Analysis International La Liga Other Leagues Premier League Serie A

တရုတ်ပြည်မှာ လစာမြင့်မြင့်နဲ့ ဂျင်းသွားထည့်ခဲ့ကြတဲ့ လောဘအိုး ကစားသမား ၁၀ ဦး

ဥရောပမှာ ခြေစွမ်းနည်းနည်းပြနိုင်ပြီး အသင်းနဲ့ စာချုပ်သစ် အဆင်မပြေဘူး ဘာညာဆိုရင် ကစားသမားတွေအနေနဲ့ သိပ်ပြီး စဉ်းစားနေဖို့ မလိုပါဘူး။ လစာမြင့်မြင့်နဲ့ လွယ်ကူတဲ့ ပြိုင်ဘက်တွေကို ယှဉ်ကစားပြီး ဘော်ချက်ချင်တယ်ဆိုရင် တရုတ်ဆူပါလိဂ်က သိပ်ပြီး အဆင်ပြေပါတယ်။ ပရီးမီးယားလိဂ်လို ပြိုင်ပွဲမျိုးကနေတောင် သွားကစားကြသေးတာဆိုတော့ သူတို့တွေ တစ်ပတ်လုပ်ခ ဘယ်လောက်များ ရနေကြတာလဲ…

၁၀။ မာဟွမ် ဖယ်လိုင်နီ (ရှန်းတုန်း ထိုက်ရှန်း)
မန်ချက်စတာယူနိုက်တက်ကစားသမားဘဝ နောက်ပိုင်းနှစ်တွေမှာ အသင်းရှုံးနေချိန်တွေမှာမှ အတင်းဝင်တိုးဖို့ အသုံးပြုခံနေရတဲ့ ဘယ်လ်ဂျီယမ်ကွင်းလယ်လူဟာ မော်ရင်ညိုလက်ထက်မှာ ကောင်းကောင်းကြီး ရုန်းကန်ခဲ့ရသူဖြစ်ပြီး နောက်ဆုံးမှာတော့ တရုတ်ဆူပါလိဂ်ကို လစာမြင့်မြင့်နဲ့ ငွေရှာသွားဖို့ ဆုံးဖြတ်ခဲ့သူပါ။ ၂၀၁၉ ဆောင်းရာသီမှာ ပေါင် ၁၀ သန်းခွဲနဲ့ အသင်းပြောင်းလာခဲ့တဲ့ ဖယ်လိုင်နီရဲ့ တစ်ပတ်လုပ်ခကတော့ ပေါင် ၂၀၅၀၀၀ ပဲဖြစ်ပါတယ်။

၉။ အီဒါ (ကျန်ဆူး ဆူးနင်)
အင်တာမီလန်အသင်းမှာ ဘရာဇီးလ်သားဘဝကနေ အီတလီနိုင်ငံသားအဖြစ် ခံယူခဲ့ပြီး အဇူရီတွေအတွက် ၂၆ ပွဲ ကစားပေးခဲ့တဲ့ အီဒါကို မှတ်မိကြဦးမယ်ထင်ပါတယ်။ ဆူးနင်အုပ်စုက ပိုင်ဆိုင်ထားတဲ့ အင်တာတို့အနေနဲ့ သူ့ကို ညီအစ်မကလပ်ဖြစ်တဲ့ တရုတ်ဆူပါလိဂ် ကျန်းဆူးကို ယူရို ၅ သန်းခွဲနဲ့ ရောင်းထုတ်ခဲ့ပြီး ကိုဗစ်ပျံ့နှံ့ချိန်မှာ စီးပွားရေးမတည်ငြိမ်ခဲ့တဲ့ သူတို့အသင်းကို ဖျက်သိမ်းချိန်မှာတော့ ဘရာဇီးလ်ကလပ် ဆော်ပေါ်လိုကို ပြန်ပြီး ပြောင်းရွှေ့ခဲ့ရပါတယ်။ ပေါက်ဖော်ကြီးတို့ဆီမှာ တစ်ပတ်ရခဲ့တဲ့ ပေါင် ၂၁၃၀၀၀ ကိုတော့ သူလွမ်းနေရတော့မှာပါ။

