်သရေရှိ၊ လုပ်ငန်းဆောင်တာအမျိုးမျိုးနှင့် ကျန်းမာရေးကိစ္စအဝဝ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် ဗလဝကရိုဏ်း၊ ဂုဏ်သရေပြည့်စုံ၊ လေ့လာသင်ကြား၊ ဂါရဝပြုမှုများနှင့် အခမ်းအနားများ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန် အရောင်။
နံနက် ၆:၃၉ အထိ တောင်နှင့် အရှေ့၊ အနက်ရောင်။ ကျော်လျှင် အနောက်နှင့် တောင်၊ အနီရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)