Premier League Transfer News

20 Nov နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်နောက်ခံလူ နူနို တာဗာရက်စ်က သူနဲ့ ရင်ဆိုင်ကစားရမယ့် လီဗာပူးလ်တောင်ပံကစားသမား မိုဟာမက် ဆာလားအနေနဲ့ သူ့ကို အသက်အရွယ်ချင်း ကွာဟလို့ သိတောင် သိမှာ မဟုတ်ဘူးလို့ ပြောလိုက်ပြီး ဒါပေမယ့် ဂန်းနားတွေအနေနဲ့ အန်းဖီးလ်မှာ အိမ်ရှင်တွေကို အနိုင်ယူဖို့ ယုံကြည်မှုရှိတယ်လို့ ပြောကြား။

– လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က အာဆင်နယ်အသင်းဟာ အသင်းကောင်းတစ်သင်းဖြစ်ပြီး သူတို့တွေရဲ့ ရလဒ်တွေက မယုံနိုင်စရာ ဖြစ်ကြောင်း ချီးကျူးလိုက်သလို နည်းပြ မီခယ်လ် အာတီတာအနေနဲ့ သူ့ရဲ့ ပထမဆုံးတာဝန်မှာ အကောင်းဆုံးလုပ်ဆောင်နေတာပဲလို့ အန်းဖီးလ်တွေ့ဆုံမှုမတိုင်မီ ဖွင့်ဟသွားခဲ့။

– အာဆင်နယ်နည်းပြဟောင်းကြီး အာဆင်ဝင်းဂါးက သူတို့အသင်းအနေနဲ့ ဘယ်လိုလူမျိုးကို အားဖြည့်သင့်သလဲဆိုတဲ့ ကစားသမားဟောင်း အီယန်ရိုက်ရဲ့ မေးခွန်းကို “အာလင်း ဟားလန်း”လို့ ရယ်ရယ်မောမော ဖြေကြားသွားခဲ့ပြီး ဂန်းနားတွေအနေနဲ့ သူ့ရဲ့ စာချုပ်လျော်ကြေး ပေါင် ၆၄ သန်းကို မတတ်နိုင်စရာမရှိပေမယ့် အားလုံးဝိုင်းလုကြမယ့်အချိန်မှာတော့ တခြားတိုက်စစ်မှူးတွေကိုပဲ ရွေးချယ်ရဖွယ်ရှိနေ။

– လာမယ့် လီဗာပူးလ်နဲ့ပွဲမှာ အာတီတာအနေနဲ့ ဘယ်နောက်ခံနေရာမှာ ခံစစ်ပိုင်းအတွက် ပိုမိုစိတ်ချရတဲ့ ကီရန် တီယာနီကိုပဲ ရွေးချယ်ဖွယ် ရှိနေပြီး နူနို တာဗာရက်စ်ကို အနားပေးဖွယ်ရှိနိုင်တယ်လို့ အာဆင်နယ်အသင်းရဲ့ သတင်းတွေကို ပင်တိုင်ရေးသားလေ့ရှိတဲ့ ဂျာနယ်လစ် ချားလ်စ် ဝပ်ထ်က ခန့်မှန်းထား။

– အာဆင်နယ်အသင်းတာဝန်ရှိသူတွေနဲ့ ကွင်းလယ်လူ မိုဟာမက် အယ်လ်နန်နီတို့ကြား ခေါ်ယူမယ့်အသင်းရှိရင် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဇန်နဝါရီမှာ ထွက်ခွာခွင့်ပြုဖို့ သဘောတူညီခဲ့ပေမယ့် သူ့ကို အဓိက အလိုရှိနေတဲ့ ဂါလာတာစာရေးအပါအဝင် တူရကီကလပ်တွေအနေနဲ့ လက်ရှိရနေတဲ့ တစ်ပတ်လုပ်ခ ပေါင် ၅၂၅၀၀ ကို ပေးချေနိုင်ဖို့ မတတ်နိုင်ကြလို့ လစာကိစ္စ အဆင်မပြေရင် ဆက်လက်ထိန်းသိမ်းရဖို့ရှိနေ။

– အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်ဂိုးသမားဟောင်းကြီး ဒေးဗစ် ဆီးမန်းက အန်းဖီးလ်မှာ ဂန်းနားတွေအနေနဲ့ အာရှာဗင်ရဲ့ သွင်းဂိုးလေးဂိုးကို ရရှိခဲ့ဖူးသလိုမျိုး ဒီတစ်ပတ်ပွဲစဉ်မှာ တစ်ခုခုလုပ်ပြနိုင်လိမ့်မယ်လို့ ထင်မြင်နေကြောင်း ပြောကြားလိုက်ပြီး ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်ကတော့ အလုပ်များဖို့ရှိနေတယ်လို့ ခန့်မှန်းသွား။

