Premier League

တူဟယ်ရဲ့ အိပ်မက်အသင်းကို ပေးနိုင်မယ့် သဘောတူညီမှု ၃ ခုအထိ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ မာရီနာ

ချဲလ်ဆီးအသင်းဟာ နည်းပြ သောမတ်စ် တူဟယ်ရဲ့ အနှစ်သက်ဆုံးကစားသမားကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးပမ်းနေပြီး လာမယ့်ဇန်နဝါရီလမှာလည်း နာမည်ကြီးကစားသမား ခေါ်ယူမှု ၂ ခုကို ပြုလုပ်သွားဖို့ ကြိုးပမ်းနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ၁၁ ပွဲကနေ ၂၆ မှတ်အထိ ရယူထားနိုင်ခဲ့ပြီးနောက် အမှတ်ပေးဇယားကို ဦးဆောင်နေတာဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ရှုံးထွက်အဆင့်ကို တက်ရောက်ဖို့ ကျိန်းသေသလောက် နီးစပ်နေတာဖြစ်ပါတယ်။ ဒါ့အပြင် ချဲလ်ဆီးဟာ လိဂ်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဘရန့်ဖို့ဒ်အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနည်းဆုံးတော့ ဒီရာသီမှာ ဖလား ၁ လုံးထက်ပိုပြီး ရရှိလိမ့်မယ်ဆိုတဲ့ မြင့်မားတဲ့မျှော်လင့်ချက်ရှိနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း တူဟယ်ဟာ အသင်းလူစာရင်းထဲက ၎င်းရဲ့ ရွေးချယ်စရာတွေကို ပိုမိုအင်အားတောင့်တင်းအောင် နောက်ထပ် လူအင်အားဖြည့်တင်းဖို့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ကြိုးပမ်းနေဆဲဖြစ်တယ်လို့ သိရပြီး Marca ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးအသင်းဒါရိုက်တာ မာရီနာ ဂရာနော့ဗ်စကားယာဟာ ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မတိုင်မီ ကစားသမားခေါ်ယူမှုအများအပြားပြုလုပ်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။

ချဲလ်ဆီးအသင်းဟာ ခံစစ်ပိုင်းမှာ ယှဉ်ပြိုင်မှု တိုးမြှင့်နိုင်ဖို့အတွက် ဒီ လိုက်တ် သို့မဟုတ် ကွန်ဒေးတို့ထဲက တစ်ဦးဦးကို ခေါ်ယူသွားဖို့ ကြိုးပမ်းနေတယ်လို့ ယင်းသတင်းက ဖော်ပြခဲ့ပြီး ဆီးဗီးလားနောက်ခံကစားသမားဟာ တူဟယ်ရဲ့ နံပါတ် ၁ ဦးစားပေးခေါ်ယူမှုအဖြစ် ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

စပိန်လာလီဂါအသင်းက ကွန်ဒေးရဲ့ စာချုပ်လျော်ကြေး ပေါင် ၆၈.၇ သန်း ပေးချေမယ်ဆိုမှသာ ရောင်းထုတ်သွားဖို့ ဆန္ဒရှိနေတာဖြစ်ပြီး ချဲလ်ဆီးအသင်းကလည်း အဲဒီပမာဏလောက်ကို ပေးချေလိုတဲ့ဆန္ဒမရှိနေတာဖြစ်ပါတယ်။ ကွန်ဒေးဟာ ချဲလ်ဆီးကို ပြောင်းရွှေ့နိုင်ခြေ ပျက်ပြယ်သွားခဲ့တဲ့အတွက် စိတ်ပျက်ခဲ့ရတယ်ဆိုတာကို ပြင်သစ်ရုပ်သံဌာန TF1 နဲ့ တွေ့ဆုံရာမှာ အတည်ပြုပြောကြားခဲ့ပြီး “ဒီနွေရာသီမှာ ချဲလ်ဆီးအသင်းကို ကျွန်တော့်ရဲ့ အပြောင်းအရွှေ့မအောင်မြင်ခဲ့တာက ကျွန်တော့်အပေါ် အကျိုးသက်ရောက်မှုရှိခဲ့လားဆိုရင် နည်းနည်းရှိခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ အဲဒါက သက်သာသွားပါပြီ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်း တူဟယ်ရဲ့ လူစာရင်းကို အင်အားပိုမိုတောင့်တင်းလာဖို့ ယူရို ၂၀၂၀ ချန်ပီယံ နာပိုလီကြယ်ပွင့် လိုရန်းဇိုး အင်ဆစ်ဂ်ညီကိုလည်း ခေါ်ယူသွားဖို့ ကြိုးပမ်းနေတယ်လို့ သိရပြီး အီတလီကွင်းလယ်ကစားသမားဟာ အငှားထွက်ကစားခဲ့တဲ့အချိန်အနည်းငယ်ကလွဲပြီး ၎င်းရဲ့ ကစားသမားဘဝတလျှောက်လုံးကို နေပယ်လ်မှာ ရှိနေခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့်လည်း နာပိုလီတောင်ပံကြယ်ပွင့်ဟာ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေပြီဖြစ်တာကြောင့် အသင်းနဲ့ လမ်းခွဲမှုဟာ ဖြစ်ပေါ်လာတော့မယ်ဆိုတဲ့ ခံစားချက်တွေကလည်း ကြီးထွားလာနေတာဖြစ်ပါတယ်။

