Analysis International La Liga Ligue1 Premier League

၂၀၂၁ ရဲ့ ဘယ်လွန်ဒေါဆုကို မက်ဆီရနိုင်တယ်ဆိုတဲ့ အချက် ၅ ချက်

ဒီနှစ်အတွက် ပေးအပ်ချီးမြှင့်မယ့် ဥရောပရွှေဘောလုံး ဘယ်လွန်ဒေါဆုအတွက် ဘောလုံးပရိသတ်တွေကြားမှာတော့ အမြင်တွေ ကွဲပြားနေပြီး ဒီဆုကို အများဆုံး ရယူထားတဲ့ လီယွန်နယ် မက်ဆီကို မရသင့်ဘူးလို့ ပြောနေကြသလို တခြားခြေစွမ်းပြ အောင်မြင်မှုတွေ ရယူထားနိုင်တဲ့ ကစားသမားအသစ်တွေကို ပြောင်းလဲချီးမြှင့်ဖို့ အချိန်တန်ပြီလို့လည်း ဆိုနေခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့် လူသစ်တွေကို ပေးဖို့ဆိုတာက သူတို့တွေရဲ့ တစ်ဦးချင်း စွမ်းဆောင်ရည်၊ အသင်းလိုက် စွမ်းဆောင်ရည်တွေ ပြသထားသလိုပဲ မက်ဆီဘက်ကလည်း ထုတ်Showဖို့ ဖဲချပ်ကြီးကြီးမားမားတွေ ရှိနေတဲ့ အခါမှာ ဒီနှစ်အတွက်က ဘယ်သူဘာပြောပြော သူ့အတွက်ပဲ ဖြစ်လာဦးမလားဆိုတာ အချက် ၅ ချက်နဲ့ သက်သေထူကြည့်ကြရအောင်ပါ။

၅။ ကိုပါအမေရိကဖလားကို ရယူခဲ့တာ
ပြီးခဲ့တဲ့ နှစ်တွေမှာ အိုလံပစ်ရွှေတံဆိပ်ကလွဲလို့ အာဂျင်တီးနားလက်ရွေးစင်အသင်းကြီးနဲ့ ဘာဖလားမှ မရခဲ့တဲ့အတွက် အပြစ်တင်ခံရဆုံးက နည်းပြတွေအပြင် ဦးစားပေးအဖြစ် သူ့ကို ဝန်းရံတည်ဆောက်ခံခဲ့ရတဲ့ မက်ဆီက ပင်တိုင်ဖောက်သည်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ သူတို့တွေနဲ့ ၂၈ နှစ်ကြာ ဝေးကွာနေတဲ့ ကိုပါအမေရိကဖလားကို ဖြူပြာရောင်တွေအနေနဲ့ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး ဒီပြိုင်ပွဲမှာလည်း သူက အကောင်းဆုံးဖြစ်ခဲ့တာပါ။

၂၀၂၁ ခုနှစ်အတွက် ကိုပါအမေရိကဖလားကို ခါးသီးတဲ့ ပြိုင်ဘက် ဘရာဇီးလ်မြေမှာ အရယူနိုင်လိုက်တာက ချိုမြိန်လွန်းခဲ့ပြီး မက်ဆီကတော့ ပြိုင်ပွဲရဲ့ ဂိုးသွင်းဘုရင်ဆု(လူးဝစ် ဒီယက်ဇ်နဲ့ ပူးတွဲ)၊ ဖန်တီးမှုအများဆုံးဆုနဲ့ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆုကို ရယူနိုင်ခဲ့လို့ ဆုဖလားနဲ့အတူ ဒီရာသီ အဖွင့်က သူ့အတွက် လှပခဲ့ပြီး ဘာစီလိုနာနဲ့ ဘာဖလားမှ မရချိန်မှာ ဘယ်လွန်ဒေါဆုအတွက် ထိပ်တန်းကို ပြန်ရောက်လာခဲ့တာဖြစ်ပါတယ်။

