Premier League Serie A Transfer News

မစ္ခီတာရီယန္နဲ႔ ေငြအလိုက္ေပးၿပီး ကလြဳိက္ဗတ္ကို ရယူဖို႔ အာဆင္နယ္ သေဘာတူညီႏုိင္ဖြယ္ရွိ

အာဆင္နယ္အသင္းအေနနဲ႔ နာမည္ႀကီးေအးဂ်င့္ မီႏို ႐ိုင္ယိုလာ အဆုိျပဳထားခဲ့တဲ့ ကြင္းလယ္လူ ဟင္းနရစ္ မစ္ခီတာရီယန္နဲ႔ ေတာင္ပံကစားသမား ဂ်ပ္စတင္ ကလြဳိက္ဗတ္တုိ႔ကို လဲလွယ္မယ့္ အစီအစဥ္ကို ႐ိုးမားအသင္းနဲ႔ ေငြေပးေခ်ဖို႔ အစီအစဥ္ကိုသာ ေျပလည္ေအာင္ေဆြးေႏြးႏုိင္ခဲ့မယ္ဆုိရင္ သေဘာတူညီဖို႔ နီးစပ္ေနတယ္လို႔ သိရပါတယ္

အီတလီေျမ စီးရီးေအမွာ ႐ိုးမားအသင္းနဲ႔ ကစားၿပီးခဲ့တဲ့ေနာက္ ဒီၿပဳိင္ပြဲရဲ႕ ကစားဟန္နဲ႔ ၿပဳိင္ဆုိင္မွဳကို သေဘာက်သြားခဲ့ၿပီျဖစ္ၿပီး ေျခစြမ္းျပသႏုိင္ခဲ့လုိ႔ ေပ်ာ္ရႊင္ေနတဲ့ အာေမးနီးယားအသင္းေခါင္းေဆာင္က သူ႕ရဲ႕ေအးဂ်င့္ ႐ိုင္ယိုလာကို အာဆင္နယ္ဆီက ထြက္ခြာလို႔ရေအာင္ မျဖစ္မေန ညႇိႏွဳိင္းဖို႔ တာဝန္ေပးထားသလို နည္းျပ ေပၚလို ဖြန္ဆီကာနဲ႔ အသင္းေဖာ္ေတြကလည္း သူ႕ကို အလိုရွိေနၾကတာျဖစ္ပါတယ္။

လက္ရွိဘဏၰာေရးအေျခအေနအရေတာ့ စေတဒီယို အိုလံပီကိုမွာေရာ အမ္းမရိတ္မွာပါ ရွားပါးက်ပ္တည္းတဲ့ ပုံစံကို ျမင္ေနၿပီး မစ္ခီတာရီယန္အတြက္ ေတာင္းတဲ့ ေျပာင္းေရႊ႕ေၾကးကို ႐ိုးမားဘက္က မေပးႏုိင္သလို အာဆင္နယ္ဘက္ကလည္း အေျပာင္းအေရႊ႕ရန္ပုံေငြအတြက္ ရႏုိင္သလာက္ လိုအပ္ေနခ်ိန္မွာ အီတလီသား လူလည္ေအးဂ်င့္ႀကီးက ကလြဳိက္ဗတ္အကြက္ကို ပါးပါးနပ္နပ္ ေရႊ႕ခဲ့တာလည္းျဖစ္ပါတယ္။

အာဆင္နယ္အသင္းတာဝန္ရွိသူေတြအေနနဲ႔ ဒီအလဲအထပ္ကို စိတ္ဝင္စားေနၾကၿပီး မစ္ခီတာရီယန္လို တစ္ပတ္ ေပါင္ႏွစ္သိန္းနီးပါး ေပးေခ်ေနရတဲ့ လူအိုေနရာမွာ အနာဂတ္အမ်ားႀကီးရွိေသးတဲ့ လူငယ္ေျခတက္ ကလြဳိက္ဗတ္ကို နည္းျပ မီခယ္လ္ အာတီတာရဲ႕ ကစားကြက္မွာ တစ္ေနရာထက္မနည္း အသုံးခ်ႏုိင္ဖို႔ ေမွ်ာ္လင့္ေနၾကဖြယ္လည္းရွိပါတယ္။

ေပါင္ ၃၁ သန္းကေန ၃၆ သန္းအထိ တန္ဖိုးတြက္ခ်က္ထားတဲ့ ကလြဳိက္ဗတ္အတြက္ ေပါင္ ၁၂ သန္းခြဲေလာက္ အမ်ားဆုံး သတ္မွတ္ႏိုင္ဖြယ္ရွိတဲ့ မစ္ခီတာရီယန္နဲ႔အတူ က်န္တဲ့ အလိုက္ေပးေခ်ရမယ့္ ေငြပမာဏအတြက္ ဒီႏွစ္ေတြမွာ အာဆင္နယ္လုပ္ေနက်ပုံစံျဖစ္တဲ့ အရစ္က်နဲ႔ ေပးသြင္းႏိုင္ခဲ့မယ္ဆုိရင္ေတာ့ အေျပာင္းအေရႊ႕ျဖစ္ေျမာက္ဖြယ္ရွိၿပီး အနည္းဆုံး ေပါင္ ၁၈ သန္းခြဲကေန အမ်ားဆုံး ေပါင္ ၂၅ သန္းကို က်သင့္ဖုိ႔ရွိေၾကာင္းလည္း သိရွိရပါတယ္။