နာပိုလီနဲ့ အင်ဆစ်ဂ်ညီတို့ဟာ စာချုပ်သစ်အတွက် ဘုံသဘောတူညီမှုရရှိဖို့ ဆက်လက်ကြိုးပမ်းနေကြဆဲဖြစ်ပြီး အီတလီတောင်ပံကစားသမားက စာချုပ်သစ် မချုပ်ဆိုမီ နာပိုလီအသင်းရဲ့ရည်မှန်းချက်နဲ့ပတ်သက်ပြီး သက်သေပြသတာကို လိုချင်နေတာဖြစ်ပါတယ်။ ဒါကြောင့် အင်ဆစ်ဂ်ညီဟာ လာမယ့်ဒီဇင်ဘာလကုန်အထိ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု မရရှိသေးဘူးဆိုရင် ဇန်နဝါရီလမှာ ပြည်ပကလပ်တွေနဲ့ အကြိုသဘောတူညီစာချုပ် ချုပ်ဆိုနိုင်တော့မှာဖြစ်တာကြောင့် ချဲလ်ဆီးအသင်းက အသက် ၃၀ အရွယ်တောင်ပံကစားသမားကို စျေးသက်သက်သာသာနဲ့ ခေါ်ယူဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

ဆောင်းရာသီ အပြောင်းအရွှေ့ကာလရဲ့ တတိယမြောက် သဘောတူညီမှုကတော့ အသိသာအထင်ရှားဆုံးဖြစ်တယ်လို့ ပြောနိုင်ပြီး ရူဒီဂါဟာ လက်ရှိမှာ ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်းတိုးဖို့အတွက် အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။ ဂျာမန်နောက်ခံကစားသမားဟာ ချဲလ်ဆီးဗဟိုခံစစ်မှာ ခရစ္စတင်ဆန်၊ သီယာဂို ဆေးလ်ဗားတို့နဲ့အတူ တောင့်တင်းတဲ့တွဲဘက်ဖြစ်လာခဲ့သူဖြစ်ပြီး ဂိုးသမား အေဒူယာ မန်ဒီကို ယခုရာသီ ပရီးမီးယားလိဂ် ၁၀ ပွဲမှာ ၆ ပွဲအထိ ပေးဂိုးမရှိအောင် ကူညီပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။

ရူဒီဂါရဲ့ လက်ရှိစာချုပ်ဟာ လာမယ့်ဇွန်လမှာ ကုန်ဆုံးတော့မှာဖြစ်တာကြောင့် ထိပ်တန်းအသင်းအများအပြားဟာ ခေါ်ယူဖို့ ကြိုးပမ်းနေကြတာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်တို့လို ဥရောပအင်အားကြီးအသင်းတွေတောင် စိတ်ဝင်စားမှု ပြသခဲ့ကြတာဖြစ်ပါတယ်။

Gazzetta dello Sport ရဲ့ ဖော်ပြချက်အရ အင်တာမီလန်ဟာ ရူဒီဂါကို ခေါ်ယူဖို့အတွက် စဉ်းစားနေပေမယ့် ဂျာမနီလက်ရွေးစင်နောက်ခံကစားသမားရဲ့ လစာပမာဏတောင်းဆိုမှုဟာ အသင်းမှာ ခွင့်ပြုနိုင်တဲ့ပမာဏထက် အများကြီး ကျော်လွန်နေတယ်လို့ ယင်းသတင်းက ဖော်ပြခဲ့ပါတယ်။

