Analysis International Premier League

ဟာရီကိန်းရဲ့ စံချိန်တွေနဲ့ ဆန်မာရီနို 0-10 အင်္ဂလန်ပွဲအပြီး မှတ်မှတ်ရရ ပြောစရာ 9 ချက်

ဟာရီကိန်းရဲ့ စံချိန်သစ် ပြက္ခဒိန်
ဆမ်မာရီနိုဘက်ကို လေးဂိုးသွင်းယူနိုင်ခဲ့ပြီး ၂၀၂၁ ခုနှစ်အတွင်း ၁၁ လမြောက်ဖြစ်တဲ့ နိုဝင်ဘာလရဲ့ လတဝက်ကျိုးချိန်မှာ ၁၆ ပွဲကစားပြီး ၁၆ ဂိုး သွင်းယူနိုင်ခဲ့တဲ့ အသင်းခေါင်းဆောင်တိုက်စစ်မှူး ဟာရီကိန်းရဲ့ သွင်းဂိုးမှတ်တမ်းက အင်္ဂလန်အသင်းရဲ့ သမိုင်းတစ်လျှောက်မှာ အမြင့်မားဆုံးစံချိန်လည်း ဖြစ်ခဲ့သလို စပါးစ်အသင်းမှာ ခြေစွမ်းမပြနိုင်သေးတဲ့ ၂၈ နှစ်သားကြီးအတွက်တော့ ယုံကြည်မှု တည်ဆောက်နိုင်ဖို့ အခွင့်အရေးကောင်းတွေ ဖြစ်ခဲ့ပါတယ်။

ဆန်မာရီနိုနဲ့မှ အစွမ်းပြသူတွေ
ဟာရီကိန်းရဲ့ လေးဂိုးသွင်းတဲ့ စံချိန်ဟာ တခြားဥရောပအသင်းငယ်တွေနဲ့ မဟုတ်ဘဲ ဆန်မာရီနိုနဲ့ပွဲမှာ ရရှိခဲ့တာကတော့ တိုက်ဆိုင်မှု တစ်ရပ်လည်းဖြစ်ခဲ့ပါတယ်။ အင်္ဂလန်ရဲ့ လေးဂိုးသွင်းနိုင်သူတွေထဲက တခြားနှစ်ဦးဖြစ်တဲ့ ဒေးဗစ် ပလတ် (၁၉၉၃ ဖေဖော်ဝါရီ)နဲ့ အီယန်ရိုက် (၁၉၉၃ နိုဝင်ဘာ)တို့ဟာ ဆမ်မာရီနိုအသင်းကိုပဲ သွင်းယူခဲ့ကြတာဖြစ်ပြီး ဟာရီကိန်းကလည်း တူညီတဲ့ အသင်းနဲ့မှာ ရရှိနိုင်ခဲ့တာဖြစ်သလို ခြင်္သေ့သုံးကောင်တွေ အားပေးကြမ်းလွန်းတယ်လို့လည်း ဆိုရမှာဖြစ်ပါတယ်။

အာဆင်နယ်ရဲ့ ပြန်လည်တက်လှမ်းမှု
အင်္ဂလန်အသင်းကို တိုးဝင်နိုင်တဲ့ ကစားသမားအများစုကို အာဆင်နယ်တို့ မပိုင်ဆိုင်နိုင်တာက နှစ်တော်တော်ကြာခဲ့ပြီဖြစ်ပြီး ဂျက်ခ် ဝီလ်ရှီးယားနောက်ပိုင်းမှာ အစွမ်းရှိသူဆိုလို့ ဘူကာယို ဆာကာတစ်ယောက်ကိုတောင် ပြီးခဲ့တဲ့ နှစ်တွေက မနည်းပြန်လည်မွေးဖွားခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ နောက်ထပ်အကယ်ဒမီထွက် အီမီးလ် စမစ်ရိုးနဲ့အတူ ရှက်ဖီးလ်ဒ်ယူနိုက်တက်ကနေ ခေါ်ယူထားတဲ့ ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်တို့နှစ်ဦးပါ စုစုပေါင်းသုံးဦးအထိ ပါဝင်နိုင်ခဲ့တာဖြစ်ပြီး ဘရိုက်တန်က ရောက်လာတဲ့ ဘန်ဝှိုက်လည်း ရှိနေလို့ အသင်းကြီးကစားသမားတွေချင်း ယှဉ်ရင် ရှေ့လျှောက် ဂုဏ်ငယ်ရဖို့ မရှိတော့တာလည်းဖြစ်ပါတယ်။

