Premier League Transfer News

ခ်ဲလ္ဆီးေတာင္ပံကစားသမားႏွစ္ဦး အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတုိးဖို႔ စိုးရိမ္မွဳေတြရွိေန

ခ်ဲလ္ဆီးအသင္းရဲ႕ စာခ်ဳပ္ကုန္ဆုံးေတာ့မယ့္ ေတာင္ပံကစားသမားႏွစ္ဦးျဖစ္တဲ့ ပက္ဒ႐ိုနဲ႔ ဝီလီယန္တုိ႔ဟာ အသင္းရဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္ေတြ ကုန္ဆုံးခ်ိန္အထိ ကာလတို စာခ်ဳပ္သက္တမ္းတုိးဖို႔ကို စိတ္ဝင္စားျခင္းမရွိေတာ့ဘဲ ဇူလုိင္လကစၿပီး အသင္းသစ္ေျပာင္းေရႊ႕ဖို႔အတြက္သာ အာ႐ုံစိုက္ေတာ့မွာျဖစ္တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။

ၾသဇာတိကၠမရွိတဲ့ ၿဗိတိန္သတင္းဌာနတစ္ခုျဖစ္တဲ့ တယ္လီဂရပ္ဖ္ရဲ႕အဆုိအရ ဒီကစားသမားႏွစ္ဦးဟာ လက္ရွိအေနအထားမွာ အသင္းနဲ႔အတူ မ်ားျပားၿပီး ခပ္စိပ္စိပ္ကစားရမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာ ပါဝင္ခဲ့ရင္ ဒဏ္ရာရရွိမွာကို စိုးရိမ္ေနၾကတာျဖစ္ၿပီး ဒါက သူတုိ႔ရဲ႕ အေျပာင္းအေရႊ႕ကို ထိခုိက္မယ္လို႔ ထင္ျမင္ေနတာလို႔လည္းဆုိပါတယ္။

လက္ရွိအခ်ိန္ထိ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းမတုိးရေသးတဲ့ ႏွစ္ဦးထဲက ပက္ဒ႐ိုကို စီးရီးေအကလပ္ ႐ိုးမား၊ ဝီလီယန္ကို ၿမဳိ႕ခံၿပဳိင္ဘက္ အာဆင္နယ္နဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းေတြက ခ်ိတ္ဆက္ေနၾကတာျဖစ္ၿပီး အသက္အရြယ္အရ အႀကီးပုိင္းကို ေျခလွမ္းေနခဲ့တဲ့သူေတြအေနနဲ႔ စြန္႔စားမွဳ မျပဳလုပ္လုိ႔ေတာ့တာလို႔လည္း ယူဆရပါတယ္။

အသင္းအတြက္ စပိန္ကစားသမား ပက္ဒ႐ိုအေနနဲ႔ ၅ ႏွစ္ၾကာ ကစားေပးၿပီးျဖစ္သလို ဘရာဇီးလ္သား ဝီလီယန္အေနနဲ႔လည္း ၇ ႏွစ္ၾကာ ကစားေပးခဲ့ၿပီးခ်ိန္မွာ လမ္းခြဲဖို႔ ရွိေနေပမယ့္ ရာသီကုန္ေအာင္ ဆက္ကစားမေပးေတာ့ဘူးဆုိတာကေတာ့ ခ်ဲလ္ဆီးပရိသတ္ေတြအတြက္ ဝမ္းနည္းစရာလည္းျဖစ္ေနပါတယ္။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဇြန္လကုန္မတုိင္ခင္အထိ ၃ ပြဲသာ ကစားဖို႔ ရွိေနၿပီး က်န္တဲ့ ပြဲစဥ္အမ်ားစုကိုေတာ့ ဒီေနာက္ပုိင္းမွာ ကစားရဖို႔ ရွိေနတဲ့အတြက္ ေတာင္ပံကစားသမားႏွစ္ဦးအတြက္ ေလ်ာ့က်သြားမယ့္ အင္အားက အထိနာေစႏိုင္သလို အသင္းရဲ႕ စိတ္ဓာတ္ကိုလည္း ထိခိုက္ႏုိင္တဲ့အတြက္ နည္းျပ ဖရန္႔ လမ္းပတ္၊ နည္းစနစ္အႀကံေပး ပီတာခ်က္နဲ႔ အေျပာင္းေရႊ႕တာဝန္ခံ မာရီနာ ဂရာေနာ့ဗ္စကာယာတုိ႔ကေတာ့ ခက္ခက္ခဲခဲ ထပ္မံစည္း႐ုံးရဖြယ္ရွိေနၾကာင္းလည္း သိရွိရပါတယ္။