အဲဒါကြောင့် ရူဒီဂါဟာ အသင်းပြောင်းမယ့်အစား စတမ်းဖို့ဒ် ဘရစ်ချ်မှာပဲ စာချုပ်သစ် ချုပ်ဆိုသွားတော့မှာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး တနင်္ဂနွေနေ့က အနာဂတ်နဲ့ပတ်သက်ပြီး ဆွေးနွေးရာမှာ ချဲလ်ဆီးနောက်ခံကစားသမားက “အခုထိတော့ ကျွန်တော် လက်ရှိဖြစ်ပျက်နေတဲ့အပေါ်မှာပဲ အာရုံစိုက်နေပါတယ်။ ကျွန်တော် အသင်းနဲ့ နည်းပြအပေါ်ကို အကြွေးတင်နေပါတယ်”

ဘွန်ဒက်စ်လီဂါကို ပြန်လည်ပြောင်းရွှေ့နိုင်ခြေနဲ့ပတ်သက်ပြီး မေးမြန်းခံရချိန်မှာလည်း ရူဒီဂါက သောင်မတင်ရေမကျသာ ဖြေသွားခဲ့ပြီး “ကျွန်တော် လက်ရှိ ချဲလ်ဆီးအသင်းအပေါ်မှာပဲ အာရုံစိုက်နေပါတယ်။ ဘာတွေ ဖြစ်လာမလဲ ကြည့်ကြတာပေါ့”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးအသင္းဟာ နည္းၿပ ေသာမတ္စ္ တူဟယ္ရဲ့ အႏွစ္သက္ဆုံးကစားသမားကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ႀကိဳးပမ္းေနၿပီး လာမယ့္ဇန္နဝါရီလမွာလည္း နာမည္ႀကီးကစားသမား ေခၚယူမႈ ၂ ခုကို ျပဳလုပ္သြားဖို႔ ႀကိဳးပမ္းေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္ ၁၁ ပြဲကေန ၂၆ မွတ္အထိ ရယူထားနိုင္ခဲ့ၿပီးေနာက္ အမွတ္ေပးဇယားကို ဦးေဆာင္ေနတာျဖစ္ၿပီး ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာလည္း ရႈံးထြက္အဆင့္ကို တက္ေရာက္ဖို႔ က်ိန္းေသသေလာက္ နီးစပ္ေနတာျဖစ္ပါတယ္။ ဒါ့အျပင္ ခ်ဲလ္ဆီးဟာ လိဂ္ဖလား ကြာတားဖိုင္နယ္ပြဲစဥ္အျဖစ္ ဘရန႔္ဖို႔ဒ္အိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး အနည္းဆုံးေတာ့ ဒီရာသီမွာ ဖလား ၁ လုံးထက္ပိုၿပီး ရရွိလိမ့္မယ္ဆိုတဲ့ ျမင့္မားတဲ့ေမၽွာ္လင့္ခ်က္ရွိေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း တူဟယ္ဟာ အသင္းလူစာရင္းထဲက ၎ရဲ့ ေရြးခ်ယ္စရာေတြကို ပိုမိုအင္အားေတာင့္တင္းေအာင္ ေနာက္ထပ္ လူအင္အားျဖည့္တင္းဖို႔ ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ ႀကိဳးပမ္းေနဆဲျဖစ္တယ္လို႔ သိရၿပီး Marca ရဲ့ ေဖာ္ျပခ်က္အရ ခ်ဲလ္ဆီးအသင္းဒါရိုက္တာ မာရီနာ ဂရာေနာ့ဗ္စကားယာဟာ ဇန္နဝါရီအေျပာင္းအေရႊ႕ေစ်းကြက္မတိုင္မီ ကစားသမားေခၚယူမႈအမ်ားအျပားျပဳလုပ္ဖို႔ နီးစပ္ေနၿပီလို႔ သိရပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ခံစစ္ပိုင္းမွာ ယွဥ္ၿပိဳင္မႈ တိုးျမႇင့္နိုင္ဖို႔အတြက္ ဒီ လိုက္တ္ သို႔မဟုတ္ ကြန္ေဒးတို႔ထဲက တစ္ဦးဦးကို ေခၚယူသြားဖို႔ ႀကိဳးပမ္းေနတယ္လို႔ ယင္းသတင္းက ေဖာ္ျပခဲ့ၿပီး ဆီးဗီးလားေနာက္ခံကစားသမားဟာ တူဟယ္ရဲ့ နံပါတ္ ၁ ဦးစားေပးေခၚယူမႈအျဖစ္ ရွိေနဆဲျဖစ္တယ္လို႔ သိရပါတယ္။