၆၄ နှစ်အကြာမှ နှစ်ပွဲဆက် ဟက်ထရစ်ပေါ်တဲ့ အင်္ဂလန်
အင်္ဂလန်အသင်းရဲ့ တိုက်စစ်မှူးတွေထဲမှာ ဒီနေ့လိုမျိုး နှစ်ပွဲဆက် ဟက်ထရစ်ယူနိုင်တဲ့သူမျိုး မပေါ်ခဲ့တာ ၆၄ နှစ်ကြာပြီဖြစ်ပါတယ်။ အယ်လ်ဘေးနီးယားနဲ့ ဆန်မာရီနိုတို့ကို နှစ်ပွဲပေါင်း ၇ ဂိုးသွင်းခဲ့တဲ့ ဟာရီကိန်းဟာ ဒီစံချိန်ကို ရယူနိုင်သူအဖြစ် ၁၉၀၉ ခုနှစ်က ဗီဗီယန် ဝုဒ်ဝဒ်၊ ၁၉၂၇ ခုနှစ်က ဒစ်ဇီ ဒင်းန်နဲ့ ၁၉၅၇ ခုနှစ်က တွမ်မီ တေလာတို့နောက်ပိုင်း စတုတ္ထမြောက်အဖြစ် မှတ်တမ်းဝင်သွားနိုင်ခဲ့တာပါ။

ခေါင်းတိုက်ကောင်းတဲ့ ခံစစ်ဂိုးသွင်းဘုရင် ခေါင်းကြီး
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံလူ ဟာရီ မက်ဂွိုင်းယားကတော့ ကလပ်အသင်းမှာ ခြေစွမ်းမပြလို့ ဝေဖန်ခံနေခဲ့ရပေမယ့် အင်္ဂလန် လက်ရွေးစင်အသင်းမှာတော့ ၄၁ ပွဲကစား ၇ ဂိုးသွင်းပြီး ခံစစ်မှူးတွေကြားမှာ ဂိုးအများဆုံး သွင်းယူနိုင်သူအဖြစ် ဂျွန်တယ်ရီနဲ့ ဂျက်ခ် ချာလ်တန်တို့ကို ကျော်ပြီး မှတ်တမ်းဝင်သွားနိုင်ခဲ့တာဖြစ်ပါတယ်။ ကြံဖန်ပြီး ဖျက်လိုဖျက်ဆီးပြောရရင်တော့ အခုမှ ခံစစ်ပြောင်းကစားနေတဲ့ တောင်ပံသမားဟောင်း အက်ရှ်လီယန်း ၇ ဂိုးစာရင်းမှာ ရှိသေးတယ်လို့ ကလန်နိုင်ပေမယ့် ခေါင်းကြီးတို့ကတော့ နှစ်ပွဲဆက် ဂိုးသွင်းပြီး တောက်ပနေခဲ့သလို ဒီ ၇ ဂိုးထဲက ၆ ဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။

