Premier League

ဝက်ဖို့ဒ်နဲ့မကန်ခင်ကတည်းက လွဲနေပြီဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဝက်ဖို့ဒ်အသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ကြိုတင်ပြင်ဆင်မှုတွေက စကတည်းက လွဲချော်နေခဲ့ပြီဖြစ်ပြီး ကစားသမားတွေဟာ ကားပါကင်မှာ တစ်နာရီနီးပါး သောင်တင်နေခဲ့ကြတယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ရမှတ် ၁၈ မှတ် ရနိုင်တဲ့နေရာကနေ ၄ မှတ်သာ ရယူနိုင်ခဲ့တဲ့ ရလဒ်ဆိုးတွေကို ချေဖျက်ဖို့အတွက် ဝက်ဖို့ဒ်အိမ်ကွင်း ဗစ်ကရာ့ဂျ်ရုဒ်ကို သွားရောက် ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ ရာထူးကနေ ထုတ်ပယ်ဖို့ တောင်းဆိုခံရမှုတွေ ကြီးထွားလာမှုနဲ့ ရင်ဆိုင်နေရပြီး ဝက်ဖို့ဒ်နဲ့ပွဲစဉ်မှာမှ အနိုင် ၃ မှတ်မရယူနိုင်ဘူးဆိုရင် အထုတ်ခံရဖို့ ကျိန်းသေသွားမှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ကစားသမားတွေဟာ သောကြာနေ့ညက မန်ချက်စတာလေဆိပ်ကနေ လေယာဉ်နဲ့ ထွက်ခွာသွားခဲ့ကြတာဖြစ်ပြီး ပြီးခဲ့တဲ့လတုန်းက လက်စတာကို လေယာဉ်နဲ့ သွားခဲ့တဲ့အတွက် ဝေဖန်မှုတွေ ခံခဲ့ရတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်က မိုင် ၁၀၀ အကွာအဝေးရှိတဲ့ အရှေ့မစ်လန်းစ်ကို ၁၀ မိနစ်ကြာ ခရီးစဉ်အပြီးမှာ ၎င်းတို့ရဲ့ အနေအထားကို ကာကွယ်ခဲ့ပြီး လေယာဉ်နဲ့ သွားရောက်ဖို့ ဆုံးဖြတ်ခဲ့တာက လုပ်ငန်းစဉ်ရဲ့ အခြေအနေအချိန်အခါပေါ် မူတည်ပြီး ဆုံးဖြတ်ခဲ့တာလို့ ပြောကြားခဲ့ပါတယ်။

အိုလေ ဂန်နာ ဆိုးလ်ရှားက မန်ချက်စတာစီးတီးကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပြီးနောက် ၂ ပတ်ကြာ နိုင်ငံတကာအားလပ်ရက်ရရှိခဲ့တာက ၎င်းရဲ့ရုန်းကန်နေရတဲ့လူစာရင်းကို ဘယ်လို အကျိုးအမြတ်ဖြစ်စေခဲ့တယ်လို့ ခံစားခဲ့ရလဲဆိုတာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ရှည်လျားတဲ့ နိုင်ငံတကာပွဲစဉ်အားလပ်ရက်ဖြစ်ခဲ့ပေမယ့် အဲဒါက ကျွန်တော်တို့ရဲ့ အကျိုးအမြတ်အဖြစ် အကျိုးရှိရှိအသုံးပြုမယ့် အရာတစ်ခုပါ။ အဲဒီနားရက်က ကစားသမားတွေဆီကနေ ကောင်းမွန်တဲ့တုံ့ပြန်မှုတွေ ရခဲ့တယ်လို့ ခံစားရပြီး ဝက်ဖို့ဒ်နဲ့ပွဲအတွက် ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပါပြီ”

“ကျွန်တော်တို့ အရင်တုန်းကလည်း ဒီလိုအချိန်ကာလမျိုးကို ဖြတ်သန်းခဲ့ရပါတယ်။ ကျွန်တော်တို့ရဲ့ အဝေးကွင်းစွမ်းဆောင်ရည်က ပွဲ ၃၀ နီးပါး ကစားခဲ့ပြီး ၁ ပွဲပဲ ရှုံးနိမ့်ခဲ့ပါတယ်။ ကျွန်တော်တို့ ပြီးခဲ့တဲ့ရာသီတုန်းက ရလဒ်ဆိုးတွေကို ပြောင်းပြန်လှန်နိုင်ခဲ့ပြီး ပွဲ ၂၀ နီးပါး တောက်လျှောက်အနိုင်ရခဲ့ပြီး ၁ ပွဲပဲ ရှုံးနိမ့်ခဲ့တယ်။ အဲဒီလို နိုင်ပွဲဆက်မှုမျိုးကို ကျွန်တော်တို့ ပြန်ရဖို့ လိုအပ်နေတာပါ”