စပိန္လာလီဂါအသင္းက ကြန္ေဒးရဲ့ စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္ ၆၈.၇ သန္း ေပးေခ်မယ္ဆိုမွသာ ေရာင္းထုတ္သြားဖို႔ ဆႏၵရွိေနတာျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းကလည္း အဲဒီပမာဏေလာက္ကို ေပးေခ်လိုတဲ့ဆႏၵမရွိေနတာျဖစ္ပါတယ္။ ကြန္ေဒးဟာ ခ်ဲလ္ဆီးကို ေျပာင္းေရႊ႕နိုင္ေၿခ ပ်က္ျပယ္သြားခဲ့တဲ့အတြက္ စိတ္ပ်က္ခဲ့ရတယ္ဆိုတာကို ျပင္သစ္႐ုပ္သံဌာန TF1 နဲ႔ ေတြ႕ဆုံရာမွာ အတည္ျပဳေျပာၾကားခဲ့ၿပီး “ဒီေႏြရာသီမွာ ခ်ဲလ္ဆီးအသင္းကို ကၽြန္ေတာ့္ရဲ့ အေျပာင္းအေရႊ႕မေအာင္ျမင္ခဲ့တာက ကၽြန္ေတာ့္အေပၚ အက်ိဳးသက္ေရာက္မႈရွိခဲ့လားဆိုရင္ နည္းနည္းရွိခဲ့ပါတယ္။ ဒါေပမယ့္ အခုေတာ့ အဲဒါက သက္သာသြားပါၿပီ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္း တူဟယ္ရဲ့ လူစာရင္းကို အင္အားပိုမိုေတာင့္တင္းလာဖို႔ ယူရို ၂၀၂၀ ခ်န္ပီယံ နာပိုလီၾကယ္ပြင့္ လိုရန္းဇိုး အင္ဆစ္ဂ္ညီကိုလည္း ေခၚယူသြားဖို႔ ႀကိဳးပမ္းေနတယ္လို႔ သိရၿပီး အီတလီကြင္းလယ္ကစားသမားဟာ အငွားထြက္ကစားခဲ့တဲ့အခ်ိန္အနည္းငယ္ကလြဲၿပီး ၎ရဲ့ ကစားသမားဘဝတေလၽွာက္လုံးကို ေနပယ္လ္မွာ ရွိေနခဲ့သူျဖစ္ပါတယ္။ ဒါေပမယ့္လည္း နာပိုလီေတာင္ပံၾကယ္ပြင့္ဟာ စာခ်ဳပ္သက္တမ္း ေနာက္ဆုံးႏွစ္ထဲကို ေရာက္ရွိေနၿပီျဖစ္တာေၾကာင့္ အသင္းနဲ႔ လမ္းခြဲမႈဟာ ျဖစ္ေပၚလာေတာ့မယ္ဆိုတဲ့ ခံစားခ်က္ေတြကလည္း ႀကီးထြားလာေနတာျဖစ္ပါတယ္။

နာပိုလီနဲ႔ အင္ဆစ္ဂ္ညီတို႔ဟာ စာခ်ဳပ္သစ္အတြက္ ဘုံသေဘာတူညီမႈရရွိဖို႔ ဆက္လက္ႀကိဳးပမ္းေနၾကဆဲျဖစ္ၿပီး အီတလီေတာင္ပံကစားသမားက စာခ်ဳပ္သစ္ မခ်ဳပ္ဆိုမီ နာပိုလီအသင္းရဲ့ရည္မွန္းခ်က္နဲ႔ပတ္သက္ၿပီး သက္ေသျပသတာကို လိုခ်င္ေနတာျဖစ္ပါတယ္။ ဒါေၾကာင့္ အင္ဆစ္ဂ္ညီဟာ လာမယ့္ဒီဇင္ဘာလကုန္အထိ အသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ သေဘာတူညီမႈ မရရွိေသးဘူးဆိုရင္ ဇန္နဝါရီလမွာ ျပည္ပကလပ္ေတြနဲ႔ အႀကိဳသေဘာတူညီစာခ်ဳပ္ ခ်ဳပ္ဆိုနိုင္ေတာ့မွာျဖစ္တာေၾကာင့္ ခ်ဲလ္ဆီးအသင္းက အသက္ ၃၀ အရြယ္ေတာင္ပံကစားသမားကို ေစ်းသက္သက္သာသာနဲ႔ ေခၚယူဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ပါတယ္။