မြေတောင်မြှောက်တော်တဲ့ ဥယျာဉ်မှူး ဆောက်ဂိတ်
အင်္ဂလန်နည်းပြ ဂါရက်သ် ဆောက်ဂိတ်ကတော့ သူ့ရဲ့ လက်ရွေးစင်အသင်းကို ကစားသမားသစ်တွေ အဆက်မပြတ် ခေါ်သွင်းလာခဲ့ပြီး လွန်ခဲ့တဲ့ ၃ ရက်က အီမီးလ် စမစ်ရိုးကို ထည့်သွင်းခဲ့သလို ဒီနေ့မှာတော့ ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်ကို ပွဲထွက်စေခဲ့ချိန်မှာ ကွန်နာ ဂါလာဂါကိုလည်း လူစားဝင်ကစားခိုင်းခဲ့တာပါ။ ခြင်္သေ့သုံးကောင်တို့ဆီကို သူခေါ်ဆောင်လာတဲ့ ကစားသမားပေါင်းက ဒီနေ့မှာ ၅၀ ဦးအထိ ရှိသွားခဲ့တာဖြစ်ပြီး ကစားသမား ၆၄ ဦးကို ပွဲထွက်ခွင့် ဦးထုပ်ပေးအပ်နိုင်ခဲ့တဲ့ ဆာဘော်ဘီ ရော့ဘ်ဆန်ရဲ့နောက်မှာ ဒုတိယလိုက်ခဲ့တာလည်းဖြစ်ပါတယ်။

ပြိုင်ပွဲကြီးတွေမှာ ဂိုးအပြတ်ဆုံးရလဒ်ကို ဖန်တီးခဲ့တဲ့ အင်္ဂလန်
အင်္ဂလန်အသင်းအနေနဲ့ သူတို့အသင်းရဲ့ သမိုင်းတစ်လျှောက်မှာ အိုင်ယာလန်ကို ဆယ့်သုံးဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ဖူးပေမယ့် ဒါက တရားဝင် အသိအမှတ်ပြုတဲ့ ပြိုင်ပွဲမဟုတ်ခဲ့ဘဲ နောက်ဆုံးစံချိန်ကတော့ ၁၉၈၃ ခုနှစ်က လူဇင်ဘတ်ကို ကိုးဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့စဉ်ကဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဒီစံချိန်ကို ဆန်မာရီနိုနဲ့ပွဲမှာ တစ်ဂိုးအသာနဲ့ ဆယ်ဂိုး-ဂိုးမရှိရလဒ်ကို ရယူချိုးဖျက်ခဲ့တာဖြစ်ပြီး ဒီလိုခြေစစ်ပွဲမျိုးတွေမှာ စုစုပေါင်း သွင်းဂိုးကိုလည်း ၃၈ ဂိုးအထိ ရှာဖွေနိုင်ခဲ့တာက သူတို့ရဲ့ အမြင့်ဆုံးမှတ်တမ်းလည်းဖြစ်ခဲ့ပါတယ်။

