Premier League Transfer News

ခ်န္ပီယံလိဂ္ဝင္ခြင့္ရရင္ ေခ်းလ္ဝဲလ္အတြက္ ေခၚယူႏုိင္ဖို႔ ပုိေသခ်ာမယ့္ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးအသင္းအေနနဲ႔ သူတုိ႔ရဲ႕ ဘယ္ေနာက္ခံလူပစ္မွတ္ ဘန္ ေခ်းလ္ဝဲလ္ကို ေခၚယူႏုိင္ဖို႔အတြက္ ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိခဲ့ရင္ ပုိမိုေသခ်ာ ႏုိင္ၿပီး ကစားသမားရဲ႕ အျမင့္ဆုံးဥေရာပၿပဳိင္ပြဲမွာ ကစားခ်င္ေနတဲ့ ဆႏၵအရ အေနာက္လန္ဒန္သားေတြအေနနဲ႔ ပရီးမီးယားလိဂ္မွာ ရပ္တည္မွဳ ေကာင္းေအာင္ ႀကဳိးစားရဖို႔လည္း ရွိလာခဲ့ပါတယ္။

ေပါင္သန္း ၈၀ လို႔ လက္စတာစီးတီးအသင္းဘက္က သတ္မွတ္ထားတဲ့ တန္ေၾကးအရ ေခ်းလ္ဝဲလ္ကို ႐ုတ္တရက္ လက္ဦးမွဳရယူၿပီး ေခၚယူသြားမယ့္အသင္းမ်ဳိး မရွိသလို ေငြသုံးမယ္လို႔ အသံထြက္ေနတဲ့ ႏွစ္သင္းထဲ ခ်ဲလ္ဆီးနဲ႔အတူ ပါဝင္ေနတဲ့ မန္ခ်က္စတာယူႏိုက္တက္ကလည္း ဘယ္ေနာက္ခံလူေနရာကိုေတာ့ ေခၚယူမွာ မဟုတ္လို႔ ေအးေအးေဆးေဆး လုပ္ေဆာင္လုိ႔ရတဲ့ အေနအထားမွာလည္းရွိေနပါတယ္။

နည္းျပ ဖရန္႔ လမ္းပတ္အတြက္ေတာ့ အဂၤလန္သားေတြထဲမွာ အက္ရွ္လီ ကိုးလ္ေနာက္ပုိင္း အေကာင္းဆုံးလို႔ ခ်ီးက်ဴးခံထားခဲ့ရတဲ့ ဒီအသက္ ၂၃ ႏွစ္အရြယ္ ေနာက္ခံလူကို အသင္းရဲ႕ တတိယေျမာက္ပစ္မွတ္အျဖစ္ လ်ာထားၿပီး တီမို ဗာနာရဲ႕ အေျပာင္းအေရႊ႕ကိစၥ ၿပီးျပတ္ခဲ့ရင္ သူ႕ဘက္ကို အရွိန္ျမႇင့္ဖြယ္လည္းရွိေနပါတယ္။

လက္စတာဘက္ကလည္း ေဈးေကာင္းရမယ္ဆုိရင္ ေခ်းလ္ဝဲလ္ကို ေရာင္းခ်သြားဖို႔ ျပင္ဆင္ေနၿပီး နည္းျပ ဘရန္ဒန္ ေရာ့ဂ်ားစ္အေနနဲ႔ သူ႕ရဲ႕ တပည့္ေဟာင္းေတြကို လုိက္လံခ်ိတ္ဆက္ေနသလို အာဆင္နယ္ရဲ႕ ကီရန္ တီယာနီက ေဈးႀကီးႏုိင္တဲ့အတြက္ သူ႕ရဲ႕ ခ်ဲလ္ဆီးလူငယ္နည္းျပဘဝမွာ လက္တြဲခဲ့ဖူးတဲ့ ေဆာက္သမ္တန္ရဲ႕ ႐ိုင္ယန္ ဘာထရန္ကို ေျပာင္းလဲခ်ိတ္ဆက္ေနတယ္လို႔ ဆုိပါတယ္။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္လမ္းေၾကာင္းကေန ေသြဖည္မသြားဖို႔ လုပ္ေဆာင္ရမွာျဖစ္ၿပီး အဆင့္ ၄ အတြင္းကေန ထြက္မသြားေအာင္ ကစားရမွာျဖစ္သလို ဝင္ခြင့္နဲ႔အတူ အသုံးျပဳႏုိင္မယ့္ အေျပာင္းအေရႊ႕အသုံးစရိတ္ကလည္း တုိးတက္ရရွိႏုိင္မွာျဖစ္လို႔ ေခ်းလ္ဝဲလ္အတြက္ သူတုိ႔ရဲ႕ ႀကဳိးစားမွဳနဲ႔အတူ ပုိမိုလြယ္ကူေအာင္ျပဳလုပ္သြားႏုိင္မလား ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချဲလ်ဆီးအသင်းအနေနဲ့ သူတို့ရဲ့ ဘယ်နောက်ခံလူပစ်မှတ် ဘန် ချေးလ်ဝဲလ်ကို ခေါ်ယူနိုင်ဖို့အတွက် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ရင် ပိုမိုသေချာ နိုင်ပြီး ကစားသမားရဲ့ အမြင့်ဆုံးဥရောပပြိုင်ပွဲမှာ ကစားချင်နေတဲ့ ဆန္ဒအရ အနောက်လန်ဒန်သားတွေအနေနဲ့ ပရီးမီးယားလိဂ်မှာ ရပ်တည်မှု ကောင်းအောင် ကြိုးစားရဖို့လည်း ရှိလာခဲ့ပါတယ်။

