Premier League

ကြင္းလယ္အတြဲအဖက္ပုံစံသစ္ကို ဆိုးလ္ရွားဆုိင္းငံ့ထားဖို႔ရွိၿပီး ေပါ့ဘာ အရန္ခုံထုိင္ရဖြယ္ရွိေန

မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြ ေတြ႕ျမင္ခ်င္ေနၾကတဲ့ ကြင္းလယ္မွာ ေပါလ္ ေပါ့ဘာနဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တုိ႔ရဲ႕ အတူတူ တြဲကစားတဲ့ တြဲလုံးသစ္ကို စမ္းသပ္ရာမွာ စိတ္ေက်နပ္စရာ ျဖစ္မလာေသးတဲ့အတြက္ လာမယ့္ ေတာ့တင္ဟမ္ေဟာ့စပါးစ္နဲ႔ အေဝးကြင္းပြဲစဥ္မွာ ေပါ့ဘာအေနနဲ႔ အရန္ခုံထုိင္ရဖြယ္ရွိေနတယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ ရက္သတၱပတ္အတြင္းက နည္းျပ အုိလီဂန္နာ ဆုိးလ္ရွားအေနနဲ႔ ေပါ့ဘာကို နံပါတ္ ၁၀ ေနရာ၊ ဖာနန္ဒက္စ္ကို နံပါတ္ ၈ ေနရာေတြမွာ ေျပာင္းလဲအသုံးျပဳၿပီး ကစားကြက္ပုံစံသစ္ကို ေဖာ္ေဆာင္သြားမယ္လို႔ သတင္းေတြ ထြက္ခဲ့ေပမယ့္ ဝက္စ္ဘရြန္းနဲ႔ ေျခစမ္းပြဲမွာ သူတုိ႔ရဲ႕ ပုံစံကို လုံေလာက္ၿပီလို႔ ေက်နပ္ျခင္းမရွိတာလည္းျဖစ္ေနႏုိင္ပါတယ္။

ဆိုးလ္ရွားအေနနဲ႔ လာမယ့္ပြဲမွာ ေပါင္ ၆၈ သန္းတန္ ေပၚတူဂီလက္ေရြးစင္ကိုပဲ တုိက္စစ္မွဴးေတြေနာက္က အသုံးျပဳသြားဖြယ္ရွိၿပီး ဖရက္ဒ္နဲ႔ စေကာ့ မက္ေတာ္မီေနးကို ေနာက္ကေန ကစားအားနဲ႔ ကြင္းလယ္ခ်ိန္ခြင္လွ်ာကို ထိန္းညႇိတဲ့အေနနဲ႔ အသုံးျပဳသြားဖို႔ ရွိေနသလို ေပါ့ဘာကေတာ့ အရန္ခုံမွာပဲ ပါဝင္လာဖို႔ ရွိေနပါတယ္။

ၿပီးခဲ့တဲ့ ေဘာက္ဆင္ေဒးကတည္းက အသင္းနဲ႔ ေဝးကြာေနခဲ့ၿပီး ဒဏ္ရာေတြကို ကုသေနခဲ့ရတဲ့ ျပင္သစ္ကြင္းလယ္လူဟာ ဒီႏွစ္ပုိင္းမွာ သူ႕ရဲ႕ Playmaking Role မွာ သိသိသာသာ ေျခစြမ္းက်ဆင္းလာခဲ့သူလည္းျဖစ္ၿပီး အသင္းနဲ႔ မေျပလည္ဘူးလို႔လည္း သတင္းထြက္ေနခဲ့တဲ့အျပင္ ေအးဂ်င့္ မီႏို ႐ိုင္ယိုလာေၾကာင့္လည္း ပုိၿပီး လူမုန္းခံရသလိုျဖစ္ေနခဲ့တာပါ။

