Premier League

စပိုက်ဒါမန်းက စပါးစ်ဖန်လို့ ဝန်ခံပြီးနောက် အဲဒါကြောင့် ဆုဖလားဗီဒိုမှာ ပင့်ကူအိမ်တွယ်နေတာလို့ အလှောင်ခံခဲ့ရတဲ့ စပါးစ်

တော့တင်ဟမ်ဟော့စပါးစ်ဟာ ပင့်ကူလူသားသရုပ်ဆောင်မင်းသား တွမ် ဟော်လန်က လူမှုကွန်ရက်မှာ မြောက်လန်ဒန်ကလပ်အသင်းကို အားပေးထောက်ခံကြောင်း ပြောကြားခဲ့ပြီးနောက် လှောင်ပြောင်မှုတွေ ခံနေရပါတယ်။

GQ Sports နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အသက် ၂၅ နှစ်အရွယ် ဗြိတိန်သရုပ်ဆောင်က ၎င်းဟာ စပါးစ်အသင်းကို အားပေးသူဖြစ်ပြီး ဦးလေးဖြစ်သူကတော့ ဘရန့်ဖို့ဒ်အသင်းပရိသတ်ဖြစ်တယ်လို့ ထုတ်ဖော် ပြောကြားခဲ့တာဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါးစ်အသင်းကလည်း တွမ် ဟော်လန် အင်တာဗျူး ဖြေနေတဲ့ပုံနဲ့အတူ ‘ပီတာ ပါကားက ငါတို့ရဲ့ ပရိသတ်တွေထဲက တစ်ယောက်ပဲ’လို့ တွစ်တာမှာ ရေးသားပြီး တင်ထားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပင့်ကူလူသားသရုပ်ဆောင်မင်းသားဟာ အသင်းရဲ့ စွမ်းဆောင်ရည်ကို အရမ်း ယုံကြည်မှုရှိသူမဟုတ်ဘဲ ဗီဒီယိုထဲမှာ လက်ရှိအချိန်ဆိုရင် ဘရန့်ဖို့ဒ်ကိုတောင် နိုင်အောင်ကန်နိုင်မှာမဟုတ်လောက်တာ ဖြစ်ကောင်းဖြစ်လိမ့်မယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဘယ်အသင်းတွေ ကစားတာကို မြင်ချင်လဲလို့ မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ တွမ် ဟော်လန်က ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရရှိထားတဲ့ စပါးစ်နဲ့ တန်းတက် ဘရန့်ဖို့ဒ်အသင်းတို့ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

လာမယ့်လမှာ စပိုက်ဒါမန်းကားသစ် ရုံတင် ပြသမှာကို စောင့်ဆိုင်းနေတဲ့ တွမ် ဟော်လန်က “ကျွန်တော်ကတော့ တော့တင်ဟမ်နဲ့ ဘရန့်ဖို့ဒ် ကစားတာကို မြင်ချင်တယ်။ တော့တင်ဟမ်က ကျွန်တော့်အသင်းဖြစ်ပြီး ဘရန့်ဖို့ဒ်ကတော့ ကျွန်တော့်ဦးလေးရဲ့အသင်းပါ။ အခုအချိန်မှာ ကျွန်တော်တို့ ဘရန့်ဖို့ဒ်ကို မနိုင်လောက်တာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ကျွန်တော်တို့ ကစားဖို့ အခွင့်အရေးရတာကို မြင်ချင်ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

စပါးစ်အသင်းက ၎င်းတို့အနေနဲ့ ဘရန့်ဖို့ဒ်ကိုတောင် ရှုံးနိုင်တယ်လို့ စပိုက်ဒါမန်းသရုပ်ဆောင်ပြောထားတဲ့ ဗီဒီယိုဖိုင်ကို လူမှုကွန်ရက်မှာ တင်ခဲ့ပြီးနောက် ပရိသတ်တွေက လူမှုကွန်ရက်မှာ အသင်းနဲ့ပတ်သက်ပြီး လျင်လျင်မြန်မြန်နဲ့ ဟာသဖောက်ခဲ့ကြပါတယ်။

မှတ်ချက်တွေကတော့ တော့တင်ဟမ်ဟော့စပါးစ်အသင်းရဲ့ ဆုဖလား ကင်းမဲ့နေမှုနဲ့ပတ်သက်ပြီး ပေးခဲ့ကြတာဖြစ်ပြီး ၂၀၀၈ လိဂ်ဖလားနောက်ပိုင်းကတည်းက မြောက်လန်ဒန်ကလပ်အသင်းဟာ ဆုဖလားတစ်လုံးမှ ရရှိခြင်းမရှိသေးတာဖြစ်ပါတယ်။

“စပါးစ်ရဲ့ ဆုဖလားဗီဒိုထဲက ပင့်ကူအိမ်တွေအကြောင်းကို လင်းစမ်းပါဦး”လို့ အင်စတာဂရမ်အသုံးပြုသူတစ်ဦးက မှတ်ချက်ပေးခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးက စပိုက်ဒါမန်းမင်းသားက တော့တင်ဟမ်ဟမ်ကို အားပေးသူဆိုတဲ့ ပြောကြားချက်ကို တုံ့ပြန်တဲ့အနေနဲ့ “စပိုက်ဒါမန်းတောင် စပါးစ်ကို ကယ်တင်လို့ မရနိုင်ဘူး”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ေတာ့တင္ဟမ္ေဟာ့စပါးစ္ဟာ ပင့္ကူလူသားသ႐ုပ္ေဆာင္မင္းသား တြမ္ ေဟာ္လန္က လူမႈကြန္ရက္မွာ ေျမာက္လန္ဒန္ကလပ္အသင္းကို အားေပးေထာက္ခံေၾကာင္း ေျပာၾကားခဲ့ၿပီးေနာက္ ေလွာင္ေျပာင္မႈေတြ ခံေနရပါတယ္။