၈။ ပေါ်လင်ညို (ကွမ်ကျိုး အဲဗားဂရန်း)
လက်ရှိမှာ ဆော်ဒီကလပ် အယ်လ်အာလီနဲ့ စာချုပ်ဖျက်သိမ်းထားခဲ့တဲ့ စပါးစ်နဲ့ ဘာစီလိုနာကစားသမားဟောင်းဟာ ကွမ်ကျိုးအသင်းရဲ့ ရေစက် ကြီးမားသူဖြစ်ပြီး သူ့ရဲ့ ကစားသမားဘဝမှာ နှစ်ကြိမ်တိတိ ၆ ရာသီ ဖြတ်သန်းခဲ့ဖူးတာဖြစ်ပါတယ်။ တရုတ်မြေနဲ့တည့်တဲ့ ဘရာဇီးလ်သားဟာ ၁၇၆ ပွဲမှာ ၇၅ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး နောက်ဆုံးအနေနဲ့ ကွမ်ကျိုးမှာ တစ်ပတ်လုပ်ခ ပေါင် ၂၃၀၀၀၀ ရရှိခဲ့သူပါ။

၇။ စတီဖန် အယ်လ်ရှာရာဝီ (ရှန်ဟိုင်း ရှင်ဟွာ)
အေစီမီလန်တောင်ပံကစားသမားဟောင်းဟာ ၂၀၁၉ နွေရာသီက ရှန်ဟိုင်းကို ယူရို ၁၆ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး တခြားကစားသမားတွေ လိုတော့ အောင်မြင်မှုမျိုး မရှာဖွေနိုင်ခဲ့သလို နှစ်ရာသီအတွင်းမှာ ၁၆ ပွဲသာ ကစားပေးနိုင်ခဲ့ပြီး ၂၀၂၁ ဆောင်းရာသီမှာတော့ ရိုးမားအသင်းဆီ ပြန်လည် ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။ နှစ်ရာသီအတွင်းမှာတော့ အတော်လေး စုမိဆောင်းမိရှိခဲ့ပုံပေါ်ပြီး တစ်ပတ်လုပ်ခ ပေါင် ၂၄၇၀၀၀ ရရှိခဲ့တာပါ။

၆။ ဂရာဇီယာနို ပယ်လီ (ရှန်းတုန်း ထိုက်ရှန်း)
ဆောက်သမ်တန်အသင်းမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်းနဲ့ အီတလီလက်ရွေးစင်ရဲ့ ရွေးချယ်မှုကတော့ ဘယ်သူမှ ထင်မှတ်မထားခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ ပြောင်းရွှေ့ကြေး ပေါင် ၁၂ သန်းနဲ့ တရုတ်ပြည်ကို ခြေချခဲ့တာပါ။ ရှန်းတုန်းနဲ့ တစ်ပတ်လုပ်ခ ပေါင် ၂၆၃၀၀၀ ရရှိခဲ့တဲ့ ပယ်လီဟာ အသင်းအတွက် ၁၃၃ ပွဲမှာ ၆၃ ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ၂၀၂၀-၂၁ ရာသီမှာတော့ ပါးမားအသင်းကို ပြန်လည်ပြောင်းရွှေ့ခဲ့သလို လက်ရှိမှာတော့ အသင်းလက်မဲ့ဖြစ်နေခဲ့ပါတယ်။

