Premier League Transfer News

18 Nov နေ့လည်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

– ချဲလ်ဆီးအသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ချ်ရဲ့ အိပ်မက်တစ်ခုဖြစ်တဲ့ လူငယ်အကယ်ဒမီ အောင်မြင်ရေးအနေနဲ့ လက်ရှိမှာ ကောင်းကောင်း အကောင်အထည်ပေါ်ခဲ့ပြီဖြစ်ပြီး ၂၀၁၈ ခုနှစ်ကနေစပြီး လက်ရှိအချိန်အထိ လူငယ်ကစားသမားရောင်းချမှုကနေလည်း ပေါင် ၉၂ သန်းအထိ အမြတ်အစွန်းရှာဖွေနိုင်ခဲ့။

– ဘာစီလိုနာအသင်းမှာ ခြေစွမ်းပြနေတဲ့ အသက် ၁၇ နှစ်အရွယ် လူငယ်ကစားသမားလေး ဂါဗီကို ခေါ်ယူဖို့ ချဲလ်ဆီးအသင်းဘက်က ပေါင် ၄၂ သန်းနဲ့ ကမ်းလှမ်းဖို့ ပစ်မှတ်ထားနေပြီး တောင်ပံမှာရော ကွင်းလယ်မှာပါ ကစားနိုင်တဲ့ စပိန်လက်ရွေးစင်ကို နည်းပြ သောမတ်စ် တူဟယ်လ်အနေနဲ့ သဘောကျနေ။

– ချဲလ်ဆီးအသင်းအနေနဲ့ သူတို့ရဲ့ အဓိက ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ဂျော်ဂျင်ညိုအတွက် စာချုပ်သက်တမ်းတိုးဖို့ အလိုရှိနေပြီး ၂၀၂၃ အထိ စာချုပ်ကျန်နေသေးပေမယ့် ရူဒီဂါ၊ ခရစ္စတင်ဆန်နဲ့ အက်ဇ်ပီလီကွေတာတို့ရဲ့ ညှိနှိုင်းရ ခက်ခဲနေတဲ့ ဥပမာတွေကို ထောက်ချင့်ပြီး စောစောစီးစီး လက်ဦးမှုရယူထားလိုနေတယ်လို့ ဖာဘရီဇီယို ရိုမာနို ဖော်ပြ။

– ပြီးခဲ့တဲ့ ပွဲတွေက ဒဏ်ရာပြဿနာတွေ အသီးသီးရှိနေခဲ့တဲ့ မေဆန်မောင့်၊ လူကာကူး၊ အလွန်ဆိုတို့အနေနဲ့ ကော့ဘ်ဟမ်း ထရိန်နင်စင်တာမှာ လေ့ကျင့်ခန်း ပြန်ဆင်းနေနိုင်ပြီဖြစ်ပြီး နည်းပြ တူဟယ်လ်နဲ့ ပရိသတ်တွေအတွက် အားတက်စရာဖြစ်လာသလို ပူလီရှစ်ချ်၊ ဟာဗတ်ဇ်၊ ကွန်တေနဲ့ သီယာဂို ဆေးလ်ဗားတို့လည်း ဒဏ်ရာကင်းစင်နေ။

– အသင်းအတွက် လာမယ့်ရာသီမှာ ပဲလေ့စ်မှာ ခြေစွမ်းပြနေတဲ့ ကွန်နာ ဂယ်လာဂါကို ပြန်လည်ခေါ်ယူပြီး နေရာပေးဖို့ ရှိနေပေမယ့် လက်ရှိ ရာသီအတွက် ခရီးရှည်မှာ အသုံးပြုနိုင်ဖို့ အသားမကျသေးတဲ့ ဆာအူးလ် ညီးရက်ဇ်အစား မိုနာကိုအသင်းရဲ့ လုပ်အားနှုန်းမြင့် ကွင်းလယ်လူ အူရယ်လီယန် ချွာမင်နီကို ဇန်နဝါရီမှာ ခေါ်ယူဖို့ ချဲလ်ဆီး ပြင်ဆင်နေ။