၄။ ဘယ်လွန်ဒေါဟာ ဂိုးသွင်းဘုရင်ကို ပေးတဲ့ဆု မဟုတ်တာ
ဘယ်လွန်ဒေါဆုကို ရယူခဲ့ကြတဲ့သူတွေဟာ ဂိုးအများဆုံးသွင်းတဲ့ ဂိုးသွင်းဘုရင်တွေချည်းပဲ မဟုတ်ခဲ့ကြပါဘူး။ ဒီအတွက် ဘိုင်ယန်မြူးနစ်ရဲ့ စံချိန်ချိုး တိုက်စစ်မှူး ရောဘတ် လီဗန်ဒေါ့ဗ်စကီးက ကြီးမားတဲ့ အားသာချက်မျိုး မရယူနိုင်သလို အဖက်ဖက်က အောင်မြင်မှုတွေနဲ့ စွမ်းဆောင်ရည်တွေကို ချိန်ထိုးရဖို့ ဖြစ်လာခဲ့ချိန်မှာ ပိုလန်သားရဲ့ ၄၈ ဂိုးကို မက်ဆီကလည်း ဆယ်ဂိုးအကွာကနေ ၃၈ ဂိုးနဲ့ ကောင်းကောင်းကြီး ပြိုင်ဆိုင်နိုင်ခွင့် ရှိနေခဲ့ပါတယ်။ ဘာစီလိုနာမှာတော့ သူဟာ ၂၀၂၀-၂၁ ရာသီရဲ့ အသင်းဂိုးသွင်းဘုရင်လည်းဖြစ်ခဲ့ပြီး လာလီဂါမှာ ပီချီချီဆုကိုလည်း ရယူနိုင်ခဲ့လို့ ဂုဏ်မငယ်ခဲ့ဘူးလို့လည်း ဆိုနိုင်ပါတယ်။

၃။ လီဗန်ဒေါ့ဗ်စကီးရဲ့ လက်လျှော့စကား
မက်ဆီရဲ့ အဓိက ပြိုင်ဘက်တစ်ယောက်ဖြစ်တဲ့ ပိုလန်စတား လီဗန်ဒေါ့ဗ်စကီးကတော့ သူ့အနေနဲ့ ဒီဆုကို မရနိုင်ဘူးလို့ ထင်မြင်နေပါတယ်။ ပိုလန်အသင်းရဲ့ ပွဲပြီး အင်တာဗျူးမှာ ဘယ်လွန်ဒေါအကြောင်း သိပ်မတွေးဖြစ်တော့ဘဲ တခြားကိစ္စတွေကို အာရုံစိုက်ထားတယ်လို့ပဲ ပြောခဲ့တာပါ။ ဒီဆုကို မလိုချင်ဘူးလို့ မဆိုခဲ့ပေမယ့် မီဒီယာတွေရဲ့ ခန့်မှန်းမှုနဲ့ ပေါက်ကြားမှုတွေအရ သူ့အနေနဲ့ လက်လျှော့လိုက်ပြီလို့ ထုတ်မပြောရုံတမယ် ဆိုခဲ့တာဖြစ်ပြီး လုပ်စရာတွေ အများကြီးရှိသေးတယ်လို့ပဲ ဆိုထားခဲ့တာဖြစ်ပါတယ်။

၂။ ယုံကြည်နိုင်တဲ့ သတင်းရပ်ကွက်
ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေက ယုံကြည်ရတဲ့ သတင်းရင်းမြစ်နှစ်ခုက ဒီဆုကို မက်ဆီကို ပေးလိုက်ပြီလို့ ပေါက်ကြားလာခဲ့ပါတယ်။ ၂၀၂၁ ရဲ့ ဘယ်လွန်ဒေါဆုရှင်က အာဂျင်တီးနား GOAT ပဲလို့ ဆိုခဲ့ပြီး အင်တာနက်သတင်းတွေမှာလည်း ပလူပျံလာခဲ့တာပါ။ တကယ်တမ်း တရားဝင် ကြေငြာတဲ့အခါမှာလည်း ပြင်သစ်ဘောလုံးမဂ္ဂဇင်းရဲ့ ၇ ကြိမ်မြောက်ဆုကို ရရှိလိမ့်မယ်လို့ ပေါ်တူဂီရေဒီယိုသတင်းဌာနဖြစ်တဲ့ RTP က ဖော်ပြသွားခဲ့ပါတယ်။

