Premier League

ရှုံးပွဲအတွက် ဒေါသထွက်နေတဲ့ လီဗာပူးလ်နဲ့ ရင်ဆိုင်ရမှာကြောင့် အာဆင်နယ်မချောင်ဘူးလို့ ပြောခဲ့တဲ့ ကြိုးကြာနီနည်းပြဟောင်း

လီဗာပူးလ် နည်းပြနဲ့ ကစားသမားဟောင်း ဂရေမီ ဆောင်းနက်စ်က လီဗာပူးလ်အသင်းဟာ ယခုရာသီ ပထမဆုံးရှုံးပွဲအဖြစ် ဝက်စ်ဟမ်းအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ယခုအပတ် အာဆင်နယ်နဲ့ ယှဉ်ပြိုင်ကစားရမှာ ဒေါသထွက်နေတဲ့အသင်းဖြစ်နေလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ကလော့ပ်ရဲ့ လီဗာပူးလ်ဟာ ၁၁ ပွဲ ကစားပြီးနောက် အမှတ်ပေးဇယားဦးဆောင်နေတဲ့ ချဲလ်ဆီးနဲ့ ၄ မှတ်အကွာ အကောင်းဆုံးပုံစံရရှိနေတဲ့ ဝက်စ်ဟမ်းအသင်းရဲ့ ၃-၂ နဲ့ အနိုင်ယူခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ လီဗာပူးလ်ရဲ့ နောက်ထပ်ပွဲစဉ်အဖြစ် သြဂုတ်လကုန်ကတည်းက ရှုံးပွဲမရှိသေးတဲ့ အာဆင်နယ်အသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဆောင်းနက်စ်က ကြိုးကြာနီတွေရဲ့ ဒေါသက မြောက်လန်ဒန် ကလပ်အသင်းအပေါ်ကို ပုံကျသွားတော့မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“လီဗာပူးလ်အသင်းက သူတို့ရဲ့ ပုံမှန်အဆင့်အတန်းမှာ မရှိခဲ့တဲ့ နောက်ဆုံးပွဲမှာ ရှုံးနိမ့်ခဲ့လို့ ဒေါသထွက်နေတဲ့အသင်းဖြစ်နေမယ်လို့ ထင်ပါတယ်။ အဲဒီတော့ ကျွန်တော် အာဆင်နယ်နဲ့ပွဲမှာ လီဗာပူးလ်က အားကုန်ထုတ်သွားမယ်လို့ မျှော်မှန်းထားပြီး အဲဒီလို ဖြစ်မယ်လို့ သတိပြုမိနေပါတယ်။ ဒါပေမယ့် အသင်းတွေကိုကြည့်မယ်ဆိုရင် အာဆင်နယ်က နောက်ဆုံး ကစားရမယ့်အသင်းဖြစ်ပြီး သူတို့တွေက အမှတ်ပေးဇယားမှာလည်း ထိပ်တန်းမှာ မရှိနေတာ အတိအကျပါပဲ”

“ဒီနှစ် လက်စတာလောက်ပဲ ရှိတယ်။ ဘရိုက်တန်နဲ့ သရေ၊ ဝက်ဖို့ဒ်၊ နောဝစ်ချ်နဲ့ အရမ်းဆိုးရွားနေတဲ့ စပါးအသင်းကို အနိုင်ယူထားတယ်။ သူတို့တွေအနေနဲ့ နိုင်ပွဲတွေကနေ ယုံကြည်မှုအချို့ ရရှိခဲ့မှာဖြစ်ပြီး သူတို့တွေက လိဂ်မှာလည်း အရမ်းကောင်းမွန်တဲ့အဆင့်မှာ ရပ်တည်နေပေမယ့် သူတို့ရာသီရဲ့ ခက်ခဲတဲ့အပိုင်းက ရှေ့မှာရှိနေပါတယ်”

အာဆင်နယ်အသင်းဟာ ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာ တည်ကန်ဘောတွေကို မထိန်းချုပ်နိုင်ခဲ့တဲ့ လီဗာပူးလ်ရဲ့ အားနည်းချက်ကြောင့် အားတက်စရာဖြစ်လာပြီး အာဆင်နယ်ဟာ ယခုရာသီအစကတည်းက ဘောလုံးသေနေတဲ့အခြေအနေကနေ သွင်းဂိုး ၆ ဂိုးနဲ့ ဂိုးအများဆုံးသွင်းယူထားတဲ့အသင်းအဖြစ် ပူးတွဲရပ်တည်နေတာဖြစ်ပါတယ်။