ေဆာင္းရာသီ အေျပာင္းအေရႊ႕ကာလရဲ့ တတိယေျမာက္ သေဘာတူညီမႈကေတာ့ အသိသာအထင္ရွားဆုံးျဖစ္တယ္လို႔ ေျပာနိုင္ၿပီး ႐ူဒီဂါဟာ လက္ရွိမွာ ခ်ဲလ္ဆီးနဲ႔ စာခ်ဳပ္သက္တမ္းတိုးဖို႔အတြက္ အဆင္သင့္ျဖစ္ေနၿပီလို႔ သိရပါတယ္။ ဂ်ာမန္ေနာက္ခံကစားသမားဟာ ခ်ဲလ္ဆီးဗဟိုခံစစ္မွာ ခရစၥတင္ဆန္၊ သီယာဂို ေဆးလ္ဗားတို႔နဲ႔အတူ ေတာင့္တင္းတဲ့တြဲဘက္ျဖစ္လာခဲ့သူျဖစ္ၿပီး ဂိုးသမား ေအဒူယာ မန္ဒီကို ယခုရာသီ ပရီးမီးယားလိဂ္ ၁၀ ပြဲမွာ ၆ ပြဲအထိ ေပးဂိုးမရွိေအာင္ ကူညီေပးထားနိုင္ခဲ့တာျဖစ္ပါတယ္။

႐ူဒီဂါရဲ့ လက္ရွိစာခ်ဳပ္ဟာ လာမယ့္ဇြန္လမွာ ကုန္ဆုံးေတာ့မွာျဖစ္တာေၾကာင့္ ထိပ္တန္းအသင္းအမ်ားအျပားဟာ ေခၚယူဖို႔ ႀကိဳးပမ္းေနၾကတာျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္နဲ႔ ဘိုင္ယန္ျမဴးနစ္တို႔လို ဥေရာပအင္အားႀကီးအသင္းေတြေတာင္ စိတ္ဝင္စားမႈ ျပသခဲ့ၾကတာျဖစ္ပါတယ္။

Gazzetta dello Sport ရဲ့ ေဖာ္ျပခ်က္အရ အင္တာမီလန္ဟာ ႐ူဒီဂါကို ေခၚယူဖို႔အတြက္ စဥ္းစားေနေပမယ့္ ဂ်ာမနီလက္ေရြးစင္ေနာက္ခံကစားသမားရဲ့ လစာပမာဏေတာင္းဆိုမႈဟာ အသင္းမွာ ခြင့္ျပဳနိုင္တဲ့ပမာဏထက္ အမ်ားႀကီး ေက်ာ္လြန္ေနတယ္လို႔ ယင္းသတင္းက ေဖာ္ျပခဲ့ပါတယ္။

အဲဒါေၾကာင့္ ႐ူဒီဂါဟာ အသင္းေျပာင္းမယ့္အစား စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာပဲ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုသြားေတာ့မွာျဖစ္တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၿပီး တနဂၤေႏြေန႔က အနာဂတ္နဲ႔ပတ္သက္ၿပီး ေဆြးေႏြးရာမွာ ခ်ဲလ္ဆီးေနာက္ခံကစားသမားက “အခုထိေတာ့ ကၽြန္ေတာ္ လက္ရွိျဖစ္ပ်က္ေနတဲ့အေပၚမွာပဲ အာ႐ုံစိုက္ေနပါတယ္။ ကၽြန္ေတာ္ အသင္းနဲ႔ နည္းျပအေပၚကို အေႂကြးတင္ေနပါတယ္”

ဘြန္ဒက္စ္လီဂါကို ျပန္လည္ေျပာင္းေရႊ႕နိုင္ေျခနဲ႔ပတ္သက္ၿပီး ေမးျမန္းခံရခ်ိန္မွာလည္း ႐ူဒီဂါက ေသာင္မတင္ေရမက်သာ ေျဖသြားခဲ့ၿပီး “ကၽြန္ေတာ္ လက္ရွိ ခ်ဲလ္ဆီးအသင္းအေပၚမွာပဲ အာ႐ုံစိုက္ေနပါတယ္။ ဘာေတြ ျဖစ္လာမလဲ ၾကည့္ၾကတာေပါ့”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.