Bundesliga Premier League Transfer News

ေပါင္သန္းတစ္ရာ မေပးခ်င္တဲ့ ယူႏုိက္တက္ေၾကာင့္ ေဒါ့မြန္မွာပဲ ဆက္ရွိေနမယ့္ ဆန္ခ်ဳိ

မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ ကိုဗစ္-၁၉ ေၾကာင့္ အဘက္ဘက္က ဝင္ေငြေတြ ေလ်ာ့က်ေနခ်ိန္မွာ သူတုိ႔ရဲ႕ပစ္မွတ္ ေဒါ့မြန္ေတာင္ပံ ကစားသမား ေဂ်ဒန္ ဆန္ခ်ဳိကို ေပါင္သန္း ၁၀၀ မေပးခ်င္တာေၾကာင့္ သေဘာတူညီမွဳမရရွိႏုိင္ဘဲ အဂၤလန္သားအေနနဲ႔ ဂ်ာမန္ေျမမွာပဲ ဆက္ေနရဖို႔ ရွိေနပါတယ္။

အုိးလ္ထရက္ဖို႔ဒ္ကို ေရာက္ေတာ့မယ္လို႔ ကိုဗစ္ကာလမတုိင္ခင္က ေတာ္ေတာ္ေလး က်ယ္က်ယ္ျပန္႔ျပန္႔သတင္းေတြ ထြက္ခဲ့တဲ့ ဆန္ခ်ဳိရဲ႕ သတ္မွတ္ေၾကးကို ေဒါ့မြန္ဘက္က ေလွ်ာ့ခ်ေပးလိုျခင္းမရွိတာေၾကာင့္ အေရာင္းအဝယ္ျဖစ္ဖို႔က ေတာ္ေတာ္ေလး ခက္ခဲေနခဲ့ၿပီး နည္းျပ အုိလီဂန္နာ ဆုိးလ္ရွားအတြက္ေတာ့ စိတ္ပ်က္စရာလည္းျဖစ္ခဲ့ရပါတယ္။

ကြင္းလယ္ပုိင္းကို အားျဖည့္သြားဖို႔ စဥ္းစားေနတဲ့ ယူႏိုက္တက္အတြက္ အုိင္းယက္စ္ရဲ႕ ဒြန္နီ ဗန္ဒဘိခ္က ဦးစားေပးပစ္မွတ္ထဲက တစ္ခုျဖစ္ၿပီး သူ႕ကို ေခၚယူခ်င္ရင္ အသင္းက အန္းဒရဲစ္ ပါရဲရားကို ေရာင္းထုတ္ရမယ္လုိ႔လည္း သတင္းေတြ ထြက္ေနတဲ့အတြက္ ေပါင္သန္း ၂၀၀ ေက်ာ္ ရရွိထားတယ္ဆုိၿပီး ေဈးကြက္ထဲမွာ ခ်ဲလ္ဆီးေလာက္မွ လက္မသြက္တာကိုလည္း ေမးခြန္းထုတ္စရာျဖစ္ေနခဲ့ပါတယ္။

မန္ခ်က္စတာယူႏုိက္တက္အေနနဲ႔ ဆန္ခ်ဳိအတြက္ ေပါင္သန္း ၁၀၀ မေပးခ်င္ဘူးဆုိရင္ေတာ့ ေလဗာကူဆင္ကြင္းလယ္လူ ခုိင္ ဟာဗတ္ဇ္ကို ေပါင္သန္း ၇၀ ကေန ၈၀ ၾကားနဲ႔ ေခၚယူဖို႔ ကမ္းလွမ္းသြားႏုိင္မွာျဖစ္ၿပီး ဒီဂ်ာမန္သားအတြက္ေတာ့ ျပဳျပင္ေျပာင္းလဲေရးေတြလုပ္ေဆာင္ေနတဲ့ ခ်ဲလ္ဆီးနဲ႔ အဓိက ရင္ဆုိင္ရဖြယ္ရွိေနပါတယ္။