၅။ ဟာ့လ်ခ် (ရှန်ဟိုင်းဆိပ်ကမ်း)
ရှန်ဟိုင်း SIPG လို့ ခေါ်ခဲ့ဖူးတဲ့ ရှန်ဟိုင်းဆိပ်ကမ်းအသင်းကတော့ သန်မာလွန်းတဲ့ ဘရာဇီးလ်သားကြီးကို ၂၁၀၆ ခုနှစ်မှာ စတင်ပိုင်ဆိုင်ခဲ့ဖူးတာပါ။ ပေါ်တိုမှာ လူသိများ ထင်ရှားလာခဲ့တဲ့ ဟာ့လ်ခ်ဟာ ဇင်းနစ်ကနေ ရှန်ဟိုင်းကို ပေါင် ၄၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အာရှစံချိန်တင်ကြေးဖြစ်ခဲ့သလို လက်ရှိမှာလည်း ဒုတိယနေရာမှာ ရပ်တည်နေဆဲဖြစ်ပါတယ်။ ငယ်စဉ်က ဂျပန်မြေမှာ လေးနှစ်ကစားခဲ့ဖူးလို့ အရှေ့တိုင်းနဲ့ မစိမ်းတဲ့ ဘရာဇီးလ်သားကြီးဟာ အသင်းအတွက် ၁၄၅ ပွဲကစားပြီး ၇၇ ဂိုးသွင်းယူခဲ့ပြီး တစ်ပတ်ကို ပေါင် ၃၂၀၀၀၀ အထိ ရရှိခဲ့တာပါ။

၄။ ဆီးဒရစ် ဘာကမ်ဘူး (ပေကျင်း ကောအန်)
၂၀၁၈ ခုနှစ် တရုတ်ဆူပါလိဂ်ရဲ့ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ မြို့တော်ကလပ်အနေနဲ့ သူ့ရဲ့ စာချုပ်လျော်ကြေးကို ပေးချေသွားခဲ့တာဖြစ်ပြီး ဗီလာရီးရဲလ်တို့ ယူရိုသန်း ၄၀ ရရှိခဲ့တာပါ။ ပြင်သစ်လူငယ်ကစားသမားဟောင်းဟာ ဒီမိုကရက်တစ် ကွန်ဂိုပြည်ထောင်စုလက်ရွေးစင်အသင်းကို ရွေးချယ် ထားခဲ့သူဖြစ်ပြီး သူ့ရဲ့ ဂိုးသွင်းမှတ်တမ်းက အထင်ကြီးစရာဖြစ်ခဲ့ချိန်မှာ ပေကျင်း ကောအန်တို့အနေနဲ့ တစ်ပတ်လုပ်ခ ပေါင် ၃၄၁၀၀၀ ပေးချေနေရပါတယ်။

၃။ အော်စကာ (ရှန်ဟိုင်းဆိပ်ကမ်း)
ပရီးမီးယားလိဂ်ကို လွမ်းတယ်လို့ဆိုတဲ့ ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်လူဟောင်းကတော့ အလွမ်းတွေကို ငွေကြေးနဲ့ ကုစားနေဦးမှာပါ။ ၂၀၁၇ ဆောင်းရာသီမှာ တရုတ်ဆူပါလိဂ်ကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့ပြီး သတင်းတွေကတော့ သူ့အတွက် ရှန်ဟိုင်းဆိပ်ကမ်းအနေနဲ့ (ယူရိုသန်း ၆၀/ပေါင်သန်း ၆၀/ပေါင် ၆၇ သန်း) ပေးချေခဲ့ရတယ်လို့ ဝိဝါဒကွဲပြားနေခဲ့ကြပါတယ်။ မိသားစုအတွက် တရုတ်ဆူပါလိဂ်က ငွေကြေးကို ရွေးချယ်ခဲ့တယ်လို့ ဝန်ခံခဲ့တဲ့ အော်စကာဟာ လက်ရှိမှာတော့ တစ်ပတ်လုပ်ခ ပေါင် ၅၀၀၀၀၀ ရရှိနေခဲ့တာလည်းဖြစ်ပါတယ်။

