La Liga Ligue1

ဘာစီလိုနာလိုမဟုတ်လို့ ပိုချက်တီနိုနဲ့ PSG ဆီမှာ မက်ဆီ မကစားတတ်ကြောင်း အွန်နရီသုံးသပ်

အာဆင်နယ်နဲ့ ပြင်သစ်တိုက်စစ်မှူးဟောင်း သီယာရီ အွန်နရီက လီယွန်နယ် မက်ဆီတစ်ယောက် ပီအက်စ်ဂျီမှာ ရုန်းကန်နေရတာဟာ ပြင်သစ် ကလပ်အသင်းရဲ့ ကွဲပြားပြီး အသားမကျတဲ့ ကစားဟန်တွေကြောင့်ဖြစ်ပြီး သူ့အနေနဲ့ ဒါကို လိုက်လျောညီတွေဖြစ်အောင် ပြောင်းလဲမကစားတတ်သေးဘူးလို့ သုံးသပ်ပြောကြားလိုက်ပါတယ်။

အာဂျင်တီးနား GOAT ဟာ ဘာစီလိုနာမှာ သူမှသူပဲလို့ ဆိုရမယ့်အတိုင်း မက်ဆီလိုနာလို့ ပြောရတဲ့အထိ အောင်မြင်မှုတွေနဲ့ သွင်းဂိုးတွေကို ရယူနိုင်ခဲ့သလို အသက် ၃၃ နှစ်အရွယ်မှာ ကစားခဲ့တဲ့ သူ့ရဲ့ နူးကမ့်က နောက်ဆုံးရာသီမှာလည်း လာလီဂါသွင်းဂိုး ၃၀ အပါအဝင် စုစုပေါင်း ၃၈ ဂိုးအထိ ရှာဖွေပေးနိုင်ခဲ့တာပါ။

ဒါပေမယ့် ပါရီမြို့မှာတော့ နေရထိုင်ရ အသားမကျသေးသလို လွယ်ကူလှပါတယ်လို့ လူတွေက ပြောနေကြပြီး လယ်သမားပြိုင်ပွဲလို့တောင် နှိမ်ချခေါ်ဆိုနေကြတဲ့ လိဂန်(လီဂူးဝမ်း)မှာ သွင်းဂိုးတစ်ဂိုးမှ မရှာဖွေနိုင်သေးဘဲဖြစ်နေသလို အသင်းအတွက် ၈ ပွဲကစားပြီး ၃ ဂိုးသွင်းထားပေမယ့် ချန်ပီယံလိဂ်မှာပဲဖြစ်နေခဲ့ပါတယ်။

ဒီအချိန်မှာ သူနဲ့ ဘာစီလိုနာမှာ ၃ ရာသီ တွဲကစားဖူးပြီး ၂၀၀၈-၀၉ ရာသီမှာ ဆမ်မြူယယ် အီတူးနဲ့အတူ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ အွန်နရီက မက်ဆီရဲ့ လာလီဂါက ခြေစွမ်းတွေကို လိဂန်ဆီ သယ်မလာနိုင်ခဲ့ပုံနဲ့ ပတ်သက်ပြီး အသင်းနှစ်သင်းရဲ့ မတူညီတဲ့ ဘောလုံးအတွေးအခေါ်နဲ့ ဟန်ပန်တွေကို လက်ညှိုးထိုးပြလိုက်တာပါ။

“မက်ဆီဘက်ကရော ပိုချက်တီနိုဘက်ကပါ လိုက်ပြောပေးနေတာတော့ မဟုတ်ဘူး၊ ဒါပေမယ့် ဒီရာသီမှာ နိုင်ငံတကာပြိုင်ပွဲတွေကြောင့် ကစားသမားတွေအနေနဲ့ အသင်းကို နောက်ကျပြီးမှ ရောက်လာခဲ့တယ်။ ပြီးတော့ မက်ဆီအနေနဲ့ အသင်းနဲ့ ပူးပေါင်းပြီး ၃ ရက်ပဲ ကြာသေးတဲ့ အနေအထားမှာ စကစားရတယ်”လို့ အာဆင်နယ်ဂန္ထဝင်က မေရာကို ပြောလိုက်ပါတယ်။