။ မက်ဆီရဲ့ အသိုင်းအဝိုင်းကပါ သိနေပြီလား
မက်ဆီနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကတော့ ဘယ်လွန်ဒေါဆုကို ရရှိလိမ့်မယ်လို့ အခိုင်အမာ ယုံကြည်ထားတယ်လို့ သတင်းတွေက ဆိုပါတယ်။ သူနဲ့ ရင်းနှီးတဲ့သူတွေကလည်း ဒီဆုကို အာဂျင်တီးနားသားပဲ ရပြီလို့ တောက်လျှောက် ပြောဆိုနေကြတာပါ။ သူသာ ဒီဆုကို တကယ်တမ်းရရှိခဲ့ရင် ဘယ်လို အောင်ပွဲခံကြမလဲဆိုတာကို မိတ်ဆွေတွေက ကြိုတင်စီစဉ်ထားပြီးပြီလို့တောင် တွစ်တာက ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ဖရန်ဆက် အဂွီလာကလည်း ထုတ်ဖော်ရေးသားသွားခဲ့ပါတယ်။

ဒီအချက်တွေက မက်ဆီရဲ့ ခိုင်လုံမဲတွေလို့ ဆိုလို့ရတဲ့ အချက်တွေလည်းဖြစ်ပြီး ချဲလ်ဆီးရဲ့ ချန်ပီယံလိဂ် ခရီးစဉ်မှာ ပါဝင်ခဲ့သလို အီတလီနဲ့လည်း ယူရို ၂၀၂၀ ဖလားကို ဆွတ်ခူးထားတဲ့ ဂျော်ဂျင်ညိုဘက်က ရပ်တည်အားပေးမယ့်၊ မဲပေးမယ့်သူတွေ အင်အားစုစည်းနိုင်ပါ့မလားဆိုတာကိုလည်း စောင့်ကြည့်ရမှာဖြစ်ပြီး နိုဝင်ဘာလ ၂၉ ရက်နေ့မှာတော့ တရားဝင်အဖြေပေါ်တော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီႏွစ္အတြက္ ေပးအပ္ခ်ီးျမႇင့္မယ့္ ဥေရာပေ႐ႊေဘာလုံး ဘယ္လြန္ေဒါဆုအတြက္ ေဘာလုံးပရိသတ္ေတြၾကားမွာေတာ့ အျမင္ေတြ ကြဲျပားေနၿပီး ဒီဆုကို အမ်ားဆုံး ရယူထားတဲ့ လီယြန္နယ္ မက္ဆီကို မရသင့္ဘူးလို႔ ေျပာေနၾကသလို တျခားေျခစြမ္းျပ ေအာင္ျမင္မႈေတြ ရယူထားႏိုင္တဲ့ ကစားသမားအသစ္ေတြကို ေျပာင္းလဲခ်ီးျမႇင့္ဖို႔ အခ်ိန္တန္ၿပီလို႔လည္း ဆိုေနခဲ့ၾကတာျဖစ္ပါတယ္။

ဒါေပမယ့္ လူသစ္ေတြကို ေပးဖို႔ဆိုတာက သူတို႔ေတြရဲ႕ တစ္ဦးခ်င္း စြမ္းေဆာင္ရည္၊ အသင္းလိုက္ စြမ္းေဆာင္ရည္ေတြ ျပသထားသလိုပဲ မက္ဆီဘက္ကလည္း ထုတ္Showဖို႔ ဖဲခ်ပ္ႀကီးႀကီးမားမားေတြ ရွိေနတဲ့ အခါမွာ ဒီႏွစ္အတြက္က ဘယ္သူဘာေျပာေျပာ သူ႔အတြက္ပဲ ျဖစ္လာဦးမလားဆိုတာ အခ်က္ ၅ ခ်က္နဲ႔ သက္ေသထူၾကည့္ၾကရေအာင္ပါ။

၅။ ကိုပါအေမရိကဖလားကို ရယူခဲ့တာ
ၿပီးခဲ့တဲ့ ႏွစ္ေတြမွာ အိုလံပစ္ေ႐ႊတံဆိပ္ကလြဲလို႔ အာဂ်င္တီးနားလက္ေ႐ြးစင္အသင္းႀကီးနဲ႔ ဘာဖလားမွ မရခဲ့တဲ့အတြက္ အျပစ္တင္ခံရဆုံးက နည္းျပေတြအျပင္ ဦးစားေပးအျဖစ္ သူ႔ကို ဝန္းရံတည္ေဆာက္ခံခဲ့ရတဲ့ မက္ဆီက ပင္တိုင္ေဖာက္သည္ျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ ဒီႏွစ္မွာေတာ့ သူတို႔ေတြနဲ႔ ၂၈ ႏွစ္ၾကာ ေဝးကြာေနတဲ့ ကိုပါအေမရိကဖလားကို ျဖဴျပာေရာင္ေတြအေနနဲ႔ ျပန္လည္သိမ္းပိုက္ႏိုင္ခဲ့ၿပီး ဒီၿပိဳင္ပြဲမွာလည္း သူက အေကာင္းဆုံးျဖစ္ခဲ့တာပါ။