၂။ ကားလို့စ် တီဗက်ဇ် (ရှန်ဟိုင်း ရှင်ဟွာ)
မန်ချက်စတာနှစ်သင်းစလုံးမှာ ကစားခဲ့ဖူးတဲ့ အာဂျင်တီးနားသားကတော့ ဂျူဗင်တပ်စ်ကနေ အမိမြေ ဘိုကာဂျူနီယာအထိ ပြန်ကစားပြီးမှ တရုတ်ပြည်ကို ငွေရှာထွက်ခဲ့သေးတာဖြစ်ပါတယ်။ ရှန်ဟိုင်းကို ရောက်ချိန်မှာ အသက် ၃၂ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ တီဗက်ဇ်ဟာ အဲ့ဒီအချိန်မှာ ကြံ့ခိုင်မှု မပြည့်ဝသလို လိုတာထက်ပိုပြီး ဝဖြိုးနေခဲ့ပြီး ဝေဖန်ခဲ့တဲ့ အသင်းနည်းပြ ဝူချင်းကွေနဲ့ပါ ပြဿနာတက်ခဲ့သေးတာဖြစ်ပါတယ်။ အသင်းမှာ ၇ လသာ ကစားခဲ့ပြီး တစ်ပတ်လုပ်ခ ပေါင် ၆၃၄၆၁၅ ရရှိခဲ့တဲ့ တီဗက်ဇ်ဟာ တရုတ်မှာ အပန်းဖြေ ငွေရှာခဲ့တာလို့ ပြောဖူးခဲ့ကြောင်းလည်း သိရပါတယ်။

၁။ အီဇက်ကီးယဲလ် လာဗက်ဇ် (ဟီပေ FC)
ဟီပေ ချိုင်းနားဖော်ကျွန်းလို့ ခေါ်ခဲ့ဖူးတဲ့ အသင်းဟာ တရုတ်ဆူပါလိဂ်ရဲ့ အချမ်းသာဆုံးအသင်းတွေထဲက တစ်သင်းဖြစ်တယ်ဆိုတာ လာဗက်ဇီနဲ့ ပြသခဲ့ဖူးတာပါ။ ပီအက်စ်ဂျီအသင်းကနေ ယူရို ၅ သန်းခွဲလောက်နဲ့ ပြောင်းရွှေ့ခဲ့ပြီး တစ်နှစ်လုပ်ခ ယူရို ၁၀ သန်းသာ ပေးချေခဲ့ရတယ်လို့ တရားဝင် စာမျက်နှာတွေမှာ ဖော်ပြကြေငြာခဲ့ပေမယ့် Football Leaks ရဲ့ အဆိုအရတော့ အာဂျင်တီးနားသားဟာ ကမ္ဘာ့လုပ်ခအမြင့်မားဆုံးဖြစ်ခဲ့တယ်လို့ သိရပြီး တစ်ပတ်လုပ်ခက ပေါင်ရှစ်သိန်းနဲ့ကပ်နေတဲ့ ၇၉၈၀၀၀ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဥေရာပမွာ ေျခစြမ္းနည္းနည္းျပႏိုင္ၿပီး အသင္းနဲ႔ စာခ်ဳပ္သစ္ အဆင္မေျပဘူး ဘာညာဆိုရင္ ကစားသမားေတြအေနနဲ႔ သိပ္ၿပီး စဥ္းစားေနဖို႔ မလိုပါဘူး။ လစာျမင့္ျမင့္နဲ႔ လြယ္ကူတဲ့ ၿပိဳင္ဘက္ေတြကို ယွဥ္ကစားၿပီး ေဘာ္ခ်က္ခ်င္တယ္ဆိုရင္ တ႐ုတ္ဆူပါလိဂ္က သိပ္ၿပီး အဆင္ေျပပါတယ္။ ပရီးမီးယားလိဂ္လို ၿပိဳင္ပြဲမ်ိဳးကေနေတာင္ သြားကစားၾကေသးတာဆိုေတာ့ သူတို႔ေတြ တစ္ပတ္လုပ္ခ ဘယ္ေလာက္မ်ား ရေနၾကတာလဲ…