– ဘူကာယို ဆာကာနဲ့ အီမီးလ် စမစ်ရိုးတို့ကို ကျော်လွန်နိုင်ခြင်းမရှိဘဲ ဘယ်တောင်ပံမှာရော ညာတောင်ပံမှာပါ နေရာမရတော့တဲ့ တောင်ပံကစားသမား နီကိုလာ ပေပေကို နည်းပါးတဲ့ ပြောင်းရွှေ့ကြေးရရှိရင်ပဲ အာဆင်နယ်တို့ ရောင်းချသွားဖို့ ရှိနေပြီး ၂၆ နှစ်အရွယ် အိုင်ဗရီကို့စ် လက်ရွေးစင်ကို စီးရီးအေကလပ် အေစီမီလန်အသင်းက အလိုရှိနေ။

– တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းနဲ့ ကွင်းလယ်လူ သောမတ်စ် ပါတေးတို့ ပါဝင်နိုင်ဖို့အတွက် မရေမရာပြောကြားနေတဲ့ နည်းပြ အာတီတာကို အာဆင်နယ်ပရိသတ်တွေက သတိပေးခဲ့ကြပြီး ဒီကစားသမားနှစ်ဦး မကစားနိုင်ခဲ့ရင် အန်းဖီးလ်မှာ ငါးဂိုး-ဂိုးမရှိနဲ့ ရှုံးမယ်လို့ ပွဲမတိုင်မိမှာ ထောက်ပြသွားခဲ့ကြ။

– ပြီးခဲ့တဲ့ နွေရာသီက ခေါ်ယူဖို့ သဘောတူညီမှုမရဘဲ အာဆင်နယ်နဲ့ နှစ်ရှည်စာချုပ်တောင် ထပ်ချုပ်သွားခဲ့သေးတဲ့ ကွင်းလယ်လူ ဂရာနစ် ချာကာကို ခေါ်ယူဖို့ ရိုးမားနည်းပြ ဂျိုဆေး မော်ရင်ညိုအနေနဲ့ လက်မလျှော့သေးကြောင်း သိရပြီး ဆောင်းရာသီ အပြောင်းအရွှေ့ကာလမှာ ထပ်မံကမ်းလှမ်းဖို့ရှိနေတယ်လို့ အီတလီမီဒီယာတွေနဲ့ The Sun ဖော်ပြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္ေနာက္ခံလူ ႏူႏို တာဗာရက္စ္က သူနဲ႔ ရင္ဆိုင္ကစားရမယ့္ လီဗာပူးလ္ေတာင္ပံကစားသမား မိုဟာမက္ ဆာလားအေနနဲ႔ သူ႔ကို အသက္အ႐ြယ္ခ်င္း ကြာဟလို႔ သိေတာင္ သိမွာ မဟုတ္ဘူးလို႔ ေျပာလိုက္ၿပီး ဒါေပမယ့္ ဂန္းနားေတြအေနနဲ႔ အန္းဖီးလ္မွာ အိမ္ရွင္ေတြကို အႏိုင္ယူဖို႔ ယုံၾကည္မႈရွိတယ္လို႔ ေျပာၾကား။

– လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္က အာဆင္နယ္အသင္းဟာ အသင္းေကာင္းတစ္သင္းျဖစ္ၿပီး သူတို႔ေတြရဲ႕ ရလဒ္ေတြက မယုံႏိုင္စရာ ျဖစ္ေၾကာင္း ခ်ီးက်ဴးလိုက္သလို နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ သူ႔ရဲ႕ ပထမဆုံးတာဝန္မွာ အေကာင္းဆုံးလုပ္ေဆာင္ေနတာပဲလို႔ အန္းဖီးလ္ေတြ႕ဆုံမႈမတိုင္မီ ဖြင့္ဟသြားခဲ့။

– အာဆင္နယ္နည္းျပေဟာင္းႀကီး အာဆင္ဝင္းဂါးက သူတို႔အသင္းအေနနဲ႔ ဘယ္လိုလူမ်ိဳးကို အားျဖည့္သင့္သလဲဆိုတဲ့ ကစားသမားေဟာင္း အီယန္႐ိုက္ရဲ႕ ေမးခြန္းကို “အာလင္း ဟားလန္း”လို႔ ရယ္ရယ္ေမာေမာ ေျဖၾကားသြားခဲ့ၿပီး ဂန္းနားေတြအေနနဲ႔ သူ႔ရဲ႕ စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္ ၆၄ သန္းကို မတတ္ႏိုင္စရာမရွိေပမယ့္ အားလုံးဝိုင္းလုၾကမယ့္အခ်ိန္မွာေတာ့ တျခားတိုက္စစ္မႉးေတြကိုပဲ ေ႐ြးခ်ယ္ရဖြယ္ရွိေန။

– လာမယ့္ လီဗာပူးလ္နဲ႔ပြဲမွာ အာတီတာအေနနဲ႔ ဘယ္ေနာက္ခံေနရာမွာ ခံစစ္ပိုင္းအတြက္ ပိုမိုစိတ္ခ်ရတဲ့ ကီရန္ တီယာနီကိုပဲ ေ႐ြးခ်ယ္ဖြယ္ ရွိေနၿပီး ႏူႏို တာဗာရက္စ္ကို အနားေပးဖြယ္ရွိႏိုင္တယ္လို႔ အာဆင္နယ္အသင္းရဲ႕ သတင္းေတြကို ပင္တိုင္ေရးသားေလ့ရွိတဲ့ ဂ်ာနယ္လစ္ ခ်ားလ္စ္ ဝပ္ထ္က ခန႔္မွန္းထား။

