International Match Report

ဘူလ်ဂေးရီးယားကို ဂိုးပြတ်သွင်းပြီး ကာတာသွားဖို့ အီတလီကို ကျော်ဖြတ်ခဲ့တဲ့ ဆွစ်ဇာလန်

ဆွစ်ဇာလန်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ အီတလီအသင်းနဲ့ အမှတ်တူဖြစ်နေခဲ့ပြီး ဂိုးကွာခြားချက်နဲ့ Head to Head အရ အဆုံးအဖြတ်ခံရဖို့ ရှိနေတဲ့ အချိန်မှာ ဘူလ်ဂေးရီးယားကို ဖိဖိစီးစီးနဲ့ အနိုင်ကစားဖို့ ပြင်ဆင်လာခဲ့သလို ရှားစ်၊ ဇာကာရီးယား၊ ဖရွိုင်လာ၊ ဗားဂက်စ်၊ ရှာကျီရီနဲ့ ဂါဗရာနိုဗစ်ချ်တို့လို လူကောင်းအများစုကို သုံးစွဲပြီး ပွဲထွက်လာခဲ့ပါတယ်။

မျိုးဆက်ပြတ်သွားခဲ့တဲ့ ဘူလ်ဂေးရီးယားတို့ကတော့ သိပ်ပြီး နာမည်ကြီး ကစားသမားတွေ မရှိခဲ့သလို ခြေစွမ်းကလည်း ကောင်းမွန်ခြင်း မရှိခဲ့တာကြောင့် အုပ်စုက စောစောစီးစီး ထွက်ထားရတဲ့ အသင်းပီပီ ဒီနေ့ပွဲမှာ ဆွစ်ဇာလန်ကို မယှဉ်နိုင်ခဲ့ဘဲ လူဆာန်းမြို့မှာ ပွဲက အိမ်ရှင်တွေအတွက်ပဲ ဖြစ်ခဲ့ပါတယ်။

ပထမပိုင်းအစ ပွဲချိန်သုံးပုံတစ်ပုံလောက်အတွင်းမှာ ဂိုးဝင်နိုင်တဲ့ အခွင့်အရေး သုံးကြိမ်ကို ဘယ်တောင်ပံသမား ဗားဂက်စ်က ဖြုန်းတီးပစ်ခဲ့ပြီး အသင်းခေါင်းဆောင် ရှာကျီရီကို စိတ်ပျက်စေခဲ့သလို ဂါဗရာနိုဗစ်ချ်ရဲ့ အနီးကပ် ကန်ချက်ကိုလည်း ဘူလ်ဂေးရီးယားဂိုးသမား ကာရက်ဇော့ဗ်က ကာကွယ်သွားနိုင်ခဲ့ပါတယ်။

ဗားဂက်စ်ကတော့ နောက်ထပ် အခွင့်အရေးနှစ်ကြိမ်ကို အသုံးမချနိုင်ဘဲ လွဲချော်ခဲ့သလို ပွဲချိန် ၄၄ မိနစ်မှာ လူငယ်တိုက်စစ်မှူး အိုကာဖော်ရဲ့ ကန်ချက်ကလည်း တိုင်ထိထွက်ခဲ့တာကြောင့် ဆွစ်ဇာလန်တို့ နစ်နာခဲ့ရပြီး တစ်ဖက်ပွဲစဉ်က မြောက်အိုင်ယာလန်နဲ့ အီတလီတို့လိုပဲ ပထမပိုင်းမှာ ဂိုးမရှိသရေ ဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ ဆွစ်ဇာလန်တို့ ပိုမိုအကွက်စေ့လာခဲ့ပြီး ဗားဂက်စ်နဲ့ ရှာကျီရီတို့ တွဲဖက်ထိုးဖောက်လာခဲ့ပြီး အသင်းခေါင်းဆောင် ကစားသမားရဲ့ ဖြတ်တင်ဘောကို တိုက်စစ်မှူး ဂါဗရာနိုဗစ်ချ် နေရာယူမမှန်ဘဲ လွဲချော်သွားခဲ့ချိန်မှာ နောက်က ပါလာတဲ့ အိုကာဖော်က ခေါင်းတိုက်ပြီး ပွဲချိန် ၄၈ မိနစ်မှာ အဖွင့်ဂိုး စတင်သွင်းယူနိုင်ခဲ့ပါတယ်။

