Premier League Serie A Transfer News

ကူလီေဘလီကို ေဈးမေလွ်ာ့ဘူးလို႔ ယူႏုိက္တက္နဲ႔ စီးတီးကို သတိေပးလုိက္တဲ့ နာပိုလီဥကၠဌ

ပရီးမီးယားလိဂ္အသင္းႀကီးေတြျဖစ္ၾကတဲ့ မန္ခ်က္စတာၿမဳိ႕ခံႏွစ္သင္းနဲ႔ လီဗာပူးလ္အသင္းေတြက အလိုရွိေနခဲ့ၾကတဲ့ သူတုိ႔ရဲ႕ေနာက္ခံလူ ခါလီဒူး ကူလီေဘလီကို ေဈးေလွ်ာ့ေရာင္းခ်ဖို႔ အစီအစဥ္မရွိဘဲ သူ႕အေနနဲ႔ ဘာေၾကြးမွ တင္ေနတာမ်ဳိး မရွိတဲ့အတြက္ ေအးေအးေဆးေဆးပဲ ေရာင္းခ်မွာ ျဖစ္ေၾကာင္း နာပုိလီဥကၠဌ ေအာ္ရယ္လီယို ဒီေလာ္ရန္တီးစ္က ေျပာၾကားလိုက္ပါတယ္။

ကမာၻ႕အေကာင္းဆုံးေနာက္ခံလူေတြထဲက တစ္ဦးျဖစ္တဲ့ ကူလီေဘလီဟာ သူ႕ရဲ႕ မာေက်ာႀကံ့ခိုင္တဲ့ ကစားဟန္အျပင္ ေဘာလုံးေပးပုိ႔မွဳ ေကာင္းမြန္ျခင္းေၾကာင့္ လူသိမ်ားသူျဖစ္ၿပီး လာမယ့္ရာသီမွာေတာ့ ခံစစ္ပုိင္းလိုအပ္ခ်က္ေတြ ရွိေနၾကတဲ့ ပရီးမီးယားလိဂ္အသင္းေတြရဲ႕ ထိပ္တန္း ပစ္မွတ္လည္းျဖစ္ေနခဲ့တာပါ။

လီဗာပူးလ္က ဗာဂ်ီးလ္ ဗန္ဒိုက္ရဲ႕ အတြဲအဖက္အျဖစ္ အလိုရွိေနသလို မန္ခ်က္စတာယူႏုိက္တက္က ဟာရီ မက္ဂြဳိင္းယားနဲ႔ ပူးေပါင္းေစဖို႔ အလိုရွိေနတာျဖစ္ၿပီး မန္ခ်က္စတာစီးတီးအသင္းကေတာ့ သူတို႔အသင္းေခါင္းေဆာင္ေဟာင္း ဗင္းဆင့္ ကြမ္ပနီထြက္ခြာသြားကလည္းက လစ္ဟာေနတဲ့ ကြက္လပ္ကို ျဖည့္ဆည္းခ်င္ေနတာလည္းျဖစ္ပါတယ္။

“စီးတီး… ဒါမွမဟုတ္ ယူႏုိက္တက္၊ ပီအက္စ္ဂ်ီတုိ႔လို အသင္းေတြအေနနဲ႔ သူ႕ကို ယူ႐ိုသန္း ၁၀၀ (ေပါင္သန္း ၉၀) ေပးလာရင္ေတာ့ ကၽြန္ေတာ္ လက္ခံစဥ္းစားသြားမွာျဖစ္သလို သူ႕အေနနဲ႔လည္း ထြက္ခြာခ်င္မွာပါ။ စကူဒက္တုိဖလားကို ရယူသြားခ်င္တဲ့ ဆႏၵအရ အသင္းအေနနဲ႔ ေပါင္သန္း ၃၀၀-၄၀၀ ေလာက္ ေၾကြးတင္ခံၿပီး အသုံးျပဳရတာလည္းျဖစ္ႏုိင္ေပမယ့္ ဝယ္လက္ေတြဆီမွာ ကၽြန္ေတာ္ေခ်းထားတဲ့ ေသာက္ေၾကြး တစ္ျပားမွ မရွိတဲ့အတြက္ သူ႕ကို ယူ႐ိုသန္း ၆၀ (ေပါင္ ၅၅ သန္း)ဆုိတာမ်ဳိးကိုေတာ့ စဥ္းစားမွာ မဟုတ္ပါဘူး”လို႔ ဒီေလာ္ရန္တီးစ္က ဆုိပါတယ္။

