La Liga Premier League

မန္ခ်က္စတာစီးတီးရဲ႕ ဦးစားေပးပစ္မွတ္က ဗဟိုေနာက္ခံလူလို႔ သတင္းဌာနသုံးသပ္

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ လာမယ့္အေျပာင္းအေရႊ႕မွာ အသင္းအတြက္ အားျဖည့္မွဳေတြ ျပဳလုပ္ခဲ့မယ္ဆုိရင္ တုိက္စစ္ပုိင္းနဲ႔ ကြင္းလယ္ထက္ ဗဟိုေနာက္ခံလူတစ္ဦးကို ဦးဦးဖ်ားဖ်ား ေခၚယူသြားရဖို႔ရွိေနၿပီး ဒါဟာ အသင္းရဲ႕ လက္ရွိအားနည္းခ်က္လည္းျဖစ္ေနတယ္လုိ႔ နာမည္ႀကီးသတင္းဌာန ESPN က ေထာက္ျပလုိက္ပါတယ္။

အသင္းရဲ႕ခံစစ္ပုိင္းမွာ ေျခစြမ္းျပခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီက လက္စတာနဲ႔ပြဲမွာ အေရးပါတဲ့ ဂိုးတစ္ဂိုးနဲ႔ အသင္းကို ခ်န္ပီယံလမ္းေၾကာင္းေပၚမွာ ထိန္းသိမ္းေပးႏုိင္ခဲ့တဲ့ အသင္းေခါင္းေဆာင္ ဗင္းဆင့္ ကြန္ပနီထြက္ခြာသြားၿပီးေနာက္ပုိင္း ဒီကြက္လပ္ကို ဘယ္သူမွ အစားမထိုးႏုိင္ခဲ့တာလည္းျဖစ္ၿပီး ေအးမရစ္ လာေပါ့တ္ပါ နာသြားတဲ့အခါ မန္စီးတီးေနာက္တန္းက ခ်န္ပီယံအဆင့္မရွိေတာ့တာလည္းျဖစ္ပါတယ္။

အာဂ်င္တီးနားဝါရင့္ေနာက္ခံလူ နီကိုလတ္စ္ ေအာ့တာမန္ဒီကေတာ့ ေထာင့္ကန္ေဘာေတြနဲ႔ ျပစ္ဒဏ္ေဘာေတြမွာ ေခါင္းတုိက္ဂိုးသြင္းဖို႔ပဲ အားကိုးရသူျဖစ္ၿပီး ခံစစ္မွာ အမွားအယြင္းမ်ားတဲ့အခါ အဂၤလန္ရဲ႕ ေဈးအႀကီးဆုံးေနာက္ခံလူျဖစ္ခဲ့ဖူးတဲ့ ဂၽြန္စတုန္းစ္ဟာလည္း ျဖည့္ဆည္းမေပးႏိုင္သလို နာမည္ပ်က္႐ုံအျပင္ မရွိခဲ့တာလည္းျဖစ္ပါတယ္။

ေနာက္ဆုံးမွာေတာ့ နည္းျပ ပက္ပ္ ဂြါဒီယိုလာအေနနဲ႔ ကြင္းလယ္အဖ်က္ကစားသမားႏွစ္ဦးျဖစ္တဲ့ လက္ေထာက္အသင္းေခါင္းေဆာင္ ဖာနန္ဒင္ညဳိနဲ႔ ကစားသမားသစ္ ႐ိုဒရီတုိ႔ကို ဗဟိုခံစစ္မွာ ကစားခုိင္းရတဲ့အထိ အေျခအေနဆုိးရြားခဲ့ၿပီး အမွတ္ေလ်ာ့တဲ့ပြဲေတြ မ်ားခဲ့သလို ကိုယ္အႏုိင္ရတုန္းက ႏွာတစ္ဖ်ားေလာက္ပဲသာခဲ့တဲ့ လီဗာပူးလ္ကို အရွဳံးေပးရခ်ိန္မွာေတာ့ ၂၅ မွတ္အထိ ျပတ္ခဲ့ရတာ မခံခ်င္စရာလည္းျဖစ္ေနခဲ့တာပါ။