ရွန်နီကို ကျော်ပြီး နိုင်ငံ့ဂိုးသွင်းဘုရင်ဖြစ်ဖို့ သိပ်မလိုတော့တဲ့ ဟာရီကိန်း
အင်္ဂလန်အသင်းခေါင်းဆောင်ကတော့ ဒီနေ့ပွဲမှာ သွင်းယူခဲ့တဲ့ လေးဂိုးနဲ့ဆိုရင် ၆၇ ပွဲမှာ သွင်းဂိုး ၄၈ ဂိုးအထိ စုဆောင်းမိသွားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ အယ်လ်ဘေးနီးယားနဲ့ပွဲမှာ ဂျင်မီ ဂရိဗ်စ်ရဲ့ စံချိန်ကို လိုက်မီနိုင်ခဲ့သလို ဒီနေ့မှာလည်း ဂယ်ရီ လိုင်နီကာရဲ့ ပွဲ ၈၀ နဲ့ ရယူထားတဲ့ စံချိန်ကို လျှော့ကစားပြီး လိုက်မီသွားခဲ့တာပါ။ အသက် ၂၈ နှစ်အရွယ်သာ ရှိသေးတဲ့ ဟာရီကိန်းအနေနဲ့ လက်ရွေးစင်အသင်းမှာ နောက်ထပ် လေးနှစ်လောက် ကောင်းကောင်းကစားနိုင်ဦးမှာဖြစ်လို့ ပွဲ ၁၂၀ မှာမှ ၅၃ ဂိုးသွင်းထားတဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း ဝိန်းရွန်နီရဲ့ ထာဝရဂိုးသွင်းစံချိန်ကို နောက်ထပ် ၆ ဂိုးရရင် ကျော်ဖြတ်ပြီး မှတ်တမ်းသစ် ရေးထိုးနိုင်ဖို့ ရှိနေပြီလည်းဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပါဝင်ခွင့် မှတ်တမ်းဟောင်းကို ချိုးဖျက်တဲ့ အင်္ဂလန်
အင်္ဂလန်အသင်းအနေနဲ့ ကျင်းပပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ၂၁ ကြိမ်မှာ ၁၄ ကြိမ် ပါဝင်ကစားထားပြီး စပိန်၊ ပြင်သစ်တို့နဲ့အတူ ၁၅ ကြိမ်မြောက် ယှဉ်ပြိုင်ဖို့ အားကျမခံလုပ်ဆောင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ သူတို့တွေအနေနဲ့ ၁၉၉၈ ပြင်သစ်ကမ္ဘာ့ဖလားကနေ ၂၀၂၂ ကာတာအထိဆိုရင် ၇ ကြိမ်ဆက်တိုက် ပါဝင်နိုင်ခဲ့တာလည်းဖြစ်ပြီး သူတို့ရဲ့ ၁၉၅၀ ကနေ ၁၉၇၀ အထိ ၆ ကြိမ်ဆက်တိုက် ပါဝင်နိုင်ခဲ့တဲ့ စံချိန်ကို နောက်ထပ် မှတ်တမ်းသစ်နဲ့ ကျော်ဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဟာရီကိန္းရဲ႕ စံခ်ိန္သစ္ ျပကၡဒိန္
ဆမ္မာရီႏိုဘက္ကို ေလးဂိုးသြင္းယူႏိုင္ခဲ့ၿပီး ၂၀၂၁ ခုႏွစ္အတြင္း ၁၁ လေျမာက္ျဖစ္တဲ့ ႏိုဝင္ဘာလရဲ႕ လတဝက္က်ိဳးခ်ိန္မွာ ၁၆ ပြဲကစားၿပီး ၁၆ ဂိုး သြင္းယူႏိုင္ခဲ့တဲ့ အသင္းေခါင္းေဆာင္တိုက္စစ္မႉး ဟာရီကိန္းရဲ႕ သြင္းဂိုးမွတ္တမ္းက အဂၤလန္အသင္းရဲ႕ သမိုင္းတစ္ေလွ်ာက္မွာ အျမင့္မားဆုံးစံခ်ိန္လည္း ျဖစ္ခဲ့သလို စပါးစ္အသင္းမွာ ေျခစြမ္းမျပႏိုင္ေသးတဲ့ ၂၈ ႏွစ္သားႀကီးအတြက္ေတာ့ ယုံၾကည္မႈ တည္ေဆာက္ႏိုင္ဖို႔ အခြင့္အေရးေကာင္းေတြ ျဖစ္ခဲ့ပါတယ္။

ဆန္မာရီႏိုနဲ႔မွ အစြမ္းျပသူေတြ
ဟာရီကိန္းရဲ႕ ေလးဂိုးသြင္းတဲ့ စံခ်ိန္ဟာ တျခားဥေရာပအသင္းငယ္ေတြနဲ႔ မဟုတ္ဘဲ ဆန္မာရီႏိုနဲ႔ပြဲမွာ ရရွိခဲ့တာကေတာ့ တိုက္ဆိုင္မႈ တစ္ရပ္လည္းျဖစ္ခဲ့ပါတယ္။ အဂၤလန္ရဲ႕ ေလးဂိုးသြင္းႏိုင္သူေတြထဲက တျခားႏွစ္ဦးျဖစ္တဲ့ ေဒးဗစ္ ပလတ္ (၁၉၉၃ ေဖေဖာ္ဝါရီ)နဲ႔ အီယန္႐ိုက္ (၁၉၉၃ ႏိုဝင္ဘာ)တို႔ဟာ ဆမ္မာရီႏိုအသင္းကိုပဲ သြင္းယူခဲ့ၾကတာျဖစ္ၿပီး ဟာရီကိန္းကလည္း တူညီတဲ့ အသင္းနဲ႔မွာ ရရွိႏိုင္ခဲ့တာျဖစ္သလို ျခေသၤ့သုံးေကာင္ေတြ အားေပးၾကမ္းလြန္းတယ္လို႔လည္း ဆိုရမွာျဖစ္ပါတယ္။