ပေါင်သန်း ၈၀ လို့ လက်စတာစီးတီးအသင်းဘက်က သတ်မှတ်ထားတဲ့ တန်ကြေးအရ ချေးလ်ဝဲလ်ကို ရုတ်တရက် လက်ဦးမှုရယူပြီး ခေါ်ယူသွားမယ့်အသင်းမျိုး မရှိသလို ငွေသုံးမယ်လို့ အသံထွက်နေတဲ့ နှစ်သင်းထဲ ချဲလ်ဆီးနဲ့အတူ ပါဝင်နေတဲ့ မန်ချက်စတာယူနိုက်တက်ကလည်း ဘယ်နောက်ခံလူနေရာကိုတော့ ခေါ်ယူမှာ မဟုတ်လို့ အေးအေးဆေးဆေး လုပ်ဆောင်လို့ရတဲ့ အနေအထားမှာလည်းရှိနေပါတယ်။

နည်းပြ ဖရန့် လမ်းပတ်အတွက်တော့ အင်္ဂလန်သားတွေထဲမှာ အက်ရှ်လီ ကိုးလ်နောက်ပိုင်း အကောင်းဆုံးလို့ ချီးကျူးခံထားခဲ့ရတဲ့ ဒီအသက် ၂၃ နှစ်အရွယ် နောက်ခံလူကို အသင်းရဲ့ တတိယမြောက်ပစ်မှတ်အဖြစ် လျာထားပြီး တီမို ဗာနာရဲ့ အပြောင်းအရွှေ့ကိစ္စ ပြီးပြတ်ခဲ့ရင် သူ့ဘက်ကို အရှိန်မြှင့်ဖွယ်လည်းရှိနေပါတယ်။

လက်စတာဘက်ကလည်း ဈေးကောင်းရမယ်ဆိုရင် ချေးလ်ဝဲလ်ကို ရောင်းချသွားဖို့ ပြင်ဆင်နေပြီး နည်းပြ ဘရန်ဒန် ရော့ဂျားစ်အနေနဲ့ သူ့ရဲ့ တပည့်ဟောင်းတွေကို လိုက်လံချိတ်ဆက်နေသလို အာဆင်နယ်ရဲ့ ကီရန် တီယာနီက ဈေးကြီးနိုင်တဲ့အတွက် သူ့ရဲ့ ချဲလ်ဆီးလူငယ်နည်းပြဘဝမှာ လက်တွဲခဲ့ဖူးတဲ့ ဆောက်သမ်တန်ရဲ့ ရိုင်ယန် ဘာထရန်ကို ပြောင်းလဲချိတ်ဆက်နေတယ်လို့ ဆိုပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်လမ်းကြောင်းကနေ သွေဖည်မသွားဖို့ လုပ်ဆောင်ရမှာဖြစ်ပြီး အဆင့် ၄ အတွင်းကနေ ထွက်မသွားအောင် ကစားရမှာဖြစ်သလို ဝင်ခွင့်နဲ့အတူ အသုံးပြုနိုင်မယ့် အပြောင်းအရွှေ့အသုံးစရိတ်ကလည်း တိုးတက်ရရှိနိုင်မှာဖြစ်လို့ ချေးလ်ဝဲလ်အတွက် သူတို့ရဲ့ ကြိုးစားမှုနဲ့အတူ ပိုမိုလွယ်ကူအောင်ပြုလုပ်သွားနိုင်မလား စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.