“လက်ရွေးစင်ပွဲကစားပြီး ကလပ်ကို ရောက်လာပြီး တန်းကစားတော့ သူတို့တွေအနေနဲ့ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် နားလည်ဖို့ အချိန်လည်း မရဘူး။ ဘာစီလိုနာမှာက ခင်ဗျား ကစားမယ်ဆိုတာနဲ့ ရီနပ်စ် မီရှယ်နဲ့ ယိုဟန် ခရိုက်ဖ်တို့ ချမှတ်ခဲ့တဲ့ အသင်းရဲ့ အစဉ်အလာနဲ့ ပုံစံကို လိုက်လုပ်ရတယ်။ ပိုချက်တီနိုကတော့ သူ့ကစားသမား ၁၁ ယောက်ကို ဘယ်လိုကစားမလဲ တွေးကောင်းတုန်းပဲ ရှိသေးတယ်လေ”

အွန်နရီရဲ့ မှတ်ချက်တွေမှာ သူတို့ရဲ့ မြို့ခံပြိုင်ဘက်ဟောင်း ပိုချက်တီနိုရဲ့ အန်ဟဲလ် ဒီမာရီယာနဲ့ မော်ရို အီကာဒီတို့ကို နှစ်သက်မှုကိုလည်း သဘောမကျပုံ ပြသခဲ့ပြီး ဒီနှစ်ယောက်ဟာ အာဂျင်တီးနားကစားသမားချင်းပေမယ့် မက်ဆီရဲ့ ကစားပုံကို တိုးတက်လာစေဖို့ အထောက်အကူပြုမှာ မဟုတ်ဘူးလို့လည်း သူက ယူဆနေပါတယ်။

အသက် ၄၉ နှစ်အရွယ် နည်းပြဟာ ထိပ်တန်းကစားသမားတွေကို ကိုင်တွယ်ဖို့ လုံလောက်တဲ့ စီမံခန့်ခွဲနိုင်စွမ်းနဲ့ အရည်အချင်းမရှိဘူးလို့လည်း ဘောလုံးပရိသတ်တွေက ဝေဖန်ကြပြီး ပီအက်စ်ဂျီရဲ့ မင်းသားကွင်းကြီးထဲမှာ အော်ဟစ်အောင်ပွဲခံဖို့အတွက် လူသစ်နဲ့ လူဟောင်းတွေကြားမှာ ဟာမိုနီဖြစ်စေမယ့် နည်းစနစ်နဲ့ ကစားကွက်ကို တည်ဆောက်မပေးနိုင်သေးဘူးလို့လည်း ဆိုနေကြတာပါ။

“ကျွန်တော်တို့က ပီအက်စ်ဂျီလို့ ဆိုလိုက်တာနဲ့ နေမာ၊ အမ်ဘာပေနဲ့ မက်ဆီတို့အကြောင်း စပြောကြရမှာပဲလေ။ ခင်ဗျားအနေနဲ့ ဘောလုံးလောကမှာ ဒီကစားသမားတွေထက် ကောင်းတဲ့သူကို ရှာနိုင်သေးလို့လား”လို့ အွန်နရီက မေးခွန်းထုတ်လိုက်ပြီး ခိုင်မာမှန်ကန်တဲ့ ကစားကွက်ပိုင်းမရှိဘဲ မက်ဆီရော ပိုချက်တီနိုပါ အဆင်ပြေမှာ မဟုတ်ဘူးလို့လည်း ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္နဲ႔ ျပင္သစ္တိုက္စစ္မႉးေဟာင္း သီယာရီ အြန္နရီက လီယြန္နယ္ မက္ဆီတစ္ေယာက္ ပီအက္စ္ဂ်ီမွာ ႐ုန္းကန္ေနရတာဟာ ျပင္သစ္ ကလပ္အသင္းရဲ႕ ကြဲျပားၿပီး အသားမက်တဲ့ ကစားဟန္ေတြေၾကာင့္ျဖစ္ၿပီး သူ႔အေနနဲ႔ ဒါကို လိုက္ေလ်ာညီေတြျဖစ္ေအာင္ ေျပာင္းလဲမကစားတတ္ေသးဘူးလို႔ သုံးသပ္ေျပာၾကားလိုက္ပါတယ္။