REF: LA GAZZETTA DELLO SPORT
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းအနေနဲ့ နာမည်ကြီးအေးဂျင့် မီနို ရိုင်ယိုလာ အဆိုပြုထားခဲ့တဲ့ ကွင်းလယ်လူ ဟင်းနရစ် မစ်ခီတာရီယန်နဲ့ တောင်ပံကစားသမား ဂျပ်စတင် ကလွိုက်ဗတ်တို့ကို လဲလှယ်မယ့် အစီအစဉ်ကို ရိုးမားအသင်းနဲ့ ငွေပေးချေဖို့ အစီအစဉ်ကိုသာ ပြေလည်အောင်ဆွေးနွေးနိုင်ခဲ့မယ်ဆိုရင် သဘောတူညီဖို့ နီးစပ်နေတယ်လို့ သိရပါတယ်

အီတလီမြေ စီးရီးအေမှာ ရိုးမားအသင်းနဲ့ ကစားပြီးခဲ့တဲ့နောက် ဒီပြိုင်ပွဲရဲ့ ကစားဟန်နဲ့ ပြိုင်ဆိုင်မှုကို သဘောကျသွားခဲ့ပြီဖြစ်ပြီး ခြေစွမ်းပြသနိုင်ခဲ့လို့ ပျော်ရွှင်နေတဲ့ အာမေးနီးယားအသင်းခေါင်းဆောင်က သူ့ရဲ့အေးဂျင့် ရိုင်ယိုလာကို အာဆင်နယ်ဆီက ထွက်ခွာလို့ရအောင် မဖြစ်မနေ ညှိနှိုင်းဖို့ တာဝန်ပေးထားသလို နည်းပြ ပေါ်လို ဖွန်ဆီကာနဲ့ အသင်းဖော်တွေကလည်း သူ့ကို အလိုရှိနေကြတာဖြစ်ပါတယ်။

လက်ရှိဘဏ္ဏာရေးအခြေအနေအရတော့ စတေဒီယို အိုလံပီကိုမှာရော အမ်းမရိတ်မှာပါ ရှားပါးကျပ်တည်းတဲ့ ပုံစံကို မြင်နေပြီး မစ်ခီတာရီယန်အတွက် တောင်းတဲ့ ပြောင်းရွှေ့ကြေးကို ရိုးမားဘက်က မပေးနိုင်သလို အာဆင်နယ်ဘက်ကလည်း အပြောင်းအရွှေ့ရန်ပုံငွေအတွက် ရနိုင်သလာက် လိုအပ်နေချိန်မှာ အီတလီသား လူလည်အေးဂျင့်ကြီးက ကလွိုက်ဗတ်အကွက်ကို ပါးပါးနပ်နပ် ရွှေ့ခဲ့တာလည်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းတာဝန်ရှိသူတွေအနေနဲ့ ဒီအလဲအထပ်ကို စိတ်ဝင်စားနေကြပြီး မစ်ခီတာရီယန်လို တစ်ပတ် ပေါင်နှစ်သိန်းနီးပါး ပေးချေနေရတဲ့ လူအိုနေရာမှာ အနာဂတ်အများကြီးရှိသေးတဲ့ လူငယ်ခြေတက် ကလွိုက်ဗတ်ကို နည်းပြ မီခယ်လ် အာတီတာရဲ့ ကစားကွက်မှာ တစ်နေရာထက်မနည်း အသုံးချနိုင်ဖို့ မျှော်လင့်နေကြဖွယ်လည်းရှိပါတယ်။

ပေါင် ၃၁ သန်းကနေ ၃၆ သန်းအထိ တန်ဖိုးတွက်ချက်ထားတဲ့ ကလွိုက်ဗတ်အတွက် ပေါင် ၁၂ သန်းခွဲလောက် အများဆုံး သတ်မှတ်နိုင်ဖွယ်ရှိတဲ့ မစ်ခီတာရီယန်နဲ့အတူ ကျန်တဲ့ အလိုက်ပေးချေရမယ့် ငွေပမာဏအတွက် ဒီနှစ်တွေမှာ အာဆင်နယ်လုပ်နေကျပုံစံဖြစ်တဲ့ အရစ်ကျနဲ့ ပေးသွင်းနိုင်ခဲ့မယ်ဆိုရင်တော့ အပြောင်းအရွှေ့ဖြစ်မြောက်ဖွယ်ရှိပြီး အနည်းဆုံး ပေါင် ၁၈ သန်းခွဲကနေ အများဆုံး ပေါင် ၂၅ သန်းကို ကျသင့်ဖို့ရှိကြောင်းလည်း သိရှိရပါတယ်။

REF: LA GAZZETTA DELLO SPORT
PHOTOS CREDIT TO OWNERS
SPORTS A2Z.