Premier League Transfer News

ဇြန္လကုန္မွာ စာခ်ဳပ္သက္တမ္းတုိးဖို႔ကို ပယ္ခ်ဖြယ္ရွိတဲ့ အာဆင္နယ္ပစ္မွတ္ ေတာင္ပံသမား

အာဆင္နယ္အသင္းရဲ႕ ပစ္မွတ္ ေတာင္ပံကစားသမား ႐ိုင္ယန္ ဖေရဆာအေနနဲ႔ ပရီးမီးယားလိဂ္ရာသီမကုန္ခင္မွာ ပ်က္ျပယ္ေတာ့မယ့္ သူ႕ရဲ႕ လက္က်န္စာခ်ဳပ္ကို သက္တမ္းထပ္မတုိးေတာ့ဘဲ အသင္းေျပာင္းေရႊ႕ဖို႔ ႀကဳိးစားလာဖြယ္ရွိေနၿပီး ေခၚယူခ်င္တဲ့ အသင္းေတြအတြက္ေတာ့ လက္ဦးမွဳ ရယူဖို႔ သတိေပးသံလည္းျဖစ္ခဲ့ပါတယ္။

ကိုဗစ္ ၁၉ ေၾကာင့္ ေဘာလုံးပြဲစဥ္ေတြရဲ႕ အခ်ိန္သုံးလေလာက္ ပုပ္သြားခဲ့ရၿပီး အေျပာင္းအေရႊ႕အတြက္လည္း ေဈးကြက္ဖြင့္ခ်ိန္ ေနာက္ေရႊ႕ သြားခဲ့ခ်ိန္မွာ ကစားသမားေတြရဲ႕ လက္က်န္စာခ်ဳပ္သက္တမ္းေတြက ေရာင္းခ်ခ်င္တဲ့ အသင္းေတြအတြက္ ထိခိုက္နစ္နာခဲ့ရသလို ဖေရဆာလို ဇြန္လ ၃၀ မွာ စာခ်ဳပ္ကုန္ဆုံးမယ့္သူေတြကိုလည္း ရာသီကုန္အထိ ဆက္ထိန္းထားႏုိင္ဖို႔ ေခါင္းစားေနရတာျဖစ္ပါတယ္။

ရာသီကုန္ခ်ိန္အထိ အသင္းအတြက္ ဆက္ကစားေပးဖို႔ မရွိေတာ့ဘူးလို႔ အသံထြက္ေနခဲ့တဲ့အထဲမွာ ဖေရဆာအျပင္ ခ်ဲလ္ဆီးေတာင္ပံကစားသမားေတြျဖစ္ၾကတဲ့ ပက္ဒ႐ိုနဲ႔ ဝီလီယန္တုိ႔လည္း ပါဝင္ေနၾကၿပီး ဒီထဲက ဘရာဇီးလ္သားနဲ႔ စေကာ့တလန္သားကို အလိုရွိေနတဲ့ အာဆင္နယ္အသင္းအတြက္ေတာ့ အသင့္ျပင္ထားရဖို႔လည္း ရွိေနပါတယ္။

ဒီအတုိင္းဆုိရင္ အသက္ ၂၆ ႏွစ္အရြယ္ ေတာင္ပံကစားသမားအတြက္ ဘုန္းေမာက္ရဲ႕ ပဲေလ့စ္၊ ဝုလ္ဗ္စ္တုိ႔နဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္ႏွစ္ပြဲကို ကစားၿပီးရင္ Vitality ကြင္းကေန ထြက္ခြာခြင့္ရွိမွာျဖစ္ၿပီး အသင္းရဲ႕ တန္းဆင္းဇုန္တုိက္ပြဲကို စြန္႔ခြာသြားရင္ေတာ့ ခ်ယ္ရီသီးေတြ အခက္အခဲနဲ႔ ရင္ဆုိင္ရဖို႔လည္း ရွိေနပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ေတာ့ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ရရွိႏုိင္မယ့္ ပရီးမီးယားလိဂ္အေတြ႕အႀကဳံရင့္ ကစားသမားကို ေခၚယူၿပီးလို႔ အံမဝင္ရင္ေတာင္မွ ေျပာင္းေရႊ႕ေၾကးတစ္ရပ္နဲ႔ ျပန္လည္ေရာင္းခ်ႏုိင္မွာျဖစ္တဲ့အတြက္ အသင္းတာဝန္ရွိသူေတြအေနနဲ႔ အေျပာင္းအေရႊ႕ေဆာင္ရြက္ရာမွာ ပါးနပ္ဖို႔ေတာ့ ပရိသတ္ေတြက တုိက္တြန္းထားၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: THE SUN
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းရဲ့ ပစ်မှတ် တောင်ပံကစားသမား ရိုင်ယန် ဖရေဆာအနေနဲ့ ပရီးမီးယားလိဂ်ရာသီမကုန်ခင်မှာ ပျက်ပြယ်တော့မယ့် သူ့ရဲ့ လက်ကျန်စာချုပ်ကို သက်တမ်းထပ်မတိုးတော့ဘဲ အသင်းပြောင်းရွှေ့ဖို့ ကြိုးစားလာဖွယ်ရှိနေပြီး ခေါ်ယူချင်တဲ့ အသင်းတွေအတွက်တော့ လက်ဦးမှု ရယူဖို့ သတိပေးသံလည်းဖြစ်ခဲ့ပါတယ်။