ဒါပေမယ့် မြောက်လန်ဒန်ကလပ်အသင်းရဲ့ လီဗာပူးလ်အသင်းအိမ်ကွင်းက မှတ်တမ်းတွေကတော့ ဆိုးရွားနေခဲ့ပြီး ဂန်းနားတွေဟာ ၂၀၁၂ စက်တင်ဘာလတုန်းက ၂-၀ နဲ့ အနိုင်ရပြီးကတည်းက အန်းဖီးမှာ ၈ ပွဲကစားခဲ့ရာမှာ တစ်ပွဲမှ အနိုင်မရခဲ့တာဖြစ်ပါတယ်။ ေဆောင်းနက်စ်က အာဆင်နယ်ရဲ့ ပြီးခဲ့တဲ့အန်းဖီးမှတ်တမ်းဆိုးတွေက စနေနေ့ညမှာလည်း ဆက်လက်သက်ဆိုးရှည်နေဦးမယ်လို့ ယုံကြည်နေပြီး ဝက်စ်ဟမ်းနဲ့ ရှုံးပွဲက လီဗာပူးလ်ရဲ့ ဒေါသတွေကို ရင်ဆိုင်ရလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

“ဒီပုံစံအတိုင်းပဲ သွားမှာပါ။ လီဗာပူးလ် ဘာအသင်းနဲ့ပဲ ကစားကစား၊ ဘယ်လိုလူရွေးပုံနဲ့ပဲ ဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ လီဗာပူးလ်က ဒီအပတ်မှာ သက်သေပြစရာ အချက်နဲ့အတူ ဒေါသထွက်နေတဲ့အသင်းဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ စနေနေ့မှာ ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်မတိုင်မီ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ လီဗာပူးလ်ထက် ၂ မှတ်သာ လျော့နည်းနေတာကြောင့် အန်းဖီးမှာ ရှားရှားပါးပါး နိုင်ပွဲရယူနိုင်ခဲ့မယ်ဆိုရင် အမှတ်ပေးဇယားအဆင့် ၄ နေရာကို တက်ရောက်သွားနိုင်တော့မှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္ နည္းျပနဲ႔ ကစားသမားေဟာင္း ဂေရမီ ေဆာင္းနက္စ္က လီဗာပူးလ္အသင္းဟာ ယခုရာသီ ပထမဆုံးရႈံးပြဲအျဖစ္ ဝက္စ္ဟမ္းအသင္းကို ရႈံးနိမ့္ခဲ့ၿပီးေနာက္ ယခုအပတ္ အာဆင္နယ္နဲ႔ ယွဥ္ၿပိဳင္ကစားရမွာ ေဒါသထြက္ေနတဲ့အသင္းျဖစ္ေနလိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။

ကေလာ့ပ္ရဲ့ လီဗာပူးလ္ဟာ ၁၁ ပြဲ ကစားၿပီးေနာက္ အမွတ္ေပးဇယားဦးေဆာင္ေနတဲ့ ခ်ဲလ္ဆီးနဲ႔ ၄ မွတ္အကြာ အေကာင္းဆုံးပုံစံရရွိေနတဲ့ ဝက္စ္ဟမ္းအသင္းရဲ့ ၃-၂ နဲ႔ အနိုင္ယူျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။ လီဗာပူးလ္ရဲ့ ေနာက္ထပ္ပြဲစဥ္အျဖစ္ ၾသဂုတ္လကုန္ကတည္းက ရႈံးပြဲမရွိေသးတဲ့ အာဆင္နယ္အသင္းကို အိမ္ကြင္းမွာ လက္ခံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး ေဆာင္းနက္စ္က ႀကိဳးၾကာနီေတြရဲ့ ေဒါသက ေျမာက္လန္ဒန္ ကလပ္အသင္းအေပၚကို ပုံက်သြားေတာ့မယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“လီဗာပူးလ္အသင္းက သူတို႔ရဲ့ ပုံမွန္အဆင့္အတန္းမွာ မရွိခဲ့တဲ့ ေနာက္ဆုံးပြဲမွာ ရႈံးနိမ့္ခဲ့လို႔ ေဒါသထြက္ေနတဲ့အသင္းျဖစ္ေနမယ္လို႔ ထင္ပါတယ္။ အဲဒီေတာ့ ကၽြန္ေတာ္ အာဆင္နယ္နဲ႔ပြဲမွာ လီဗာပူးလ္က အားကုန္ထုတ္သြားမယ္လို႔ ေမၽွာ္မွန္းထားၿပီး အဲဒီလို ျဖစ္မယ္လို႔ သတိျပဳမိေနပါတယ္။ ဒါေပမယ့္ အသင္းေတြကိုၾကည့္မယ္ဆိုရင္ အာဆင္နယ္က ေနာက္ဆုံး ကစားရမယ့္အသင္းျဖစ္ၿပီး သူတို႔ေတြက အမွတ္ေပးဇယားမွာလည္း ထိပ္တန္းမွာ မရွိေနတာ အတိအက်ပါပဲ”

