Bundesliga Premier League Transfer News

ဘုိင္ယန္ရဲ႕ အေရာင္းစာရင္းထဲက တုိလစ္ဆုိကို ရာသီကုန္မွာ ေခၚယူဖို႔ ယူႏုိက္တက္ျပင္ဆင္

ကမာၻနဲ႔ခ်ီတဲ့ ကပ္ေရာဂါျဖစ္ခဲ့တဲ့ ကိုဗစ္-၁၉ ေၾကာင့္ ေဘာလုံးသမားအေျပာင္းအေရႊ႕ေဈးကြက္ကို အနည္းနဲ႔ အမ်ားထိခုိက္ခဲ့ရာမွာ လက္ထဲမွာ ေငြမ်ားမ်ားကိုင္ေဆာင္ထားႏုိင္တဲ့ ကလပ္အသင္းေတြလည္း နည္းေနတာေၾကာင့္ ကစားသမားေဈးေတြ ေလ်ာ့က်လာရာမွာ မန္ခ်က္စတာယူႏုိက္တက္ ပစ္မွတ္ ကိုရြန္တင္ တိုလစ္ဆိုလည္း ပါဝင္ေနခဲ့ပါတယ္။

ကြင္းလယ္မွာ အဖ်က္အပုိ႔ စြယ္စုံရၿပီး ခ်ိန္ခြင္လွ်ာကို ထိန္းညႇိေပးႏုိင္မယ့္ ကစားသမားမ်ဳိးကို အသက္အရြယ္ေထာက္လာတဲ့ မာတစ္ခ်္ရဲ႕ ေနရာအတြက္ အရန္သင့္ အစားထိုးမွဳအျဖစ္ ယူႏုိက္တက္တာဝန္ရွိသူေတြက ရွဳျမင္ထားတာျဖစ္ၿပီး ဒီရာသီကုန္တာနဲ႔ ေခၚယူသြားႏုိင္ဖို႔ ရည္ရြယ္ထားတာလည္းျဖစ္ပါတယ္။

ဘုိင္ယန္ျမဴးနစ္အသင္းမွာ အေရးပါတဲ့ ကစားသမားအျဖစ္ကို လက္တစ္ကမ္းေနရာကခ်ည္း ျပန္လွည့္ခဲ့ရတဲ့ တုိလစ္ဆုိဟာ အလွည့္က် အသုံးျပဳခံရတဲ့ ကစားသမားတစ္ဦးအျဖစ္ ဘြန္ဒက္စ္လီဂါမွာ ရာသီတုိင္းရာသီတုိင္း ပြဲအားလုံးရဲ႕ ၄၀ ရာခိုင္ႏွဳန္းေလာက္ကိုပဲ ပြဲထြက္အျဖစ္ အမ်ားဆုံးကစားရေလ့ရွိလို႔ အသင္းကေန ထြက္ခြာဖို႔ ဆႏၵျပဳထားသူလည္းျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ကစားသမားသစ္ေတြ ေခၚယူဖို႔လုပ္ေဆာင္ေနတဲ့ ဘုိင္ယန္ဘက္က ဒီအသက္ ၂၅ ႏွစ္အရြယ္ ျပင္သစ္သားကို ေပါင္ ၃၁ သန္းနဲ႔ အေရာင္းစာရင္းတင္လုိက္ၿပီလို႔ သိရၿပီး လီယြန္ကစားသမားေဟာင္းရဲ႕ ဆႏၵကို ခြင့္ျပဳေပးခဲ့တာလည္းျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္အတြက္ ကစားခဲ့တဲ့ ၃ ႏွစ္တာ ကာလအတြင္းမွာ ၆၈ ပြဲကစား ၁၄ ဂိုးသြင္း ၁၂ ဂိုး ဖန္တီးေပးခဲ့တဲ့ တုိလစ္ဆိုအေနနဲ႔ အသင္းရဲ႕ ပြဲထြက္လူစာရင္းမွာလည္း မပါဝင္ေတာ့ခ်ိန္မွာ မန္ခ်က္စတာယူႏုိက္တက္အသင္းတာဝန္ရွိသူေတြဟာ သူ႕ရဲ႕ ကိုယ္စားလွယ္ေတြနဲ႔ ေဆြးေႏြးမွဳေတြ ျပဳလုပ္ေနၿပီလုိ႔လည္း သတင္းေတြက ေဖာ္ျပထားေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ကမ္ဘာနဲ့ချီတဲ့ ကပ်ရောဂါဖြစ်ခဲ့တဲ့ ကိုဗစ်-၁၉ ကြောင့် ဘောလုံးသမားအပြောင်းအရွှေ့ဈေးကွက်ကို အနည်းနဲ့ အများထိခိုက်ခဲ့ရာမှာ လက်ထဲမှာ ငွေများများကိုင်ဆောင်ထားနိုင်တဲ့ ကလပ်အသင်းတွေလည်း နည်းနေတာကြောင့် ကစားသမားဈေးတွေ လျော့ကျလာရာမှာ မန်ချက်စတာယူနိုက်တက် ပစ်မှတ် ကိုရွန်တင် တိုလစ်ဆိုလည်း ပါဝင်နေခဲ့ပါတယ်။