၂၀၂၁ ခုႏွစ္အတြက္ ကိုပါအေမရိကဖလားကို ခါးသီးတဲ့ ၿပိဳင္ဘက္ ဘရာဇီးလ္ေျမမွာ အရယူႏိုင္လိုက္တာက ခ်ိဳၿမိန္လြန္းခဲ့ၿပီး မက္ဆီကေတာ့ ၿပိဳင္ပြဲရဲ႕ ဂိုးသြင္းဘုရင္ဆု(လူးဝစ္ ဒီယက္ဇ္နဲ႔ ပူးတြဲ)၊ ဖန္တီးမႈအမ်ားဆုံးဆုနဲ႔ ပြဲစဥ္တစ္ေလွ်ာက္ အေကာင္းဆုံးဆုကို ရယူႏိုင္ခဲ့လို႔ ဆုဖလားနဲ႔အတူ ဒီရာသီ အဖြင့္က သူ႔အတြက္ လွပခဲ့ၿပီး ဘာစီလိုနာနဲ႔ ဘာဖလားမွ မရခ်ိန္မွာ ဘယ္လြန္ေဒါဆုအတြက္ ထိပ္တန္းကို ျပန္ေရာက္လာခဲ့တာျဖစ္ပါတယ္။

၄။ ဘယ္လြန္ေဒါဟာ ဂိုးသြင္းဘုရင္ကို ေပးတဲ့ဆု မဟုတ္တာ
ဘယ္လြန္ေဒါဆုကို ရယူခဲ့ၾကတဲ့သူေတြဟာ ဂိုးအမ်ားဆုံးသြင္းတဲ့ ဂိုးသြင္းဘုရင္ေတြခ်ည္းပဲ မဟုတ္ခဲ့ၾကပါဘူး။ ဒီအတြက္ ဘိုင္ယန္ျမဴးနစ္ရဲ႕ စံခ်ိန္ခ်ိဳး တိုက္စစ္မႉး ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးက ႀကီးမားတဲ့ အားသာခ်က္မ်ိဳး မရယူႏိုင္သလို အဖက္ဖက္က ေအာင္ျမင္မႈေတြနဲ႔ စြမ္းေဆာင္ရည္ေတြကို ခ်ိန္ထိုးရဖို႔ ျဖစ္လာခဲ့ခ်ိန္မွာ ပိုလန္သားရဲ႕ ၄၈ ဂိုးကို မက္ဆီကလည္း ဆယ္ဂိုးအကြာကေန ၃၈ ဂိုးနဲ႔ ေကာင္းေကာင္းႀကီး ၿပိဳင္ဆိုင္ႏိုင္ခြင့္ ရွိေနခဲ့ပါတယ္။ ဘာစီလိုနာမွာေတာ့ သူဟာ ၂၀၂၀-၂၁ ရာသီရဲ႕ အသင္းဂိုးသြင္းဘုရင္လည္းျဖစ္ခဲ့ၿပီး လာလီဂါမွာ ပီခ်ီခ်ီဆုကိုလည္း ရယူႏိုင္ခဲ့လို႔ ဂုဏ္မငယ္ခဲ့ဘူးလို႔လည္း ဆိုႏိုင္ပါတယ္။

၃။ လီဗန္ေဒါ့ဗ္စကီးရဲ႕ လက္ေလွ်ာ့စကား
မက္ဆီရဲ႕ အဓိက ၿပိဳင္ဘက္တစ္ေယာက္ျဖစ္တဲ့ ပိုလန္စတား လီဗန္ေဒါ့ဗ္စကီးကေတာ့ သူ႔အေနနဲ႔ ဒီဆုကို မရႏိုင္ဘူးလို႔ ထင္ျမင္ေနပါတယ္။ ပိုလန္အသင္းရဲ႕ ပြဲၿပီး အင္တာဗ်ဴးမွာ ဘယ္လြန္ေဒါအေၾကာင္း သိပ္မေတြးျဖစ္ေတာ့ဘဲ တျခားကိစၥေတြကို အာ႐ုံစိုက္ထားတယ္လို႔ပဲ ေျပာခဲ့တာပါ။ ဒီဆုကို မလိုခ်င္ဘူးလို႔ မဆိုခဲ့ေပမယ့္ မီဒီယာေတြရဲ႕ ခန႔္မွန္းမႈနဲ႔ ေပါက္ၾကားမႈေတြအရ သူ႔အေနနဲ႔ လက္ေလွ်ာ့လိုက္ၿပီလို႔ ထုတ္မေျပာ႐ုံတမယ္ ဆိုခဲ့တာျဖစ္ၿပီး လုပ္စရာေတြ အမ်ားႀကီးရွိေသးတယ္လို႔ပဲ ဆိုထားခဲ့တာျဖစ္ပါတယ္။

