La Liga

ဟာဇက်အနေနဲ့ ပွဲအခြေအနေကြည့်ပြီး ဉာဏ်သုံးကစားနေပြီဟု ဘန်တီကီ ဘာကြောင့် ပြောခဲ့တာလဲ

အီဒင် ဟာဇက်ဟာ ပြီးခဲ့တဲ့ရာသီတွေက ဒဏ်ရာပြဿနာတွေကြောင့် ပွဲအခြေအနေကို ကြည့်ပြီး မဖြစ်မနေ အံဝင်အောင် လိုက်ကစားနေခဲ့ရတယ်လို့ ဘယ်လ်ဂျီယမ်လက်ရွေးစင်အသင်းဖော် ခရစ်ရှန် ဘန်တီကီက ပြောကြားခဲ့ပါတယ်။

ဘယ်လ်ဂျီယမ်တောင်ပံကြယ်ပွင့်ဟာ ၂၀၁၉ ခုနှစ်မှာ ချဲလ်ဆီးအသင်းကနေ ရီးရဲလ်မက်ဒရစ်အသင်းကို ပေါင် ၉၈ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီးကတည်းက ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရသူဖြစ်ပါတယ်။ ဟာဇက်အနေနဲ့ လက်ရှိအချိန်မှာ ကြံ့ခိုင်မှုပြည့်ဝနေပြီး ယခုရာသီမှာ ပါဝင်ကစားပေးနိုင်တဲ့အခြေအနေမှာ ရှိနေပေမယ့်လည်း ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရတာကြောင့် နည်းပြ အန်ဆယ်လော့တီက မကြာခဏ ၎င်းထက် တခြားကစားသမားတွေကို ပွဲထွက်ပါဝင်စေဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ခရစ္စတယ် ပဲလေ့စ်တိုက်စစ်မှူး ဘန်တီကီက လက်ရှိအချိန်မှာ ဟာဇက်က ကွင်းအတွင်းမှာ ပိုပြီး ပါးပါးနပ်နပ်နဲ့ လှုပ်ရှားနေပြီလို့ ယုံကြည်နေပြီး အရင်တုန်းက ရရှိခဲ့တဲ့ ဒဏ်ရာပြဿနာ သင်ခန်းစာတွေကြောင့် နောက်ထပ် အလားတူအခြေအနေမျိုး ထပ်မဖြစ်အောင် ရှောင်လွှဲကစားနေရတယ်လို့ ပြောကြားခဲ့ပါတယ်။

“ဟာဇက်က အရေးကြီးတဲ့ဒဏ်ရာပြဿနာ သမိုင်းရှိပြီး အခုတော့ သူ ကစားတဲ့ပွဲစဉ်ထဲမှာ ထိတွေ့မှုတွေကို ရှောင်လွှဲပြီး ကစားနေပါပြီ။ ခင်ဗျားမှာ ဒီလိုမျိုး အတိတ် ရှိခဲ့ဖူးတဲ့အခါမှာ ခင်ဗျား မသိစိတ်ထဲမှာ အဲဒီကိစ္စကို တွေးနေမှာပဲ။ ဒါပေမယ့် အဲဒါက မဖြစ်တော့ပါဘူး။ ဘာလို့လဲဆိုတော့ သူက လူ ၅ ယောက်၊ ၆ ယောက်လောက်ကို လိမ်ခေါက်ပြီး မကျော်ဖြတ်ရတော့လို့ပါ”