အာဆင္နယ္ရဲ႕ ျပန္လည္တက္လွမ္းမႈ
အဂၤလန္အသင္းကို တိုးဝင္ႏိုင္တဲ့ ကစားသမားအမ်ားစုကို အာဆင္နယ္တို႔ မပိုင္ဆိုင္ႏိုင္တာက ႏွစ္ေတာ္ေတာ္ၾကာခဲ့ၿပီျဖစ္ၿပီး ဂ်က္ခ္ ဝီလ္ရွီးယားေနာက္ပိုင္းမွာ အစြမ္းရွိသူဆိုလို႔ ဘူကာယို ဆာကာတစ္ေယာက္ကိုေတာင္ ၿပီးခဲ့တဲ့ ႏွစ္ေတြက မနည္းျပန္လည္ေမြးဖြားခဲ့ရတာျဖစ္ပါတယ္။ ဒါေပမယ့္ ဒီေန႔မွာေတာ့ ေနာက္ထပ္အကယ္ဒမီထြက္ အီမီးလ္ စမစ္႐ိုးနဲ႔အတူ ရွက္ဖီးလ္ဒ္ယူႏိုက္တက္ကေန ေခၚယူထားတဲ့ ဂိုးသမား အာ႐ြန္ ရမ္းစ္ေဒးလ္တို႔ႏွစ္ဦးပါ စုစုေပါင္းသုံးဦးအထိ ပါဝင္ႏိုင္ခဲ့တာျဖစ္ၿပီး ဘ႐ိုက္တန္က ေရာက္လာတဲ့ ဘန္ဝႈိက္လည္း ရွိေနလို႔ အသင္းႀကီးကစားသမားေတြခ်င္း ယွဥ္ရင္ ေရွ႕ေလွ်ာက္ ဂုဏ္ငယ္ရဖို႔ မရွိေတာ့တာလည္းျဖစ္ပါတယ္။

၆၄ ႏွစ္အၾကာမွ ႏွစ္ပြဲဆက္ ဟက္ထရစ္ေပၚတဲ့ အဂၤလန္
အဂၤလန္အသင္းရဲ႕ တိုက္စစ္မႉးေတြထဲမွာ ဒီေန႔လိုမ်ိဳး ႏွစ္ပြဲဆက္ ဟက္ထရစ္ယူႏိုင္တဲ့သူမ်ိဳး မေပၚခဲ့တာ ၆၄ ႏွစ္ၾကာၿပီျဖစ္ပါတယ္။ အယ္လ္ေဘးနီးယားနဲ႔ ဆန္မာရီႏိုတို႔ကို ႏွစ္ပြဲေပါင္း ၇ ဂိုးသြင္းခဲ့တဲ့ ဟာရီကိန္းဟာ ဒီစံခ်ိန္ကို ရယူႏိုင္သူအျဖစ္ ၁၉၀၉ ခုႏွစ္က ဗီဗီယန္ ဝုဒ္ဝဒ္၊ ၁၉၂၇ ခုႏွစ္က ဒစ္ဇီ ဒင္းန္နဲ႔ ၁၉၅၇ ခုႏွစ္က တြမ္မီ ေတလာတို႔ေနာက္ပိုင္း စတုတၳေျမာက္အျဖစ္ မွတ္တမ္းဝင္သြားႏိုင္ခဲ့တာပါ။