“ဒီႏွစ္ လက္စတာေလာက္ပဲ ရွိတယ္။ ဘရိုက္တန္နဲ႔ သေရ၊ ဝက္ဖို႔ဒ္၊ ေနာဝစ္ခ်္နဲ႔ အရမ္းဆိုးရြားေနတဲ့ စပါးအသင္းကို အနိုင္ယူထားတယ္။ သူတို႔ေတြအေနနဲ႔ နိုင္ပြဲေတြကေန ယုံၾကည္မႈအခ်ိဳ႕ ရရွိခဲ့မွာျဖစ္ၿပီး သူတို႔ေတြက လိဂ္မွာလည္း အရမ္းေကာင္းမြန္တဲ့အဆင့္မွာ ရပ္တည္ေနေပမယ့္ သူတို႔ရာသီရဲ့ ခက္ခဲတဲ့အပိုင္းက ေရွ႕မွာရွိေနပါတယ္”

အာဆင္နယ္အသင္းဟာ ဝက္စ္ဟမ္းနဲ႔ပြဲစဥ္မွာ တည္ကန္ေဘာေတြကို မထိန္းခ်ဳပ္နိုင္ခဲ့တဲ့ လီဗာပူးလ္ရဲ့ အားနည္းခ်က္ေၾကာင့္ အားတက္စရာျဖစ္လာၿပီး အာဆင္နယ္ဟာ ယခုရာသီအစကတည္းက ေဘာလုံးေသေနတဲ့အေျခအေနကေန သြင္းဂိုး ၆ ဂိုးနဲ႔ ဂိုးအမ်ားဆုံးသြင္းယူထားတဲ့အသင္းအျဖစ္ ပူးတြဲရပ္တည္ေနတာျဖစ္ပါတယ္။

ဒါေပမယ့္ ေျမာက္လန္ဒန္ကလပ္အသင္းရဲ့ လီဗာပူးလ္အသင္းအိမ္ကြင္းက မွတ္တမ္းေတြကေတာ့ ဆိုးရြားေနခဲ့ၿပီး ဂန္းနားေတြဟာ ၂၀၁၂ စက္တင္ဘာလတုန္းက ၂-၀ နဲ႔ အနိုင္ရၿပီးကတည္းက အန္းဖီးမွာ ၈ ပြဲကစားခဲ့ရာမွာ တစ္ပြဲမွ အနိုင္မရခဲ့တာျဖစ္ပါတယ္။ ေေဆာင္းနက္စ္က အာဆင္နယ္ရဲ့ ၿပီးခဲ့တဲ့အန္းဖီးမွတ္တမ္းဆိုးေတြက စေနေန႔ညမွာလည္း ဆက္လက္သက္ဆိုးရွည္ေနဦးမယ္လို႔ ယုံၾကည္ေနၿပီး ဝက္စ္ဟမ္းနဲ႔ ရႈံးပြဲက လီဗာပူးလ္ရဲ့ ေဒါသေတြကို ရင္ဆိုင္ရလိမ့္မယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ဒီပုံစံအတိုင္းပဲ သြားမွာပါ။ လီဗာပူးလ္ ဘာအသင္းနဲ႔ပဲ ကစားကစား၊ ဘယ္လိုလူေရြးပုံနဲ႔ပဲ ျဖစ္ျဖစ္ ကိစၥမရွိပါဘူး။ လီဗာပူးလ္က ဒီအပတ္မွာ သက္ေသျပစရာ အခ်က္နဲ႔အတူ ေဒါသထြက္ေနတဲ့အသင္းျဖစ္လိမ့္မယ္လို႔ ကၽြန္ေတာ္ ထင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ စေနေန႔မွာ ယွဥ္ၿပိဳင္ကစားမယ့္ပြဲစဥ္မတိုင္မီ ပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာ လီဗာပူးလ္ထက္ ၂ မွတ္သာ ေလ်ာ့နည္းေနတာေၾကာင့္ အန္းဖီးမွာ ရွားရွားပါးပါး နိုင္ပြဲရယူနိုင္ခဲ့မယ္ဆိုရင္ အမွတ္ေပးဇယားအဆင့္ ၄ ေနရာကို တက္ေရာက္သြားနိုင္ေတာ့မွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.