Premier League

အဂၤလန္အသင္းရဲ႕ ယူ႐ို ၂၀၂၀ လူစာရင္းမွာ ဂၽြန္စတုန္းစ္ မပါရင္ သူနဲ႔ မဆုိင္ဘူးလုိ႔ ဂြါဒီယိုလာေျပာ

မန္စီးတီးနည္းျပ ဂြါဒီယိုလာကေတာ့ အဂၤလန္အသင္းရဲ႕ ယူ႐ို ၂၀၂၀ လူစာရင္းမွာ အသင္းရဲ႕ ေပါင္ ၄၉ သန္းတန္ ေနာက္ခံလူ ဂြၽန္စတုန္းစ္တစ္ေယာက္ ေနရာမရႏိုင္ဘူးဆိုရင္ မန္စီးတီးအသင္းမွာ ပြဲထြက္ခြင့္နည္းပါးေနလို႔ မဟုတ္ဘူးလို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

ဂြၽန္စတုန္းစ္ဟာ လြန္ခဲ့တဲ့ႏွစ္ႏွစ္က ကမာၻ႔ဖလားဆီမီးဖိုင္နယ္ ေရာက္ရွိခဲ့တဲ့ အဂၤလန္နည္းျပ ဂယ္ရက္သ္ ေဆာက္ဂိတ္ရဲ႕ ပထမဦးစားေပးလူစာရင္းမွာ ပါ၀င္ခဲ့တဲ့ထိ ေျခစြမ္းျပခဲ့ေပမဲ့ ယခုရာသီမွာေတာ့ ဒဏ္ရာျပႆနာေတြေၾကာင့္ ပရီးမီးယားလိဂ္ ၁၀ ပြဲသာ ပြဲထြက္ကစားႏိုင္ခဲ့ပါတယ္။

ခရစၥတယ္ပဲေလ့စ္နဲ႔ပြဲမွာ ကစားၿပီးေနာက္ လူစား၀င္ကစားသမားအေနနဲ႔ ႏွစ္ပြဲသာ ကစားခြင့္ရထားခဲ့တဲ့ အသက္ ၂၅ ႏွစ္သားဟာ ဒီႏွစ္ရာသီမွာ ဖာနန္ဒင္ဟို၊ နီကိုလတ္စ္ ေအာ္တာမန္ဒီနဲ႔ ဆယ္ေက်ာ္သက္ကစားသမား အဲရစ္ ဂါစီယာတို႔ရဲ႕ ေနာက္မွာသာ ကစားခြင့္ရေနတဲ့သူ ျဖစ္ပါတယ္။

မန္စီးတီးနည္းျပ ဂြါဒီယိုလာကေတာ့ လာမယ့္ေႏြရာသီမွာ ၿပဳိင္ပြဲဝင္မယ့္ ေဆာက္ဂိတ္ရဲ႕ လူစာရင္းမွာ ဂြၽန္းစတုန္းစ္ ေနရာရဖို႔ တိုက္ပြဲ၀င္ရမွာ သိေပမယ့္ အသင္းေပၚကိုသာ အာ႐ုံအျပည့္ထားဖို႔ ေျပာဆိုသြားခဲ့ပါတယ္။

“ဂြၽန္အေနနဲ႔ ႏိုင္ငံအသင္းမွာ ကစားခြင့္ရဖို႔ ေမွ်ာ္လင့္ပါတယ္။ ကြၽန္ေတာ္လည္း လူသားတစ္ေယာက္ဆိုေတာ့ ကစားသမားရဲ႕ ခံစားခ်က္ကို နားလည္ပါတယ္။ ကြၽန္ေတာ့္အေနနဲ႔ သူ႔ကိုပြဲထြက္ကစားခြင့္ ေပးခ်င္ေပမယ့္ တခ်ိဳ႕ေနရာေတြမွာ တိုးတက္ဖို႔ လိုေသးတယ္။ ကြၽန္ေတာ့္ကစားသမားေတြအကုန္လုံးကို ႏိုင္ငံအသင္းမွာ ပါေစခ်င္ပါတယ္။ သုံးလႀကီးေတာင္ က်န္ေသးတာျဖစ္လို႔ ဘယ္သူမဆို ကိုယ့္ကံၾကမၼာ ကိုယ္တိုင္ဖန္တီးခြင့္ရွိပါတယ္”ဆိုၿပီး ေျပာဆိုသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
ECKO
SPORTS A2Z.