ဆိုးလ်ရှားက ၎င်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဘယ်လိုကောလာဟလတွေပဲ ထွက်နေထွက်နေ ကာရင်တန် လေ့ကျင့်ရေးကွင်းက ၎င်းရဲ့ စွမ်းဆောင်ရည်အဆင့်အတန်းဟာ ကျဆင်းသွားမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပြီး အသင်းကစားသမားတွေကိုလည်း ချီးကျူး ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

“ဒီအပတ်မှာတော့ ကျွန်တော်တို့ တိုးတက်အောင်လုပ်ရမယ့်အရာအနည်းငယ်ကို ဦးစားပေးလုပ်ဆောင်ခဲ့တယ်။ ပုံစံနဲ့ စွမ်းဆောင်ရည်တွေကတော့ ကောင်းသင့်သလောက် မကောင်းခဲ့ပါဘူး။ ကျွန်တော်တို့ရဲ့ ဆိုးရွားတဲ့ရှုံးပွဲဆက်မှုက ကျွန်တော်တို့ကိုယ်တိုင် ဖိအားအောက်ကို ဝင်သလို ဖြစ်ခဲ့တယ်ဆိုတာ သိပေမယ့် ဒီဖိအားက ပျော်ရွှင်မှု ဖြစ်သင့်ပါတယ်။ အဲဒါက ကျွန်တော်တို့ကို ပိုမိုကောင်းမွန်တဲ့အသင်းဖြစ်အောင်နဲ့ ကစားသမားတိုင်း သူတို့ရဲ့အကောင်းဆုံးအဆင့်အတန်းမှာ စွမ်းဆောင်နိုင်စေမယ့် တစ်စုံတရာဖြစ်သင့်ပါတယ်”

“ကစားသမားတွေ၊ ဝန်ထမ်းတွေနဲ့ ကျွန်တော်ကိုယ်တိုင် အားလုံး ပန်းတိုင်တစ်ခုဆီကို ရောက်အောင် အလုပ်လုပ်နေကြပြီး ဒါက ဒီအသင်း တိုးတက်ဖို့နဲ့ ပိုမိုကောင်းမွန်တဲ့ ရလဒ်ကောင်းတွေ ရလာဖို့ပါ။ ခင်ဗျား ရှုံးပွဲကြုံလာတဲ့အခါ အမြဲတမ်း စိတ်ပျက်ရမှာဖြစ်ပြီး ဖိအားတွေ ခံရမှာပါ။ ကျွန်တော်တို့က အချင်းချင်း ရိုးရိုးသားသားသား ပွင့်ပွင့်လင်းလင်း ဆက်ဆံပြောဆိုကြပါတယ်။ အခု အရေးပါတဲ့ ကစားဖို့ တစ်ပွဲရှိနေပေမယ့် အဲဒါပြီးရင် ဆက်သွားရဖို့လည်း ရှိနေပါတယ်”

“ကျွန်တော်တို့အားလုံး ပြန်လည်လန်းဆန်းနေပြီး ဒီအပတ်က လေ့ကျင့်ရေးမှာ တကယ်ကို ကောင်းမွန်ခဲ့ပြီး မနက်ဖြန်အတွက် အဆင်သင့်ဖြစ်နေပါပြီ။ ကျွန်တော်တို့ အရာအနည်းငယ်ကို ပြင်ဆင်ခဲ့ပြီး မှန်ကန်အောင် လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ မနက်ဖြန်မှာ ကောင်းမွန်တဲ့စွမ်းဆောင်ရည်နဲ့ တုံ့ပြန်မှုတွေ မြင်ရမယ်ဆိုတာ သေချာပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာယူနိုက္တက္အသင္းရဲ့ ဝက္ဖို႔ဒ္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္အတြက္ ႀကိဳတင္ျပင္ဆင္မႈေတြက စကတည္းက လြဲေခ်ာ္ေနခဲ့ၿပီျဖစ္ၿပီး ကစားသမားေတြဟာ ကားပါကင္မွာ တစ္နာရီနီးပါး ေသာင္တင္ေနခဲ့ၾကတယ္လို႔ သိရပါတယ္။

မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ရမွတ္ ၁၈ မွတ္ ရနိုင္တဲ့ေနရာကေန ၄ မွတ္သာ ရယူနိုင္ခဲ့တဲ့ ရလဒ္ဆိုးေတြကို ေခ်ဖ်က္ဖို႔အတြက္ ဝက္ဖို႔ဒ္အိမ္ကြင္း ဗစ္ကရာ့ဂ်္႐ုဒ္ကို သြားေရာက္ ယွဥ္ၿပိဳင္ကစားသြားရမွာျဖစ္ပါတယ္။ မန္ခ်က္စတာယူနိုက္တက္နည္းၿပ ဆိုးလ္ရွားဟာ ရာထူးကေန ထုတ္ပယ္ဖို႔ ေတာင္းဆိုခံရမႈေတြ ႀကီးထြားလာမႈနဲ႔ ရင္ဆိုင္ေနရၿပီး ဝက္ဖို႔ဒ္နဲ႔ပြဲစဥ္မွာမွ အနိုင္ ၃ မွတ္မရယူနိုင္ဘူးဆိုရင္ အထုတ္ခံရဖို႔ က်ိန္းေသသြားမွာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ကစားသမားေတြဟာ ေသာၾကာေန႔ညက မန္ခ်က္စတာေလဆိပ္ကေန ေလယာဥ္နဲ႔ ထြက္ခြာသြားခဲ့ၾကတာျဖစ္ၿပီး ၿပီးခဲ့တဲ့လတုန္းက လက္စတာကို ေလယာဥ္နဲ႔ သြားခဲ့တဲ့အတြက္ ေဝဖန္မႈေတြ ခံခဲ့ရတာျဖစ္ပါတယ္။ မန္ခ်က္စတာယူနိုက္တက္က မိုင္ ၁၀၀ အကြာအေဝးရွိတဲ့ အေရွ႕မစ္လန္းစ္ကို ၁၀ မိနစ္ၾကာ ခရီးစဥ္အၿပီးမွာ ၎တို႔ရဲ့ အေနအထားကို ကာကြယ္ခဲ့ၿပီး ေလယာဥ္နဲ႔ သြားေရာက္ဖို႔ ဆုံးျဖတ္ခဲ့တာက လုပ္ငန္းစဥ္ရဲ့ အေျခအေနအခ်ိန္အခါေပၚ မူတည္ၿပီး ဆုံးျဖတ္ခဲ့တာလို႔ ေျပာၾကားခဲ့ပါတယ္။

အိုေလ ဂန္နာ ဆိုးလ္ရွားက မန္ခ်က္စတာစီးတီးကို အိမ္ကြင္းမွာ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ၂ ပတ္ၾကာ နိုင္ငံတကာအားလပ္ရက္ရရွိခဲ့တာက ၎ရဲ့႐ုန္းကန္ေနရတဲ့လူစာရင္းကို ဘယ္လို အက်ိဳးအျမတ္ျဖစ္ေစခဲ့တယ္လို႔ ခံစားခဲ့ရလဲဆိုတာ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

“ရွည္လ်ားတဲ့ နိုင္ငံတကာပြဲစဥ္အားလပ္ရက္ျဖစ္ခဲ့ေပမယ့္ အဲဒါက ကၽြန္ေတာ္တို႔ရဲ့ အက်ိဳးအျမတ္အျဖစ္ အက်ိဳးရွိရွိအသုံးျပဳမယ့္ အရာတစ္ခုပါ။ အဲဒီနားရက္က ကစားသမားေတြဆီကေန ေကာင္းမြန္တဲ့တုံ႔ျပန္မႈေတြ ရခဲ့တယ္လို႔ ခံစားရၿပီး ဝက္ဖို႔ဒ္နဲ႔ပြဲအတြက္ ကၽြန္ေတာ္တို႔ အဆင္သင့္ျဖစ္ေနပါၿပီ”

“ကၽြန္ေတာ္တို႔ အရင္တုန္းကလည္း ဒီလိုအခ်ိန္ကာလမ်ိဳးကို ျဖတ္သန္းခဲ့ရပါတယ္။ ကၽြန္ေတာ္တို႔ရဲ့ အေဝးကြင္းစြမ္းေဆာင္ရည္က ပြဲ ၃၀ နီးပါး ကစားခဲ့ၿပီး ၁ ပြဲပဲ ရႈံးနိမ့္ခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ ၿပီးခဲ့တဲ့ရာသီတုန္းက ရလဒ္ဆိုးေတြကို ေျပာင္းျပန္လွန္နိုင္ခဲ့ၿပီး ပြဲ ၂၀ နီးပါး ေတာက္ေလၽွာက္အနိုင္ရခဲ့ၿပီး ၁ ပြဲပဲ ရႈံးနိမ့္ခဲ့တယ္။ အဲဒီလို နိုင္ပြဲဆက္မႈမ်ိဳးကို ကၽြန္ေတာ္တို႔ ျပန္ရဖို႔ လိုအပ္ေနတာပါ”