– အာဆင္နယ္အသင္းတာဝန္ရွိသူေတြနဲ႔ ကြင္းလယ္လူ မိုဟာမက္ အယ္လ္နန္နီတို႔ၾကား ေခၚယူမယ့္အသင္းရွိရင္ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ဇန္နဝါရီမွာ ထြက္ခြာခြင့္ျပဳဖို႔ သေဘာတူညီခဲ့ေပမယ့္ သူ႔ကို အဓိက အလိုရွိေနတဲ့ ဂါလာတာစာေရးအပါအဝင္ တူရကီကလပ္ေတြအေနနဲ႔ လက္ရွိရေနတဲ့ တစ္ပတ္လုပ္ခ ေပါင္ ၅၂၅၀၀ ကို ေပးေခ်ႏိုင္ဖို႔ မတတ္ႏိုင္ၾကလို႔ လစာကိစၥ အဆင္မေျပရင္ ဆက္လက္ထိန္းသိမ္းရဖို႔ရွိေန။

– အာဆင္နယ္အသင္းရဲ႕ ဂႏၴဝင္ဂိုးသမားေဟာင္းႀကီး ေဒးဗစ္ ဆီးမန္းက အန္းဖီးလ္မွာ ဂန္းနားေတြအေနနဲ႔ အာရွာဗင္ရဲ႕ သြင္းဂိုးေလးဂိုးကို ရရွိခဲ့ဖူးသလိုမ်ိဳး ဒီတစ္ပတ္ပြဲစဥ္မွာ တစ္ခုခုလုပ္ျပႏိုင္လိမ့္မယ္လို႔ ထင္ျမင္ေနေၾကာင္း ေျပာၾကားလိုက္ၿပီး ဂိုးသမား အာ႐ြန္ ရမ္းစ္ေဒးလ္ကေတာ့ အလုပ္မ်ားဖို႔ရွိေနတယ္လို႔ ခန႔္မွန္းသြား။

– ဘူကာယို ဆာကာနဲ႔ အီမီးလ္ စမစ္႐ိုးတို႔ကို ေက်ာ္လြန္ႏိုင္ျခင္းမရွိဘဲ ဘယ္ေတာင္ပံမွာေရာ ညာေတာင္ပံမွာပါ ေနရာမရေတာ့တဲ့ ေတာင္ပံကစားသမား နီကိုလာ ေပေပကို နည္းပါးတဲ့ ေျပာင္းေ႐ႊ႕ေၾကးရရွိရင္ပဲ အာဆင္နယ္တို႔ ေရာင္းခ်သြားဖို႔ ရွိေနၿပီး ၂၆ ႏွစ္အ႐ြယ္ အိုင္ဗရီကို႔စ္ လက္ေ႐ြးစင္ကို စီးရီးေအကလပ္ ေအစီမီလန္အသင္းက အလိုရွိေန။

– တိုက္စစ္မႉး ပ်ယ္-အမ္မရိခ္ အူဘာမီယန္းနဲ႔ ကြင္းလယ္လူ ေသာမတ္စ္ ပါေတးတို႔ ပါဝင္ႏိုင္ဖို႔အတြက္ မေရမရာေျပာၾကားေနတဲ့ နည္းျပ အာတီတာကို အာဆင္နယ္ပရိသတ္ေတြက သတိေပးခဲ့ၾကၿပီး ဒီကစားသမားႏွစ္ဦး မကစားႏိုင္ခဲ့ရင္ အန္းဖီးလ္မွာ ငါးဂိုး-ဂိုးမရွိနဲ႔ ရႈံးမယ္လို႔ ပြဲမတိုင္မိမွာ ေထာက္ျပသြားခဲ့ၾက။

– ၿပီးခဲ့တဲ့ ေႏြရာသီက ေခၚယူဖို႔ သေဘာတူညီမႈမရဘဲ အာဆင္နယ္နဲ႔ ႏွစ္ရွည္စာခ်ဳပ္ေတာင္ ထပ္ခ်ဳပ္သြားခဲ့ေသးတဲ့ ကြင္းလယ္လူ ဂရာနစ္ ခ်ာကာကို ေခၚယူဖို႔ ႐ိုးမားနည္းျပ ဂ်ိဳေဆး ေမာ္ရင္ညိဳအေနနဲ႔ လက္မေလွ်ာ့ေသးေၾကာင္း သိရၿပီး ေဆာင္းရာသီ အေျပာင္းအေ႐ႊ႕ကာလမွာ ထပ္မံကမ္းလွမ္းဖို႔ရွိေနတယ္လို႔ အီတလီမီဒီယာေတြနဲ႔ The Sun ေဖာ္ျပ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.