– မုဒိန်းမှုနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေနဲ့ စွဲချက်တင်ခံထားရတဲ့ မန်ချက်စတာစီးတီးနောက်ခံလူ ဘင်ဂျမင် မန်ဒီရဲ့ ပုံအစား သူတို့ပုံတွေကို မှားယွင်းဖော်ပြခဲ့မှုအတွက် ချဲလ်ဆီးဂိုးသမား အေဒူယာ မန်ဒီနဲ့ ရီးရဲလ်မက်ဒရစ်နောက်ခံလူ ဖယ်လွန် မန်ဒီတို့က မီဒီယာတွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပြီး လူမည်းဆိုတာနဲ့ မလေးစား ပြုမူတဲ့ လုပ်ရပ်လို့ ပြစ်တင်ခဲ့ကြ။

– ချဲလ်ဆီးအသင်းမှာ ပရီးမီးယားလိဂ်ရဲ့ ကြံ့ခိုင်မှု ဦးစားပေးပြိုင်ဘက်တွေနဲ့ အတွေ့မှာ ရုန်းကန်နေရတဲ့ မော်ရိုကိုတောင်ပံကစားသမား ဟာကင်းမ် ဇီးယက်ရှ်ကို ဘာစီလိုနာနည်းပြသစ် ဇာဗီက သူ့အတွက် အရေးပါလာနိုင်သူအဖြစ် ရှုမြင်ထားပြီး ဇန်နဝါရီမှာ အငှားနဲ့ စတင် ခေါ်ယူဖို့ ကြိုးပမ်းနေသလို ၂၈ နှစ်သားအတွက် ဒေါ့မွန်အသင်းနဲ့ ယှဉ်ပြိုင်သွားဖွယ်ရှိနေ။

– သုံးယောက်တန်းခံစစ် ဘယ်ခြမ်းမှာ ခြေစွမ်းပြနေတဲ့ နောက်ခံလူ အန်တိုနီယို ရူဒီဂါအနေနဲ့ ချဲလ်ဆီးအသင်းဘက်က ကမ်းလှမ်းထားတဲ့ တစ်ပတ်လုပ်ခထက် ပေါင် ၆၀၀၀၀ ပိုမိုရရှိလိုနေတယ်လို့ သိရပြီး တစ်ပတ်လုပ်ခ ပေါင် ၁၉၀၀၀၀ ဝန်းကျင်မှာ ဂျာမန်သားဘက်က လက်ခံဖို့ ရှိနေပေမယ့် သဘောတူညီမှု မရသေးသလို ဒီအခြေအနေကို ဘိုင်ယန်မြူးနစ်က စောင့်ကြည့်နေ။

– ချဲလ်ဆီးအသင်းအနေနဲ့ သူတို့ရဲ့ ကွင်းလယ်အဖျက်ကစားသမား အန်ဂိုလို ကွန်တေရဲ့ နေရာအတွက် ရေရှည်အစားထိုးမှုကို ပြုလုပ်ဖို့ စောင့်ကြည့်နေပြီး ဂျူဗင်တပ်စ်အသင်းက ရောင်းချမယ့် ကွင်းလယ်လူ ဝက်စ်တန် မက်ကင်နီကို ခေါ်ယူဖို့ လန်ဒန်ပြိုင်ဘက်တွေဖြစ်ကြတဲ့ စပါးစ်၊ ဝက်စ်ဟမ်းတို့နဲ့အပြိုင် လက်ဦးမှုရယူနိုင်ဖို့ ပြင်ဆင်နေ။

– ချဲလ်ဆီးပရိသတ်တွေကြားမှာ နောက်ခံလူ ရူဒီဂါရဲ့ စာချုပ်သစ်အတွက် တောင်းဆိုထားတဲ့ တစ်ပတ်လုပ်ခ ပေါင်နှစ်သိန်းဝန်းကျင် ပမာဏကို ပေးချေသင့် မချေသင့် အငြင်းပွားနေကြပြီး အဓိကအားဖြင့် မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းရဲ့ အိုဇေးလ်နဲ့ အူဘာမီယန်းတို့ရဲ့ ကျရှုံးမှုတွေကို ထောက်ပြပြောဆိုနေခဲ့ကြသလို အလွတ်နဲ့ ဆုံးရှုံးရမှာအတွက်လည်း စိတ်ပူနေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ခ်ဲလ္ဆီးအသင္းပိုင္ရွင္ ႐ိုမန္ ေအဘရာမိုဗစ္ခ်္ရဲ႕ အိပ္မက္တစ္ခုျဖစ္တဲ့ လူငယ္အကယ္ဒမီ ေအာင္ျမင္ေရးအေနနဲ႔ လက္ရွိမွာ ေကာင္းေကာင္း အေကာင္အထည္ေပၚခဲ့ၿပီျဖစ္ၿပီး ၂၀၁၈ ခုႏွစ္ကေနစၿပီး လက္ရွိအခ်ိန္အထိ လူငယ္ကစားသမားေရာင္းခ်မႈကေနလည္း ေပါင္ ၉၂ သန္းအထိ အျမတ္အစြန္းရွာေဖြႏိုင္ခဲ့။