“ပွဲကောင်း တစ်ပွဲ ဖြစ်လာဖို့အတွက် အဲဒါကို အခု သူလုပ်စရာမလိုအပ်တော့ပါဘူး။ အခုဆိုရင် သူ ကွင်းထဲမှာ ပိုပြီး ပါးပါးနပ်နပ်နဲ့ ကစားနေပါပြီ”လို့ ပြောကြားခဲ့ပါတယ်။ ဗင်နစ်ရှပ်နဲ့ ရိုဒရီဂိုတို့ဟာ ယခုရာသီမှာ ဟာဇက်အစား နည်းပြ အန်ဆယ်လော့တီရဲ့ အလွန်အမင်း အားထားခြင်းကို ခံခဲ့ရသူတွေဖြစ်ပြီး ပြီးခဲ့တဲ့ ၂ ရာသီဟာ ဘယ်လ်ဂျီယမ်ကြယ်ပွင့်အတွက် စိတ်ပျက်စရာရာသီတွေ ဖြစ်ခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဟာဇက် စတင်ရောက်ရှိလာတဲ့ ပထမဆုံးရာသီမှာ လာလီဂါဖလားရရှိခဲ့ပေမယ့်လည်း ဘယ်လ်ဂျီယမ်တောင်ပံကစားသမားက လာလီဂါပွဲစဉ် ၁၆ ပွဲသာ ပါဝင်ကစားပေးနိုင်ခဲ့တာဖြစ်ပြီး ရီးရဲလ်မက်ဒရစ် ဖလားလက်မဲ့ဖြစ်ခဲ့တဲ့ နောက်တစ်နှစ်မှာတော့ ၁၄ ပွဲသာ ပါဝင်ကစားပေးနိုင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ဟာဇက်ဟာ အဲဒီ ညီမျှခြင်းကနေ ရုန်းထွက်နိုင်ဖို့အတွက် တွန်းအားပေးလုပ်ဆောင်နေခဲ့ပြီး ယခုရာသီမှာလည်း ဒဏ်ရာတွေရရှိခဲ့ပေမယ့် အသက် ၃၀ အရွယ်ကစားသမားဟာ ပါဝင်ကစားပေးနိုင်တဲ့အခါမှာ နိုင်ငံအသင်းအတွက်လည်း ပိုမိုကစားပေးနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

ဟာဇက်ဟာ စနေနေ့က အက်စ်တိုးနီးယားကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဘယ်လ်ဂျီယမ်အသင်းအတွက် မိနစ် ၆၀ ကျော်သာ ပါဝင်ကစားပေးခဲ့ပြီး ဝေးလ်စ်နဲ့ကစားမယ့်ပွဲအတွက် ပါဝင်မကစားပေးနိုင်တာကြောင့် နိုင်ငံအသင်းနဲ့ ကလပ်အသင်းကြား ကြိုတင် စီစဉ်မှုရဲ့တစ်စိတ်တပိုင်းအနေနဲ့ မက်ဒရစ်ကို ပြန်လည်စေလွှတ်ခြင်း ခံခဲ့ရသူဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အီဒင္ ဟာဇက္ဟာ ၿပီးခဲ့တဲ့ရာသီေတြက ဒဏ္ရာျပႆနာေတြေၾကာင့္ ပြဲအေျခအေနကို ၾကည့္ၿပီး မျဖစ္မေန အံဝင္ေအာင္ လိုက္ကစားေနခဲ့ရတယ္လို႔ ဘယ္လ္ဂ်ီယမ္လက္ေရြးစင္အသင္းေဖာ္ ခရစ္ရွန္ ဘန္တီကီက ေျပာၾကားခဲ့ပါတယ္။

ဘယ္လ္ဂ်ီယမ္ေတာင္ပံၾကယ္ပြင့္ဟာ ၂၀၁၉ ခုႏွစ္မွာ ခ်ဲလ္ဆီးအသင္းကေန ရီးရဲလ္မက္ဒရစ္အသင္းကို ေပါင္ ၉၈ သန္းနဲ႔ ေျပာင္းေရႊ႕ခဲ့ၿပီးကတည္းက ဒဏ္ရာျပႆနာေတြနဲ႔ ႐ုန္းကန္ခဲ့ရသူျဖစ္ပါတယ္။ ဟာဇက္အေနနဲ႔ လက္ရွိအခ်ိန္မွာ ႀကံ့ခိုင္မႈျပည့္ဝေနၿပီး ယခုရာသီမွာ ပါဝင္ကစားေပးနိုင္တဲ့အေျခအေနမွာ ရွိေနေပမယ့္လည္း ပုံမွန္ေျခစြမ္းရဖို႔ ႐ုန္းကန္ေနရတာေၾကာင့္ နည္းၿပ အန္ဆယ္ေလာ့တီက မၾကာခဏ ၎ထက္ တျခားကစားသမားေတြကို ပြဲထြက္ပါဝင္ေစဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