၁၀။ မာဟြမ္ ဖယ္လိုင္နီ (ရွန္းတုန္း ထိုက္ရွန္း)
မန္ခ်က္စတာယူႏိုက္တက္ကစားသမားဘဝ ေနာက္ပိုင္းႏွစ္ေတြမွာ အသင္းရႈံးေနခ်ိန္ေတြမွာမွ အတင္းဝင္တိုးဖို႔ အသုံးျပဳခံေနရတဲ့ ဘယ္လ္ဂ်ီယမ္ကြင္းလယ္လူဟာ ေမာ္ရင္ညိဳလက္ထက္မွာ ေကာင္းေကာင္းႀကီး ႐ုန္းကန္ခဲ့ရသူျဖစ္ၿပီး ေနာက္ဆုံးမွာေတာ့ တ႐ုတ္ဆူပါလိဂ္ကို လစာျမင့္ျမင့္နဲ႔ ေငြရွာသြားဖို႔ ဆုံးျဖတ္ခဲ့သူပါ။ ၂၀၁၉ ေဆာင္းရာသီမွာ ေပါင္ ၁၀ သန္းခြဲနဲ႔ အသင္းေျပာင္းလာခဲ့တဲ့ ဖယ္လိုင္နီရဲ႕ တစ္ပတ္လုပ္ခကေတာ့ ေပါင္ ၂၀၅၀၀၀ ပဲျဖစ္ပါတယ္။

၉။ အီဒါ (က်န္ဆူး ဆူးနင္)
အင္တာမီလန္အသင္းမွာ ဘရာဇီးလ္သားဘဝကေန အီတလီႏိုင္ငံသားအျဖစ္ ခံယူခဲ့ၿပီး အဇူရီေတြအတြက္ ၂၆ ပြဲ ကစားေပးခဲ့တဲ့ အီဒါကို မွတ္မိၾကဦးမယ္ထင္ပါတယ္။ ဆူးနင္အုပ္စုက ပိုင္ဆိုင္ထားတဲ့ အင္တာတို႔အေနနဲ႔ သူ႔ကို ညီအစ္မကလပ္ျဖစ္တဲ့ တ႐ုတ္ဆူပါလိဂ္ က်န္းဆူးကို ယူ႐ို ၅ သန္းခြဲနဲ႔ ေရာင္းထုတ္ခဲ့ၿပီး ကိုဗစ္ပ်ံ႕ႏွံ႔ခ်ိန္မွာ စီးပြားေရးမတည္ၿငိမ္ခဲ့တဲ့ သူတို႔အသင္းကို ဖ်က္သိမ္းခ်ိန္မွာေတာ့ ဘရာဇီးလ္ကလပ္ ေဆာ္ေပၚလိုကို ျပန္ၿပီး ေျပာင္းေ႐ႊ႕ခဲ့ရပါတယ္။ ေပါက္ေဖာ္ႀကီးတို႔ဆီမွာ တစ္ပတ္ရခဲ့တဲ့ ေပါင္ ၂၁၃၀၀၀ ကိုေတာ့ သူလြမ္းေနရေတာ့မွာပါ။

