Premier League

၁၅.၆.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ နယုန္လျပည့္ေက်ာ္ ၁၀ ရက္၊ တနလၤာေန႔။

၁၅.၆.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ နယုန္လျပည့္ေက်ာ္ ၁၀ ရက္၊ တနလၤာေန႔၊ ျပႆဒါး။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္။
တစ္ေန႔လုံးႏွင့္ ေနာက္တစ္ေန႔နံနက္ ၆:၃၉ အထိ တိထီ ၁၀ လုံး။ ေက်ာ္လွ်င္ ၁၁ လုံး။ ၁၀ လုံးတြင္ အၿမိတၱယုဂ္၊ ထာဝရရွင္သန္ေအာင္ျမင္ေစလိုသည့္ အလုပ္မ်ား လုပ္ေဆာင္ရန္ေကာင္း၊ လုပ္ငန္းသစ္မ်ား၊ ရပ္တန္႔ေနေသာအလုပ္မ်ား ျပန္လည္စတင္ႏုိင္။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္။
တစ္ေန႔လုံးႏွင့္ ေနာက္တစ္ေနနံနက္ ၄:၁၆ အထိ ေရဝတီနကၡတ္။ ေက်ာ္လွ်င္ အႆဝဏီနကၡတ္။ ေန႔လယ္ ၁၃:၄၆ အထိ ေသာဘဂ်ယုဂ္၊ ကံေကာင္းမွဳ၊ ေပ်ာ္ရႊင္မွဳ၊ ကံစမ္းျခင္းႏွင့္ မိမိအတြက္ အခြင့္အေရးရယူလိုသည့္ အလုပ္မ်ား လုပ္ေဆာင္ရန္ေကာင္း။ ေက်ာ္လွ်င္ ေသာဘဏယုဂ္၊ လွပမွဳ၊ က်က္သေရတင့္တယ္ျခင္း၊ စိတ္ေပ်ာ္ေမြ႕ျခင္း၊ သက္ဆုိင္ရာ ေနရာမ်ားအား အလွဆင္ျခင္း၊ သန္႔ရွင္းစင္ၾကယ္ေအာင္လုပ္ျခင္းျဖင့္ ကံဖြင့္ လာဘ္ဖြင့္ပါ။

တစ္ေန႔တာ က႐ိုဏ္း။
ညေန ၁၇:၂၉ အထိ ဝါဏိဇၨက႐ိုဏ္း၊ စီးပြားေရးႏွင့္ ဆက္သြယ္ဆက္ဆံေရးလုပ္ငန္းမ်ား လုပ္ေဆာင္ရန္ေကာင္း၊ ခ်မ္းသာျပည့္စုံရန္ စီစဥ္ႏုိင္။ ေက်ာ္လွ်င္ ဝိႆတိက႐ိုဏ္း၊ မိမိကိုယ္ကို ယုံၾကည္မွဳျဖင့္ ရန္မ်ားအား ေက်ာ္ျဖတ္အႏုိင္ယူႏုိင္။

တစ္ေန႔တာ ကံေကာင္းရာအရပ္ႏွင့္ ေဆာင္ရန္ အေရာင္။
တစ္ေန႔လုံးႏွင့္ ေနာက္တစ္ေန႔နံနက္ ၆:၃၉ အထိ ေတာင္ႏွင့္ အေရွ႕၊ အနက္ေရာင္။ ေက်ာ္လွ်င္ အေနာက္ႏွင့္ ေတာင္၊ အနီေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၁၅.၆.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက်၊ တနင်္လာနေ့၊ ပြဿဒါး။

တစ်နေ့တာ တိထီနှင့် ယုဂ်။
တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၆:၃၉ အထိ တိထီ ၁၀ လုံး။ ကျော်လျှင် ၁၁ လုံး။ ၁၀ လုံးတွင် အမြိတ္တယုဂ်၊ ထာဝရရှင်သန်အောင်မြင်စေလိုသည့် အလုပ်များ လုပ်ဆောင်ရန်ကောင်း၊ လုပ်ငန်းသစ်များ၊ ရပ်တန့်နေသောအလုပ်များ ပြန်လည်စတင်နိုင်။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
တစ်နေ့လုံးနှင့် နောက်တစ်နေနံနက် ၄:၁၆ အထိ ရေဝတီနက္ခတ်။ ကျော်လျှင် အဿဝဏီနက္ခတ်။ နေ့လယ် ၁၃:၄၆ အထိ သောဘဂျယုဂ်၊ ကံကောင်းမှု၊ ပျော်ရွှင်မှု၊ ကံစမ်းခြင်းနှင့် မိမိအတွက် အခွင့်အရေးရယူလိုသည့် အလုပ်များ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် သောဘဏယုဂ်၊ လှပမှု၊ ကျက်သရေတင့်တယ်ခြင်း၊ စိတ်ပျော်မွေ့ခြင်း၊ သက်ဆိုင်ရာ နေရာများအား အလှဆင်ခြင်း၊ သန့်ရှင်းစင်ကြယ်အောင်လုပ်ခြင်းဖြင့် ကံဖွင့် လာဘ်ဖွင့်ပါ။

တစ်နေ့တာ ကရိုဏ်း။
ညနေ ၁၇:၂၉ အထိ ဝါဏိဇ္ဇကရိုဏ်း၊ စီးပွားရေးနှင့် ဆက်သွယ်ဆက်ဆံရေးလုပ်ငန်းများ လုပ်ဆောင်ရန်ကောင်း၊ ချမ်းသာပြည့်စုံရန် စီစဉ်နိုင်။ ကျော်လျှင် ဝိဿတိကရိုဏ်း၊ မိမိကိုယ်ကို ယုံကြည်မှုဖြင့် ရန်များအား ကျော်ဖြတ်အနိုင်ယူနိုင်။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန် အရောင်။
တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၆:၃၉ အထိ တောင်နှင့် အရှေ့၊ အနက်ရောင်။ ကျော်လျှင် အနောက်နှင့် တောင်၊ အနီရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)