ကွင်းလယ်မှာ အဖျက်အပို့ စွယ်စုံရပြီး ချိန်ခွင်လျှာကို ထိန်းညှိပေးနိုင်မယ့် ကစားသမားမျိုးကို အသက်အရွယ်ထောက်လာတဲ့ မာတစ်ချ်ရဲ့ နေရာအတွက် အရန်သင့် အစားထိုးမှုအဖြစ် ယူနိုက်တက်တာဝန်ရှိသူတွေက ရှုမြင်ထားတာဖြစ်ပြီး ဒီရာသီကုန်တာနဲ့ ခေါ်ယူသွားနိုင်ဖို့ ရည်ရွယ်ထားတာလည်းဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းမှာ အရေးပါတဲ့ ကစားသမားအဖြစ်ကို လက်တစ်ကမ်းနေရာကချည်း ပြန်လှည့်ခဲ့ရတဲ့ တိုလစ်ဆိုဟာ အလှည့်ကျ အသုံးပြုခံရတဲ့ ကစားသမားတစ်ဦးအဖြစ် ဘွန်ဒက်စ်လီဂါမှာ ရာသီတိုင်းရာသီတိုင်း ပွဲအားလုံးရဲ့ ၄၀ ရာခိုင်နှုန်းလောက်ကိုပဲ ပွဲထွက်အဖြစ် အများဆုံးကစားရလေ့ရှိလို့ အသင်းကနေ ထွက်ခွာဖို့ ဆန္ဒပြုထားသူလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ ကစားသမားသစ်တွေ ခေါ်ယူဖို့လုပ်ဆောင်နေတဲ့ ဘိုင်ယန်ဘက်က ဒီအသက် ၂၅ နှစ်အရွယ် ပြင်သစ်သားကို ပေါင် ၃၁ သန်းနဲ့ အရောင်းစာရင်းတင်လိုက်ပြီလို့ သိရပြီး လီယွန်ကစားသမားဟောင်းရဲ့ ဆန္ဒကို ခွင့်ပြုပေးခဲ့တာလည်းဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အတွက် ကစားခဲ့တဲ့ ၃ နှစ်တာ ကာလအတွင်းမှာ ၆၈ ပွဲကစား ၁၄ ဂိုးသွင်း ၁၂ ဂိုး ဖန်တီးပေးခဲ့တဲ့ တိုလစ်ဆိုအနေနဲ့ အသင်းရဲ့ ပွဲထွက်လူစာရင်းမှာလည်း မပါဝင်တော့ချိန်မှာ မန်ချက်စတာယူနိုက်တက်အသင်းတာဝန်ရှိသူတွေဟာ သူ့ရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီလို့လည်း သတင်းတွေက ဖော်ပြထားကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.