၈။ ေပၚလင္ညိဳ (ကြမ္က်ိဳး အဲဗားဂရန္း)
လက္ရွိမွာ ေဆာ္ဒီကလပ္ အယ္လ္အာလီနဲ႔ စာခ်ဳပ္ဖ်က္သိမ္းထားခဲ့တဲ့ စပါးစ္နဲ႔ ဘာစီလိုနာကစားသမားေဟာင္းဟာ ကြမ္က်ိဳးအသင္းရဲ႕ ေရစက္ ႀကီးမားသူျဖစ္ၿပီး သူ႔ရဲ႕ ကစားသမားဘဝမွာ ႏွစ္ႀကိမ္တိတိ ၆ ရာသီ ျဖတ္သန္းခဲ့ဖူးတာျဖစ္ပါတယ္။ တ႐ုတ္ေျမနဲ႔တည့္တဲ့ ဘရာဇီးလ္သားဟာ ၁၇၆ ပြဲမွာ ၇၅ ဂိုးအထိ သြင္းယူေပးႏိုင္ခဲ့ၿပီး ေနာက္ဆုံးအေနနဲ႔ ကြမ္က်ိဳးမွာ တစ္ပတ္လုပ္ခ ေပါင္ ၂၃၀၀၀၀ ရရွိခဲ့သူပါ။

၇။ စတီဖန္ အယ္လ္ရွာရာဝီ (ရွန္ဟိုင္း ရွင္ဟြာ)
ေအစီမီလန္ေတာင္ပံကစားသမားေဟာင္းဟာ ၂၀၁၉ ေႏြရာသီက ရွန္ဟိုင္းကို ယူ႐ို ၁၆ သန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ၿပီး တျခားကစားသမားေတြ လိုေတာ့ ေအာင္ျမင္မႈမ်ိဳး မရွာေဖြႏိုင္ခဲ့သလို ႏွစ္ရာသီအတြင္းမွာ ၁၆ ပြဲသာ ကစားေပးႏိုင္ခဲ့ၿပီး ၂၀၂၁ ေဆာင္းရာသီမွာေတာ့ ႐ိုးမားအသင္းဆီ ျပန္လည္ ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ပါတယ္။ ႏွစ္ရာသီအတြင္းမွာေတာ့ အေတာ္ေလး စုမိေဆာင္းမိရွိခဲ့ပုံေပၚၿပီး တစ္ပတ္လုပ္ခ ေပါင္ ၂၄၇၀၀၀ ရရွိခဲ့တာပါ။

၆။ ဂရာဇီယာႏို ပယ္လီ (ရွန္းတုန္း ထိုက္ရွန္း)
ေဆာက္သမ္တန္အသင္းမွာ ေျခစြမ္းျပႏိုင္ခဲ့တဲ့ ပရီးမီးယားလိဂ္တိုက္စစ္မႉးေဟာင္းနဲ႔ အီတလီလက္ေ႐ြးစင္ရဲ႕ ေ႐ြးခ်ယ္မႈကေတာ့ ဘယ္သူမွ ထင္မွတ္မထားခဲ့တာျဖစ္ၿပီး ၂၀၁၆ ခုႏွစ္မွာ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၂ သန္းနဲ႔ တ႐ုတ္ျပည္ကို ေျခခ်ခဲ့တာပါ။ ရွန္းတုန္းနဲ႔ တစ္ပတ္လုပ္ခ ေပါင္ ၂၆၃၀၀၀ ရရွိခဲ့တဲ့ ပယ္လီဟာ အသင္းအတြက္ ၁၃၃ ပြဲမွာ ၆၃ ဂိုး သြင္းယူေပးႏိုင္ခဲ့ၿပီး ၂၀၂၀-၂၁ ရာသီမွာေတာ့ ပါးမားအသင္းကို ျပန္လည္ေျပာင္းေ႐ႊ႕ခဲ့သလို လက္ရွိမွာေတာ့ အသင္းလက္မဲ့ျဖစ္ေနခဲ့ပါတယ္။