ဆိုးလ္ရွားက ၎ရဲ့အနာဂတ္နဲ႔ပတ္သက္ၿပီး ဘယ္လိုေကာလာဟလေတြပဲ ထြက္ေနထြက္ေန ကာရင္တန္ ေလ့က်င့္ေရးကြင္းက ၎ရဲ့ စြမ္းေဆာင္ရည္အဆင့္အတန္းဟာ က်ဆင္းသြားမွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့ၿပီး အသင္းကစားသမားေတြကိုလည္း ခ်ီးက်ဴး ေျပာဆိုမႈေတြ ျပဳလုပ္သြားခဲ့ပါတယ္။

“ဒီအပတ္မွာေတာ့ ကၽြန္ေတာ္တို႔ တိုးတက္ေအာင္လုပ္ရမယ့္အရာအနည္းငယ္ကို ဦးစားေပးလုပ္ေဆာင္ခဲ့တယ္။ ပုံစံနဲ႔ စြမ္းေဆာင္ရည္ေတြကေတာ့ ေကာင္းသင့္သေလာက္ မေကာင္းခဲ့ပါဘူး။ ကၽြန္ေတာ္တို႔ရဲ့ ဆိုးရြားတဲ့ရႈံးပြဲဆက္မႈက ကၽြန္ေတာ္တို႔ကိုယ္တိုင္ ဖိအားေအာက္ကို ဝင္သလို ျဖစ္ခဲ့တယ္ဆိုတာ သိေပမယ့္ ဒီဖိအားက ေပ်ာ္ရႊင္မႈ ျဖစ္သင့္ပါတယ္။ အဲဒါက ကၽြန္ေတာ္တို႔ကို ပိုမိုေကာင္းမြန္တဲ့အသင္းျဖစ္ေအာင္နဲ႔ ကစားသမားတိုင္း သူတို႔ရဲ့အေကာင္းဆုံးအဆင့္အတန္းမွာ စြမ္းေဆာင္နိုင္ေစမယ့္ တစ္စုံတရာျဖစ္သင့္ပါတယ္”

“ကစားသမားေတြ၊ ဝန္ထမ္းေတြနဲ႔ ကၽြန္ေတာ္ကိုယ္တိုင္ အားလုံး ပန္းတိုင္တစ္ခုဆီကို ေရာက္ေအာင္ အလုပ္လုပ္ေနၾကၿပီး ဒါက ဒီအသင္း တိုးတက္ဖို႔နဲ႔ ပိုမိုေကာင္းမြန္တဲ့ ရလဒ္ေကာင္းေတြ ရလာဖို႔ပါ။ ခင္ဗ်ား ရႈံးပြဲၾကဳံလာတဲ့အခါ အျမဲတမ္း စိတ္ပ်က္ရမွာျဖစ္ၿပီး ဖိအားေတြ ခံရမွာပါ။ ကၽြန္ေတာ္တို႔က အခ်င္းခ်င္း ရိုးရိုးသားသားသား ပြင့္ပြင့္လင္းလင္း ဆက္ဆံေျပာဆိုၾကပါတယ္။ အခု အေရးပါတဲ့ ကစားဖို႔ တစ္ပြဲရွိေနေပမယ့္ အဲဒါၿပီးရင္ ဆက္သြားရဖို႔လည္း ရွိေနပါတယ္”

“ကၽြန္ေတာ္တို႔အားလုံး ျပန္လည္လန္းဆန္းေနၿပီး ဒီအပတ္က ေလ့က်င့္ေရးမွာ တကယ္ကို ေကာင္းမြန္ခဲ့ၿပီး မနက္ျဖန္အတြက္ အဆင္သင့္ျဖစ္ေနပါၿပီ။ ကၽြန္ေတာ္တို႔ အရာအနည္းငယ္ကို ျပင္ဆင္ခဲ့ၿပီး မွန္ကန္ေအာင္ လုပ္ခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ မနက္ျဖန္မွာ ေကာင္းမြန္တဲ့စြမ္းေဆာင္ရည္နဲ႔ တုံ႔ျပန္မႈေတြ ျမင္ရမယ္ဆိုတာ ေသခ်ာပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.