– ဘာစီလိုနာအသင္းမွာ ေျခစြမ္းျပေနတဲ့ အသက္ ၁၇ ႏွစ္အ႐ြယ္ လူငယ္ကစားသမားေလး ဂါဗီကို ေခၚယူဖို႔ ခ်ဲလ္ဆီးအသင္းဘက္က ေပါင္ ၄၂ သန္းနဲ႔ ကမ္းလွမ္းဖို႔ ပစ္မွတ္ထားေနၿပီး ေတာင္ပံမွာေရာ ကြင္းလယ္မွာပါ ကစားႏိုင္တဲ့ စပိန္လက္ေ႐ြးစင္ကို နည္းျပ ေသာမတ္စ္ တူဟယ္လ္အေနနဲ႔ သေဘာက်ေန။

– ခ်ဲလ္ဆီးအသင္းအေနနဲ႔ သူတို႔ရဲ႕ အဓိက ကြင္းလယ္လူတစ္ဦးျဖစ္တဲ့ ေဂ်ာ္ဂ်င္ညိဳအတြက္ စာခ်ဳပ္သက္တမ္းတိုးဖို႔ အလိုရွိေနၿပီး ၂၀၂၃ အထိ စာခ်ဳပ္က်န္ေနေသးေပမယ့္ ႐ူဒီဂါ၊ ခရစၥတင္ဆန္နဲ႔ အက္ဇ္ပီလီေကြတာတို႔ရဲ႕ ညႇိႏႈိင္းရ ခက္ခဲေနတဲ့ ဥပမာေတြကို ေထာက္ခ်င့္ၿပီး ေစာေစာစီးစီး လက္ဦးမႈရယူထားလိုေနတယ္လို႔ ဖာဘရီဇီယို ႐ိုမာႏို ေဖာ္ျပ။

– ၿပီးခဲ့တဲ့ ပြဲေတြက ဒဏ္ရာျပႆနာေတြ အသီးသီးရွိေနခဲ့တဲ့ ေမဆန္ေမာင့္၊ လူကာကူး၊ အလြန္ဆိုတို႔အေနနဲ႔ ေကာ့ဘ္ဟမ္း ထရိန္နင္စင္တာမွာ ေလ့က်င့္ခန္း ျပန္ဆင္းေနႏိုင္ၿပီျဖစ္ၿပီး နည္းျပ တူဟယ္လ္နဲ႔ ပရိသတ္ေတြအတြက္ အားတက္စရာျဖစ္လာသလို ပူလီရွစ္ခ်္၊ ဟာဗတ္ဇ္၊ ကြန္ေတနဲ႔ သီယာဂို ေဆးလ္ဗားတို႔လည္း ဒဏ္ရာကင္းစင္ေန။

– အသင္းအတြက္ လာမယ့္ရာသီမွာ ပဲေလ့စ္မွာ ေျခစြမ္းျပေနတဲ့ ကြန္နာ ဂယ္လာဂါကို ျပန္လည္ေခၚယူၿပီး ေနရာေပးဖို႔ ရွိေနေပမယ့္ လက္ရွိ ရာသီအတြက္ ခရီးရွည္မွာ အသုံးျပဳႏိုင္ဖို႔ အသားမက်ေသးတဲ့ ဆာအူးလ္ ညီးရက္ဇ္အစား မိုနာကိုအသင္းရဲ႕ လုပ္အားႏႈန္းျမင့္ ကြင္းလယ္လူ အူရယ္လီယန္ ခြၽာမင္နီကို ဇန္နဝါရီမွာ ေခၚယူဖို႔ ခ်ဲလ္ဆီး ျပင္ဆင္ေန။