ဆိုးလ္ရွားအေနနဲ႔ေတာ့ စပါးစ္လို အိမ္ကြင္းကစားအားရွိၿပီး အသင္းကို ကိုင္တြယ္ဖူးတဲ့ နည္းျပေဟာင္း ဂ်ဳိေဆး ေမာ္ရင္ညဳိနဲ႔ ေတြ႕ဆုံမယ့္ ပြဲမ်ဳိးမွာ အသားမက်ေသးတဲ့ ကြင္းလယ္အတြဲအဖက္နဲ႔ စြန္႔စားဖို႔ထက္ တြဲဖက္ေျခစြမ္းျပႏိုင္ၿပီးသား ဖာနန္ဒက္စ္နဲ႔ ဖရက္ဒ္တုိ႔ကို မက္ေတာ္မီေနးနဲ႔ မာတစ္ခ်္တုိ႔ ႏွစ္ဦးထဲက တစ္ဦးနဲ႔ ပြဲထုတ္ဖို႔ ရွိေနတာေၾကာင့္ ေပါ့ဘာကို အရန္ခုံမွာပဲ ေတြ႕ျမင္ရလိမ့္မယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်ပရိသတ်တွေ တွေ့မြင်ချင်နေကြတဲ့ ကွင်းလယ်မှာ ပေါလ် ပေါ့ဘာနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ရဲ့ အတူတူ တွဲကစားတဲ့ တွဲလုံးသစ်ကို စမ်းသပ်ရာမှာ စိတ်ကျေနပ်စရာ ဖြစ်မလာသေးတဲ့အတွက် လာမယ့် တော့တင်ဟမ်ဟော့စပါးစ်နဲ့ အဝေးကွင်းပွဲစဉ်မှာ ပေါ့ဘာအနေနဲ့ အရန်ခုံထိုင်ရဖွယ်ရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအနေနဲ့ ပေါ့ဘာကို နံပါတ် ၁၀ နေရာ၊ ဖာနန်ဒက်စ်ကို နံပါတ် ၈ နေရာတွေမှာ ပြောင်းလဲအသုံးပြုပြီး ကစားကွက်ပုံစံသစ်ကို ဖော်ဆောင်သွားမယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် ဝက်စ်ဘရွန်းနဲ့ ခြေစမ်းပွဲမှာ သူတို့ရဲ့ ပုံစံကို လုံလောက်ပြီလို့ ကျေနပ်ခြင်းမရှိတာလည်းဖြစ်နေနိုင်ပါတယ်။

ဆိုးလ်ရှားအနေနဲ့ လာမယ့်ပွဲမှာ ပေါင် ၆၈ သန်းတန် ပေါ်တူဂီလက်ရွေးစင်ကိုပဲ တိုက်စစ်မှူးတွေနောက်က အသုံးပြုသွားဖွယ်ရှိပြီး ဖရက်ဒ်နဲ့ စကော့ မက်တော်မီနေးကို နောက်ကနေ ကစားအားနဲ့ ကွင်းလယ်ချိန်ခွင်လျှာကို ထိန်းညှိတဲ့အနေနဲ့ အသုံးပြုသွားဖို့ ရှိနေသလို ပေါ့ဘာကတော့ အရန်ခုံမှာပဲ ပါဝင်လာဖို့ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဘောက်ဆင်ဒေးကတည်းက အသင်းနဲ့ ဝေးကွာနေခဲ့ပြီး ဒဏ်ရာတွေကို ကုသနေခဲ့ရတဲ့ ပြင်သစ်ကွင်းလယ်လူဟာ ဒီနှစ်ပိုင်းမှာ သူ့ရဲ့ Playmaking Role မှာ သိသိသာသာ ခြေစွမ်းကျဆင်းလာခဲ့သူလည်းဖြစ်ပြီး အသင်းနဲ့ မပြေလည်ဘူးလို့လည်း သတင်းထွက်နေခဲ့တဲ့အပြင် အေးဂျင့် မီနို ရိုင်ယိုလာကြောင့်လည်း ပိုပြီး လူမုန်းခံရသလိုဖြစ်နေခဲ့တာပါ။

ဆိုးလ်ရှားအနေနဲ့တော့ စပါးစ်လို အိမ်ကွင်းကစားအားရှိပြီး အသင်းကို ကိုင်တွယ်ဖူးတဲ့ နည်းပြဟောင်း ဂျိုဆေး မော်ရင်ညိုနဲ့ တွေ့ဆုံမယ့် ပွဲမျိုးမှာ အသားမကျသေးတဲ့ ကွင်းလယ်အတွဲအဖက်နဲ့ စွန့်စားဖို့ထက် တွဲဖက်ခြေစွမ်းပြနိုင်ပြီးသား ဖာနန်ဒက်စ်နဲ့ ဖရက်ဒ်တို့ကို မက်တော်မီနေးနဲ့ မာတစ်ချ်တို့ နှစ်ဦးထဲက တစ်ဦးနဲ့ ပွဲထုတ်ဖို့ ရှိနေတာကြောင့် ပေါ့ဘာကို အရန်ခုံမှာပဲ တွေ့မြင်ရလိမ့်မယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.