Ligue1 Premier League

ချဲလ်ဆီးက ခံစစ်အသင်းလို့ ပြောခဲ့တဲ့ ပိုချက်တီနိုပြောစကားက အမှန်တကယ်လား

ပီအက်စ်ဂျီအသင်းနည်းပြ ပိုချက်တီနိုက ချဲလ်ဆီးအသင်းကို ခံစစ်အသင်းလို့ နာမည်တပ်ခဲ့ပြီး ၎င်းရဲ့အသင်းကတော့ ခံစစ်ပိုင်းမှာ ဟာကွက်တွေကြောင့် ဖိအားတွေ ဆက်လက် ခံစားနေရတာဖြစ်ပါတယ်။

ပြင်သစ်လီဂူးဝမ်းထိပ်သီးအသင်းကြီးဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၇ ပွဲမှာ ၁ ပွဲသာ ပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့်လည်း လီဂူးဝမ်းအမှတ်ပေးဇယားထိပ်ဆုံးမှာ ၁၀ မှတ်ပြတ်နဲ့ ဦးဆောင်နေဆဲဖြစ်ပါတယ်။ ဒါပေမယ့် ပိုချက်တီနိုက သောကြာနေ့မှာ အထူးသဖြင့် စေ့စေ့ပေါက်ပေါက်စောင့်ကြည့်ခြင်းခံနေရတဲ့ နူနို မန်းဒက်စ်နဲ့ ဟာကီမီတို့လို နောက်ခံကစားသမားတွေဘက်ကနေ ကာကွယ်ပြောဆိုခဲ့ပြီး တိုက်စစ်အားဖြည့်မှုအသစ်တွေအနေနဲ့ အသားကျဖို့ အချိန်လိုအပ်သေးတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း ပိုချက်တီနိုဟာ ၎င်းရဲ့အသင်းကို ကာကွယ်နေတဲ့အတောအတွင်းမှာ ချဲလ်ဆီးအသင်းကို ခံစစ်ကစားတဲ့အသင်းလို့ ဥပမာအဖြစ် အသုံးပြုခဲ့တာဖြစ်ပြီး ၎င်းရဲ့အသင်းဟာ တိုက်စစ်ကစားတဲ့အသင်းဖြစ်တယ်လို့ ပြောကြားခဲ့တာစြဖ်ပါတယ်။ “ချဲလ်ဆီးမှာက ခံစစ်ပိုင်းကစားတဲ့ အသင်းရှိပါတယ်။ သူတို့တွေက အကူးအပြောင်းတွေနဲ့ တန်ပြန်တိုက်စစ်ပေါ်မှာ ကစားကြတာပါ”

“ကျွန်တော်တို့ တိုက်စစ်နောက်ခံတောင်ပံကစားသမား ၂ ဦးဖြစ်တဲ့ ဟာကီမီနဲ့ နူနို မန်းဒက်စ်တို့ကို ခေါ်ယူခဲ့တယ်။ အသင်းက တိုက်စစ်ကစားဖို့ ရည်မှန်းချက်ရှိပြီး တိုက်စစ်ကောင်းကောင်း လုပ်နိုင်ဖို့ ဘောလုံးကို ကောင်းကောင်းထိန်းချုပ်နိုင်မယ့် ခံစစ်ပိုင်း ဟန်ချက်ညီမျှမှုကို ရှာဖွေဖို့ ကျွန်တော်တို့ လုပ်နေပါတယ်”

“ကျွန်တော်တို့ များပြားတဲ့ ဂိုးကန်သွင်းမှုတွေ ခွင့်ပြုခဲ့ရတယ်ဆိုတာ မှန်ပေမယ့် ဒါက တိုက်စစ်ကစားတဲ့အသင်းရဲ့ လက္ခဏာတွေထဲက တစ်ခုဖြစ်ပြီး တိုက်စစ်ကို အရှိန်အဟုန်နဲ့ ပြေးတက်ပြီး ပြိုင်ဘက်ရဲ့ပင်နယ်တီဧရိယာထဲကို ပြေးဝင်မယ့် နောက်ခံတောင်ပံကစားသမားရှိတဲ့အတွက်ပါ”

ချဲလ်ဆီးအသင်းဟာ နည်းပြ သောမတ်စ် တူဟယ်လက်အောက်မှာ ခံစစ်ပိုင်းကို လိမ္မာပါးနပ်စွာ ကစားတတ်တဲ့အသင်းအဖြစ် လူသိများပေမယ့် အဲဒါနဲ့ပဲ ခံစစ်ကစားကွက်နဲ့ ကစားတဲ့အသင်းလို့ သတ်မှတ်လို့ရမလားဆိုတာက အဓိကငြင်းခုံစရာအချက်ဖြစ်နေခဲ့တာဖြစ်ပါတယ်။