– မုဒိန္းမႈနဲ႔ လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈေတြနဲ႔ စြဲခ်က္တင္ခံထားရတဲ့ မန္ခ်က္စတာစီးတီးေနာက္ခံလူ ဘင္ဂ်မင္ မန္ဒီရဲ႕ ပုံအစား သူတို႔ပုံေတြကို မွားယြင္းေဖာ္ျပခဲ့မႈအတြက္ ခ်ဲလ္ဆီးဂိုးသမား ေအဒူယာ မန္ဒီနဲ႔ ရီးရဲလ္မက္ဒရစ္ေနာက္ခံလူ ဖယ္လြန္ မန္ဒီတို႔က မီဒီယာေတြကို ျပင္းျပင္းထန္ထန္ ကန႔္ကြက္လိုက္ၿပီး လူမည္းဆိုတာနဲ႔ မေလးစား ျပဳမူတဲ့ လုပ္ရပ္လို႔ ျပစ္တင္ခဲ့ၾက။

– ခ်ဲလ္ဆီးအသင္းမွာ ပရီးမီးယားလိဂ္ရဲ႕ ႀကံ့ခိုင္မႈ ဦးစားေပးၿပိဳင္ဘက္ေတြနဲ႔ အေတြ႕မွာ ႐ုန္းကန္ေနရတဲ့ ေမာ္႐ိုကိုေတာင္ပံကစားသမား ဟာကင္းမ္ ဇီးယက္ရွ္ကို ဘာစီလိုနာနည္းျပသစ္ ဇာဗီက သူ႔အတြက္ အေရးပါလာႏိုင္သူအျဖစ္ ရႈျမင္ထားၿပီး ဇန္နဝါရီမွာ အငွားနဲ႔ စတင္ ေခၚယူဖို႔ ႀကိဳးပမ္းေနသလို ၂၈ ႏွစ္သားအတြက္ ေဒါ့မြန္အသင္းနဲ႔ ယွဥ္ၿပိဳင္သြားဖြယ္ရွိေန။

– သုံးေယာက္တန္းခံစစ္ ဘယ္ျခမ္းမွာ ေျခစြမ္းျပေနတဲ့ ေနာက္ခံလူ အန္တိုနီယို ႐ူဒီဂါအေနနဲ႔ ခ်ဲလ္ဆီးအသင္းဘက္က ကမ္းလွမ္းထားတဲ့ တစ္ပတ္လုပ္ခထက္ ေပါင္ ၆၀၀၀၀ ပိုမိုရရွိလိုေနတယ္လို႔ သိရၿပီး တစ္ပတ္လုပ္ခ ေပါင္ ၁၉၀၀၀၀ ဝန္းက်င္မွာ ဂ်ာမန္သားဘက္က လက္ခံဖို႔ ရွိေနေပမယ့္ သေဘာတူညီမႈ မရေသးသလို ဒီအေျခအေနကို ဘိုင္ယန္ျမဴးနစ္က ေစာင့္ၾကည့္ေန။

– ခ်ဲလ္ဆီးအသင္းအေနနဲ႔ သူတို႔ရဲ႕ ကြင္းလယ္အဖ်က္ကစားသမား အန္ဂိုလို ကြန္ေတရဲ႕ ေနရာအတြက္ ေရရွည္အစားထိုးမႈကို ျပဳလုပ္ဖို႔ ေစာင့္ၾကည့္ေနၿပီး ဂ်ဴဗင္တပ္စ္အသင္းက ေရာင္းခ်မယ့္ ကြင္းလယ္လူ ဝက္စ္တန္ မက္ကင္နီကို ေခၚယူဖို႔ လန္ဒန္ၿပိဳင္ဘက္ေတြျဖစ္ၾကတဲ့ စပါးစ္၊ ဝက္စ္ဟမ္းတို႔နဲ႔အၿပိဳင္ လက္ဦးမႈရယူႏိုင္ဖို႔ ျပင္ဆင္ေန။

– ခ်ဲလ္ဆီးပရိသတ္ေတြၾကားမွာ ေနာက္ခံလူ ႐ူဒီဂါရဲ႕ စာခ်ဳပ္သစ္အတြက္ ေတာင္းဆိုထားတဲ့ တစ္ပတ္လုပ္ခ ေပါင္ႏွစ္သိန္းဝန္းက်င္ ပမာဏကို ေပးေခ်သင့္ မေခ်သင့္ အျငင္းပြားေနၾကၿပီး အဓိကအားျဖင့္ ၿမိဳ႕ခံၿပိဳင္ဘက္ အာဆင္နယ္အသင္းရဲ႕ အိုေဇးလ္နဲ႔ အူဘာမီယန္းတို႔ရဲ႕ က်ရႈံးမႈေတြကို ေထာက္ျပေျပာဆိုေနခဲ့ၾကသလို အလြတ္နဲ႔ ဆုံးရႈံးရမွာအတြက္လည္း စိတ္ပူေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.