REF: METRO & TELEGRAPH
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချဲလ်ဆီးအသင်းရဲ့ စာချုပ်ကုန်ဆုံးတော့မယ့် တောင်ပံကစားသမားနှစ်ဦးဖြစ်တဲ့ ပက်ဒရိုနဲ့ ဝီလီယန်တို့ဟာ အသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေ ကုန်ဆုံးချိန်အထိ ကာလတို စာချုပ်သက်တမ်းတိုးဖို့ကို စိတ်ဝင်စားခြင်းမရှိတော့ဘဲ ဇူလိုင်လကစပြီး အသင်းသစ်ပြောင်းရွှေ့ဖို့အတွက်သာ အာရုံစိုက်တော့မှာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

သြဇာတိက္ကမရှိတဲ့ ဗြိတိန်သတင်းဌာနတစ်ခုဖြစ်တဲ့ တယ်လီဂရပ်ဖ်ရဲ့အဆိုအရ ဒီကစားသမားနှစ်ဦးဟာ လက်ရှိအနေအထားမှာ အသင်းနဲ့အတူ များပြားပြီး ခပ်စိပ်စိပ်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ပါဝင်ခဲ့ရင် ဒဏ်ရာရရှိမှာကို စိုးရိမ်နေကြတာဖြစ်ပြီး ဒါက သူတို့ရဲ့ အပြောင်းအရွှေ့ကို ထိခိုက်မယ်လို့ ထင်မြင်နေတာလို့လည်းဆိုပါတယ်။

လက်ရှိအချိန်ထိ အသင်းနဲ့ စာချုပ်သက်တမ်းမတိုးရသေးတဲ့ နှစ်ဦးထဲက ပက်ဒရိုကို စီးရီးအေကလပ် ရိုးမား၊ ဝီလီယန်ကို မြို့ခံပြိုင်ဘက် အာဆင်နယ်နဲ့ တော့တင်ဟမ်ဟော့စပါးစ်အသင်းတွေက ချိတ်ဆက်နေကြတာဖြစ်ပြီး အသက်အရွယ်အရ အကြီးပိုင်းကို ခြေလှမ်းနေခဲ့တဲ့သူတွေအနေနဲ့ စွန့်စားမှု မပြုလုပ်လို့တော့တာလို့လည်း ယူဆရပါတယ်။

အသင်းအတွက် စပိန်ကစားသမား ပက်ဒရိုအနေနဲ့ ၅ နှစ်ကြာ ကစားပေးပြီးဖြစ်သလို ဘရာဇီးလ်သား ဝီလီယန်အနေနဲ့လည်း ၇ နှစ်ကြာ ကစားပေးခဲ့ပြီးချိန်မှာ လမ်းခွဲဖို့ ရှိနေပေမယ့် ရာသီကုန်အောင် ဆက်ကစားမပေးတော့ဘူးဆိုတာကတော့ ချဲလ်ဆီးပရိသတ်တွေအတွက် ဝမ်းနည်းစရာလည်းဖြစ်နေပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ ဇွန်လကုန်မတိုင်ခင်အထိ ၃ ပွဲသာ ကစားဖို့ ရှိနေပြီး ကျန်တဲ့ ပွဲစဉ်အများစုကိုတော့ ဒီနောက်ပိုင်းမှာ ကစားရဖို့ ရှိနေတဲ့အတွက် တောင်ပံကစားသမားနှစ်ဦးအတွက် လျော့ကျသွားမယ့် အင်အားက အထိနာစေနိုင်သလို အသင်းရဲ့ စိတ်ဓာတ်ကိုလည်း ထိခိုက်နိုင်တဲ့အတွက် နည်းပြ ဖရန့် လမ်းပတ်၊ နည်းစနစ်အကြံပေး ပီတာချက်နဲ့ အပြောင်းရွှေ့တာဝန်ခံ မာရီနာ ဂရာနော့ဗ်စကာယာတို့ကတော့ ခက်ခက်ခဲခဲ ထပ်မံစည်းရုံးရဖွယ်ရှိနေကြာင်းလည်း သိရှိရပါတယ်။

REF: METRO & TELEGRAPH
PHOTOS CREDIT TO OWNERS
SPORTS A2Z.