ဒါ့ေၾကာင့္ ဂြါဒီယိုလာရဲ႕ ဦးစားေပးပစ္မွတ္ဟာ ကြန္ပနီလိုမ်ဳိး အရည္အေသြးေကာင္းေတြရွိၿပီး မာမာထန္ထန္ကစားႏုိင္တဲ့ ဗဟိုေနာက္ခံလူသစ္ တစ္ဦးပဲျဖစ္တယ္လို႔ ESPN က ဆုိခဲ့ၿပီး ဒီတစ္ခါမွာေတာ့ အသင္းရဲ႕ ထိပ္တန္းတာဝန္ရွိသူေတြရဲ႕ အခ်ိတ္အဆက္ေတြအရ လာလီဂါေနာက္ခံလူေတြထဲက ေခၚယူသြားဖြယ္ရွိသလို ဗီလာရီးရဲလ္ရဲ႕ ပါအူ ေတာရက္စ္ကို စိတ္ဝင္စားေနတယ္လို႔ ထုတ္ေဖာ္သြားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: ESPN
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းအနေနဲ့ လာမယ့်အပြောင်းအရွှေ့မှာ အသင်းအတွက် အားဖြည့်မှုတွေ ပြုလုပ်ခဲ့မယ်ဆိုရင် တိုက်စစ်ပိုင်းနဲ့ ကွင်းလယ်ထက် ဗဟိုနောက်ခံလူတစ်ဦးကို ဦးဦးဖျားဖျား ခေါ်ယူသွားရဖို့ရှိနေပြီး ဒါဟာ အသင်းရဲ့ လက်ရှိအားနည်းချက်လည်းဖြစ်နေတယ်လို့ နာမည်ကြီးသတင်းဌာန ESPN က ထောက်ပြလိုက်ပါတယ်။

အသင်းရဲ့ခံစစ်ပိုင်းမှာ ခြေစွမ်းပြခဲ့ပြီး ပြီးခဲ့တဲ့ရာသီက လက်စတာနဲ့ပွဲမှာ အရေးပါတဲ့ ဂိုးတစ်ဂိုးနဲ့ အသင်းကို ချန်ပီယံလမ်းကြောင်းပေါ်မှာ ထိန်းသိမ်းပေးနိုင်ခဲ့တဲ့ အသင်းခေါင်းဆောင် ဗင်းဆင့် ကွန်ပနီထွက်ခွာသွားပြီးနောက်ပိုင်း ဒီကွက်လပ်ကို ဘယ်သူမှ အစားမထိုးနိုင်ခဲ့တာလည်းဖြစ်ပြီး အေးမရစ် လာပေါ့တ်ပါ နာသွားတဲ့အခါ မန်စီးတီးနောက်တန်းက ချန်ပီယံအဆင့်မရှိတော့တာလည်းဖြစ်ပါတယ်။

အာဂျင်တီးနားဝါရင့်နောက်ခံလူ နီကိုလတ်စ် အော့တာမန်ဒီကတော့ ထောင့်ကန်ဘောတွေနဲ့ ပြစ်ဒဏ်ဘောတွေမှာ ခေါင်းတိုက်ဂိုးသွင်းဖို့ပဲ အားကိုးရသူဖြစ်ပြီး ခံစစ်မှာ အမှားအယွင်းများတဲ့အခါ အင်္ဂလန်ရဲ့ ဈေးအကြီးဆုံးနောက်ခံလူဖြစ်ခဲ့ဖူးတဲ့ ဂျွန်စတုန်းစ်ဟာလည်း ဖြည့်ဆည်းမပေးနိုင်သလို နာမည်ပျက်ရုံအပြင် မရှိခဲ့တာလည်းဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ နည်းပြ ပက်ပ် ဂွါဒီယိုလာအနေနဲ့ ကွင်းလယ်အဖျက်ကစားသမားနှစ်ဦးဖြစ်တဲ့ လက်ထောက်အသင်းခေါင်းဆောင် ဖာနန်ဒင်ညိုနဲ့ ကစားသမားသစ် ရိုဒရီတို့ကို ဗဟိုခံစစ်မှာ ကစားခိုင်းရတဲ့အထိ အခြေအနေဆိုးရွားခဲ့ပြီး အမှတ်လျော့တဲ့ပွဲတွေ များခဲ့သလို ကိုယ်အနိုင်ရတုန်းက နှာတစ်ဖျားလောက်ပဲသာခဲ့တဲ့ လီဗာပူးလ်ကို အရှုံးပေးရချိန်မှာတော့ ၂၅ မှတ်အထိ ပြတ်ခဲ့ရတာ မခံချင်စရာလည်းဖြစ်နေခဲ့တာပါ။

ဒါ့ကြောင့် ဂွါဒီယိုလာရဲ့ ဦးစားပေးပစ်မှတ်ဟာ ကွန်ပနီလိုမျိုး အရည်အသွေးကောင်းတွေရှိပြီး မာမာထန်ထန်ကစားနိုင်တဲ့ ဗဟိုနောက်ခံလူသစ် တစ်ဦးပဲဖြစ်တယ်လို့ ESPN က ဆိုခဲ့ပြီး ဒီတစ်ခါမှာတော့ အသင်းရဲ့ ထိပ်တန်းတာဝန်ရှိသူတွေရဲ့ အချိတ်အဆက်တွေအရ လာလီဂါနောက်ခံလူတွေထဲက ခေါ်ယူသွားဖွယ်ရှိသလို ဗီလာရီးရဲလ်ရဲ့ ပါအူ တောရက်စ်ကို စိတ်ဝင်စားနေတယ်လို့ ထုတ်ဖော်သွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: ESPN
PHOTOS CREDIT TO OWNERS
SPORTS A2Z.