ေခါင္းတိုက္ေကာင္းတဲ့ ခံစစ္ဂိုးသြင္းဘုရင္ ေခါင္းႀကီး
မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ေနာက္ခံလူ ဟာရီ မက္ဂြိဳင္းယားကေတာ့ ကလပ္အသင္းမွာ ေျခစြမ္းမျပလို႔ ေဝဖန္ခံေနခဲ့ရေပမယ့္ အဂၤလန္ လက္ေ႐ြးစင္အသင္းမွာေတာ့ ၄၁ ပြဲကစား ၇ ဂိုးသြင္းၿပီး ခံစစ္မႉးေတြၾကားမွာ ဂိုးအမ်ားဆုံး သြင္းယူႏိုင္သူအျဖစ္ ဂြၽန္တယ္ရီနဲ႔ ဂ်က္ခ္ ခ်ာလ္တန္တို႔ကို ေက်ာ္ၿပီး မွတ္တမ္းဝင္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။ ႀကံဖန္ၿပီး ဖ်က္လိုဖ်က္ဆီးေျပာရရင္ေတာ့ အခုမွ ခံစစ္ေျပာင္းကစားေနတဲ့ ေတာင္ပံသမားေဟာင္း အက္ရွ္လီယန္း ၇ ဂိုးစာရင္းမွာ ရွိေသးတယ္လို႔ ကလန္ႏိုင္ေပမယ့္ ေခါင္းႀကီးတို႔ကေတာ့ ႏွစ္ပြဲဆက္ ဂိုးသြင္းၿပီး ေတာက္ပေနခဲ့သလို ဒီ ၇ ဂိုးထဲက ၆ ဂိုးကို ေခါင္းတိုက္သြင္းယူေပးခဲ့တာလည္းျဖစ္ပါတယ္။

ေျမေတာင္ေျမႇာက္ေတာ္တဲ့ ဥယ်ာဥ္မႉး ေဆာက္ဂိတ္
အဂၤလန္နည္းျပ ဂါရက္သ္ ေဆာက္ဂိတ္ကေတာ့ သူ႔ရဲ႕ လက္ေ႐ြးစင္အသင္းကို ကစားသမားသစ္ေတြ အဆက္မျပတ္ ေခၚသြင္းလာခဲ့ၿပီး လြန္ခဲ့တဲ့ ၃ ရက္က အီမီးလ္ စမစ္႐ိုးကို ထည့္သြင္းခဲ့သလို ဒီေန႔မွာေတာ့ ဂိုးသမား အာ႐ြန္ ရမ္းစ္ေဒးလ္ကို ပြဲထြက္ေစခဲ့ခ်ိန္မွာ ကြန္နာ ဂါလာဂါကိုလည္း လူစားဝင္ကစားခိုင္းခဲ့တာပါ။ ျခေသၤ့သုံးေကာင္တို႔ဆီကို သူေခၚေဆာင္လာတဲ့ ကစားသမားေပါင္းက ဒီေန႔မွာ ၅၀ ဦးအထိ ရွိသြားခဲ့တာျဖစ္ၿပီး ကစားသမား ၆၄ ဦးကို ပြဲထြက္ခြင့္ ဦးထုပ္ေပးအပ္ႏိုင္ခဲ့တဲ့ ဆာေဘာ္ဘီ ေရာ့ဘ္ဆန္ရဲ႕ေနာက္မွာ ဒုတိယလိုက္ခဲ့တာလည္းျဖစ္ပါတယ္။

ၿပိဳင္ပြဲႀကီးေတြမွာ ဂိုးအျပတ္ဆုံးရလဒ္ကို ဖန္တီးခဲ့တဲ့ အဂၤလန္
အဂၤလန္အသင္းအေနနဲ႔ သူတို႔အသင္းရဲ႕ သမိုင္းတစ္ေလွ်ာက္မွာ အိုင္ယာလန္ကို ဆယ့္သုံးဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရရွိခဲ့ဖူးေပမယ့္ ဒါက တရားဝင္ အသိအမွတ္ျပဳတဲ့ ၿပိဳင္ပြဲမဟုတ္ခဲ့ဘဲ ေနာက္ဆုံးစံခ်ိန္ကေတာ့ ၁၉၈၃ ခုႏွစ္က လူဇင္ဘတ္ကို ကိုးဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရခဲ့စဥ္ကျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ ဒီစံခ်ိန္ကို ဆန္မာရီႏိုနဲ႔ပြဲမွာ တစ္ဂိုးအသာနဲ႔ ဆယ္ဂိုး-ဂိုးမရွိရလဒ္ကို ရယူခ်ိဳးဖ်က္ခဲ့တာျဖစ္ၿပီး ဒီလိုေျခစစ္ပြဲမ်ိဳးေတြမွာ စုစုေပါင္း သြင္းဂိုးကိုလည္း ၃၈ ဂိုးအထိ ရွာေဖြႏိုင္ခဲ့တာက သူတို႔ရဲ႕ အျမင့္ဆုံးမွတ္တမ္းလည္းျဖစ္ခဲ့ပါတယ္။