ယခုရာသီအစောပိုင်း နယ်သာလန်လက်ရွေးစင်နည်းပြ လူးဝစ္စ ဗန်ဟားလ်က တူဟယ်ရဲ့ ပိုမိုနှစ်သက်တဲ့ကစားကွက်က တည်ငြိမ်တဲ့ကစားကွက်တစ်ခုဖြစ်ပြီး ပိုချက်တီနိုရဲ့မကြာသေးမီက ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း သဘောမတူညီကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

ဗန်ဟားလ်က ဗဟိုခံစစ် ၃ ဦးနဲ့ နောကခံတောင်ပံကစားသမားတွေကို အသုံးပြုကစားတာက ခံစစ်ပိုင်းကို ပိုမိုကစားတာလို့ ပြောကြားခဲ့တဲ့ ဂျာနယ်လစ်တွေကို တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ “အဲဒီလို လုံးဝမဟုတ်ပါဘူး။ ခင်ဗျား နားမလည်ပါဘူး။ ခင်ဗျားက ဂျာနယ်လစ်တစ်ယောက်ပါ။ ခင်ဗျားမှာ ဘောလုံးအမြင် မရှိပါဘူး။ ၅-၃-၂ နဲ့ ၅-၂-၃ ကစားကွက်နဲ့ဆို ခင်ဗျား အရမ်းကောင်းတဲ့တိုက်စစ်ကစားပုံမျိုး ကစားနိုင်ပါတယ်။ ချဲလ်ဆီးက အဲဒါကို မတူညီတဲ့ လူစာရင်းနဲ့ အချိန်တိုင်း ပြသနေပါတယ်။ အဲဒီအတွက် မစ္စတာ တူဟယ်ကို ကျွန်တော် ဦးညွတ်အလေးပြုပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဗန်ဟားလ်ရဲ့ မှတ်ချက်ဟာ အမှန်တကယ်ဖြစ်တယ်ဆိုတာကို ယခုရာသီ ပြိုင်ပွဲစုံက ပီအက်စ်ဂျီနဲ့ ချဲလ်ဆီးအသင်းတို့ ရရှိထားတဲ့ ကိန်းဂဏန်းတွေက သက်သေပြသနေပြီး အခွင့်အရေးဖန်တီးတဲ့နေရာမှာ ချဲလ်ဆီးက ၁၉၄ ကြိမ်၊ ပီအက်စ်ဂျီက ၁၅၈ ကြိမ်၊ သွင်းဂိုးမှာ ချဲလ်ဆီးက ၃၅ ဂိုး၊ ပီအက်စ်ဂျီက ၃၆ ဂိုး၊ ပေးဂိုးမှာ ချဲလ်ဆီးက ၈ ဂိုး၊ ပီအက်စ်ဂျီက ၁၉ ဂိုး ရှိခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ချဲလ်ဆီးအသင်းထက် ယခုရာသီ ပရီးမီးယားလိဂ်မှာ ဂိုးပိုမိုသွင်းယူထားနိုင်တဲ့အသင်းဆိုလို့ လီဗာပူးလ်တစ်သင်းတည်းသာ ရှိပြီး ကြိုးကြာနီတွေဟာ ပေးဂိုးမှာလည်း ၄ ဂိုးပိုမို လျော့နည်းခွင့်ပြုထားခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ဖလားရခဲ့တဲ့ ၂၀၁၉-၂၀၂၀ ရာသီမှာ ၃၃ ဂိုးအထိ ခွင့်ပြုခဲ့ရပြီး ပြီးခဲ့တဲ့ရာသီမှာလည်း မန်စီးတီးထက် ပေးဂိုးပိုမိုနည်းပါးတဲ့အသင်းတစ်သင်းမှ မရှိခဲ့ပေမယ့် ဒီ ၂ သင်းစလုံးကို ဘယ်သူကမှ ခံစစ်အသင်းကို မပြောခဲ့ကြတာက ကြောင်းကျိုးဆီလျော်မှုမရှိဘူးလို့ပဲ မှတ်ချက်ချရမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ပီအက္စ္ဂ်ီအသင္းနည္းၿပ ပိုခ်က္တီနိုက ခ်ဲလ္ဆီးအသင္းကို ခံစစ္အသင္းလို႔ နာမည္တပ္ခဲ့ၿပီး ၎ရဲ့အသင္းကေတာ့ ခံစစ္ပိုင္းမွာ ဟာကြက္ေတြေၾကာင့္ ဖိအားေတြ ဆက္လက္ ခံစားေနရတာျဖစ္ပါတယ္။