၅။ ဟာ့လ္ခ္ (ရွန္ဟိုင္းဆိပ္ကမ္း)
ရွန္ဟိုင္း SIPG လို႔ ေခၚခဲ့ဖူးတဲ့ ရွန္ဟိုင္းဆိပ္ကမ္းအသင္းကေတာ့ သန္မာလြန္းတဲ့ ဘရာဇီးလ္သားႀကီးကို ၂၁၀၆ ခုႏွစ္မွာ စတင္ပိုင္ဆိုင္ခဲ့ဖူးတာပါ။ ေပၚတိုမွာ လူသိမ်ား ထင္ရွားလာခဲ့တဲ့ ဟာ့လ္ခ္ဟာ ဇင္းနစ္ကေန ရွန္ဟိုင္းကို ေပါင္ ၄၅ သန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ၿပီး အာရွစံခ်ိန္တင္ေၾကးျဖစ္ခဲ့သလို လက္ရွိမွာလည္း ဒုတိယေနရာမွာ ရပ္တည္ေနဆဲျဖစ္ပါတယ္။ ငယ္စဥ္က ဂ်ပန္ေျမမွာ ေလးႏွစ္ကစားခဲ့ဖူးလို႔ အေရွ႕တိုင္းနဲ႔ မစိမ္းတဲ့ ဘရာဇီးလ္သားႀကီးဟာ အသင္းအတြက္ ၁၄၅ ပြဲကစားၿပီး ၇၇ ဂိုးသြင္းယူခဲ့ၿပီး တစ္ပတ္ကို ေပါင္ ၃၂၀၀၀၀ အထိ ရရွိခဲ့တာပါ။

၄။ ဆီးဒရစ္ ဘာကမ္ဘူး (ေပက်င္း ေကာအန္)
၂၀၁၈ ခုႏွစ္ တ႐ုတ္ဆူပါလိဂ္ရဲ႕ အေျပာင္းအေ႐ႊ႕ေနာက္ဆုံးရက္မွာ ၿမိဳ႕ေတာ္ကလပ္အေနနဲ႔ သူ႔ရဲ႕ စာခ်ဳပ္ေလ်ာ္ေၾကးကို ေပးေခ်သြားခဲ့တာျဖစ္ၿပီး ဗီလာရီးရဲလ္တို႔ ယူ႐ိုသန္း ၄၀ ရရွိခဲ့တာပါ။ ျပင္သစ္လူငယ္ကစားသမားေဟာင္းဟာ ဒီမိုကရက္တစ္ ကြန္ဂိုျပည္ေထာင္စုလက္ေ႐ြးစင္အသင္းကို ေ႐ြးခ်ယ္ ထားခဲ့သူျဖစ္ၿပီး သူ႔ရဲ႕ ဂိုးသြင္းမွတ္တမ္းက အထင္ႀကီးစရာျဖစ္ခဲ့ခ်ိန္မွာ ေပက်င္း ေကာအန္တို႔အေနနဲ႔ တစ္ပတ္လုပ္ခ ေပါင္ ၃၄၁၀၀၀ ေပးေခ်ေနရပါတယ္။

၃။ ေအာ္စကာ (ရွန္ဟိုင္းဆိပ္ကမ္း)
ပရီးမီးယားလိဂ္ကို လြမ္းတယ္လို႔ဆိုတဲ့ ခ်ဲလ္ဆီးအသင္းရဲ႕ ကြင္းလယ္လူေဟာင္းကေတာ့ အလြမ္းေတြကို ေငြေၾကးနဲ႔ ကုစားေနဦးမွာပါ။ ၂၀၁၇ ေဆာင္းရာသီမွာ တ႐ုတ္ဆူပါလိဂ္ကို ျမင့္မားတဲ့ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေရာက္ရွိလာခဲ့ၿပီး သတင္းေတြကေတာ့ သူ႔အတြက္ ရွန္ဟိုင္းဆိပ္ကမ္းအေနနဲ႔ (ယူ႐ိုသန္း ၆၀/ေပါင္သန္း ၆၀/ေပါင္ ၆၇ သန္း) ေပးေခ်ခဲ့ရတယ္လို႔ ဝိဝါဒကြဲျပားေနခဲ့ၾကပါတယ္။ မိသားစုအတြက္ တ႐ုတ္ဆူပါလိဂ္က ေငြေၾကးကို ေ႐ြးခ်ယ္ခဲ့တယ္လို႔ ဝန္ခံခဲ့တဲ့ ေအာ္စကာဟာ လက္ရွိမွာေတာ့ တစ္ပတ္လုပ္ခ ေပါင္ ၅၀၀၀၀၀ ရရွိေနခဲ့တာလည္းျဖစ္ပါတယ္။