လာမယ့္ စေနေန႔မွာ အသက္ ၂၉ ႏွစ္ျပည့္ေျမာက္မွာျဖစ္တဲ့ ဆီနီေဂါလက္ေရြးစင္ေနာက္ခံလူဟာ နာပိုလီအသင္းကုိ ယူ႐ို ၇.၂၅ သန္း (ေပါင္ ၆.၅ သန္း)နဲ႔ လြန္ခဲ့တဲ့ ၆ ႏွစ္တုန္းက ဘယ္လ္ဂ်ီယမ္ကလပ္ ဂ်င့္ခ္အသင္းကေန ေရာက္ရွိလာသူျဖစ္ၿပီး လာမယ့္ရာသီကုန္မွာ အသင္းက ထြက္ခြာဖို႔ သတင္းေတြ ထြက္ေနသလို ပရီးမီးယားလိဂ္အသင္းေတြကလည္း အလိုရွိေနေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပရီးမီးယားလိဂ်အသင်းကြီးတွေဖြစ်ကြတဲ့ မန်ချက်စတာမြို့ခံနှစ်သင်းနဲ့ လီဗာပူးလ်အသင်းတွေက အလိုရှိနေခဲ့ကြတဲ့ သူတို့ရဲ့နောက်ခံလူ ခါလီဒူး ကူလီဘေလီကို ဈေးလျှော့ရောင်းချဖို့ အစီအစဉ်မရှိဘဲ သူ့အနေနဲ့ ဘာကြွေးမှ တင်နေတာမျိုး မရှိတဲ့အတွက် အေးအေးဆေးဆေးပဲ ရောင်းချမှာ ဖြစ်ကြောင်း နာပိုလီဥက္ကဌ အော်ရယ်လီယို ဒီလော်ရန်တီးစ်က ပြောကြားလိုက်ပါတယ်။

ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတွေထဲက တစ်ဦးဖြစ်တဲ့ ကူလီဘေလီဟာ သူ့ရဲ့ မာကျောကြံ့ခိုင်တဲ့ ကစားဟန်အပြင် ဘောလုံးပေးပို့မှု ကောင်းမွန်ခြင်းကြောင့် လူသိများသူဖြစ်ပြီး လာမယ့်ရာသီမှာတော့ ခံစစ်ပိုင်းလိုအပ်ချက်တွေ ရှိနေကြတဲ့ ပရီးမီးယားလိဂ်အသင်းတွေရဲ့ ထိပ်တန်း ပစ်မှတ်လည်းဖြစ်နေခဲ့တာပါ။

လီဗာပူးလ်က ဗာဂျီးလ် ဗန်ဒိုက်ရဲ့ အတွဲအဖက်အဖြစ် အလိုရှိနေသလို မန်ချက်စတာယူနိုက်တက်က ဟာရီ မက်ဂွိုင်းယားနဲ့ ပူးပေါင်းစေဖို့ အလိုရှိနေတာဖြစ်ပြီး မန်ချက်စတာစီးတီးအသင်းကတော့ သူတို့အသင်းခေါင်းဆောင်ဟောင်း ဗင်းဆင့် ကွမ်ပနီထွက်ခွာသွားကလည်းက လစ်ဟာနေတဲ့ ကွက်လပ်ကို ဖြည့်ဆည်းချင်နေတာလည်းဖြစ်ပါတယ်။

“စီးတီး… ဒါမှမဟုတ် ယူနိုက်တက်၊ ပီအက်စ်ဂျီတို့လို အသင်းတွေအနေနဲ့ သူ့ကို ယူရိုသန်း ၁၀၀ (ပေါင်သန်း ၉၀) ပေးလာရင်တော့ ကျွန်တော် လက်ခံစဉ်းစားသွားမှာဖြစ်သလို သူ့အနေနဲ့လည်း ထွက်ခွာချင်မှာပါ။ စကူဒက်တိုဖလားကို ရယူသွားချင်တဲ့ ဆန္ဒအရ အသင်းအနေနဲ့ ပေါင်သန်း ၃၀၀-၄၀၀ လောက် ကြွေးတင်ခံပြီး အသုံးပြုရတာလည်းဖြစ်နိုင်ပေမယ့် ဝယ်လက်တွေဆီမှာ ကျွန်တော်ချေးထားတဲ့ သောက်ကြွေး တစ်ပြားမှ မရှိတဲ့အတွက် သူ့ကို ယူရိုသန်း ၆၀ (ပေါင် ၅၅ သန်း)ဆိုတာမျိုးကိုတော့ စဉ်းစားမှာ မဟုတ်ပါဘူး”လို့ ဒီလော်ရန်တီးစ်က ဆိုပါတယ်။

လာမယ့် စနေနေ့မှာ အသက် ၂၉ နှစ်ပြည့်မြောက်မှာဖြစ်တဲ့ ဆီနီဂေါလက်ရွေးစင်နောက်ခံလူဟာ နာပိုလီအသင်းကို ယူရို ၇.၂၅ သန်း (ပေါင် ၆.၅ သန်း)နဲ့ လွန်ခဲ့တဲ့ ၆ နှစ်တုန်းက ဘယ်လ်ဂျီယမ်ကလပ် ဂျင့်ခ်အသင်းကနေ ရောက်ရှိလာသူဖြစ်ပြီး လာမယ့်ရာသီကုန်မှာ အသင်းက ထွက်ခွာဖို့ သတင်းတွေ ထွက်နေသလို ပရီးမီးယားလိဂ်အသင်းတွေကလည်း အလိုရှိနေကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.