ျပင္သစ္လီဂူးဝမ္းထိပ္သီးအသင္းႀကီးဟာ ၿပိဳင္ပြဲစုံ ေနာက္ဆုံး ၇ ပြဲမွာ ၁ ပြဲသာ ေပးဂိုးမရွိေအာင္ စြမ္းေဆာင္နိုင္ခဲ့ေပမယ့္လည္း လီဂူးဝမ္းအမွတ္ေပးဇယားထိပ္ဆုံးမွာ ၁၀ မွတ္ျပတ္နဲ႔ ဦးေဆာင္ေနဆဲျဖစ္ပါတယ္။ ဒါေပမယ့္ ပိုခ်က္တီနိုက ေသာၾကာေန႔မွာ အထူးသျဖင့္ ေစ့ေစ့ေပါက္ေပါက္ေစာင့္ၾကည့္ျခင္းခံေနရတဲ့ ႏူနို မန္းဒက္စ္နဲ႔ ဟာကီမီတို႔လို ေနာက္ခံကစားသမားေတြဘက္ကေန ကာကြယ္ေျပာဆိုခဲ့ၿပီး တိုက္စစ္အားျဖည့္မႈအသစ္ေတြအေနနဲ႔ အသားက်ဖို႔ အခ်ိန္လိုအပ္ေသးတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဒါေပမယ့္လည္း ပိုခ်က္တီနိုဟာ ၎ရဲ့အသင္းကို ကာကြယ္ေနတဲ့အေတာအတြင္းမွာ ခ်ဲလ္ဆီးအသင္းကို ခံစစ္ကစားတဲ့အသင္းလို႔ ဥပမာအျဖစ္ အသုံးျပဳခဲ့တာျဖစ္ၿပီး ၎ရဲ့အသင္းဟာ တိုက္စစ္ကစားတဲ့အသင္းျဖစ္တယ္လို႔ ေျပာၾကားခဲ့တာျစဖ္ပါတယ္။ “ခ်ဲလ္ဆီးမွာက ခံစစ္ပိုင္းကစားတဲ့ အသင္းရွိပါတယ္။ သူတို႔ေတြက အကူးအေျပာင္းေတြနဲ႔ တန္ျပန္တိုက္စစ္ေပၚမွာ ကစားၾကတာပါ”

“ကၽြန္ေတာ္တို႔ တိုက္စစ္ေနာက္ခံေတာင္ပံကစားသမား ၂ ဦးျဖစ္တဲ့ ဟာကီမီနဲ႔ ႏူနို မန္းဒက္စ္တို႔ကို ေခၚယူခဲ့တယ္။ အသင္းက တိုက္စစ္ကစားဖို႔ ရည္မွန္းခ်က္ရွိၿပီး တိုက္စစ္ေကာင္းေကာင္း လုပ္နိုင္ဖို႔ ေဘာလုံးကို ေကာင္းေကာင္းထိန္းခ်ဳပ္နိုင္မယ့္ ခံစစ္ပိုင္း ဟန္ခ်က္ညီမၽွမႈကို ရွာေဖြဖို႔ ကၽြန္ေတာ္တို႔ လုပ္ေနပါတယ္”

“ကၽြန္ေတာ္တို႔ မ်ားျပားတဲ့ ဂိုးကန္သြင္းမႈေတြ ခြင့္ျပဳခဲ့ရတယ္ဆိုတာ မွန္ေပမယ့္ ဒါက တိုက္စစ္ကစားတဲ့အသင္းရဲ့ လကၡဏာေတြထဲက တစ္ခုျဖစ္ၿပီး တိုက္စစ္ကို အရွိန္အဟုန္နဲ႔ ေျပးတက္ၿပီး ၿပိဳင္ဘက္ရဲ့ပင္နယ္တီဧရိယာထဲကို ေျပးဝင္မယ့္ ေနာက္ခံေတာင္ပံကစားသမားရွိတဲ့အတြက္ပါ”

ခ်ဲလ္ဆီးအသင္းဟာ နည္းၿပ ေသာမတ္စ္ တူဟယ္လက္ေအာက္မွာ ခံစစ္ပိုင္းကို လိမၼာပါးနပ္စြာ ကစားတတ္တဲ့အသင္းအျဖစ္ လူသိမ်ားေပမယ့္ အဲဒါနဲ႔ပဲ ခံစစ္ကစားကြက္နဲ႔ ကစားတဲ့အသင္းလို႔ သတ္မွတ္လို႔ရမလားဆိုတာက အဓိကျငင္းခုံစရာအခ်က္ျဖစ္ေနခဲ့တာျဖစ္ပါတယ္။