၂။ ကားလို႔စ္ တီဗက္ဇ္ (ရွန္ဟိုင္း ရွင္ဟြာ)
မန္ခ်က္စတာႏွစ္သင္းစလုံးမွာ ကစားခဲ့ဖူးတဲ့ အာဂ်င္တီးနားသားကေတာ့ ဂ်ဴဗင္တပ္စ္ကေန အမိေျမ ဘိုကာဂ်ဴနီယာအထိ ျပန္ကစားၿပီးမွ တ႐ုတ္ျပည္ကို ေငြရွာထြက္ခဲ့ေသးတာျဖစ္ပါတယ္။ ရွန္ဟိုင္းကို ေရာက္ခ်ိန္မွာ အသက္ ၃၂ ႏွစ္အ႐ြယ္ ရွိေနၿပီျဖစ္တဲ့ တီဗက္ဇ္ဟာ အဲ့ဒီအခ်ိန္မွာ ႀကံ့ခိုင္မႈ မျပည့္ဝသလို လိုတာထက္ပိုၿပီး ဝၿဖိဳးေနခဲ့ၿပီး ေဝဖန္ခဲ့တဲ့ အသင္းနည္းျပ ဝူခ်င္းေကြနဲ႔ပါ ျပႆနာတက္ခဲ့ေသးတာျဖစ္ပါတယ္။ အသင္းမွာ ၇ လသာ ကစားခဲ့ၿပီး တစ္ပတ္လုပ္ခ ေပါင္ ၆၃၄၆၁၅ ရရွိခဲ့တဲ့ တီဗက္ဇ္ဟာ တ႐ုတ္မွာ အပန္းေျဖ ေငြရွာခဲ့တာလို႔ ေျပာဖူးခဲ့ေၾကာင္းလည္း သိရပါတယ္။

၁။ အီဇက္ကီးယဲလ္ လာဗက္ဇ္ (ဟီေပ FC)
ဟီေပ ခ်ိဳင္းနားေဖာ္ကြၽန္းလို႔ ေခၚခဲ့ဖူးတဲ့ အသင္းဟာ တ႐ုတ္ဆူပါလိဂ္ရဲ႕ အခ်မ္းသာဆုံးအသင္းေတြထဲက တစ္သင္းျဖစ္တယ္ဆိုတာ လာဗက္ဇီနဲ႔ ျပသခဲ့ဖူးတာပါ။ ပီအက္စ္ဂ်ီအသင္းကေန ယူ႐ို ၅ သန္းခြဲေလာက္နဲ႔ ေျပာင္းေ႐ႊ႕ခဲ့ၿပီး တစ္ႏွစ္လုပ္ခ ယူ႐ို ၁၀ သန္းသာ ေပးေခ်ခဲ့ရတယ္လို႔ တရားဝင္ စာမ်က္ႏွာေတြမွာ ေဖာ္ျပေၾကျငာခဲ့ေပမယ့္ Football Leaks ရဲ႕ အဆိုအရေတာ့ အာဂ်င္တီးနားသားဟာ ကမာၻ႔လုပ္ခအျမင့္မားဆုံးျဖစ္ခဲ့တယ္လို႔ သိရၿပီး တစ္ပတ္လုပ္ခက ေပါင္ရွစ္သိန္းနဲ႔ကပ္ေနတဲ့ ၇၉၈၀၀၀ ရရွိခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.