ကိုဗစ် ၁၉ ကြောင့် ဘောလုံးပွဲစဉ်တွေရဲ့ အချိန်သုံးလလောက် ပုပ်သွားခဲ့ရပြီး အပြောင်းအရွှေ့အတွက်လည်း ဈေးကွက်ဖွင့်ချိန် နောက်ရွှေ့ သွားခဲ့ချိန်မှာ ကစားသမားတွေရဲ့ လက်ကျန်စာချုပ်သက်တမ်းတွေက ရောင်းချချင်တဲ့ အသင်းတွေအတွက် ထိခိုက်နစ်နာခဲ့ရသလို ဖရေဆာလို ဇွန်လ ၃၀ မှာ စာချုပ်ကုန်ဆုံးမယ့်သူတွေကိုလည်း ရာသီကုန်အထိ ဆက်ထိန်းထားနိုင်ဖို့ ခေါင်းစားနေရတာဖြစ်ပါတယ်။

ရာသီကုန်ချိန်အထိ အသင်းအတွက် ဆက်ကစားပေးဖို့ မရှိတော့ဘူးလို့ အသံထွက်နေခဲ့တဲ့အထဲမှာ ဖရေဆာအပြင် ချဲလ်ဆီးတောင်ပံကစားသမားတွေဖြစ်ကြတဲ့ ပက်ဒရိုနဲ့ ဝီလီယန်တို့လည်း ပါဝင်နေကြပြီး ဒီထဲက ဘရာဇီးလ်သားနဲ့ စကော့တလန်သားကို အလိုရှိနေတဲ့ အာဆင်နယ်အသင်းအတွက်တော့ အသင့်ပြင်ထားရဖို့လည်း ရှိနေပါတယ်။

ဒီအတိုင်းဆိုရင် အသက် ၂၆ နှစ်အရွယ် တောင်ပံကစားသမားအတွက် ဘုန်းမောက်ရဲ့ ပဲလေ့စ်၊ ဝုလ်ဗ်စ်တို့နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်နှစ်ပွဲကို ကစားပြီးရင် Vitality ကွင်းကနေ ထွက်ခွာခွင့်ရှိမှာဖြစ်ပြီး အသင်းရဲ့ တန်းဆင်းဇုန်တိုက်ပွဲကို စွန့်ခွာသွားရင်တော့ ချယ်ရီသီးတွေ အခက်အခဲနဲ့ ရင်ဆိုင်ရဖို့လည်း ရှိနေပါတယ်။

အာဆင်နယ်အသင်းအနေနဲ့တော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိနိုင်မယ့် ပရီးမီးယားလိဂ်အတွေ့အကြုံရင့် ကစားသမားကို ခေါ်ယူပြီးလို့ အံမဝင်ရင်တောင်မှ ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ပြန်လည်ရောင်းချနိုင်မှာဖြစ်တဲ့အတွက် အသင်းတာဝန်ရှိသူတွေအနေနဲ့ အပြောင်းအရွှေ့ဆောင်ရွက်ရာမှာ ပါးနပ်ဖို့တော့ ပရိသတ်တွေက တိုက်တွန်းထားကြကြောင်းလည်း သိရှိရပါတယ်။

REF: THE SUN
PHOTOS CREDIT TO OWNERS
SPORTS A2Z.