႐ြန္နီကို ေက်ာ္ၿပီး ႏိုင္ငံ့ဂိုးသြင္းဘုရင္ျဖစ္ဖို႔ သိပ္မလိုေတာ့တဲ့ ဟာရီကိန္း
အဂၤလန္အသင္းေခါင္းေဆာင္ကေတာ့ ဒီေန႔ပြဲမွာ သြင္းယူခဲ့တဲ့ ေလးဂိုးနဲ႔ဆိုရင္ ၆၇ ပြဲမွာ သြင္းဂိုး ၄၈ ဂိုးအထိ စုေဆာင္းမိသြားခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ အယ္လ္ေဘးနီးယားနဲ႔ပြဲမွာ ဂ်င္မီ ဂရိဗ္စ္ရဲ႕ စံခ်ိန္ကို လိုက္မီႏိုင္ခဲ့သလို ဒီေန႔မွာလည္း ဂယ္ရီ လိုင္နီကာရဲ႕ ပြဲ ၈၀ နဲ႔ ရယူထားတဲ့ စံခ်ိန္ကို ေလွ်ာ့ကစားၿပီး လိုက္မီသြားခဲ့တာပါ။ အသက္ ၂၈ ႏွစ္အ႐ြယ္သာ ရွိေသးတဲ့ ဟာရီကိန္းအေနနဲ႔ လက္ေ႐ြးစင္အသင္းမွာ ေနာက္ထပ္ ေလးႏွစ္ေလာက္ ေကာင္းေကာင္းကစားႏိုင္ဦးမွာျဖစ္လို႔ ပြဲ ၁၂၀ မွာမွ ၅၃ ဂိုးသြင္းထားတဲ့ မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉးေဟာင္း ဝိန္း႐ြန္နီရဲ႕ ထာဝရဂိုးသြင္းစံခ်ိန္ကို ေနာက္ထပ္ ၆ ဂိုးရရင္ ေက်ာ္ျဖတ္ၿပီး မွတ္တမ္းသစ္ ေရးထိုးႏိုင္ဖို႔ ရွိေနၿပီလည္းျဖစ္ပါတယ္။

ကမာၻ႔ဖလားပါဝင္ခြင့္ မွတ္တမ္းေဟာင္းကို ခ်ိဳးဖ်က္တဲ့ အဂၤလန္
အဂၤလန္အသင္းအေနနဲ႔ က်င္းပၿပီးခဲ့တဲ့ ကမာၻ႔ဖလား ၂၁ ႀကိမ္မွာ ၁၄ ႀကိမ္ ပါဝင္ကစားထားၿပီး စပိန္၊ ျပင္သစ္တို႔နဲ႔အတူ ၁၅ ႀကိမ္ေျမာက္ ယွဥ္ၿပိဳင္ဖို႔ အားက်မခံလုပ္ေဆာင္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။ သူတို႔ေတြအေနနဲ႔ ၁၉၉၈ ျပင္သစ္ကမာၻ႔ဖလားကေန ၂၀၂၂ ကာတာအထိဆိုရင္ ၇ ႀကိမ္ဆက္တိုက္ ပါဝင္ႏိုင္ခဲ့တာလည္းျဖစ္ၿပီး သူတို႔ရဲ႕ ၁၉၅၀ ကေန ၁၉၇၀ အထိ ၆ ႀကိမ္ဆက္တိုက္ ပါဝင္ႏိုင္ခဲ့တဲ့ စံခ်ိန္ကို ေနာက္ထပ္ မွတ္တမ္းသစ္နဲ႔ ေက်ာ္ျဖတ္ခဲ့တာလည္းျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.