ယခုရာသီအေစာပိုင္း နယ္သာလန္လက္ေရြးစင္နည္းၿပ လူးဝစၥ ဗန္ဟားလ္က တူဟယ္ရဲ့ ပိုမိုႏွစ္သက္တဲ့ကစားကြက္က တည္ၿငိမ္တဲ့ကစားကြက္တစ္ခုျဖစ္ၿပီး ပိုခ်က္တီနိုရဲ့မၾကာေသးမီက ရပ္တည္ခ်က္ကို ရွင္းရွင္းလင္းလင္း သေဘာမတူညီေၾကာင္း ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဗန္ဟားလ္က ဗဟိုခံစစ္ ၃ ဦးနဲ႔ ေနာကခံေတာင္ပံကစားသမားေတြကို အသုံးျပဳကစားတာက ခံစစ္ပိုင္းကို ပိုမိုကစားတာလို႔ ေျပာၾကားခဲ့တဲ့ ဂ်ာနယ္လစ္ေတြကို တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။ “အဲဒီလို လုံးဝမဟုတ္ပါဘူး။ ခင္ဗ်ား နားမလည္ပါဘူး။ ခင္ဗ်ားက ဂ်ာနယ္လစ္တစ္ေယာက္ပါ။ ခင္ဗ်ားမွာ ေဘာလုံးအျမင္ မရွိပါဘူး။ ၅-၃-၂ နဲ႔ ၅-၂-၃ ကစားကြက္နဲ႔ဆို ခင္ဗ်ား အရမ္းေကာင္းတဲ့တိုက္စစ္ကစားပုံမ်ိဳး ကစားနိုင္ပါတယ္။ ခ်ဲလ္ဆီးက အဲဒါကို မတူညီတဲ့ လူစာရင္းနဲ႔ အခ်ိန္တိုင္း ျပသေနပါတယ္။ အဲဒီအတြက္ မစၥတာ တူဟယ္ကို ကၽြန္ေတာ္ ဦးညြတ္အေလးျပဳပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဗန္ဟားလ္ရဲ့ မွတ္ခ်က္ဟာ အမွန္တကယ္ျဖစ္တယ္ဆိုတာကို ယခုရာသီ ၿပိဳင္ပြဲစုံက ပီအက္စ္ဂ်ီနဲ႔ ခ်ဲလ္ဆီးအသင္းတို႔ ရရွိထားတဲ့ ကိန္းဂဏန္းေတြက သက္ေသျပသေနၿပီး အခြင့္အေရးဖန္တီးတဲ့ေနရာမွာ ခ်ဲလ္ဆီးက ၁၉၄ ႀကိမ္၊ ပီအက္စ္ဂ်ီက ၁၅၈ ႀကိမ္၊ သြင္းဂိုးမွာ ခ်ဲလ္ဆီးက ၃၅ ဂိုး၊ ပီအက္စ္ဂ်ီက ၃၆ ဂိုး၊ ေပးဂိုးမွာ ခ်ဲလ္ဆီးက ၈ ဂိုး၊ ပီအက္စ္ဂ်ီက ၁၉ ဂိုး ရွိခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ ခ်ဲလ္ဆီးအသင္းထက္ ယခုရာသီ ပရီးမီးယားလိဂ္မွာ ဂိုးပိုမိုသြင္းယူထားနိုင္တဲ့အသင္းဆိုလို႔ လီဗာပူးလ္တစ္သင္းတည္းသာ ရွိၿပီး ႀကိဳးၾကာနီေတြဟာ ေပးဂိုးမွာလည္း ၄ ဂိုးပိုမို ေလ်ာ့နည္းခြင့္ျပဳထားခဲ့တာျဖစ္ပါတယ္။ လီဗာပူးလ္အသင္းဟာ ပရီးမီးယားလိဂ္ဖလားရခဲ့တဲ့ ၂၀၁၉-၂၀၂၀ ရာသီမွာ ၃၃ ဂိုးအထိ ခြင့္ျပဳခဲ့ရၿပီး ၿပီးခဲ့တဲ့ရာသီမွာလည္း မန္စီးတီးထက္ ေပးဂိုးပိုမိုနည္းပါးတဲ့အသင္းတစ္သင္းမွ မရွိခဲ့ေပမယ့္ ဒီ ၂ သင္းစလုံးကို ဘယ္သူကမွ ခံစစ္အသင္းကို မေျပာခဲ့ၾကတာက ေၾကာင္းက်ိဳးဆီေလ်ာ္မႈမရွိဘူးလို႔ပဲ မွတ္ခ်က္ခ်ရမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.