အာဂ်င္တီးနား GOAT ဟာ ဘာစီလိုနာမွာ သူမွသူပဲလို႔ ဆိုရမယ့္အတိုင္း မက္ဆီလိုနာလို႔ ေျပာရတဲ့အထိ ေအာင္ျမင္မႈေတြနဲ႔ သြင္းဂိုးေတြကို ရယူႏိုင္ခဲ့သလို အသက္ ၃၃ ႏွစ္အ႐ြယ္မွာ ကစားခဲ့တဲ့ သူ႔ရဲ႕ ႏူးကမ့္က ေနာက္ဆုံးရာသီမွာလည္း လာလီဂါသြင္းဂိုး ၃၀ အပါအဝင္ စုစုေပါင္း ၃၈ ဂိုးအထိ ရွာေဖြေပးႏိုင္ခဲ့တာပါ။

ဒါေပမယ့္ ပါရီၿမိဳ႕မွာေတာ့ ေနရထိုင္ရ အသားမက်ေသးသလို လြယ္ကူလွပါတယ္လို႔ လူေတြက ေျပာေနၾကၿပီး လယ္သမားၿပိဳင္ပြဲလို႔ေတာင္ ႏွိမ္ခ်ေခၚဆိုေနၾကတဲ့ လိဂန္(လီဂူးဝမ္း)မွာ သြင္းဂိုးတစ္ဂိုးမွ မရွာေဖြႏိုင္ေသးဘဲျဖစ္ေနသလို အသင္းအတြက္ ၈ ပြဲကစားၿပီး ၃ ဂိုးသြင္းထားေပမယ့္ ခ်န္ပီယံလိဂ္မွာပဲျဖစ္ေနခဲ့ပါတယ္။

ဒီအခ်ိန္မွာ သူနဲ႔ ဘာစီလိုနာမွာ ၃ ရာသီ တြဲကစားဖူးၿပီး ၂၀၀၈-၀၉ ရာသီမွာ ဆမ္ျမဴယယ္ အီတူးနဲ႔အတူ ေအာင္ျမင္မႈေတြ ရယူႏိုင္ခဲ့တဲ့ အြန္နရီက မက္ဆီရဲ႕ လာလီဂါက ေျခစြမ္းေတြကို လိဂန္ဆီ သယ္မလာႏိုင္ခဲ့ပုံနဲ႔ ပတ္သက္ၿပီး အသင္းႏွစ္သင္းရဲ႕ မတူညီတဲ့ ေဘာလုံးအေတြးအေခၚနဲ႔ ဟန္ပန္ေတြကို လက္ညႇိဳးထိုးျပလိုက္တာပါ။

“မက္ဆီဘက္ကေရာ ပိုခ်က္တီႏိုဘက္ကပါ လိုက္ေျပာေပးေနတာေတာ့ မဟုတ္ဘူး၊ ဒါေပမယ့္ ဒီရာသီမွာ ႏိုင္ငံတကာၿပိဳင္ပြဲေတြေၾကာင့္ ကစားသမားေတြအေနနဲ႔ အသင္းကို ေနာက္က်ၿပီးမွ ေရာက္လာခဲ့တယ္။ ၿပီးေတာ့ မက္ဆီအေနနဲ႔ အသင္းနဲ႔ ပူးေပါင္းၿပီး ၃ ရက္ပဲ ၾကာေသးတဲ့ အေနအထားမွာ စကစားရတယ္”လို႔ အာဆင္နယ္ဂႏၴဝင္က ေမရာကို ေျပာလိုက္ပါတယ္။