ေဒါ့မြန္အသင္းရဲ႕ ဒါ႐ိုက္တာတစ္ဦးျဖစ္တဲ့ အသင္းေခါင္းေဆာင္နဲ႔ ကြင္းလယ္လူေဟာင္း ဆီဘက္စ္တီယန္ ခဲလ္ကေတာ့ သူတုိ႔ေတြအေနနဲ႔ ဆန္ခ်ဳိကို လာမယ့္ရာသီမွာ ဝက္စ္ဖယ္လ္ဒန္ကြင္းႀကီးမွာ ဆက္ရွိဖို႔ လုပ္ေဆာင္ေနတယ္လုိ႔လည္း ေျပာၾကားသြားခဲ့ၿပီး ယူႏုိက္တက္ဘက္က ေဈးတုိးျမႇင့္ ကမ္းလွမ္းတာမ်ဳိး မရွိရင္ေတာ့ ေနာက္ႏွစ္ေတြအထိ ေစာင့္ဆုိင္းရႏုိင္ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အနေနဲ့ ကိုဗစ်-၁၉ ကြောင့် အဘက်ဘက်က ဝင်ငွေတွေ လျော့ကျနေချိန်မှာ သူတို့ရဲ့ပစ်မှတ် ဒေါ့မွန်တောင်ပံ ကစားသမား ဂျေဒန် ဆန်ချိုကို ပေါင်သန်း ၁၀၀ မပေးချင်တာကြောင့် သဘောတူညီမှုမရရှိနိုင်ဘဲ အင်္ဂလန်သားအနေနဲ့ ဂျာမန်မြေမှာပဲ ဆက်နေရဖို့ ရှိနေပါတယ်။

အိုးလ်ထရက်ဖို့ဒ်ကို ရောက်တော့မယ်လို့ ကိုဗစ်ကာလမတိုင်ခင်က တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့်သတင်းတွေ ထွက်ခဲ့တဲ့ ဆန်ချိုရဲ့ သတ်မှတ်ကြေးကို ဒေါ့မွန်ဘက်က လျှော့ချပေးလိုခြင်းမရှိတာကြောင့် အရောင်းအဝယ်ဖြစ်ဖို့က တော်တော်လေး ခက်ခဲနေခဲ့ပြီး နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအတွက်တော့ စိတ်ပျက်စရာလည်းဖြစ်ခဲ့ရပါတယ်။

ကွင်းလယ်ပိုင်းကို အားဖြည့်သွားဖို့ စဉ်းစားနေတဲ့ ယူနိုက်တက်အတွက် အိုင်းယက်စ်ရဲ့ ဒွန်နီ ဗန်ဒဘိခ်က ဦးစားပေးပစ်မှတ်ထဲက တစ်ခုဖြစ်ပြီး သူ့ကို ခေါ်ယူချင်ရင် အသင်းက အန်းဒရဲစ် ပါရဲရားကို ရောင်းထုတ်ရမယ်လို့လည်း သတင်းတွေ ထွက်နေတဲ့အတွက် ပေါင်သန်း ၂၀၀ ကျော် ရရှိထားတယ်ဆိုပြီး ဈေးကွက်ထဲမှာ ချဲလ်ဆီးလောက်မှ လက်မသွက်တာကိုလည်း မေးခွန်းထုတ်စရာဖြစ်နေခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အနေနဲ့ ဆန်ချိုအတွက် ပေါင်သန်း ၁၀၀ မပေးချင်ဘူးဆိုရင်တော့ လေဗာကူဆင်ကွင်းလယ်လူ ခိုင် ဟာဗတ်ဇ်ကို ပေါင်သန်း ၇၀ ကနေ ၈၀ ကြားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းသွားနိုင်မှာဖြစ်ပြီး ဒီဂျာမန်သားအတွက်တော့ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဆောင်နေတဲ့ ချဲလ်ဆီးနဲ့ အဓိက ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။

ဒေါ့မွန်အသင်းရဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ အသင်းခေါင်းဆောင်နဲ့ ကွင်းလယ်လူဟောင်း ဆီဘက်စ်တီယန် ခဲလ်ကတော့ သူတို့တွေအနေနဲ့ ဆန်ချိုကို လာမယ့်ရာသီမှာ ဝက်စ်ဖယ်လ်ဒန်ကွင်းကြီးမှာ ဆက်ရှိဖို့ လုပ်ဆောင်နေတယ်လို့လည်း ပြောကြားသွားခဲ့ပြီး ယူနိုက်တက်ဘက်က ဈေးတိုးမြှင့် ကမ်းလှမ်းတာမျိုး မရှိရင်တော့ နောက်နှစ်တွေအထိ စောင့်ဆိုင်းရနိုင်ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.