ခရစၥတယ္ ပဲေလ့စ္တိုက္စစ္မႉး ဘန္တီကီက လက္ရွိအခ်ိန္မွာ ဟာဇက္က ကြင္းအတြင္းမွာ ပိုၿပီး ပါးပါးနပ္နပ္နဲ႔ လႈပ္ရွားေနၿပီလို႔ ယုံၾကည္ေနၿပီး အရင္တုန္းက ရရွိခဲ့တဲ့ ဒဏ္ရာျပႆနာ သင္ခန္းစာေတြေၾကာင့္ ေနာက္ထပ္ အလားတူအေျခအေနမ်ိဳး ထပ္မျဖစ္ေအာင္ ေရွာင္လႊဲကစားေနရတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ဟာဇက္က အေရးႀကီးတဲ့ဒဏ္ရာျပႆနာ သမိုင္းရွိၿပီး အခုေတာ့ သူ ကစားတဲ့ပြဲစဥ္ထဲမွာ ထိေတြ႕မႈေတြကို ေရွာင္လႊဲၿပီး ကစားေနပါၿပီ။ ခင္ဗ်ားမွာ ဒီလိုမ်ိဳး အတိတ္ ရွိခဲ့ဖူးတဲ့အခါမွာ ခင္ဗ်ား မသိစိတ္ထဲမွာ အဲဒီကိစၥကို ေတြးေနမွာပဲ။ ဒါေပမယ့္ အဲဒါက မျဖစ္ေတာ့ပါဘူး။ ဘာလို႔လဲဆိုေတာ့ သူက လူ ၅ ေယာက္၊ ၆ ေယာက္ေလာက္ကို လိမ္ေခါက္ၿပီး မေက်ာ္ျဖတ္ရေတာ့လို႔ပါ”

“ပြဲေကာင္း တစ္ပြဲ ျဖစ္လာဖို႔အတြက္ အဲဒါကို အခု သူလုပ္စရာမလိုအပ္ေတာ့ပါဘူး။ အခုဆိုရင္ သူ ကြင္းထဲမွာ ပိုၿပီး ပါးပါးနပ္နပ္နဲ႔ ကစားေနပါၿပီ”လို႔ ေျပာၾကားခဲ့ပါတယ္။ ဗင္နစ္ရွပ္နဲ႔ ရိုဒရီဂိုတို႔ဟာ ယခုရာသီမွာ ဟာဇက္အစား နည္းၿပ အန္ဆယ္ေလာ့တီရဲ့ အလြန္အမင္း အားထားျခင္းကို ခံခဲ့ရသူေတြျဖစ္ၿပီး ၿပီးခဲ့တဲ့ ၂ ရာသီဟာ ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္အတြက္ စိတ္ပ်က္စရာရာသီေတြ ျဖစ္ခဲ့တာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဟာ ဟာဇက္ စတင္ေရာက္ရွိလာတဲ့ ပထမဆုံးရာသီမွာ လာလီဂါဖလားရရွိခဲ့ေပမယ့္လည္း ဘယ္လ္ဂ်ီယမ္ေတာင္ပံကစားသမားက လာလီဂါပြဲစဥ္ ၁၆ ပြဲသာ ပါဝင္ကစားေပးနိုင္ခဲ့တာျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္ ဖလားလက္မဲ့ျဖစ္ခဲ့တဲ့ ေနာက္တစ္ႏွစ္မွာေတာ့ ၁၄ ပြဲသာ ပါဝင္ကစားေပးနိုင္ခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ဟာဇက္ဟာ အဲဒီ ညီမၽွျခင္းကေန ႐ုန္းထြက္နိုင္ဖို႔အတြက္ တြန္းအားေပးလုပ္ေဆာင္ေနခဲ့ၿပီး ယခုရာသီမွာလည္း ဒဏ္ရာေတြရရွိခဲ့ေပမယ့္ အသက္ ၃၀ အရြယ္ကစားသမားဟာ ပါဝင္ကစားေပးနိုင္တဲ့အခါမွာ နိုင္ငံအသင္းအတြက္လည္း ပိုမိုကစားေပးနိုင္ျခင္းမရွိခဲ့တာျဖစ္ပါတယ္။

ဟာဇက္ဟာ စေနေန႔က အက္စ္တိုးနီးယားကို ၃-၁ နဲ႔ အနိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ဘယ္လ္ဂ်ီယမ္အသင္းအတြက္ မိနစ္ ၆၀ ေက်ာ္သာ ပါဝင္ကစားေပးခဲ့ၿပီး ေဝးလ္စ္နဲ႔ကစားမယ့္ပြဲအတြက္ ပါဝင္မကစားေပးနိုင္တာေၾကာင့္ နိုင္ငံအသင္းနဲ႔ ကလပ္အသင္းၾကား ႀကိဳတင္ စီစဥ္မႈရဲ့တစ္စိတ္တပိုင္းအေနနဲ႔ မက္ဒရစ္ကို ျပန္လည္ေစလႊတ္ျခင္း ခံခဲ့ရသူျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.