“လက္ေ႐ြးစင္ပြဲကစားၿပီး ကလပ္ကို ေရာက္လာၿပီး တန္းကစားေတာ့ သူတို႔ေတြအေနနဲ႔ တစ္ေယာက္ကို တစ္ေယာက္ အျပန္အလွန္ နားလည္ဖို႔ အခ်ိန္လည္း မရဘူး။ ဘာစီလိုနာမွာက ခင္ဗ်ား ကစားမယ္ဆိုတာနဲ႔ ရီနပ္စ္ မီရွယ္နဲ႔ ယိုဟန္ ခ႐ိုက္ဖ္တို႔ ခ်မွတ္ခဲ့တဲ့ အသင္းရဲ႕ အစဥ္အလာနဲ႔ ပုံစံကို လိုက္လုပ္ရတယ္။ ပိုခ်က္တီႏိုကေတာ့ သူ႔ကစားသမား ၁၁ ေယာက္ကို ဘယ္လိုကစားမလဲ ေတြးေကာင္းတုန္းပဲ ရွိေသးတယ္ေလ”

အြန္နရီရဲ႕ မွတ္ခ်က္ေတြမွာ သူတို႔ရဲ႕ ၿမိဳ႕ခံၿပိဳင္ဘက္ေဟာင္း ပိုခ်က္တီႏိုရဲ႕ အန္ဟဲလ္ ဒီမာရီယာနဲ႔ ေမာ္႐ို အီကာဒီတို႔ကို ႏွစ္သက္မႈကိုလည္း သေဘာမက်ပုံ ျပသခဲ့ၿပီး ဒီႏွစ္ေယာက္ဟာ အာဂ်င္တီးနားကစားသမားခ်င္းေပမယ့္ မက္ဆီရဲ႕ ကစားပုံကို တိုးတက္လာေစဖို႔ အေထာက္အကူျပဳမွာ မဟုတ္ဘူးလို႔လည္း သူက ယူဆေနပါတယ္။

အသက္ ၄၉ ႏွစ္အ႐ြယ္ နည္းျပဟာ ထိပ္တန္းကစားသမားေတြကို ကိုင္တြယ္ဖို႔ လုံေလာက္တဲ့ စီမံခန႔္ခြဲႏိုင္စြမ္းနဲ႔ အရည္အခ်င္းမရွိဘူးလို႔လည္း ေဘာလုံးပရိသတ္ေတြက ေဝဖန္ၾကၿပီး ပီအက္စ္ဂ်ီရဲ႕ မင္းသားကြင္းႀကီးထဲမွာ ေအာ္ဟစ္ေအာင္ပြဲခံဖို႔အတြက္ လူသစ္နဲ႔ လူေဟာင္းေတြၾကားမွာ ဟာမိုနီျဖစ္ေစမယ့္ နည္းစနစ္နဲ႔ ကစားကြက္ကို တည္ေဆာက္မေပးႏိုင္ေသးဘူးလို႔လည္း ဆိုေနၾကတာပါ။

“ကြၽန္ေတာ္တို႔က ပီအက္စ္ဂ်ီလို႔ ဆိုလိုက္တာနဲ႔ ေနမာ၊ အမ္ဘာေပနဲ႔ မက္ဆီတို႔အေၾကာင္း စေျပာၾကရမွာပဲေလ။ ခင္ဗ်ားအေနနဲ႔ ေဘာလုံးေလာကမွာ ဒီကစားသမားေတြထက္ ေကာင္းတဲ့သူကို ရွာႏိုင္ေသးလို႔လား”လို႔ အြန္နရီက ေမးခြန္းထုတ္လိုက္ၿပီး ခိုင္မာမွန္ကန္တဲ့ ကစားကြက္ပိုင္းမရွိဘဲ မက္ဆီေရာ ပိုခ်က္တီႏိုပါ အဆင္ေျပမွာ မဟုတ္ဘူးလို႔လည္း ေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.