၂။ ယုံၾကည္ႏိုင္တဲ့ သတင္းရပ္ကြက္
ၿပီးခဲ့တဲ့ ရက္သတၱပတ္ေတြက ယုံၾကည္ရတဲ့ သတင္းရင္းျမစ္ႏွစ္ခုက ဒီဆုကို မက္ဆီကို ေပးလိုက္ၿပီလို႔ ေပါက္ၾကားလာခဲ့ပါတယ္။ ၂၀၂၁ ရဲ႕ ဘယ္လြန္ေဒါဆုရွင္က အာဂ်င္တီးနား GOAT ပဲလို႔ ဆိုခဲ့ၿပီး အင္တာနက္သတင္းေတြမွာလည္း ပလူပ်ံလာခဲ့တာပါ။ တကယ္တမ္း တရားဝင္ ေၾကျငာတဲ့အခါမွာလည္း ျပင္သစ္ေဘာလုံးမဂၢဇင္းရဲ႕ ၇ ႀကိမ္ေျမာက္ဆုကို ရရွိလိမ့္မယ္လို႔ ေပၚတူဂီေရဒီယိုသတင္းဌာနျဖစ္တဲ့ RTP က ေဖာ္ျပသြားခဲ့ပါတယ္။

။ မက္ဆီရဲ႕ အသိုင္းအဝိုင္းကပါ သိေနၿပီလား
မက္ဆီနဲ႔ နီးစပ္တဲ့ အသိုင္းအဝိုင္းကေတာ့ ဘယ္လြန္ေဒါဆုကို ရရွိလိမ့္မယ္လို႔ အခိုင္အမာ ယုံၾကည္ထားတယ္လို႔ သတင္းေတြက ဆိုပါတယ္။ သူနဲ႔ ရင္းႏွီးတဲ့သူေတြကလည္း ဒီဆုကို အာဂ်င္တီးနားသားပဲ ရၿပီလို႔ ေတာက္ေလွ်ာက္ ေျပာဆိုေနၾကတာပါ။ သူသာ ဒီဆုကို တကယ္တမ္းရရွိခဲ့ရင္ ဘယ္လို ေအာင္ပြဲခံၾကမလဲဆိုတာကို မိတ္ေဆြေတြက ႀကိဳတင္စီစဥ္ထားၿပီးၿပီလို႔ေတာင္ တြစ္တာက ဂ်ာနယ္လစ္တစ္ဦးျဖစ္တဲ့ ဖရန္ဆက္ အဂြီလာကလည္း ထုတ္ေဖာ္ေရးသားသြားခဲ့ပါတယ္။

ဒီအခ်က္ေတြက မက္ဆီရဲ႕ ခိုင္လုံမဲေတြလို႔ ဆိုလို႔ရတဲ့ အခ်က္ေတြလည္းျဖစ္ၿပီး ခ်ဲလ္ဆီးရဲ႕ ခ်န္ပီယံလိဂ္ ခရီးစဥ္မွာ ပါဝင္ခဲ့သလို အီတလီနဲ႔လည္း ယူ႐ို ၂၀၂၀ ဖလားကို ဆြတ္ခူးထားတဲ့ ေဂ်ာ္ဂ်င္ညိဳဘက္က ရပ္တည္အားေပးမယ့္၊ မဲေပးမယ့္သူေတြ အင္အားစုစည္းႏိုင္ပါ့မလားဆိုတာကိုလည္း ေစာင့္ၾကည့္ရမွာျဖစ္ၿပီး ႏိုဝင္ဘာလ ၂၉ ရက္ေန႔မွာေတာ့ တရားဝင္အေျဖေပၚေတာ့မွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.