UNICODE: မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ အင်္ဂလန်အသင်းရဲ့ ယူရို ၂၀၂၀ လူစာရင်းမှာ အသင်းရဲ့ ပေါင် ၄၉ သန်းတန် နောက်ခံလူ ဂျွန်စတုန်းစ်တစ်ယောက် နေရာမရနိုင်ဘူးဆိုရင် မန်စီးတီးအသင်းမှာ ပွဲထွက်ခွင့်နည်းပါးနေလို့ မဟုတ်ဘူးလို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဂျွန်စတုန်းစ်ဟာ လွန်ခဲ့တဲ့နှစ်နှစ်က ကမ္ဘာ့ဖလားဆီမီးဖိုင်နယ် ရောက်ရှိခဲ့တဲ့ အင်္ဂလန်နည်းပြ ဂယ်ရက်သ် ဆောက်ဂိတ်ရဲ့ ပထမဦးစားပေးလူစာရင်းမှာ ပါဝင်ခဲ့တဲ့ထိ ခြေစွမ်းပြခဲ့ပေမဲ့ ယခုရာသီမှာတော့ ဒဏ်ရာပြဿနာတွေကြောင့် ပရီးမီးယားလိဂ် ၁၀ ပွဲသာ ပွဲထွက်ကစားနိုင်ခဲ့ပါတယ်။

ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ ကစားပြီးနောက် လူစားဝင်ကစားသမားအနေနဲ့ နှစ်ပွဲသာ ကစားခွင့်ရထားခဲ့တဲ့ အသက် ၂၅ နှစ်သားဟာ ဒီနှစ်ရာသီမှာ ဖာနန်ဒင်ဟို၊ နီကိုလတ်စ် အော်တာမန်ဒီနဲ့ ဆယ်ကျော်သက်ကစားသမား အဲရစ် ဂါစီယာတို့ရဲ့ နောက်မှာသာ ကစားခွင့်ရနေတဲ့သူ ဖြစ်ပါတယ်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ လာမယ့်နွေရာသီမှာ ပြိုင်ပွဲဝင်မယ့် ဆောက်ဂိတ်ရဲ့ လူစာရင်းမှာ ဂျွန်းစတုန်းစ် နေရာရဖို့ တိုက်ပွဲဝင်ရမှာ သိပေမယ့် အသင်းပေါ်ကိုသာ အာရုံအပြည့်ထားဖို့ ပြောဆိုသွားခဲ့ပါတယ်။

“ဂျွန်အနေနဲ့ နိုင်ငံအသင်းမှာ ကစားခွင့်ရဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်လည်း လူသားတစ်ယောက်ဆိုတော့ ကစားသမားရဲ့ ခံစားချက်ကို နားလည်ပါတယ်။ ကျွန်တော့်အနေနဲ့ သူ့ကိုပွဲထွက်ကစားခွင့် ပေးချင်ပေမယ့် တချို့နေရာတွေမှာ တိုးတက်ဖို့ လိုသေးတယ်။ ကျွန်တော့်ကစားသမားတွေအကုန်လုံးကို နိုင်ငံအသင်းမှာ ပါစေချင်ပါတယ်။ သုံးလကြီးတောင် ကျန်သေးတာဖြစ်လို့ ဘယ်သူမဆို ကိုယ့်ကံကြမ္မာ ကိုယ်တိုင်ဖန်တီးခွင့်ရှိပါတယ်”ဆိုပြီး ပြောဆိုသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
ECKO
SPORTS A2Z.