ဆွစ်ဇာလန်တို့ ဂိုးရသွားပြီးတဲ့နောက် တစ်ဖက်က အီတလီရဲ့ ရလဒ်ကို စောင့်စရာမလိုဘဲ ဂိုးကွာခြားချက်နဲ့ အောင်ပွဲခံနိုင်ဖို့ ဆက်လက်ဖိကစား လာခဲ့ပြီး ပွဲချိန် ၅၇ မိနစ်မှာတော့ ခံစစ်က ကန်တင်လိုက်တဲ့ ဘောလုံးကို ဂါဗရာနိုဗစ်ချ်က ဘူလ်ဂေးရီးယားနောက်ခံလူတွေကြားက ခင်းပေးတာကို ပထမပိုင်းမှာ တစ်ချိန်လုံး ဖြုန်းတီးနေခဲ့တဲ့ ဗားဂက်စ်က ထောင့်ကျဉ်းထဲကို ဘယ်ခြေနဲ့ အနီးကပ်ကန်သွင်းပြီး ဒုတိယဂိုး ရယူနိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဂါဗရာနိုဗစ်ချ်အစား အစ်တင်၊ အိုကာဖော်အစား စတက်ဖင်တို့ ဝင်ရောက်ကစားခဲ့ပြီး ပွဲချိန် ၇၂ မိနစ်မှာတော့ စတင်ဖက်ရဲ့ ညာခြမ်းက ဖြတ်တင်ဘောကို အစ်တင်က ခြောက်ကိုက်စည်းထဲကနေ အနီးကပ်ခေါင်းတိုက်ပြီး လူစားဝင်အတွဲအဖက်က ဆွစ်ဇာလန်တို့အတွက် တတိယဂိုး ရှာဖွေပေးနိုင်ခဲ့တာပါ။

မိနစ် ၉၀ ပြည့်တဲ့အထိ ဆွစ်တို့ သုံးဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပြီး နာကျင်အချိန်ပို ၁ မိနစ်မှာတော့ ဘယ်ခြမ်းကနေ ထိုးဖောက်လာခဲ့တဲ့ ကပ္ပတိန် ရှာကျီရီရဲ့ ဖြတ်တင်ဘောကနေ ကွင်းလယ်လူ ဖရွိုင်လာက ဂိုးဧရိယာထဲမှာ Half Volley ကန်သွင်းပြီး အသင်းအတွက် ပြတ်ပြတ်သားသား အနိုင်ရဖို့ ထပ်ပေါင်းပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ဆွစ်ဇာလန်တို့ လေးဂိုး-ဂိုးမရှိနဲ့ အုပ်စု(C)ရဲ့ ပထမနေရာကို သိမ်းပိုက်နိုင်ခဲ့ပြီး တစ်ဖက်မှာ ဘဲဥမကွဲဘဲ သရေကျခဲ့တဲ့ အီတလီကြောင့် အုပ်စုဗိုလ်အဖြစ် ကာတာကမ္ဘာ့ဖလားကို သွားရောက်ဖို့ ခြေစစ်ပွဲတိုက်ရိုက်အောင်မြင်သွားခဲ့ပြီး ဒီပြိုင်ပွဲကြီးကို နောက်ဆုံး ငါးကြိမ်ဆက် ယှဉ်ပြိုင်နိုင်ခွင့်နဲ့ ဂုဏ်ယူစရာဖြစ်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2ZZ.