GQ Sports နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ အသက္ ၂၅ ႏွစ္အရြယ္ ၿဗိတိန္သ႐ုပ္ေဆာင္က ၎ဟာ စပါးစ္အသင္းကို အားေပးသူျဖစ္ၿပီး ဦးေလးျဖစ္သူကေတာ့ ဘရန႔္ဖို႔ဒ္အသင္းပရိသတ္ျဖစ္တယ္လို႔ ထုတ္ေဖာ္ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းကလည္း တြမ္ ေဟာ္လန္ အင္တာဗ်ဴး ေျဖေနတဲ့ပုံနဲ႔အတူ ‘ပီတာ ပါကားက ငါတို႔ရဲ့ ပရိသတ္ေတြထဲက တစ္ေယာက္ပဲ’လို႔ တြစ္တာမွာ ေရးသားၿပီး တင္ထားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ပင့္ကူလူသားသ႐ုပ္ေဆာင္မင္းသားဟာ အသင္းရဲ့ စြမ္းေဆာင္ရည္ကို အရမ္း ယုံၾကည္မႈရွိသူမဟုတ္ဘဲ ဗီဒီယိုထဲမွာ လက္ရွိအခ်ိန္ဆိုရင္ ဘရန႔္ဖို႔ဒ္ကိုေတာင္ နိုင္ေအာင္ကန္နိုင္မွာမဟုတ္ေလာက္တာ ျဖစ္ေကာင္းျဖစ္လိမ့္မယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ဘယ္အသင္းေတြ ကစားတာကို ျမင္ခ်င္လဲလို႔ ေမးျမန္းျခင္းခံခဲ့ရတဲ့အခ်ိန္မွာ တြမ္ ေဟာ္လန္က ယခုရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ မရရွိထားတဲ့ စပါးစ္နဲ႔ တန္းတက္ ဘရန႔္ဖို႔ဒ္အသင္းတို႔ကို ေရြးခ်ယ္ခဲ့တာျဖစ္ပါတယ္။

လာမယ့္လမွာ စပိုက္ဒါမန္းကားသစ္ ႐ုံတင္ ျပသမွာကို ေစာင့္ဆိုင္းေနတဲ့ တြမ္ ေဟာ္လန္က “ကၽြန္ေတာ္ကေတာ့ ေတာ့တင္ဟမ္နဲ႔ ဘရန႔္ဖို႔ဒ္ ကစားတာကို ျမင္ခ်င္တယ္။ ေတာ့တင္ဟမ္က ကၽြန္ေတာ့္အသင္းျဖစ္ၿပီး ဘရန႔္ဖို႔ဒ္ကေတာ့ ကၽြန္ေတာ့္ဦးေလးရဲ့အသင္းပါ။ အခုအခ်ိန္မွာ ကၽြန္ေတာ္တို႔ ဘရန႔္ဖို႔ဒ္ကို မနိုင္ေလာက္တာ ျဖစ္ေကာင္းျဖစ္နိုင္ေပမယ့္ ကၽြန္ေတာ္တို႔ ကစားဖို႔ အခြင့္အေရးရတာကို ျမင္ခ်င္ပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

စပါးစ္အသင္းက ၎တို႔အေနနဲ႔ ဘရန႔္ဖို႔ဒ္ကိုေတာင္ ရႈံးနိုင္တယ္လို႔ စပိုက္ဒါမန္းသ႐ုပ္ေဆာင္ေျပာထားတဲ့ ဗီဒီယိုဖိုင္ကို လူမႈကြန္ရက္မွာ တင္ခဲ့ၿပီးေနာက္ ပရိသတ္ေတြက လူမႈကြန္ရက္မွာ အသင္းနဲ႔ပတ္သက္ၿပီး လ်င္လ်င္ျမန္ျမန္နဲ႔ ဟာသေဖာက္ခဲ့ၾကပါတယ္။

မွတ္ခ်က္ေတြကေတာ့ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းရဲ့ ဆုဖလား ကင္းမဲ့ေနမႈနဲ႔ပတ္သက္ၿပီး ေပးခဲ့ၾကတာျဖစ္ၿပီး ၂၀၀၈ လိဂ္ဖလားေနာက္ပိုင္းကတည္းက ေျမာက္လန္ဒန္ကလပ္အသင္းဟာ ဆုဖလားတစ္လုံးမွ ရရွိျခင္းမရွိေသးတာျဖစ္ပါတယ္။

“စပါးစ္ရဲ့ ဆုဖလားဗီဒိုထဲက ပင့္ကူအိမ္ေတြအေၾကာင္းကို လင္းစမ္းပါဦး”လို႔ အင္စတာဂရမ္အသုံးျပဳသူတစ္ဦးက မွတ္ခ်က္ေပးခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးက စပိုက္ဒါမန္းမင္းသားက ေတာ့တင္ဟမ္ဟမ္ကို အားေပးသူဆိုတဲ့ ေျပာၾကားခ်က္ကို တုံ႔ျပန္တဲ့အေနနဲ႔ “စပိုက္ဒါမန္းေတာင္ စပါးစ္ကို ကယ္တင္လို႔ မရနိုင္ဘူး”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.