ZAWGYI: ဆွစ်ဇာလန်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ အီတလီအသင်းနဲ့ အမှတ်တူဖြစ်နေခဲ့ပြီး ဂိုးကွာခြားချက်နဲ့ Head to Head အရ အဆုံးအဖြတ်ခံရဖို့ ရှိနေတဲ့ အချိန်မှာ ဘူလ်ဂေးရီးယားကို ဖိဖိစီးစီးနဲ့ အနိုင်ကစားဖို့ ပြင်ဆင်လာခဲ့သလို ရှားစ်၊ ဇာကာရီးယား၊ ဖရွိုင်လာ၊ ဗားဂက်စ်၊ ရှာကျီရီနဲ့ ဂါဗရာနိုဗစ်ခ်ျတို့လို လူကောင်းအများစုကို သုံးစွဲပြီး ပွဲထွက်လာခဲ့ပါတယ်။


ပထမပိုင်းအစ ပွဲချိန်သုံးပုံတစ်ပုံလောက်အတွင်းမှာ ဂိုးဝင်နိုင်တဲ့ အခွင့်အရေး သုံးကြိမ်ကို ဘယ်တောင်ပံသမား ဗားဂက်စ်က ဖြုန်းတီးပစ်ခဲ့ပြီး အသင်းခေါင်းဆောင် ရှာကျီရီကို စိတ်ပျက်စေခဲ့သလို ဂါဗရာနိုဗစ်ခ်ျရဲ့ အနီးကပ် ကန်ချက်ကိုလည်း ဘူလ်ဂေးရီးယားဂိုးသမား ကာရက်ဇော့ဗ်က ကာကွယ်သွားနိုင်ခဲ့ပါတယ်။


ဒုတိယပိုင်းမှာတော့ ဆွစ်ဇာလန်တို့ ပိုမိုအကွက်စေ့လာခဲ့ပြီး ဗားဂက်စ်နဲ့ ရှာကျီရီတို့ တွဲဖက်ထိုးဖောက်လာခဲ့ပြီး အသင်းခေါင်းဆောင် ကစားသမားရဲ့ ဖြတ်တင်ဘောကို တိုက်စစ်မှူး ဂါဗရာနိုဗစ်ခ်ျ နေရာယူမမှန်ဘဲ လွဲချော်သွားခဲ့ချိန်မှာ နောက်က ပါလာတဲ့ အိုကာဖော်က ခေါင်းတိုက်ပြီး ပွဲချိန် ၄၈ မိနစ်မှာ အဖွင့်ဂိုး စတင်သွင်းယူနိုင်ခဲ့ပါတယ်။

ဆွစ်ဇာလန်တို့ ဂိုးရသွားပြီးတဲ့နောက် တစ်ဖက်က အီတလီရဲ့ ရလဒ်ကို စောင့်စရာမလိုဘဲ ဂိုးကွာခြားချက်နဲ့ အောင်ပွဲခံနိုင်ဖို့ ဆက်လက်ဖိကစား လာခဲ့ပြီး ပွဲချိန် ၅၇ မိနစ်မှာတော့ ခံစစ်က ကန်တင်လိုက်တဲ့ ဘောလုံးကို ဂါဗရာနိုဗစ်ခ်ျက ဘူလ်ဂေးရီးယားနောက်ခံလူတွေကြားက ခင်းပေးတာကို ပထမပိုင်းမှာ တစ်ချိန်လုံး ဖြုန်းတီးနေခဲ့တဲ့ ဗားဂက်စ်က ထောင့်ကျဉ်းထဲကို ဘယ်ခြေနဲ့ အနီးကပ်ကန်သွင်းပြီး ဒုတိယဂိုး ရယူနိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဂါဗရာနိုဗစ်ခ်ျအစား အစ်တင်၊ အိုကာဖော်အစား စတက်ဖင်တို့ ဝင်ရောက်ကစားခဲ့ပြီး ပွဲချိန် ၇၂ မိနစ်မှာတော့ စတင်ဖက်ရဲ့ ညာခြမ်းက ဖြတ်တင်ဘောကို အစ်တင်က ခြောက်ကိုက်စည်းထဲကနေ အနီးကပ်ခေါင်းတိုက်ပြီး လူစားဝင်အတွဲအဖက်က ဆွစ်ဇာလန်တို့အတွက် တတိယဂိုး ရှာဖွေပေးနိုင်ခဲ့တာပါ။



REF: INTERNET SOURCES
SPORTS A2ZZ.